Aozora ဂျပန်စာ စာသင်ခန်း

Aozora ဂျပန်စာ စာသင်ခန်း Aozora ဂျပန်စာ စာသင်ခန်း, デジタルクリエイター, Mie, Yokkaichi-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

၂၀၁၂မှာ ဂျပန်ရောက်ပြီး Phd in engineering ရထားပါတယ်။ အခု ကော်ပိုရိတ်မှာ JP-Eng technical interpreter လုပ်ပါတယ်။
၂၀၂၀ မှာ N1 အောင်ထားပါတယ်။
ဒိပေ့ချ်မှာ Japanese ပညာဒါန ပို့စ်တွေ ဂျပန်မှာ နေထိုင်တဲ့ lifestyle and tips တွေတင်ပါတယ်။ Aozora Page ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီပေ့ချ်တည်ထောင်သူ ကျွန်မ အကြောင်းလေးကို မိတ်ဆက်ပါရစေ။ ကျွန်မက အခုလက်ရှိ ဂျပန်နိုင်ငံ မီအဲပြည်နယ် ယော့ကအိချိမြို့မှာ နေထိုင်နေပါတယ်။
က

ျွန်မမှာ Career နှစ်ခုရှိပါတယ်။ IT and language ပါ။ ၂၀၀၈ ခုနှစ်မှာ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကနေ M.C.Tech (Distinction) မာစတာဘွဲ့ရရှိထားပါတယ်။ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှာ နည်းပြ၊ လက်ထောက်ကထိက များအဖြစ် ဆယ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၂ မှာ UCSY ကနေပဲ Ph.D (IT) ဘွဲ့ကို ရရှိပါတယ်။ ၂၀၁၂ မှာပဲ ကျွန်မ ဂျပန်ကို Monbugaksho Scholarship နဲ့ ရောက်လာခဲ့ပါတယ်။ Nagoya Institute of Technology မှာ လေးနှစ် သုတေသနလုပ်ခဲ့ပြီး ၂၀၁၆ မှာ Dr.Engineering ဘွဲ့ကို ယူခဲ့ပါတယ်။ ငယ်ငယ်တည်းက Language ကိုလည်း အရမ်းသဘောကျလို့ မိခင်ဘာသာ မြန်မာစာနဲ့ English မှာ ကျွန်မ အားစိုက်ဖြစ်ခဲ့ပါတယ်။ စာစီစာကုံးပြိုင်ပွဲတွေ စကားပြောပြိုင်ပွဲတွေ ဝင်လေ့ရှိခဲ့ပါတယ်။ English နဲ့ ပတ်သက်တဲ့ အမှတ်တရကတော့ ယခင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန English Speaking Contest ပြိုင်ပွဲမှာ ဝန်ကြီးဌာန အဆင့် တစ်နိုင်ငံလုံး ပထမ ရရှိခဲ့တာပါ။ ၂၀၁၂ မှာ ကျွန်မ ဂျပန်စာနဲ့ စထိတွေ့ဖြစ်ပါတယ်။ ဂျပန်မှာ နေခဲ့တဲ့ ကာလအတွင်း ဂျပန်စာနဲ့ ပတ်သက်ပြီး အမျိူးမျိုး လေ့လာရ ကျော်ဖြတ်ခဲ့ရပါတယ်။ N1 အောင်ထားပါတယ်။ နှစ်ပေါင်းများစွာ စာသင်လာတဲ့ အတွေ့အကြုံရော ဘာသာစကားနဲ့ ပတ်သက်ပြီး ကူညီချင် အလုပ်လုပ်ချင်တဲ့ စိတ်နဲ့ ကျွန်မ Aozora ကောင်းကင်ပြာ ပေ့ချ်လေးကို တည်ထောင်ဖြစ်တာပါ။ ဂျပန်စာတစ်ခုတည်းတင် မကပဲ Language Learning Tips တွေ Study Hacks တွေကိုပါ တင်ဆက်ပေးသွားဖို့ စိတ်ကူးထားပါတယ်။ ဘာသာစကားတွေကို စိတ်ဝင်စားလို့ ကျွန်မ လက်ရှိ ကိုရီးယားဘာသာနဲ့ စပိန်ဘာသာစကားတို့ကိုပါ ထပ်မံစတင်လေ့လာနေပါတယ်။

