Hanni's Journey

  • Home
  • Hanni's Journey

Hanni's Journey 영원히 살 것처럼 꿈꾸고
오늘 죽을 것처럼 살아라🤍✨

ဆိုင်ထဲ အဒေါ်ကြီးတို့ အဘွားကြီးတို့ဝင်လာရင် လက်အုပ်ချီထားရတယ် ကြည်ညိုလွန်းလို့
06/07/2025

ဆိုင်ထဲ အဒေါ်ကြီးတို့ အဘွားကြီးတို့ဝင်လာရင် လက်အုပ်ချီထားရတယ် ကြည်ညိုလွန်းလို့

အလန်းကြီး ဖြစ်ချင်လို့ ကေရွှိုင်းထားသော်လည်း ကျောင်းသားတွေမှ “တီချယ်အရှည်နဲ့ပိုလိုက်တယ်”လို့ပြောလာသောအခါ — အဲ့တာဆိုလဲ စေ...
05/07/2025

အလန်းကြီး ဖြစ်ချင်လို့ ကေရွှိုင်းထားသော်လည်း ကျောင်းသားတွေမှ “တီချယ်အရှည်နဲ့ပိုလိုက်တယ်”လို့ပြောလာသောအခါ —

အဲ့တာဆိုလဲ စောစောကပြောလေ ခုတော့ သွားဘီ

ဟိုနေ့က Topik examအကြောင်းမေးတဲ့ သငခ လေ သူကထပ်ပြောတာ အဲ့တာဆို ဒီအတိုင်း examမှာ  ယံုကြည်ချက်ရှိရှိနဲ့ ဘာဖြစ်”လျောက်ရွေးလ...
02/07/2025

ဟိုနေ့က Topik examအကြောင်းမေးတဲ့ သငခ လေ သူကထပ်ပြောတာ အဲ့တာဆို ဒီအတိုင်း examမှာ ယံုကြည်ချက်ရှိရှိနဲ့ ဘာဖြစ်”လျောက်ရွေးလိုက်ရင် 4လောက် ရနိုင်မလားတဲ့ result

မီ - ဆွံ့ အ

သငခ တော်တယ် ဆတ်လုပ် သီချင်းတောင် ရှိသေးတယ် လူဆိုတာ အမြဲ ယံုကြည်ရာတစ်ခုအတွက် ~~~~

ကျယ်မဘဝ ကျယ်မအကြောင်းတွေဖတ်ပြီးသွားရင် သူတို့ဘဝ သူတို့အကြောင်းကိုလဲလာဖတ်ကြအုန်းလေ ဒီမှာ လင့်ခ်https://www.facebook.com/s...
29/06/2025

ကျယ်မဘဝ ကျယ်မအကြောင်းတွေဖတ်ပြီးသွားရင် သူတို့ဘဝ သူတို့အကြောင်းကိုလဲလာဖတ်ကြအုန်းလေ

ဒီမှာ လင့်ခ်

https://www.facebook.com/share/p/19ggx5xCpD/?mibextid=wwXIfr

Basic တော့ပြီးသွားပြီ ဘာဆတ်တတ်ရမှာလဲ ?? အခုလို ကိုရီးယားသင်တန်းတွေများပြားလာတဲ့ခေတ်ကြီးထဲမှာ  ဒါကလဲ စဉ်းစားစရာ တစ်ခုဖြစ်...
29/06/2025

Basic တော့ပြီးသွားပြီ ဘာဆတ်တတ်ရမှာလဲ ??

အခုလို ကိုရီးယားသင်တန်းတွေများပြားလာတဲ့ခေတ်ကြီးထဲမှာ ဒါကလဲ စဉ်းစားစရာ တစ်ခုဖြစ်လာပါပြီ

ဘာဆတ်တတ်ရမလဲ ကို မပြောခင် အရင်ဆံုး သင်ရိုးတွေအကြောင်းအရင်ပြောပြချင်ပါတယ်။ သင်ရိုးတွေက အတော်များများ ကြားဖူးကြတဲ့အတိုင်း ပဲ Yonsei , SNU , Fun Fun , Sogangစသဖြင့် သင်ရိုးမျိုးစံုရှိတယ့်အထဲ ကိုယ်က ဘယ်သင်ရိုးက ဘယ်လိုပံုစံ သွားတယ်ဆိုတာ အရင်အဓိကထား မေး/လေ့လာပြီးမှတတ်သင့်တယ်ပေါ့နော်

