Hanni's Journey

Hanni's Journey group/by one classများစံုစမ်းချင်ရင် cbကို လာရောက်မေးမြန်းစံုစမ်းနိုင်ပါတယ်ရှင့်

영원히 살 것처럼 꿈꾸고
오늘 죽을 것처럼 살아라🤍✨

ကိုရီးယားကို လာဖို့ ဘာတွေလိုမလဲ ???💁🏼‍♀️ဒီနေ့တော့ အားလံုးလည်း သိချင်နေကြမယ့် တစ်ကယ့်ကိုမှ အရေးကြီးပြီး အသံုးအဝင်ဆံုးဖြစ်...
25/03/2026

ကိုရီးယားကို လာဖို့ ဘာတွေလိုမလဲ ???💁🏼‍♀️

ဒီနေ့တော့ အားလံုးလည်း သိချင်နေကြမယ့် တစ်ကယ့်ကိုမှ အရေးကြီးပြီး အသံုးအဝင်ဆံုးဖြစ်မယ့် Tipsကို ပြောပြသွားမှာ 😎

ကိုရီးယားကိုလာဖို့ အချက် တစ်ချက်ပဲ လိုပါတယ်နော် ✌🏻 စိတ်ပင်ပန်းခံမလား လူပင်ပန်းခံမလားဆိုတာပဲ🤌🏻

မလာခင် ကိုယ့်ဘာသာပြန်မေးကြည့်ပြီး ဘာအပင်ပန်းခံနိုင်မလဲဆိုတာ ဆံုးဖြတ်ပြီးမှလာကြပါ 🫵🏻

ဒီမှာတော့ လူအပင်ပန်းမခံနိုင်လို့ စာသေချာကြိုးစားပြီး ခန္တာကိုယ်အေးဆေးလုပ်လို့ရနိုင်မယ့်
အလုပ်ကိုရွေးလုပ်ပေမယ့် စိတ်ကတော့ ချံုးချံုးကျ 🤌🏻
အလုပ်ကလူတွေကို မမြင်ချင်ဖူးမတွေ့ချင်တော့ဖူး မဆတ်ဆံချင်တော့ဖူးဆိုပြီးပါဖြစ်တဲ့အထိ စိတ်ကင်ဆာရတာပါ

#한국어공부

Pageမှာ offical debutပါပြီနော်
09/03/2026

Pageမှာ offical debutပါပြီနော်

𝗠𝗲𝗲𝘁 𝗢𝘂𝗿 𝗞𝗢𝗢𝗠𝗟𝗶𝗻𝗸 𝗧𝗲𝗮𝗰𝗵𝗲𝗿 👨‍🏫👩‍🏫

• KOOMLink ရဲ့ ကိုရီးယားဘာသာစကားအတန်းတွေမှာ ကျောင်းသား/သူတိုင်းအတွက် Quality Education ကို ပေးနိုင်ဖို့ အရည်အချင်းပြည့်ဝပြီး ယုံကြည်အားကိုးရတဲ့ ဆရာ/ဆရာမများက ဦးဆောင်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

• Foundation ကနေ Advanced Level တွေအထိ တဆင့်ချင်းတိုးတက်အောင် သင်ကြားပေးနိုင်တဲ့ KOOMLink ရဲ့ ဆရာ/ဆရာမတွေထဲက နောက်ထပ်တီချယ်တစ်ဦးကတော့ ...Tr. Swe Phyo Han ပဲ ဖြစ်ပါတယ်။

• လက်ရှိ Korea မှာ Scholarship နဲ့ Computer Engineering ဘာသာရပ်ကို တက်ရောက်နေသူဖြစ်ပြီး ကိုရီးယားဘာသာစကားကို ကိုရီးယားမှာ သင်ယူခဲ့ကာ Level 3–5 အတန်းတွေမှာ 1st place နှင့် Level 6 မှာ 2nd place ရရှိခဲ့တဲ့ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ TOPIK II ကိုလည်း Level 3, 4, 5 အထိ တဆင့်ချင်း Achievement ရရှိထားပါတယ်။

• Teaching Experience အနေနဲ့ကတော့ LMDB Korean Language and Training Center မှာ ဆရာမအဖြစ် Volunteer (၁)နှစ်လုပ်ခဲ့ပြီးနောက် Freelance Korean Language Teacher အဖြစ် လုပ်ကိုင်နေတာ အချိန်(၃)နှစ်နီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။