နဂနိုက ဟိရုဂမိ ရေပူစမ်းမှာတည်းနေတယ်တွေ့ရင်ခေါ်ပါနော်
26/10/2025

နဂနိုက ဟိရုဂမိ ရေပူစမ်းမှာတည်းနေတယ်
တွေ့ရင်ခေါ်ပါနော်

お猿さん 🐒🤎💛🤎💛🐒
20/10/2025

お猿さん 🐒🤎💛🤎💛🐒

19/10/2025
ပုံပြင်လေးတွေဖတ်ရင်း Kanji စာလုံးတွေ လေ့လာကြည့်ရအောင်ဒီတစ်ခေါက်ကတော့ တနကစံနဲ့ သူ့ရဲ့ ရထားပေါ်က အချစ်ဇာတ်လမ်းပေါ့ လေ့လာကြ...
19/10/2025

ပုံပြင်လေးတွေဖတ်ရင်း Kanji စာလုံးတွေ လေ့လာကြည့်ရအောင်
ဒီတစ်ခေါက်ကတော့ တနကစံနဲ့ သူ့ရဲ့ ရထားပေါ်က အချစ်ဇာတ်လမ်းပေါ့
လေ့လာကြည့်ပါဦးနော်...

အရင်အခန်းတွေလေ့လာချင်ရင်

အခန်း ၁

https://www.facebook.com/share/r/168Y286oJ7/?mibextid=wwXIfr

အခန်း ၂

https://www.facebook.com/share/p/17HXYk4cKq/?mibextid=wwXIfr

အခန်း ၃

https://www.facebook.com/share/p/169JSqTz5J/?mibextid=wwXIfr

10/10/2025

にしても としても 

10/10/2025

Nとして Nにしては Nにしても 

ဂျပန်စာလေ့လာနေကြသူများအတွက် သမုဒ္ဒရာနာမည်တွေနဲ့ စကားလုံးသမိုင်းကြောင်းလေးတွေကို ဗဟုသုတအဖြစ် မျှဝေပေးပါရစေ! 🌊🇯🇵ပစိဖိတ်သမု...
06/10/2025

ဂျပန်စာလေ့လာနေကြသူများအတွက် သမုဒ္ဒရာနာမည်တွေနဲ့ စကားလုံးသမိုင်းကြောင်းလေးတွေကို ဗဟုသုတအဖြစ် မျှဝေပေးပါရစေ! 🌊🇯🇵

ပစိဖိတ်သမုဒ္ဒရာအကြောင်း ဗဟုသုတ (The Pacific Ocean Fact):

ဂျပန်လိုနာမည်: 太平洋 (たいへいよう - Taiheiyō)

Kanji အဓိပ္ပာယ်:

大 (Tai) = ကြီးမားသော၊ ခမ်းနားသော (Great)

平 (Hei) = ငြိမ်သက်သော၊ အေးချမ်းသော (Peaceful, Calm)

洋 (Yō) = သမုဒ္ဒရာ (Ocean)

ဒါ့ကြောင့် 太平洋 (Taiheiyō) ဆိုတာ "ကြီးမားပြီး ငြိမ်သက်အေးချမ်းတဲ့ သမုဒ္ဒရာ" (Great Peaceful Ocean) လို့ အဓိပ္ပာယ်ရပါတယ်!