Yonseiဆို Grammarပိုင်းအဓိကသွားတယ် /များတယ်ဆိုပြီး ပြောကြတာ ကြားဖူးပါလိမ့်မယ်

Snuကကျ 4skillသွားပြီး grammarထက် စကားပြောပိုင်းက အများကြီးပိုပါတယ် /ပိုကောင်းတယ်ပေါ့

Fun funကျ ကိုယ်တိုင်တစ်ယောက်ထဲလေ့လာမယ့်သူတွေအတွက်ကောင်းတယ် သူကျစာအုပ်နာမည်အတိုင်း funဖြစ်” သင်ယူလို့ရနိုင်တယ်ပေါ့

အခုဆိုရင် သင်တန်းအသီး” မှာ သင်ရိုးမျိုးစံုနဲ့ သင်ကြတာမို့ကိုယ်က ဘယ်သင်ရိုးပံုစံကိုပိုကြိုက်လဲဆိုတာ ရွေးသင့်တယ်ပေါ့နော်

ကိုယ်သိတဲ့အမက/အစ်ကိုက ဒီသင်တန်း ဒီသင်ရိုးနဲ့သင်ခဲ့လို့ ဒါလိုက်သင်တာမျိုးမဖြစ်ပါစေနဲ့ (သူနဲ့ကျအဆင်ပြေပေမယ့်ကိုယ်နဲ့ကျ ပျင်းဖို့ကောင်းနေတာ ခတ်နေတာမျိုး ကီးမကိုက်တာမျိုးဖြစ်နေပါလိမ့်မယ် )

နောက်တစ်ခုကျောင်းသားတွေမှာတွေ့ရတာက ဒီသင်ရိုးနဲ့ မသင်လိုက်မိလို့ Topikမဖြေလိူက်နိုင်တော့မယ့်ပံုစံမျိုးတွေ / ဒီသင်ရိုးကပဲ examအတွက်ပိုအထောက်အကူပြုနေတယ့်ပံုမျိုးတွေ ၊ ကိုယ့်အသိ/ကိုယ်သဘောကျတဲ့ဆရာမက ဒါနဲ့သင်နေတာ ကိုယ်ကတစ်ခြားတစ်ခုနဲ့လေ့လာနေလို့ သင်ရိုးပြောင်းရမလား ဘာညာ တွေရှိတယ်

ကိုယ်မေးချင်တာက ဘာလို့လဲ ???? Keep going ! Just do what u like နော်
ကိုယ်က ဒီသင်ရိုးကိုရွေးလိုက်လို့ ကိုယ့်မှာ ဘာမှအကျိုး မယုတ်နေပါဖူး။ ဒီသင်ရိုးကိုတက်လိုက်လို့Topik examပိုဖြေနိုင်လိုက်တာမျိုးလဲမရှိပါဖူးနော် ဟုတ်ကဲ့

အဲ့တာကြောင့် အနှစ်ချုပ်အနေနဲ့ ကြိုက်တဲ့သင်ရိုးကိုတက်ပါ သင်တန်းနဲ့ ဆရာမရွေးချယ်မှုတော့မှန်ပါစေ ဒါပါပဲ

တူတူ အလုပ်”တဲ့ သငခ က Topik(토픽)ဖြေနည်းပြောပြတဲ့လုပ်နေတာ ကိုယ်ကလဲ 그냥 느낌대로 시험 쳤고 5급받았다고  했어요..ㅋㅋㅋပြောပြချင်ပေမယ့်လဲ ကိုယ်တိ...
28/06/2025

တူတူ အလုပ်”တဲ့ သငခ က Topik(토픽)ဖြေနည်းပြောပြတဲ့လုပ်နေတာ ကိုယ်ကလဲ

그냥 느낌대로 시험 쳤고 5급받았다고 했어요..ㅋㅋㅋ

ပြောပြချင်ပေမယ့်လဲ ကိုယ်တိုင်လဲဘာမှမသိနေတော့လေ ဟဲ”

Topikဖြေနည်းtipsတွေဘယ်လောက်ပဲလေ့လာလေ့လာ စာမေးပွဲကျရင် လက်တန်းချချလာတာ tipsထက် နူကင်မ်းပဲ အဓိက 🌝🤌🏻

