ဓမ္မရောင်ခြည်

18/03/2025

ကြည်လင် ချမ်းသာ ..
ဤနေ့သစ်မှ ဖြစ်စဉ်အပေါင်း
အားလုံးကောင်း၍ ငြိမ့်ညောင်းသာယာကြပါစေ..

မြင်ဖူး တွေ့ဖူး လူအဦးဦးလည်း
ထူးကဲ ကြင်နာ ကိုယ်ချင်းစာ၍
ကြည်သာ စိတ်ဝမ်း ရှိပါစေ..

အလုပ် အကိုင် ..တိုးတက်မြိုင်၍
ပြိုင်ဆိုင် ကြိုးစား ..ထိုလုပ်အားသည်
အများကြိုးတွက် ဖြစ်ပါစေ...

ယုံကြည် ကိုးရာ ..အဖြာဖြာကို
စိတ်မှာ တင်ရွက် ငြိမ်းအေးသက်စွာ
ကောင်းသော အတိတ်
ကောင်းသောနိမိတ်
ကောင်းသောစကား
တို့ကိုသာ မြင်ရ၊ကြားရ၊ပြောရပါစေ
ကပ်ကြီးသုံးပါးတို့မှ
ကင်းဝေးကြပါစေ🙏...

#မေတ္တာပို့ဆုတောင်း 🙏
#ကပ်ကြီးသုံးပါးတို့မှကင်းဝေးကြပါစေ🙏

ကိုယ့်သားသမီးတွေကို  #ဒုလ္လဘ ဝတ်ပေးလိုက်ခြင်းဟာအပါယ်ငရဲကိုအမြန်ရောက်စေနိုင်တဲ့ဖြတ်လမ်းနည်းတစ်ခုပါပဲ။ကုသိုလ်ရတယ်လို့ထင်ပြ...
16/03/2025

ကိုယ့်သားသမီးတွေကို #ဒုလ္လဘ ဝတ်ပေးလိုက်ခြင်းဟာအပါယ်ငရဲကိုအမြန်ရောက်စေနိုင်တဲ့ဖြတ်လမ်းနည်းတစ်ခုပါပဲ။

ကုသိုလ်ရတယ်လို့ထင်ပြီးငွေကြေးအကုန်အကျခံရင်းနဲ့သားသမီးတွေကိုငရဲကိုမကျကျအောင်တွန်းချနေတဲ့အလုပ်တစ်ခုပါပဲ။

နည်းနည်းရှင်းပြပါ့မယ်။
ပထမဆုံးက ကြက်တခွလောက်(၇)ရက်အချိန်ကာလလေးတစ်ခုအနေနဲ့ကိုရင်၊ရဟန်းဝတ်လိုက်ခြင်းမျိုးဟာပိဋကတ်စာပေထဲမှာလုံးဝမရှိပါဘူးး။

ဒီလို(၇)ရက်လောက်လေးဝတ်လိုက်ခြင်းအားဖြင့်ကိုရင်ကျင့်ဝတ် ၁၁၉ပါး။ရဟန်းကျင့်ဝတ် ၂၂၇ ပါးကိုလည်းသိမသွားနိုင်ပါဘူး။သူတို့ခန္ဓာကိုယ်ထဲကိုအဲ့ဒီသီလတွေက အော်တိုရောက်သွားတာလည်းမဟုတ်ပါဘူး။

ဒုတိယက အာပတ်သင့်ခြင်းအကြောင်း(၆)ပါးထဲမှာအပ်စပ်တာကိုမအပ်စပ်ဘူးလို့ထင်ပြီးရှောင်တယ်။မအပ်တာကိုကျတော့အပ်စပ်တယ်လို့ထင်ပြီးလျှောက်လုပ်တယ်ဆိုတဲ့အချက်တစ်ခုပါပါတယ်။

ပြောချင်တာကကိုရင်ဝတ်ပေးတယ်။သိမ်ဝင်ရဟန်းခံပေးတယ်ဆိုတာဂါထာတွေနဲ့မန်းမှုတ်လိုက်တာမဟုတ်ပါဘူး။ဂဒုံးတုန်း သရဏဂုံဆို သင်္ကန်းဝတ် ဘွဲ့တစ်ခုပေးလိုက်တာနဲ့လည်းရှင်ရဟန်းတပါးဖြစ်သွားတာမဟုတ်ပါဘူး။

သူနဲ့ဆိုင်ရာသီလကိုထိန်းနိုင်မှအကန်တော့ခံထိုက်တာပါ။သင်္ကန်းကိုကန်တော့တာမဟုတ်သလိုရှင်ရဟန်းပုံစံကိုကန်တော့တာလည်းမဟုတ်ပါဘူး။