• Tr.Swe ရဲ့ အားသာချက်ကတော့ အိမ်စာ နည်းနည်းနှင့် စာသင်ချိန်မှာပဲ တထိုင်တည်း စွဲမြဲနားလည်အောင် သင်ကြားပေးနိုင်တာ ဖြစ်ပါတယ်။ စကားများများ ပြောတတ်ချင်တယ်၊ Speaking ကောင်းကောင်းလေ့ကျင့်ချင်တယ်ဆိုရင်တော့ Tr.Swe နှင့်အတူ လေ့လာနိုင်ပါတယ်ရှင် ~

💁🏻‍♀️ KOOMLink က One-on-Oneအတန်းချိန်တွေဟာဆိုရင် ကျောင်းသား/သူ တစ်ဦးချင်းရဲ့
- လက်ရှိ Korean Level
- သင်ယူနိုင်တဲ့ Learning Speed
- အချိန်ပေးနိုင်ပုံအလိုက် Study Schedule
- ဖြစ်ချင်တဲ့ Academic Goal တွေအပေါ် မူတည်လို့ ပုံမှန် အတန်းချိန်များနှင့် မတူဘဲ အထူးဖွင့်လှစ်ပေးနေတဲ့ အတန်းချိန်တွေပဲ ဖြစ်ပါတယ်။

⬇️ သင်တန်းအပ်နှံရန်
m.me/938683136001305

𝗞𝗢𝗢𝗠𝗟𝗶𝗻𝗸
𝗪𝗵𝗲𝗿𝗲 𝗬𝗼𝘂𝗿 𝗗𝗿𝗲𝗮𝗺𝘀 𝗟𝗶𝗻𝗸

⏰Office Hour : 9AM - 4PM (Mon to Fri)
☎️ Contact us : 09 767 415 507
🏢 Address : Room 1406, 14th Floor, Tower D, THE CENTURY Condominium Complex (ဘာတာမှတ်တိုင်နှင့်သံလမ်းမှတ်တိုင်ကြား၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်၊ ရန်ကုန်။ Public elevator နဲ့ 4th Floor အထိ တက်လာကာ Garden Area ရောက်လို့ ဖုန်းလှမ်းဆက်လိုက်ရင် လာကြိုပေးပါမည်)

ဒီပေ့ချ်က စာလည်းသင်တယ်နော် အတန်းလာအပ်လို့လည်းရတယ်  Nfတက်လာတာလေးတွေပဲ ရယ်”မသွားကြနဲ့ အတန်းလာအပ်ကြအုန်း ပိုက်ချံမရှိတော့ဖူ...
08/03/2026

ဒီပေ့ချ်က စာလည်းသင်တယ်နော် အတန်းလာအပ်လို့လည်းရတယ်

Nfတက်လာတာလေးတွေပဲ ရယ်”မသွားကြနဲ့ အတန်းလာအပ်ကြအုန်း ပိုက်ချံမရှိတော့ဖူး 🥹🤌🏻

အတန်းချိန် တစ်ချိန်လံုးအိပ်နေခဲ့ပြီး ဒီနေ့အတန်းက ဒီလောက်ပဲနော်လို့ ဆရာကပြောတော့မှ မေးခွန်းတွေထမေးနေသော ငနဲအား မိမိ -
05/03/2026

အတန်းချိန် တစ်ချိန်လံုးအိပ်နေခဲ့ပြီး ဒီနေ့အတန်းက ဒီလောက်ပဲနော်လို့ ဆရာကပြောတော့မှ မေးခွန်းတွေထမေးနေသော ငနဲအား မိမိ -

ပထမဆံုးနေ့အတန်းချိန်မှာတင် အတန်းချိန်နှစ်ချိန်အပြည့် စာသင်နေတဲ့ ဆရာမအား မယံုနိုင်ဖြစ်နေပံု မနောတွေပါပျက်တာ  မနက်ကိုးနာရီ...
04/03/2026

ပထမဆံုးနေ့အတန်းချိန်မှာတင် အတန်းချိန်နှစ်ချိန်အပြည့် စာသင်နေတဲ့ ဆရာမအား မယံုနိုင်ဖြစ်နေပံု

မနောတွေပါပျက်တာ မနက်ကိုးနာရီထဲက ညနေ ၅ကျော်နေပြီ ပြန်မလွှတ်ဖူး ပထမရက်နဲ့တင် ကို ဇွတ်

Uni 2nd dayမှာတင် နေ့လည်စာကို ကော်ဖီတစ်ခွက်နဲ့တစ်နေကုန်ဖြတ်သန်းနေရပြီလေ  #မပျော်တော့ပါ
04/03/2026

Uni 2nd dayမှာတင် နေ့လည်စာကို ကော်ဖီတစ်ခွက်နဲ့တစ်နေကုန်ဖြတ်သန်းနေရပြီလေ

#မပျော်တော့ပါ

ကျယ်မနှင့် snowboarding 🏂❄️အခုက ကိုရီးယားမှာ ဆောင်းရာသီဆိုတော့ snowboardစီးတာက trendလိုဖြစ်နေတာ သူ့ရာသီမှပဲစီးလို့ရတာဆို...
25/01/2026