Squid game spoilနေကြသူများအပေါ် မိမိ - အာမချောင်နဲ့နော်🫵🏻
28/06/2025

Squid game spoilနေကြသူများအပေါ် မိမိ -

အာမချောင်နဲ့နော်🫵🏻

ဘာတင်” အားပေးကြအုန်းလေ 🫵🏻တစ်တော့မကချင်လို့ အလုပ်သွား”ဆင်းနေရတာဆိုတဲ့ပိုစ့်လိုမျိုး ဘယ်သူမှ ဘာမှအားမပေးကြရင် တစ်တော့ပဲပြေ...
22/06/2025

ဘာတင်” အားပေးကြအုန်းလေ 🫵🏻

တစ်တော့မကချင်လို့ အလုပ်သွား”ဆင်းနေရတာဆိုတဲ့ပိုစ့်လိုမျိုး

ဘယ်သူမှ ဘာမှအားမပေးကြရင် တစ်တော့ပဲပြောင်းကတော့မယ် အလုပ်ထွက်ပြီး

တရုတ်လောင်ရှီးနဲ့ မီ ဒီတစ်ခေါက် minorကို ကိုရီးယားစာအတန်းကလဲရွေးထားပြီးပြီမို့ မတူအောင်ဆိုပြီးတော့ အတရုတ်စာလေး ရွေးလိုက်...
21/06/2025

တရုတ်လောင်ရှီးနဲ့ မီ

ဒီတစ်ခေါက် minorကို ကိုရီးယားစာအတန်းကလဲရွေးထားပြီးပြီမို့ မတူအောင်ဆိုပြီးတော့ အတရုတ်စာလေး ရွေးလိုက်မိတယ်ကွယ်

စတတ်တဲ့နေ့လဲကျရော တစ်တန်းလံုးနိုင်ငံခြားသားက ကိုယ်တစ်ယောက်ထဲ
စာကလဲ အပတ်တိုင်းဆိုပြရတာနော် 🥲🤌🏻

ဆရာကလဲ စစချင်းနေ့ထဲက အရင်က သင်တဲ့ဆရာကမရှိဖူး ဒီတစ်ခေါက်ငါသင်မှာ အရင်ဆရာ သင်တယ်ထင်လို့လာတက်တာဆို နောက်နေ့မလာလို့ရတယ်အတန်း취소လိုက်တဲ့(ဘယ်သူကလုပ်မတုန်း မေးပေးအုန်း🥲🤌🏻)

နောက်အပတ်လဲကျ စာစသင်တဲ့အထိကဟုတ်သေးတယ် အယ် အသံလေးသံသင်တဲ့နေ့လဲရောက်ရော သရုပ်ပြတဲ့သွားအံခွက်ကြီး ယူလာတာ ရှယ်ရှင်းပြပါလေရော မမှန်မချင်း အဲ့လေးသံဆိုခိုင်းတာ စာသင်ချိန်နှစ်ချိန်ကုန်ကော (အဲ့တာပဲသင်တာ ကြားထဲဘာတွေပြောလဲဆို ဩဝါဒတွေခြွေတာ”ဆိုတာ သူ့ရဲ့ ငယ်ဘဝအကြောင်းတွေ သူ့အတွေ့အကြံုတွေ ပြောလိုက် ဆိုလိုက်နဲ့)

နောက်အပတ်လဲကျ အခန်းတစ် စရော အဲ့လိုပဲ အသံလေးသံ မမှန်မချင်းပြန်ရွတ်ခိုင်းလိုက်ဆူလိုက်နဲ့ vocabရဲ့အသံထွက်ချပေးတယ်ကိုမရောက်ဖူး စာသင်ချိန်ပြီးခါနီး ဆယ်မိနစ်အလိုလောက်မှပဲ vocabတိုင်ပေးတယ် 🥲
အပတ်တိုင်းက အဲ့လိုပဲ စာသင်တာ ၁၅မိနစ် ဆိုပြခိုင်းလိုက်ဩဝါဒခြွေလိုက်ကနာရီဝက် ကြာတယ်