သမိုင်းကြောင်း:
ပစိဖိတ်သမုဒ္ဒရာကို ၁၅၂၀ ခုနှစ်မှာ ပေါ်တူဂီလူမျိုး Ferdinand Magellan က နာမည်ပေးခဲ့တာပါ။ အန္တရာယ်များတဲ့ ရေလက်ကြားတစ်ခုကို ဖြတ်ပြီးတဲ့နောက် ဒီသမုဒ္ဒရာထဲရောက်တော့ ရေပြင်က အရမ်းကို ငြိမ်သက်အေးချမ်း (Pacific / Peaceful) နေတာမို့ "Mare Pacificum" (လက်တင်ဘာသာဖြင့် ငြိမ်သက်သောပင်လယ်) လို့ အမည်ပေးခဲ့ရာကနေ Pacific Ocean (ပစိဖိတ်သမုဒ္ဒရာ) လို့ ဖြစ်လာခဲ့တာပါ။

ဂျပန်လိုနာမည်က ဒီသမိုင်းကြောင်းနဲ့ အဓိပ္ပာယ်အရ တိုက်ဆိုင်နေတာကို သတိပြုမိလား? 😊

သမုဒ္ဒရာနာမည်တွေကို မဲဂျိခေတ်မှာ တရားဝင် ဂျပန်မှုပြုတဲ့အခါ မူရင်းနာမည်တွေနဲ့ ဆက်စပ်ပြီး စဥ်းစားခဲ့ ပေးခဲ့တယ်လို့ ဆိုပါတယ်။

တခြား သမုဒ္ဒရာတွေရဲ့ ဂျပန်လိုနာမည်တွေကို ကြည့်ရအောင် (Other Ocean Names in Japanese):

သမုဒ္ဒရာ 大洋 / 海洋 たいよう (Taiyō) / かいよう (Kaiyō) ကြီးမားတဲ့ ပင်လယ် / ပင်လယ်ပြင်ကြီး

ပစိဖိတ်သမုဒ္ဒရာ 太平洋 たいへいよう (Taiheiyō) Great Peaceful Ocean

အတ္တလန္တိတ်သမုဒ္ဒရာ 大西洋 たいせいよう (Taiseiyō) Great West Ocean

အိန္ဒိယသမုဒ္ဒရာ インド洋 インドよう (Indo-yō) Indian Ocean

တောင်ပိုင်းသမုဒ္ဒရာ 南極洋 なんきょくよう (Nankyoku-yō) South Pole Ocean

အာတိတ်သမုဒ္ဒရာ 北極洋 ほっきょくよう (Hokkyoku-yō) North Pole Ocean

ဒီလိုလေး လွယ်အောင်မှတ်ကြရအောင်...

大西洋 (Taiseiyō - အတ္တလန္တိတ်): 西 (Sei) ဆိုတာ အနောက် (West) လို့ အဓိပ္ပာယ်ရပါတယ်။ အမေရိကတိုက်ရဲ့ အရှေ့၊ ဥရောပတိုက်ရဲ့ အနောက် (သို့) မြေပုံရဲ့ အနောက်ဘက်ခြမ်းမှာ ရှိလို့ Great West Ocean လို့ မှတ်ထားလို့ရပါတယ်။

南極洋 (Nankyoku-yō - တောင်ပိုင်း): 南極 (Nankyoku) က တောင်ဝင်ရိုးစွန်း (South Pole) ကို ဆိုလိုတာမို့ တောင်ပိုင်းသမုဒ္ဒရာပေါ့။

北極洋 (Hokkyoku-yō - အာတိတ်): 北極 (Hokkyoku) က မြောက်ဝင်ရိုးစွန်း (North Pole) ကို ဆိုလိုတာမို့ အာတိတ်သမုဒ္ဒရာပေါ့။

インド洋 (Indo-yō - အိန္ဒိယ): ဒါကတော့ အလွယ်ဆုံးပဲ! နိုင်ငံနာမည် インド (Indo) ကိုယူပြီး 洋 (Yō) ထည့်ထားတာပါ။