ဒုလ္လဘဝတ်လိုက်တဲ့ကိုယ့်သားသမီးဟာသီလကိုလည်းမသိ၊သီလကလည်းမရှိပဲသူ့ထက်အသက်ကြီးတဲ့မိဘဘိုးဘွားတွေကကန်တော့တာကိုခံလိုက်မယ်။ရပ်ထဲရွာထဲကသူတွေကသူတို့ရဲ့စားဦးစားဖျားတွေကိုလောင်းလှူတာကိုလည်းအလှူခံလိုက်မယ်။ပစ္စဝေက္ခဏာမဆင်ခြင်တတ်ပဲ သင်္ကန်းကိုဝတ်မယ် လူအများလှူထားတဲ့ကျောင်းမှာနေချင်သလိုနေမယ်။

လူအများကသူ့တို့အိမ်ကဘုရားရှင်နဲ့အတူတူ၊မိမိတို့တောင်မစားရသေးတဲ့ဆွမ်းတွေလှူလိုက်တာကိုလည်းစားမယ်။ဆေးတွေကိုသုံးမယ်။ကျောင်းကရေတွေကိုချိုးမယ်။ကျောင်းမှာအညစ်အကြေးစွန့်မယ်စသည်ဖြင့်ကိုရင်သီလ၊ရဟန်းသီလကိုမသိပဲနဲ့ဝိနည်းကိုနားမလည်ပဲနဲ့သုံးစွဲစားသောက်မယ်ဆိုရင်ရလာမယ့်အပြစ်တွေကမနည်းမနောဖြစ်သွားပါတယ်။

ဒါတောင်ပစ္စည်းလေးပါးသုံးစွဲရုံလေးကိုပဲပြောတာပဲရှိပါသေးတယ်။ကျန်တဲ့ဝိနည်းအပြစ်တွေဆိုရင်ငရဲကျသွားနိူင်တဲ့အပြစ်ပေါင်းကုဋေကိုးထောင်ကျော်ကို(၇)ရက်ဒုလ္လဘဝတ်တုန်းမှာအပြည့်အဝသေချာပေါက်ကိုရသွားပါတယ်။

နောက်တခုနားလည်မှုလွဲနေကြတာကကိုရင်ဆိုရင်သရဏဂုံကိုပီသနားလည်ရွတ်ဆိုနိုင်တဲ့၁၃နှစ် ၁၄နှစ်အရွယ်တွေကိုမဝတ်ပေးပဲပိစိညှောင့်တောင့်ခလေးတွေကိုသင်္ကန်းဝတ်ပေးတဲ့မိဘရဲ့အပြစ်တွေပါပဲ။"သင်္ကန်းနိုင်တဲ့အရွယ်" "သင်္ကန်းနိူင်တဲ့အရွယ်"ဆိုတာ သင်္ကန်းဝတ်ခြင်းအပေါ်မှာပြုကျင့်ရမယ့်ဝိနည်းစည်းကမ်းတွေကိုလိုက်နာနိူင်တဲ့အရွယ်ကိုဆိုလိုတာမှန်းလည်းမိဘတွေကမသိကြပါဘူး။(သင်္ကန်းကိုကောက်ပြီး မ..နိုင်တဲ့အရွယ်လို့များထင်နေကြတာများလားမသိပါဘူး)

နောက်ဆုံးအရေးကြီးတာတခုကတော့
ဒေသနာကြားလိုက်ရင်အပြစ်တွေအားလုံးပျောက်သွားပြီလို့ထင်ကြတာပါပဲ။အာပတ်သင့်မယ့်အပြစ်တခုကိုမသိလို့တခါကျူးလွန်မိသွားတယ်လို့သိပြီးနောက်ထပ်ဒီအပြစ်ကိုမကျူးလွန်တော့ပါဘူးလို့ဆိုတာဒေသနာကြခြင်းရဲ့မြန်မာလိုအဓိပ္ပါယ်ပါ။

ဒုလ္လဘတွေကတော့ ဝိနည်းကိုမသိတော့ဘာအပြစ်သင့်မှန်းမသိ။(ညစာမစားတာလေးတစ်ခုလောက်ပဲသိကြတာများတယ်)မသိတော့ကျူးလွန်မိ။ဘယ်ဟာကျူးလွန်မှန်းမသိတော့ဘယ်အပြစ်ကိုဒေသနာကြားရမှန်းမသိနဲ့ဒစ်လည်ပြီးအကုသိုလ်တွေလာဝယ်နေသလိုဖြစ်နေတာပါပဲ။