ကျယ်မနှင့် snowboarding 🏂❄️

အခုက ကိုရီးယားမှာ ဆောင်းရာသီဆိုတော့ snowboardစီးတာက trendလိုဖြစ်နေတာ သူ့ရာသီမှပဲစီးလို့ရတာဆိုတော့လေ 💁🏻‍♀️

အဲ့တာနဲ့ ကိုယ်ကလည်း မြန်မာမှာတုန်းကဆို စကိတ်ကို စက်ဘီးစကိတ်လို့ခေါ်တာလား (စကူတာလိုလက်ကိုင်လေးနဲ့) အဲ့လိုစကိတ်ကစ နောက်ဆံုး one way skateအထိ စီးတတ်တာဆိုတော့ အရမ်းtryကြည့်ချင်တာနဲ့ သွားစီးဖြစ်တာပေါ့

ကိုယ့်ကိုယ်ကိုယ်တော့ စကိတ်စီးစရှိနေတာ စီးနိုင်လောက်မှာပါဆိုပြီး ဟိုရောက်ရင်ဘယ်လိုစီးမှာ ညာလိုစီးမှာနဲ့ စိတ်ကူးထဲ ဖုန်ထနေတာ 🫴🏻

ရောက်လဲရောက်ရော liftပေါ်တက်ကတည်းက အောက်ငုတ်မကြည့်ရဲဖူး ကြောက်လို့ 🥲🤌🏻 (အဲ့ကတည်းက ဂယက်စထတာ )

နောက်ဆံုးတောင်ပေါ်ရောက်တော့ တောင်အောက်ကို လှမ်းကြည့်တာနဲ့တင်ကို ကြောက်နေတာ (အာဂသတ္တိ🥲) အဲ့တာနဲ့ ဒီတောင် စကိတ်နဲ့မှမဆင်းရင် အောက်ရောက်မှာမဟုတ်ဖူး ၊ ဆင်းချမယ်ပေါ့ဆိုပြီး စကိတ်ဝတ်ပြီးဆင်းတာ သွားချင်တာ တောင် ရောက်တာမြောက်နဲ့ လဲကျတာလည်း ဖုန်းခနဲ ဒိုင်းခနဲပဲ ထရတယ်ကိုမရှိဖူး အမြဲဖင်ထိုင်ရက်လေး ဒါပေမယ့်ကွာ သိတယ်မလား (အရှံုးမပေးနဲ့ကြိုးစားဆိုပြီး ) ထလိုက် လဲလိုက်နဲ့ ….

တောင်က အရှည်ကြီးကွာ တော်”နဲ့အောက်ပြန်မရောက်ဖူး တဝက်လောက်ကျ မောလာလို့ပြန်ကိုမထချင်တော့တာ (နောင်တက စရနေပြီ🤌🏻)

အဲ့စကိတ်ကိုပြန်ဖြုတ်ပြီးဆင်းပြန်လာချင်တာဒါပေမယ့်ကွာ စိတ်ကတစ်ခုခုဆို စပြီးရင် အဆံုးထိလုပ်ချင်တာ အရမ်း အဲ့တာနဲ့ လဲလိုက် ထလိုက်နဲ့ကို တောင်အောက်ရောက်လာပါတယ်ပေါ့ (အတူသွားတဲ့အဖွဲ့ကလူတွေတော့ စကိတ်ကိုထမ်းပြီး ပြန်ဆင်းကုန်ကြတာ မီပဲ စောက်ကြောတင်း ငါးဖယ်လိုပဲ )

အနှစ်ချုပ်

ဒီလိူပဲ လဲကျလိုက်ပြန်ထလိုက်ကနေ သင်ခန်းစာတော့ ရလိုက်ပါတယ်

အစပိုင်းမှာ အရာအားလံုးပင်ပန်းခတ်ခဲတယ် ပြိုလဲနိုင်တယ် ဒါပေမယ့် အဲ့အပိုင်းအခြားကို မကျော်လွှားနိုင်ရင် နောက်ဆံုးလိုချင်တဲ့ ပန်းတိုင် ၊ ပျော်ရွှင်မှုကို ဘယ်တော့မှရောက်မှာ မဟုတ်ဖူးဆိုပြီး …… အခု စကိတ်စီးတာလည်း အခုနေလဲကျတဲ့ဒဏ်ကို ခံနိုင်မှ နောက်ဆံုးစကိတ်ရဲ့အနှစ်သာရကိုခံစားနိုင်မှာပါလားဆိုပြီး (ဘာ ညာလျောက်ရွှီးလေကျယ်နေတာ )