ဒီလို စကားလုံးသမိုင်းကြောင်းလေးတွေ၊ Kanji အဓိပ္ပာယ်လေးတွေကို သိထားတော့ မှတ်ရတာ ပိုပြီး စိတ်ဝင်စားစရာ မကောင်းဘူးလား? ဂျပန်စာကို ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့လာနိုင်ကြပါစေလို့ Aozora မှ ဆုတောင်းပေးလိုက်ပါတယ်! ✨

#ဂျပန်စာသင်ကြားမှု

交際する ဆိုတာကို မြန်မာလို ဆီလျော်အောင် ပြန်ဖို့ ပိုကောင်းတဲ့ စာလုံးလေးများထွက်မလားဆို AI ကို အကူအညီတောင်းလိုက်တာ သူဘာတွေပြ...
30/09/2025

交際する ဆိုတာကို မြန်မာလို ဆီလျော်အောင် ပြန်ဖို့ ပိုကောင်းတဲ့ စာလုံးလေးများထွက်မလားဆို AI ကို အကူအညီတောင်းလိုက်တာ
သူဘာတွေပြောနေတာလဲနော်...

အမှန်တော့ ရည်းစားလို ချစ်တယ် ကြိုက်တယ် တွဲတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ အသုံးများပေမဲ့ မူရင်းအဓိပ္ပါယ်က သူငယ်ချင်းဖြစ်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါ ပါဝင်နေတဲ့ လူနှစ်ယောက်ကြားထဲက ခင်မင်ရင်းနှီးလာတဲ့ အခြေအနေကို ကိုယ်စားပြုတဲ့ စကားလုံးမို့ သူများပိုကောင်းတဲ့ စာလုံးရှိမလားလို့ မေးလိုက်တာ...

အတည်ပေါက်နဲ့ ရွှီးတော့တာ...
ချစ်ပျော်ပျော်တဲ့
ချစ်မြေတဲ့ ချစ်မယ်ကိုပြောတာနေမယ် ဂျပန်လို ချိမယ် ဆိုရေးထားတော့
ချစ်ရှင်တဲ့
ဟုတ်တိပတ်တိကိုရှင်းပြနေတာ

World Expo ကို ဂျပန်မှာလုပ်တုန်းလေးသွားရတာ ကြိုးစားသွားမယ်ဆို သွားလိုက်တာတော်တော်ကြည့်ခဲ့ရတယ်….လူတွေကိုလူပင်လယ်ထဲမျောနေတ...
29/09/2025

World Expo ကို ဂျပန်မှာလုပ်တုန်းလေးသွားရတာ ကြိုးစားသွားမယ်ဆို သွားလိုက်တာ
တော်တော်ကြည့်ခဲ့ရတယ်….
လူတွေကို
လူပင်လယ်ထဲမျောနေတာ…..
တစ်ချို့နေရာတွေက ဝင်ဖို့ကို ကြိုစာရင်းပေးရတယ်

တော်တော်များများပြည့်နေတာများတယ်
ပြင်သစ် ဂျာမနီ စပိန် ဥရောပနိုင်ငံတွေက ကျိတ်ကျိတ်တိုး
နေရာတိုင်းတော့ ကျိတ်ကျိတ်တိုးတာပါ အိမ်သာကအစ
ဥရောပဘက်က ပိုဆိုးတာ

pavilion လို့ သူတို့ခေါ်တဲ့ အဆောက်အဦးတွေမှာ
တန်းစီနေတဲ့သူတွေအပြည့်
ပြင်သစ်နဲ့ ဂျာမနီသွားချင်တာ
ဂျာမနီ pavilion က ပြည့်နှက်နေလို့ လူထပ်လက်မခံနိုင်လို့ မဖွင့်
ပြင်သစ်က စောင့်ချိန် ၂ နာရီမို့ ခဏစောင့်ကြည့်မယ်ဆိုလုပ်လိုက်တာ
၃ နာရီဖြစ်သွားလို့ လက်လျှော့ခဲ့ရ