ဒေသနာကြားလို့တောင်မရတဲ့အပြစ်ကြီးတစ်ခုကလည်းရှိပါသေးတယ်။ငွေကိုင်တာပါပဲ။သိမ်ဝင်ပြီးလို့ဟုတ်တာမဟုတ်တာအသာထားရဟန်းဖြစ်ခါစရှိသေးတယ်။သိမ်ဆင်းမှာပိုက်ဆံစလောင်းလိုက်ကတည်းကရဟန်းတစ်ပါးမဟုတ်တော့ပါဘူး။ခြေတလှမ်းလောက်ပဲရဟန်းဘဝရလိုက်တာပါ။

ပိုက်ဆံကိုကိုင်လိုက်ရင်မြတ်စွာဘုရားက အသမဏော...ရဟန်းမဟုတ်တော့ဘူး။အသကျပုတ္တိယော...ဘုရားသားတော်မဟုတ်တော့ဘူးလို့အတိအကျဆိုထားတာရှိပါတယ်။ပိုက်ဆံကိုမစွန့်လိုက်သရွေ့နိဿဂ္ဂိပါစိတ်အာပတ်သင့်ပြီးမဂ်ဖိုလ်နိဗ္ဗာန်တောင်မရနိုင်တော့ပါဘူး။

ပိုက်ဆံကိုအပ်စပ်အောင်ကပ္ပိယကာရကနဲ့လုပ်ပါဘာညာဆိုတာကလည်းပိုက်ဆံကိုင်ချင်တဲ့ရဟန်းတုတွေရဲ့စကားတွေပါ။နားမယောင်ပါနဲ့။ပစ္စည်းမာတု ဤနှစ်ခု ဘိက္ခုသေမင်း ဓားနှစ်စင်းလို့ဆိုထားတဲ့စကားကိုလည်းမမေ့ပါနဲ့။

ဘုရားကသူများပစ္စည်းကိုနည်းနည်းလေးမှမခိုးပါနဲ့လို့ဆိုလိုတာကိုတောင်တမတ် တမတ်တန်တဲ့ပစ္စည်းအောက်ကိုခိုးရင်ပါရာဇိကမကျဘူးဆိုတဲ့ဝိနည်းကိုလိုသလိုလုပ်နေတဲ့ရဟန်းယုတ်တွေရဲ့စကားမျိုးတွေကိုနားယောင်မိရင်တော့ပိုပြီးဆိုးဖို့ရာသာရှိပါတယ်။

သင်္ကြန်မှာအရက်သောက်တာကမိမိကသာထိန်းသိမ်းနိုင်ရင်သုရာမေရာယသီလတစ်ခုပဲကျိုးပျက်မှာပါ။ကုသိုလ်ရမယ်လို့ထင်ပြီးဘုမသိဘမသိနဲ့သင်္ကြန်တွင်းဒုလ္လဘဝတ်ခိုင်းလိုက်ရင်၊ရဟန်းခံရှင်ပြုပွဲဲကြီးကိုဝှဲချီးကျင်းပလိုက်ပြီးကိုယ့်သားသမီးဆွေမျိုးတွေကိုကိုရင်၊ရဟန်းပြုပေးလိုက်ရင်တော့ အကုသိုလ်က ၉၁၈၀ကုဋေ ၅သန်း ၃သောင်း ၆ထောင်တိတိကိုရသွားစေနိုင်ပါတယ်ဆိုတာကိုသိထားဖို့ဝေမျှလိုက်ရပါတယ်။

(ပိုက်ဆံရနေတဲ့အတွက်ဘယ်ဘုန်းကြီးမှလည်းခုလိုရှင်းပြမှာမဟုတ်ပါဘူး)

#ရေပျော်ငါး

15/03/2025

သင်္ကန်းလက်ကတော့ထိုးနည်း

15/03/2025

သင်္ကန်း၀တ်ရုံနည်း

15/03/2025

စိတ်ခွန်အားဖြည့်ဓမ္မအာဟာရ

13/03/2025

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏သက်တော် ၈၅နှစ်ပြည့် ဝိဇာတမဂ်လာတွင်ဟောကြားခဲ့သည်သြဝါဒတရားတော်

13/03/2025

ဘာမှလည်းမဆိုင်ဘူး ဒါပေမယ့် ဗမာတွေရဲ့ ကြောတွေကို နပ်နေပြီဆိုတဲ့သဘောပေါ့ လှူတာတို့၊ မိဘလုပ်ကျွေးတာတို့ဆိုတာ ဗမာတွေသည်းခြေကြိုက်စကားလေးတွေရွေးပြီး အသုံးချသွားတာ
မြန်မာရိုးရာဝတ်စုံဝတ်ပြီဒီလို့ကရင် ဒီလို့ဖြစ်မယ်လို့ မတွေးမိတာလား ဗိုလ်ချုပ်အောင်ဆန်းပြောသလို့ဘဲ့ မြန်မာနိုင်ငံလည်း ကြာရင် ဖာနိုင်ငံဖြစ်တော့မယ်😡😡😡😡

13/03/2025

နေ့စဥ်ယုံကြည်စွာရွတ်ဖတ်ပူဇော်ပါ 🙏🙏🙏🙏

 #တပေါင်းလပြည့်မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့  ဆိုသည်မှာ...............@@@@@@@@@@@@@@@@@@@@တပေါင်းလပြည့်မြတ်ဗုဒ္ဓပြည်တော...
13/03/2025

#တပေါင်းလပြည့်
မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့
ဆိုသည်မှာ...............