သိတယ်မလား “ဒုက္ခနဲ့ ကြံုလာရရင် ဒုက္ခထပ်ပိုလှုပ်နိုင်ရမယ်” ဆိုတာလေ အဲ့လိုလေးပဲ ဖြတ်သန်း

ပြောချင်တာတော့ ဒါပါပဲ သေချာ မစီးနိုင်ခဲ့ပေမယ့် ပျော်ခဲ့ရတာမို့ ပြန်သွားမလားမေးရင်ထပ်သွားအုန်းမှာ (သူမအိ မလျော့သောဇွဲ)

ပံုကတို့စီးနေတဲ့ပံုလေ

방학(ကျောင်းပိတ်ရက်)ကျရင် ပေ့ချ်မှာ ပိုစ့်တွေပြန်တင် မယ်ဆိုပြီး တွေးထားပေမယ့် တစ်ကယ့်လက်တွေ့မိမိ- အိပ်လို့စားလို့ကောင်းလို...
12/01/2026

방학(ကျောင်းပိတ်ရက်)ကျရင် ပေ့ချ်မှာ ပိုစ့်တွေပြန်တင် မယ်ဆိုပြီး တွေးထားပေမယ့်

တစ်ကယ့်လက်တွေ့မိမိ-

အိပ်လို့စားလို့ကောင်းလိုက်တာ တူနယ်ချင်းတို့ရယ်

ဘာမှမတင်တာကြာလို့  ဘာမှမတင်ချင်တော့တာကို ဘာမှမတင်တော့ဖူးလား လာမေးသောအခါ - တင်တော့ဖူးလေ အခြောက်ဆိုတော့ ကချင်တယ် ခုန်ချင်တ...
11/01/2026

ဘာမှမတင်တာကြာလို့ ဘာမှမတင်ချင်တော့တာကို ဘာမှမတင်တော့ဖူးလား လာမေးသောအခါ -

တင်တော့ဖူးလေ အခြောက်ဆိုတော့ ကချင်တယ် ခုန်ချင်တယ်လေ ဒါပဲလုပ်ချင်တာ

ဘဝမှာ အံ့ဩအမှင်သက်ဆံုးဖြစ်ရတဲ့ချိန် နှစ်ချိန်ရှိတယ် ✌🏻ပထမတစ်ချိန်က စာမေးပွဲမေးခွန်း မေးခွန်းစာရွက် ဖတ်ရတဲ့အချိန်  ဒုတိယတ...
13/11/2025

ဘဝမှာ အံ့ဩအမှင်သက်ဆံုးဖြစ်ရတဲ့ချိန် နှစ်ချိန်ရှိတယ် ✌🏻

ပထမတစ်ချိန်က စာမေးပွဲမေးခွန်း မေးခွန်းစာရွက် ဖတ်ရတဲ့အချိန်

ဒုတိယတစ်ချိန်က ရေးချင်ရာရေးခဲ့ပေမယ့် အမှတ်ကောင်းနေတဲ့အချိန်

အံ့ဩမဆံုးပါပဲယောရောဘွန်းတို့ရယ် ဟုတ်ရောဟုတ်ရဲ့လားပေါ့ ကိုယ့်မှာ

ကျောင်းသားကိုအိမ်စာ စစ်ပေးနေတာ သူ့ကို ဒါတွေ ဒါတွေရေးမလာဖူးနော် ကျန်နေခဲ့တယ်ဆိုပြီး စာပို့လိုက်တာကို သူ့ဆီမှ “🥴” react ရလ...
12/11/2025

ကျောင်းသားကိုအိမ်စာ စစ်ပေးနေတာ သူ့ကို ဒါတွေ ဒါတွေရေးမလာဖူးနော် ကျန်နေခဲ့တယ်ဆိုပြီး စာပို့လိုက်တာကို

သူ့ဆီမှ “🥴” react ရလိုက်သောအခါ

빼빼로 데이 ဆိုတော့လည်း စားရတာပေါ့ ကွီးယားမလေးက ပြီးခဲ့တဲ့ sunထဲကကြိုပြီးကျွေးသွားတာ မသနားနဲ့တော့ တို့စားရပြီ လေ   #빼빼로선...
11/11/2025

빼빼로 데이 ဆိုတော့လည်း စားရတာပေါ့
ကွီးယားမလေးက ပြီးခဲ့တဲ့ sunထဲက
ကြိုပြီးကျွေးသွားတာ

မသနားနဲ့တော့ တို့စားရပြီ လေ


#빼빼로선물

Address

Gimhae

Website

Alerts

Be the first to know and let us send you an email when Hanni's Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share