(တကယ် ဒီမှာ တစ်ခုပြောချင်တာကလေ အဲ့လိုနေ့တိုင်း အဲ့လေးသံဆိုခိုင်းတာတောင် ကင်ချီမတွေ တော်” မဆိုနိုင်တာကရှိသေးတာ ရှေ့ကတိုင်ပြလိုက်မှားဆိုလိုက်နဲ့ ဟိုကစိတ်တိုပြီး ဆူလိုက် ဩဝါဒခြွေလိုက်နဲ့ လူလဲနားတွေ တော်”ဒူပါတယ် အပတ်တိုင်းကျ အတော်လေးစိတ်ညစ်🥲🤌🏻)

ကြားဖြတ် - မနောပျက်တာ ဘာလဲဆို တစ်ရက်လဲ ရောက်ရော နာမည် ဘာညာသင်ရတဲ့ သင်ခန်းစာမှာ ကိုယ့်ကို 성(surname) ဘာလဲထမေးပါရော မရှိဖူးပေါ့ ပြောလိုက်တာ ဘယ်က ညာဏ်ရည်နိမ့်ပါးတဲ့ ကင်ချီမ နှစ်ယောက်က ထရယ်ပါရော အံမယ် ဆရာကလဲ မရှိဖူးလား မဟုတ်ဖူးလေ ဘာညာနှစ်ယေုက်ဆတ်ပြောနေတာကို သူတို့ကဆတ်တိုက်ရယ်နေတာ ကင်ချီမတို့က ကိုယ်ကလဲ မရှိတာ ရယ်စရာလား စောက်ပိန်းတို့ရ ဆိုတဲ့ မျက်နှာဘေးနဲ့လှည့်ကြည့်ပေးလိုက်တယ် (တစ်ကောင်တော့တစ်ကောင်ပဲ ဒါပေမယ့် လယ်ကြွက် )

ဆရာက အသံထွက်ပဲတိုင်ပြီး pinyinတွေ /dialogတွေပဲ သင်ပြောပြတယ်ကွယ် တရုတ်စာရေးတာ စာလံုးရေးတာတွေနဲ့ပတ်သတ်ပြီး ဘာမှမပြောတော့ basicမို့မသင်/မမေးဖူးလားမသိဖူးဆိုပြီး အေးဆေးလုပ်နေတာရှင်းးး စာမေးပွဲဖြေခါနီး ၃ပတ်အလိုမှ တရုတ်တုတ်ချောင်းတွေမရရင် စုမေးပွဲမဖြေနိုင်ဖူးတဲ့ (ခွေးဇာတ်လမ်းလေးက အဲ့မှာ စသွားတာ ကျက်လိုက် မေ့လိုက်နဲ့ အော်မေ့လို့တောင် နာမည် ပြောင်းယူထားလိုက်ရတယ်)

အဲ့လိုပါပဲ နေ့တိုင်း ၁၅မိနစ်စာသင် တစ်နာရီနီးပါး ဆရာ့တရားနာ (ဆံုးမဩဝါဒ) ရင်းနဲ့ ဒီတစ်ခေါက် တရုတ်အတန်းကို ဒီလိုလေး ဖြတ်သန်းလာခဲ့ပါတယ်ပေါ့ကွယ်

ပံုပြင်လေးကတော့ ဒါပါပဲရှန်
တရုတ်စာကတော့ နောက်ဘဝမှပဲ
ဒီဘဝတော့လာလဲမနောက်တော့ဖူး နောက်လဲမလာတော့ဖူး

ပံုကတော့ တိုင်ပေးတာမရတဲ့ကင်ချီမကိုစိတ်ကုန်နေတဲ့ပံု

Me to ရိုင်းစိုင်းတဲ့ ကာစတန်မာ အဘွားကြီး —7/11 မှာ လုပ်ရတာ ပျော်စရာပါ အားလံုးကိုလဲ လုပ်ကြည့်စေချင်တယ် ဘာမှမရရင်တောင် စိတ...
21/06/2025

Me to ရိုင်းစိုင်းတဲ့ ကာစတန်မာ အဘွားကြီး —

7/11 မှာ လုပ်ရတာ ပျော်စရာပါ အားလံုးကိုလဲ လုပ်ကြည့်စေချင်တယ် ဘာမှမရရင်တောင် စိတ်ကင်ဆာတော့ ရမယ်ဆိုတာ ရဲ”ကြီး အာမခံပါတယ်

စာမေးပွဲပြီးသောအခါ -
19/06/2025

စာမေးပွဲပြီးသောအခါ -

Address


Website

Alerts

Be the first to know and let us send you an email when Hanni's Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share