@@@@@@@@@@@@@@@@@@@@

တပေါင်းလပြည့်
မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့ဖြစ်ပါသည်။ဘုရားရှင် ပြည်တော်၀င်ရန်
စတင်ကြွလှမ်းသောနေ့ ဖြစ်သဖြင့်
တပေါင်းလပြည့်နေ့ကို
မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့ဟု
သတ်မှတ်ခေါ်ဝေါ်ကြသည်။

မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့
ဖြစ်ပေါ်လာပုံ


မဟာသက္ကရာဇ် ၁၀၃ ခုနှစ် အခါကာလက မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်
ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ
အင်္ဂတိုင်းနှင့်
မဂဓတိုင်းမှ ဒကာ ဒကာမများအား
တရားရေအေးတိုက်ကျွေးလျက်ရှိသည်။
ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို
ဖူးတွေ့ချင်နေသည်။
ထို့ကြောင့် အမတ်တယောက်အား
အခြွေအရံတထောင်နှင့်အတူ စေလွှတ်၍
ပင့်ခိုင်း၏။

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ
တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။
သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။
မင်းကြီးလည်း နောက်ထပ် အမတ်တို့ကို
အခြွေအရံ တထောင်စီဖြင့် ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။
သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။
ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။
ကာဠုဒါယီအမတ်သည်လည်း
ရှေးက အမတ်များနှင့်နည်းတူပင်
နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။
ဘုရားပင့်ရန်သွားသူ အမတ်များသည်
ဘုရားရှင်နှင့် တွေ့၍ တရားနာရသောအခါ
ဧဟိဘိက္ခူ ရဟန်းများ ဖြစ်ကုန်ကြပြီး ကပိလ၀တ်သို့ မပြန်ကြတော့။
နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီး ခေါင်းဆောင်၍ သွားသည့်အခါတွင်လည်း ဘုရားရှင်၏ တရားနာရပြီးနောက် ကာဠုဒါယီအမတ်ကြီး ရဟန္တာဖြစ်သွားပါသည်။
သို့ရာတွင် ခရီးလမ်းပန်းသာယာသော
တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို
ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား
လျှောက်ထားတောင်းပန်သည်။
ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ
တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့
ကြွတော်မူခဲ့သည်။
ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့
ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။
ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း
မဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့်
အနာဂါမ် တည်ခဲ့သည်။
နောင်အခါ အရဟတ္တဖိုလ် တည်သွားသည်။
ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့
ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော် ဂေါတမီသည်လည်း သောတာပန်
တည်သည်။
ယသော်ဓရာကို အကြောင်းပြု၍
စန္ဒကိန္နရီ ဇာတ်တော်ကိုလည်း
ဘုရားဟောတော်မူခဲ့သည်။
ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။
သားတော်ရာဟုလာ သာမဏေဘ၀သို့
ရောက်ရှိသည်။
သာကီ၀င်မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။ ဆွေမျိုးတို့ ဘုရားရှင်ကို
ကြည်ညိုစေရန် ဆောင်ရွက်ရာ၌
အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား
ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။

မြတ်စွာဘုရားရှင် ကပိလဝတ်ပြည်တော်ပြန်ခရီး ကြွရောက်တော်မူခြင်းဖြင့် သာသနာ့သမိုင်းမှာ ကောင်းသော အကျိုးဆက်များ

မြတ်စွာဘုရားရှင် ကပိလဝတ်ပြည်တော်ပြန်ခရီး ကြွရောက်တော်မူခြင်းဖြင့် သာသနာ့သမိုင်းမှာ ကောင်းသော အကျိုးဆက်များကား....,​

-ဖခင်သုဒ္ဓေါဓနမင်းကြီးစသော ဆွေတော်မျိုးတော် သာကီဝင်မင်းအပေါင်းတို့သည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များ သီတင်းသုံးတော်မူစေရန်အတွက် ဆောက်လုပ်ထားသော
နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း။

-သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို
ပယ်ရှားသောအားဖြင့် ပေါက္ခရဝဿမိုးကို
ရွာသွန်းစေပြီး ထိုပေါက္ခရဝဿမိုးကို အကြောင်းပြု၍ ဝေဿန္တရာဇာတ်တော်ကို ဟောကြားတော်မူခြင်း၊

