
22/06/2025
ဂျပန်မှာ နေထိုင်ခွင့်ရှိတဲ့ visa တွေနဲ့ ပါတ်သတ်ပြီး သိသလောက်
sharingလုပ်ပေးချင်လို့ပါ
မြန်မာနိုင်ငံကနေ လက်ရှိလာနိုင်တဲ့ Visaတေကတော့
1. (Tourist Visa / Temporary Visitor Visa)
2. (Work Visa)
3. (Tokutei Visa)
4. (Student Visa)
5. (Family Visa)
7.(Training Visa)
ဂျပန် ကိုအမြန်ဆုံးလာဖို့ ဗီဇာကတော့ (Family Visa) နဲ့(Student Visa)ပဲဖြစ်ပါတယ်
1. (Tourist Visa / Temporary Visitor Visa)
2. (Work Visa)
3. (Tokutei Visa)
4. (Student Visa)
5. (Family Visa)
6.(Permanent Resident Visa)
1. ခရီးသွားဗီဇာ (Tourist Visa / Temporary Visitor Visa)
ချစ်သူ/မိသားစုနဲ့တွေ့ခြင်း၊ ဂျပန် ကို အလည်လာဖို့အတွက် အသုံးပြုပါ
တယ်
⏰ ကြာချိန်
၁၅ရက်၊ ၃၀ရက်၊ သို့မဟုတ် ၉၀ရက်အထိ။
❌ အလုပ်လုပ်ခွင့်မရှိပါ။
2. (Work Visa)
အလုပ်လုပ်ဖို့ ဂျပန်သွားတဲ့သူတွေအတွက်ပါ။
💼 ဘာအလုပ်တွေ လဲဆိုလို့ရှိရင်
အင်ဂျင်နီယာ၊ ဘာသာပြန်၊ IT ၊ ရုံးလစာစားအလုပ်များ။
🧑💻 တရားဝင် အမြဲဝင်လုပ်ခွင့်ရှိပြီးဂျပန်နိုင်ငံသားနည်းတူ လစာ ကွာဟမူမရှိ ပါဘူး။ဂျပန် စာ လယ်ဗယ် N3အနည်းဆုံးလိုအပ်ပါတယ်
⏰ ကြာချိန်
၁နစ်ကနေ မိမိအဆင်ပြေသရွေ့နေထိုင်နိုင်သည်
3. (Tokutei Visa)
ကျွမ်းကျင်လုပ်သားဗီဇာ
💼 ဘာအလုပ်တွေ လဲဆိုလို့ရှိရင်
စားသောက်ဆိုင်၊ ဟိုတယ်၊ ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ ဘိုးဘွားစောင့်ရှောက်ရေး၊စိုက်ပျိူးရေးစသည်။
🧑💻 တရားဝင် အမြဲဝင်လုပ်ခွင့်ရှိပြီးဂျပန်နိုင်ငံသားနည်းတူ လစာ ကွာဟမူမရှိ ပါဘူး။ဂျပန် စာ လယ်ဗယ် N3/N4အနည်းဆုံးလိုအပ်ပါတယ်
⏰ ကြာချိန်
၁နစ်ကနေ မိမိအဆင်ပြေသရွေ့နေထိုင်နိုင်သည်
3. (Student Visa)
🎓 ဂျပန်ဘာသာကျောင်း၊ တက္ကသိုလ် သို့မဟုတ် သင်တန်းကျောင်းတက်ရန်ဗီဇာ
🕒 အချိန်ပိုင်းအလုပ် (週28時間) လုပ်ခွင့်ရ –
ဥပမာ convenience store, စားသောက်ဆိုင်၊ ဟိုတယ် လုပ်တာမျိူး
📚 ပညာသင်ကြားရေးရည်ရွယ်။ဂျပန် စာ လယ်ဗယ် N3/N4အနည်းဆုံးလိုအပ်ပါတယ်
4. (Family Visa)
မိသားစုဗီဇာ/မှီခိုဗီဇာ
မိမိရဲ့ချစ်သူကောင်လေး.ကောင်မလေးမှတဆင့် လက်ထပ်ပြီး မှီခိုဗီဇာ အဖြစ်အတူနေထိုင်ရန်ဗီဇာ
🕒 အချိန်ပိုင်းအလုပ် (週28時間) လုပ်ခွင့်ရ –
ဥပမာ convenience store, စားသောက်ဆိုင်၊ ဟိုတယ် လုပ်တာမျိူး
⏰ ကြာချိန်
အိမ်ထောင်ဘက်အပေါ် ဗီဇာ မူတည်ပြီးနေထိုင်နိုင်
5. အမြဲတမ်းနေရသူဗီဇာ (Permanent Resident Visa)
📆 ဂျပန်မှာအနည်းဆုံး ၅နှစ်နေပြီးနောက် လျှောက်ထားနိုင်ပါတယ်
💼 အလုပ်အမျိုးမျိုးလုပ်လို့ရ၊ ဗီဇာသက်တမ်းမရှိပါ
6. ဒုက္ခသည် / လူသားရေးဗီဇာ (Refugee / Humanitarian Visa)
🆘 လက်ရှိမြန်မာတွေအကြာားမှာခေတ်စားနေတဲ့ ကစုဒိုးဗီဇာ
စစ်ပွဲ၊ နိုင်ငံရေးအန္တရာယ်ကြောင့် အခက်အခဲရှိသူများအတွက်။
🕒 အချိန်ပိုင်းအလုပ် (週40時間) လုပ်ခွင့်ရ –
ဥပမာ convenience store, စားသောက်ဆိုင်၊ ဟိုတယ် လုပ်တာမျိူး
7.Training Visa
Training Visaသည် ဂျပန်တွင် လုပ်ငန်းအတွေ့အကြုံ (On-the-job training) စနစ်ဖြင့် နိုင်ငံခြားသားများကို သင်တန်းပေးရန် ရည်ရွယ်ထားသော ဗီဇာဖြစ်သည်။ သင်ကြားမှုပုံစံသည် အလုပ်လုပ်ခြင်းမဟုတ်ပါ၊ သင်ယူသဘောဖြင့်သာသတ်မှတ်ထားသောကြောင့် လစာအလွန်နည်းပါးသည်
ဂျပန် စာ လယ်ဗယ် N4အနည်းဆုံးလိုအပ်ပါတယ်
💼 ဘာအလုပ်တွေ လဲဆိုလို့ရှိရင်
စားသောက်ဆိုင်၊ ဟိုတယ်၊ ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ ၊စိုက်ပျိူးရေးစသည်။
⏰ ကြာချိန်
၁နစ်ကနေ ၃နစ်