ဆော်ဒီအာရေဗျရယ်
ထိုင်းရယ်
ကိုလံဘီယာရယ်
နောက် UAE ပဲဝင်လိုက်ရတယ်
ဆော်ဒီက မိနစ်၄၀တန်းစီ
ထိုင်းက တစ်နာရီစီပြီး ဝင်လိုက်တာ

တန်းမစီပဲ စိတ်ကြိုက်ဝင်လို့ရတာတွေလည်းရှိပါတယ်
အဲဒီဘက်တွေကျ လူပင်လယ်ထဲညပ်ပြီးမျောနေတာ
ဘာမှ ကြည့်လို့မရ

ဝင်ကြေးတစ်ယောက် ယမ်း၆၀၀၀ ကျော်ပးပြီး
လူသွားတိုးလာတာ
ခုတော့ ချောင်းလေးဟွပ်ဟွပ်
ပိုးလေးသယ်ပြန်လာပြီ

ခုတစ်လောထမင်းချက်ရင် ဒီလို もちむぎလေးနဲ့ရောချက်တယ် မုဂိ တစ်ဆ ဆန်နှစ်ဆ ချက်တယ်ကယ်လိုရီလျှော့ဖို့လည်း လိုအပ် ဆန်/ထမင်းလည်း ကြ...
24/09/2025

ခုတစ်လောထမင်းချက်ရင် ဒီလို もちむぎလေးနဲ့ရောချက်တယ် မုဂိ တစ်ဆ ဆန်နှစ်ဆ ချက်တယ်
ကယ်လိုရီလျှော့ဖို့လည်း လိုအပ် ဆန်/ထမင်းလည်း ကြိုက်မလျှော့နိုင်ဘူးဆို ဒီလိုလေးစားကြည့်နော်…

ဂီတဆရာမ ချောချောလေး ဆိုတဲ့ဇာတ်လမ်းလေးဖတ်ပြီး အဖတ်လေ့ကျင့်ကြရအောင်အဆုံးမှာ လေ့လာရမယ့် စာလုံးလေးတွေပါပါတယ်きれいきれいな音楽の先生 (ki...
23/09/2025

ဂီတဆရာမ ချောချောလေး ဆိုတဲ့ဇာတ်လမ်းလေးဖတ်ပြီး အဖတ်လေ့ကျင့်ကြရအောင်
အဆုံးမှာ လေ့လာရမယ့် စာလုံးလေးတွေပါပါတယ်

きれいきれいな音楽の先生 (kirei na ongaku no sensei)


勇輝 (Yuuki): お父さん、僕告白したんだ。
* (အဖေ၊ ကျွန်တော် ဖွင့်ပြောလိုက်ပြီ။)

お父さん (Otousan): 本当か!?その女の子は誰なんだ?
* (တကယ်လား!? အဲ့ဒီမိန်းကလေးက ဘယ်သူလဲ။)

勇輝 (Yuuki): 誰だと思う?僕の学校の音楽の先生だよ。
* (ဘယ်သူလို့ ထင်လဲ။ ကျွန်တော့်ကျောင်းက ဂီတဆရာမပါ။)

お父さん (Otousan): そうなのか。どんな先生なんだ?
* (ဟုတ်လား။ ဘယ်လိုဆရာမမျိုးလဲ။)

勇輝 (Yuuki): とてもきれいなんだ。それに僕はいつも残って質問するんだ。けど、とても丁寧に答えてくれるよ。
• (Yuuki: အရမ်းလှတယ်။ ကျွန်တော်က အမြဲတမ်း ကျန်နေခဲ့ပြီး မေးခွန်းတွေ မေးတယ်။ ဒါပေမဲ့ ဆရာမက ချိုချိုသာသာ ပြန်ဖြေပေးတယ်။)

お父さん (Otousan): いつも残ってどんな質問をしているんだ?
• (Otousan: အမြဲတမ်း ကျန်နေခဲ့ပြီး ဘယ်လို မေးခွန်းမျိုးတွေ မေးတာလဲ။)