-ဆွမ်းပင့်ဖိတ်သူ ဒကာများမရှိခဲ့ပါလျှင်
အိမ်စဉ်မပြတ် လှည့်လည်ဆွမ်းခံရပ်ခြင်းသည်
ဗုဒ္ဓဝံသ ဗုဒ္ဓအနွယ်ဝင် ဖြစ်သော ရှေးရှေးဘုရားရှင်တို့၏ အနွယ်စဉ်ဆက်မှ ဆင်းသက်လာသောအကျင့်မြတ်ဖြစ်ကြောင်းကို (၂)ဂါထာဖြင့် မြတ်စွာဘုရားရှင်မှ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကို ဟောတော်မူခြင်းကြောင့် ပထမဂါထာဖြင့် သုဒ္ဓေါဓနမင်းကြီး သောတာပန်တည်ခြင်း၊
ဒုတိယဂါထာဖြင့် သကဒါဂမ်တည်ခြင်း၊
မိထွေးတော်ဂေါတမီမှာ သောတာပန်တည်ခြင်း၊ မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားတော်မူပြီး ဖခင်ကြီးအား အနာဂါမ်တည်စေခြင်း၊
နောင်သောအခါ အရဟတ္တဖိုလ်တည်ခြင်း။
-ယသောဓရာမိဖုရားကို အကြောင်းပြု၍
စန္ဒကိန္နရီဇာတ်ကို ဟောကြားတော်မူခြင်း၊

-ဇနပဒကာလျာဏီ၏ နန္ဒမင်းသားကို
ရဟန်းပြုပေးခြင်း၊

-သားတော်ရာဟုလာ အမွေတောင်းခံခြင်းကို အကြောင်းပြု၍ လောကုတ္တရာအမွေ
ပေးသည့်အနေဖြင့် သာမဏေဘောင်သို့
သွတ်သွင်းခြင်း၊ မိဘတို့ ခွင့်မပြုသော သားကို ရဟန်းပြုမပေးရဟူသော သိက္ခာပုဒ်ကို
ပညတ်ခြင်း။

-သာကီဝင်မင်း မင်းသားတစ်ထောင် ရဟန်းပြုခြင်း၊ ထိုသာကီဝင်မင်း မင်းသားတစ်ထောင်မှ ထင်ရှားကျော်ကြားသည့် အနုရုဒ္ဓ၊ အာနန္ဒ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဘဂု၊ ဒေဝဒတ္တ(ဒေဝဒတ်) ၇ဦးတို့သည် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတော်သို့ လိုက်ပါသွား၍ ဒုတိယဝါကပ်တော်မူခြင်း၊ ထိုဝါတွင်း၌ပင် ထို(၇)ဦးထဲမှ
အရှင်ဘဒ္ဒိယသည် ဝိဇ္ဇာသုံးပါး ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ခြင်း၊

အရှင်အနုရုဒ္ဓါကား ဒိဗ္ဗစက္ခု အဘိဉာဏ်ကို ရခြင်း၊ အရှင်အာနန္ဒာကား သောတာပန်ဖြစ်ခြင်း၊
အရှင်ဘဂု၊ အရှင်ကိမိလ အရှင်ဥပါလိတို့သည်နောင်သောအခါ ရဟန္တာဖြစ်ခြင်း၊
အရှင်ဒေဝဒတ်ကား ပုထုဇဉ်၏
အဘိဉာဏ်တန်ခိုးဖြင့် ပြည့်စုံခြင်း၊
-အရှင်သာရိပုတ္တရာလျှောက်ထား၍
ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောကြားခြင်း၊

-ကာဠုဒါယီမထေရ်က ဆွေမျိုးတို့အား မြတ်စွာဘုရားရှင်ကို ကြည်ညိုစေရန်
စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ကို ချီးမြင့်တော်မူခြင်း စသော အကျိုးဆက်တို့ပင်တည်း။

တပေါင်းလပြည့်နေ့သည် ဘုရားရှင်
ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့
ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်
ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး
တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍
ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု
သမိုင်းကဆိုသည်။
ဤကား တပေါင်းလကို အကြောင်းပြု၍
သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။

#တပေါင်းလပြည့်

#ဒေါက်တာအရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

#တပေါင်းလပြည့်အကြောင်းသိကောင်းစရာ

လေးစားစွာပြန်လည်မျှဝေပါသည်🙏🙏🙏🙏

12/03/2025

မြန်မာပြည်မှာ
ကိုယ်မသိနိုင်တဲ့
လှပတဲ့နေရာတွေ အလုပ်တွေ
အများကြီးရှိတာပဲ
ရွှေပြားလေးတွေမျက်နှာပဲကပ်ဖူးတာ
ဘယ်လိုရတာလဲတခါမှမတွေးဖူးဘူး