勇輝 (Yuuki): 例えば、先生の好きな食べ物とか、先生の誕生日とか、趣味とか、好きなタイプとか。
• (Yuuki: ဥပမာ၊ ဆရာမအကြိုက်ဆုံး အစားအစာ၊ ဆရာမရဲ့ မွေးနေ့၊ ဝါသနာ၊ ဒါမှမဟုတ် ကြိုက်တဲ့ အမျိုးအစားလိုမျိုးပေါ့။)

お父さん (Otousan): 音楽関係の質問じゃないのか。
• (Otousan: ဂီတနဲ့ ပတ်သက်တဲ့ မေးခွန်းမဟုတ်ဘူးပေါ့)

勇輝 (Yuuki): いくら音楽の質問を聞いても先生の心は分からないよ。
• (Yuuki: ဂီတနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ဘယ်လောက်ပဲ မေးမေး ဆရာမရဲ့ စိတ်ကို နားမလည်ဘူးလေ။)

お父さん (Otousan): じゃあ先生は音楽以外にも何か趣味はあるの?
• (Otousan: ဒါဆို ဆရာမက ဂီတအပြင် တခြား
ဘာဝါသနာပါတယ်တဲ့လဲ)

勇輝 (Yuuki): 先生は船に乗ることが好きで、週末にはよく船に乗るんだって。
• (Yuuki: ဆရာမက လှေစီးရတာ ကြိုက်ပြီးတော့ စနေ၊ တနင်္ဂနွေနေ့တွေမှာ မကြာခဏ လှေစီးတယ်တဲ့။)

お父さん (Otousan): すごいな。けっこうかっこいいんだね。
• (Otousan:တော်တယ်နော်။ ခပ်မိုက်မိုက်ပဲနော်)

勇輝 (Yuuki): そうでしょう。
• (Yuuki: မိုက်တယ်ဟုတ်)

お父さん (Otousan): ところで、先生にはどうやって告白したの?
• (Otousan: ဒါနဲ့၊ ဆရာမကို ဘယ်လို ဖွင့်ပြောခဲ့တာလဲ။)

勇輝 (Yuuki): 小さい瓶の中に船の模型を組み立てる授業があって、先生の誕生日に、僕はその模型を作って先生にプレゼントしたんだ。
• (Yuuki: ပုလင်းငယ်လေးထဲမှာ လှေပုံစံငယ်လေးထွင်းရတဲ့ သင်ခန်းစာရှိတာ
ဆရာမရဲ့ မွေးနေ့မှာ ကျွန်တော်က အဲ့ဒီပုံစံငယ်လေးလုပ်ပြီး လက်ဆောင်ပေးခဲ့တာ။)

お父さん (Otousan): そうなのか。先生は喜んでいたんだろう?
• (Otousan: ဟုတ်လား။ ဆရာမ သဘောကျတယ်ဟုတ်)
勇輝 (Yuuki): もちろんだよ。
• (Yuuki: ဒါပေါ့။)
お父さん (Otousan): 先生は何と言っていたん
(Otousan: ဆရာမကဘာပြောလဲ)

勇輝 (Yuuki): 先生は、「ありがとう!とても嬉しいわ!彼の車の中に飾るね」って言っていたよ。
• (Yuuki: ဆရာမက "ကျေးဇူးတင်ပါတယ်! အရမ်းပျော်မိတယ်! သူ့(ချစ်သူ) ကားထဲမှာ ထားရမယ်နော်" လို့ ပြောခဲ့တယ်။