ဘုရားထဲမှာ တန်ဖိုးရှိတဲ့ အရာတွေ ဘာလို့ ထည့်သွင်းထားတာတုန်း။ တစ်ချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာ။ဘုရားထဲမှာ ဌာပနာတယ်။...
12/03/2025

ဘုရားထဲမှာ တန်ဖိုးရှိတဲ့ အရာတွေ
ဘာလို့ ထည့်သွင်းထားတာတုန်း။

တစ်ချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာ။
ဘုရားထဲမှာ ဌာပနာတယ်။

ဌာပနာဆိုတာ…ထည့်သွင်းတာ၊
ထည့်သွင်းခြင်း တည်ထားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

အဲဒီတော့ ရတနာတွေ ဘာကိစ္စ
ဘုရားထဲမှာ ထည့်ကြတာတုန်း။

နိုင်ငံခြားသားတွေ အမြင်နဲ့ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူးလို့ ပြောမှာပေါ့နော်။
ဒါတွေထည့်လိုက်လို့ဘာအကျိုးရှိမှာတုန်း။

ဘုရားရုပ်ပွား ဆင်းတုတော် ထည့်တာတော့
ထားပါတော့။ ရတနာတွေ ထည့်တယ်။
အခုခေတ်လည်း ထည့်တာပဲ။

ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေက
ကိုယ့်သဒ္ဓါတရားနဲ့ ကိုယ် ထည့်ကြတယ်။
ဘာအတွက် ထည့်တာလဲဆိုတော့
ကြည်ညိုလို့ လှူတာပဲ သိတယ်။

သို့သော်…တကယ့်အစစ်အမှန်က ရည်ရွယ်ချက် ရှိတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့အခါ
ဘုရားရဲ့ ဓာတ်တော်တွေကို
ရှစ်ပြည်ထောင်မင်းတွေကို ခွဲဝေပြီး ပေးလိုက်တယ်။

ဓာတ်တော်တွေက ရှစ်ပြည်ထောင်တောင်
ရောက်သွားတယ်။

ဒီဓာတ်တော်တွေကို အန္တရာယ်ဖြစ်မှာစိုးလို့
အရှင်မဟာကဿပတို့က
အဇာတသတ်မင်းနဲ့ တိုင်ပင်ပြီးတော့
ဓာတ်တော်တိုက်ကြီး တစ်ခုလုပ်ပြီး ဓာတ်တော်တွေ စုထည့်ထားတယ်တဲ့။

အဲဒီလို စုထည့်ထားပြီး အင်မတန်
တန်ဖိုးရှိတဲ့ ပတ္တမြား တစ်လုံးကို
အဲဒီထဲမှာ ထည့်ထားပြီး စာရေးထားတယ်။

နောင်တစ်ချိန်ကျရင်…
ဒီဓာတ်တော်တိုက်ကြီး ပျက်စီးသွားရင်
ပြင်ဆင်ဖို့အတွက် ငွေကြေး မတတ်နိုင်ဘူးဆိုရင် ဒီပတ္တမြားတုံးကြီးကို ရောင်းချပြီး ပြုပြင်ပါတဲ့။

အဲဒီတော့ ရတနာတွေ ထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ…
သင်္ခါရသဘောတရားအရ တစ်နေ့ကျ
ပျက်မှာပဲ။

maintenance လိုတယ်လေ။
maintenance အတွက် ထည့်ခဲ့တာ။
ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက်
ကောင်းတယ်ပေါ့။

maintenance အတွက် deposit
လုပ်ထားခဲ့တာ။ ဒါတွေကိုယူပြီး
ဘုရားပြင်ရမယ်ပေါ့။
အဲဒီ ရည်ရွယ်ချက်ပဲ။

နောက်ပိုင်းကျတော့…
ဒီရည်ရွယ်ချက်က တဖြည်းဖြည်း
ပျောက်လာတဲ့ သဘောပဲ။

မြန်မာပြည်မှာ…ကုသိုလ်ရှင်တွေ ဆိုင်းဘုတ် ထိုးလေ့ ရှိကြတယ်လေ။
ဘုရားတံတိုင္းတို့ ဘာတို့ ညာတို့
အကုန်လုံးပေါ့။

ကုသိုလ်ရှင်တွေ ဘာလို့ ထိုးတာတုန်း-?
နာမည် ကြော်ငြာတာလား။
ရည်ရွယ်ချက်က ဘာလဲ။
ကိုယ့်ကို လူသိစေချင်လို့ ထိုးတာလား။

မသိလည်း ဘာဖြစ်လဲ-?
လှူတာက လှူတာပဲပေါ့။

အဲဒီတော့ ဆိုင်းဘုတ်ထိုးခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုရင်
အမျှဝေတဲ့သဘော၊ မြင်တဲ့ပုဂ္ဂိုလ်က သာဓုခေါ်ရအောင်လို့။