ဂျပန်စာမှာ သူ彼 ဆိုတာ ရည်းစားယောကျ်ားလေးမပေါ်သုံးတဲ့ အသုံးအနှုန်း

👉🏻Glossary Notes👈🏻
• お父さん (Otousan): Father / အဖေ
• 音楽 (ongaku): Music / ဂီတ
• 関係 (kankei): Related / ပတ်သက်သော
• 質問 (sh*tsumon): Question / မေးခွန်း
• じゃないのか (ja nai no ka): Isn't it? / မဟုတ်ဘူးလား
• いくら (ikura): No matter how much / ဘယ်လောက်ပဲ...
• 先生 (sensei): Teacher / ဆရာ, ဆရာမ
• 心 (kokoro): Heart, mind, feeling / နှလုံးသား၊ စိတ်၊ ခံစားချက်
• 分からない (wakaranai): Don't know, don't understand / မသိ၊ နားမလည်
• じゃあ (jaa): Well then / ဒါဆို
• 以外 (igai): Other than, except for / မှအပ၊ မှလွဲ၍
• 何か (nanika): Something / တစ်ခုခု
• 趣味 (shumi): Hobby / ဝါသနာ
• あるの (aru no): Do you have? (question form) / ရှိလား (မေးခွန်းပုံစံ)
• とても (totemo): Very / အရမ်း
• きれい (kirei): Beautiful, pretty, clean / လှပသော
• 僕 (boku): I, me (used by males) / ကျွန်တော် (ယောက်ျားလေးများ သုံးသည်)
• いつも (itsumo): Always / အမြဲတမ်း
• 残って (nokotte): Remaining, staying behind / ကျန်နေခဲ့ပြီး
• 丁寧に (teineini): Carefully, politely / ယဉ်ကျေးစွာ
• 答えてくれる (kotaetekureru): Answers for me / ပြန်ဖြေပေးသည်
• 例えば (tatoeba): For example / ဥပမာ
• 好きな (sukina): Favorite / အကြိုက်ဆုံး
• 食べ物 (tabemono): Food / အစားအစာ
• 誕生日 (tanjoubi): Birthday / မွေးနေ့
• タイプ (taipu): Type / အမျိုးအစား
• ありがとう (arigatou): Thank you / ကျေးဇူးတင်ပါတယ်
• 嬉しい (ureshii): Happy, glad / ပျော်သော
• 彼氏 (kareshi): Boyfriend / ချစ်သူ (ယောက်ျား)
• 車 (kuruma): Car / ကား
• 中 (naka): Inside / အတွင်း
• 飾る (kazaru): To decorate / အလှဆင်သည်၊ ထားသည်
• 告白 (kokuhaku): Confession (of love) / ဖွင့်ပြောခြင်း (အချစ်)
• 本当か (hontou ka): Is that true? Really? / တကယ်လား။
• 女の子 (onnanoko): Girl / မိန်းကလေး
• 誰 (dare): Who / ဘယ်သူ
• 学校 (gakkou): School / ကျောင်း
• そうなのか (sou na no ka): Is that so? / ဟုတ်လား
• どんな (donna): What kind of / ဘယ်လိုမျိုး
• 船 (fune): Boat, ship / လှေ၊ သင်္ဘော
• 乗る (noru): To ride, to get on / စီးသည်
• 週末 (shuumatsu): Weekend / စနေ၊ တနင်္ဂနွေ
• よく (yoku): Often, well / မကြာခဏ
• すごいな (sugoi na): Amazing, great / အံ့ဩစရာပဲ
• かっこいい (kakkoii): Cool, good-looking / မိုက်သော၊ ခန့်ညားသော
• ところで (tokorode): By the way / ဒါနဲ့
• どうやって (dou yatte): How / ဘယ်လို
• 小さい (chiisai): Small / သေးငယ်သော
• 瓶 (bin): Bottle, jar / ပုလင်း
• 模型 (mokei): Model / ပုံစံငယ်
• 組み立てる (kumitateru): To assemble, to build / ဆောက်လုပ်သည်
• 授業 (jugyou): Class, lesson / သင်ခန်းစာ
• プレゼント (purezento): Present, gift / လက်ဆောင်
• 喜んで (yorokonde): Being happy, being pleased / ပျော်ရွှင်စွာ
• もちろんだよ (mochiron da yo): Of course! /

住所

Mie
Yokkaichi-shi, Mie

ウェブサイト

アラート

Aozora ဂျပန်စာ စာသင်ခန်းがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する