ဒါ့ကြောင့်မို့…ရှေးတုန်းက
မိသားစုကောင်းမှုဆိုတာရဲ့ နောက်မှာ…
နတ်လူ သာဓုခေါ်စေသော် ဆိုတာလေး
ပါတယ်။

အခုခေတ်ကတော့…အဲဒီ
နတ်လူသာဓု ခေါ်စေသော်ဆိုတာလေး
ပျောက်သွားပြီး နာမည်ကြော်ငြာတာ
ဖြစ်သွားတယ်။
ဒါက ပြောင်းလဲလာတဲ့ သဘောပေါ့နော်။

မူရင်းအဓိပ္ပါယ် ပျောက်သွားပြီးတော့ ပြောင်းလဲလာတဲ့ သဘောဟာ
ဒီလိုပဲ ရှိတယ်ပေ့ါ။

စပြီးလုပ်တဲ့ အချိန်ကတော့ အဓိပ္ပါယ်
ရှိတယ်။

အဲဒီအဓိပ္ပါယ်ရှိတာတွေဟာ
နောက်ပိုင်း အဓိပ္ပါယ် မသိတော့ဘူး။
တစ်မျိုးတစ်မည် ပြောင်းလဲသွားတတ်တယ်။

#ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ။

တရားချစ်ခင်သူ.မျှဝေပူဇော်လှူဒါန်းပါသည်
ဓမ္မအသိနဲ့ အကျိုးရှိကြပါစေ

ⵗⵗ̥̥̊̊ⵗ̥̥̥̥̊̊̊ⵗ̥̥̥̥̥̊̊̊̊ⵗ̥̥̥̥̥̥̊̊̊̊̊ⵗ̥̥̥̥̥̥̥̊̊̊̊̊ⵗ̥̥̥̥̥̥̥̥̊̊̊̊ⵗ̥̥̥̥̥̥̥̥̥̊̊̊ⵗ̥̥̥̥̥̥̥̥̥̥̊̊ⵗ̥̥̥̥̥̥̥̥̥̥̥ⵗ̥̥̥̥̥̥̥̥̥̥̊̊ⵗ̥̥̥̥̥̥̥̥̥̊̊̊ⵗ̥̥̥̥̥̥̥̥̊̊̊̊ⵗ̥̥̥̥̥̥̥̊̊̊̊̊ⵗ̥̥̥̥̥̥̊̊̊̊̊ⵗ̥̥̥̥̥̊̊̊̊ⵗ̥̥̥̥̊̊̊ⵗ̥̥̊̊

🙏🙏🙏🙏🙏
ဓမ္မဒါနပြန်လည်မျှဝေပါသည်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ_အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။
■□■□■□■□■□■□
💠 ဓမ္မကို ဖြန့်ဝေသောသူသည် ...
"သာသနာပြုသူ" မည်ပါ၏။
ဓမ္မကို ဖြန့်ဝေခြင်းမှာ ...
"ပတ္တိဒါနကုသိုလ်" ဖြစ်ပါ၏။

ထိုကြောင့် ... 📖🖍💻မိမိတို့၏
အပေါင်းအသင်းမိတ်ဆွေများ သိရှိ/ မှတ်သား/ အသုံးချ နိုင်စေရန် ခွင့်မတောင်းဘဲ (share/copy)
လွတ်လပ်စွာ မျှဝေ/ကူးယူခွင့်ပြုပါသည်။
#ကုသိုလ်ကောင်းမှုများကိုမမေ့မလျော့ပြုနိုင်ကြပါစေ။

ကုသိုလ်တရားတွေ ကြိုးစားအားထုတ်မှု မရှိပဲနဲ့ အကုသိုလ်ဆိုတာ မဖယ်ရှားနိုင်ဘူး။အကုသိုလ်ကို မဖယ်ရှားနိုင်ပဲနဲ့ သံသရာဝဋ်ဆင်းရဲ...
25/02/2025

ကုသိုလ်တရားတွေ ကြိုးစားအားထုတ်မှု မရှိပဲနဲ့ အကုသိုလ်ဆိုတာ မဖယ်ရှားနိုင်ဘူး။

အကုသိုလ်ကို မဖယ်ရှားနိုင်ပဲနဲ့ သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်ဘူး။

နိဗ္ဗာန်ချမ်းသာဆိုတာ မတွေ့နိုင်ဘူး။

ဒါကြောင့်မို့ ကုသိုလ်တရားတွေကို စတင်ပြီးတော့ လုပ်ပြီ ဆိုလို့ရှိရင် ဘယ်ကစရလဲဆိုရင် သီလ က စရတယ်။

ဒီနေရာမှာ တခြားအဆင့်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် ဒါန သီလ ဘာဝနာ လို့ ။

ဒီလိုပြောမယ့်အဆင့်အားဖြင့်ပြောရမယ်ဆိုရင် ကုသိုလ်တရားတွေကို ဒါနကနေ စရမှာ မလားလို့ မေးစရာရှိတယ်။

ဒါနဆိုတာလည်း ကုသိုလ်ပဲ။
သီလဆိုတာလည်း ကုသိုလ်ပဲ။
ဘာဝနာဆိုတာလည်း ကုသိုလ်ပဲ။

သို့သော် တကယ့်နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကျင့်ပြီ
ကမ္မဋ္ဌာန်းတရားကို အားထုတ်တဲ့ ဝိပဿနာလုပ်ငန်းတစ်ခုကို လုပ်ပြီ

(သို့မဟုတ်)သမထ ကျင့်စဥ် တစ်ခု ကိုကျင့်ပြီဆိုလို့ရှိရင်
သီလ က စရမှာဖြစ်တယ်။

သာမန်အားဖြင့် လူတွေ ဟာ လွယ်ကူမှု ရှိသည့်အတွက်ကြောင့်
ဒါနဆိုတာ ကို မြတ်စွာဘုရားက အနုပုဝိကထာမှာရှေ့တန်းတင်ပြီးတော့ ဟောတယ်။

ဘာဖြစ်လို့ဟောလဲ လွယ်ကူတယ်။သီလနဲ့ နှိုင်းစာကြည့်မယ်ဆိုရင် ဒါနကောင်းမှု ဟာ လွယ်ကူတယ်။

မိမိမှာ ရှိတဲ့ အရာလေးကို မိမိပတ်ဝန်းကျင်မှာ မျှဝေသုံးစွဲတယ်ဆိုတာ တစ်ခါတစ်လေမှာ အလေ့အထ အရ လွယ်တယ်လို့ ပြောရမှာ။

ကိုယ်ကျင့်သီလ ဆောက်တည်ဖို့ကျတော့ လူတွေမှာ ခက်ခဲမှု ရှိကြတယ်။

အေး သီလ သမာဓိ ပညာလို့ဆိုတဲ့ သိက္ခာ သုံးရပ် အကျင့်မြတ်ကို ကျင့်ကြတော့မယ် ဆိုလို့ရှိရင် သီလ က နံပတ်တစ်ကလာတယ်။

ဒါကြောင့်မို့ သီလင်စ သုဝိသုဒ္ဓါ အလွန့်အလွန်ကို စင်ကြယ်တဲ့ ကိုယ်ကျင့်သီလ ဟာ ကုသိုလ်တရားတွေရဲ့ အစပဲ။

အရေးပါတဲ့ သံသရာဝဋ်ဆင်းရဲက လွတ်ဖို့ကုသိုလ်ကောင်းမှုကို လုပ်ပြီဆိုလို့ရှိရင် ဒီသီလ ဟာ မရှိမဖြစ်တဲ့ အရာတစ်ခု။

ဒါကမြတ်စွာဘုရားကိုယ်တိုင် မိန့်ကြားခဲ့တဲ့ စကား။

အဋ္ဌကထာ ဆရာကြီးတွေကလည်းပဲ မြတ်စွာဘုရားရဲ့ တရားတော် မြတ်စွာဘုရားရဲ့ အဆုံးအမ သာသနာမှာ ဘယ်ဟာက အစလဲ လို့

အစကို ရှာပြီး အစရဲ့ ကောင်းခြင်းကို ထုတ်ဖော်တဲ့ အခါမှာ

သီလံ သာသနဿ အာဒိ
မြတ်စွာဘုရား အဆုံးအမရဲ့ အစက
မြတ်စွာဘုရား တရားတော်ရဲ့ အစဟာ ကိုယ်ကျင့်သီလ ပါပဲလို့ ။

မြတ်စွာဘုရားဟောတာနဲ့ တစ်ထပ်တည်း ပဲ ရှင်းလင်းဖော်ပြ ကြတယ်။

ဒါကြောင့်မို့ ကုသိုလ်တရားတွေရဲ့ အစလို့ ဆိုကတည်းက ကုသိုလ်တရားတွေ ဖြစ်ပွါးဖို့ရာအတွက် သီလ မပါမရှိ ၊မပါမဖြစ် အရေးကြီးတဲ့ သဘာဝတရားတစ်ခုလို့ ဆိုတာ ရှေးဦးစွာ မှတ်သားကြဖို့ လိုအပ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

သီလအကြောင်းလေ့လာသုံးသပ်ခြင်းတရားတော်မှ

#ပါချုပ်ဆရာတော်

ที่อยู่

Shinagawa-ku
Samut Sakhon

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဓမ္မရောင်ခြည်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ဓမ္မရောင်ခြည်:

แชร์