AUNG KAUNG

AUNG KAUNG Everyone is fine

ဘာသာစကား ၄ မျိုးနဲ့ နှုတ်ဆက်ခြင်း မိတ်ဆက်ခြင်း၁။ မင်္ဂလာပါ (Hello)အင်္ဂလိပ်: Helloကိုရီးယား: 안녕하세요 (Annyeonghaseyo)ထိုင်...
11/08/2026

ဘာသာစကား ၄ မျိုးနဲ့ နှုတ်ဆက်ခြင်း မိတ်ဆက်ခြင်း

၁။ မင်္ဂလာပါ (Hello)
အင်္ဂလိပ်: Hello
ကိုရီးယား: 안녕하세요 (Annyeonghaseyo)
ထိုင်း: สวัสดีครับ/ค่ะ (Sawasdee krab/ka)

၂။ တွေ့ရတာ ဝမ်းသာပါတယ် (Nice to meet you)
အင်္ဂလိပ်: Nice to meet you
ကိုရီးယား: 반갑습니다 (Bangapsumnida)
ထိုင်း: ยินดีที่ได้รู้จัก (Yindee tee dai roojak)

၃။ နေကောင်းလား? (How are you?)
အင်္ဂလိပ်: How are you?
ကိုရီးယား: 어떻게 지내세요? (Eotteoke jinaeseyo?)
ထိုင်း: สบายดีไหมครับ/ค่ะ? (Sabaidee mai krab/ka?)

၄။ ကျွန်တော့်နာမည်က [...] ပါ (My name is [...])
အင်္ဂလိပ်: My name is [...]
ကိုရီးယား: 제 이름은 [...]입니다 (Je ireumeun [...]imnida)
ထိုင်း: ผม/ฉัน ชื่อ [...] ครับ/ค่ะ (Phom/Chan cheu [...] krab/ka)

၅။ ကျေးဇူးတင်ပါတယ် (Thank you)
အင်္ဂလိပ်: Thank you
ကိုရီးယား: 감사합니다 (Gamsahamnida)
ထိုင်း: ขอบคุณครับ/ค่ะ (Khob khun krab/ka)

ကိုရီးယားမှာ ဗီဇာသက်တမ်းတိုးဖို့ ပြင်ဆင်နေတဲ့သူတွေအတွက် အဆင်ပြေပြေနဲ့ အချိန်ကုန်သက်သာအောင် ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အ...
11/06/2026

ကိုရီးယားမှာ ဗီဇာသက်တမ်းတိုးဖို့ ပြင်ဆင်နေတဲ့သူတွေအတွက် အဆင်ပြေပြေနဲ့ အချိန်ကုန်သက်သာအောင် ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။ ကျွန်တော်ကတော့ ဆူဝမ်လဝကရုံးခွဲ (Pyeongtaek Branch Office) မှာ ၁ နှစ် ၁၀လ ဗီဇာသက်တမ်းတိုးခဲ့ပါတယ်။မသွားခင်နဲ့ သွားတဲ့အခါ ဘာတွေသတိထားရမလဲဆိုတာလေးကိုပြောပြပေးပါမယ်။

လဝကရုံးကို မသွားခင် (www.hikorea.go.kr) အွန်
လိုင်းကနေ ကြိုတင်ရုံးချိန်းယူထားဖို့ လိုအပ်ပါတယ်။
ကျွန်တော်မှာတော့သူဌေးကကြိုတင်စာရွက်စာတန်းပြင်ဆင်ပေးထားပါတယ်။စာရွက်ထဲမှာ ချိန်းဆိုထားတဲ့ အချိန်ထက် အနည်းဆုံး ၁၀ မိနစ် ကြိုရောက်နေဖို့ အထူး အရေးကြီးပါတယ်။အကယ်၍ ချိန်းထားတဲ့အချိန်ထက် ၅ မိနစ် နောက်ကျသွားရင် ရုံးချိန်းက အလိုအလျောက် ပျက်ပြယ် (Cancel) ဖြစ်သွားတတ်လို့ အချိန်မှီသွားကြဖို့ တိုက်တွန်းချင်ပါတယ်။

ရုံးချိန်းပျက်ကွက်မှု (No-show) ၃ ကြိမ်ထက်မက ဖြစ်ရင် နောက်ပိုင်း အွန်လိုင်းကနေ ရုံးချိန်းယူရခက်ခဲသွားနိုင်လို့ သတိထားရပါမယ်။ရုံးရောက်မှ ဖောင်ဖြည့်တာမျိုးက အချိန်မလောက်ဘဲ အခက်အခဲဖြစ်နိုင်လို့ ပေါင်းစပ်လျှောက်လွှာ (통합신청서) နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကြိုတင်ပြီး စုံလင်အောင် ဖြည့်စွက်ယူသွားပါ။စာရွက်စာတမ်း မစုံရင် အလုပ်မပြီးဘဲ ပြန်လှည့်ရတတ်ပါတယ်။

တံဆိပ်ခေါင်းခွန် (수입인지) ဝယ်ယူခနဲ့ နိုင်ငံခြားသားမှတ်ပုံတင်ကြေး (외국인등록 수수료) တွေကို ကတ် (Credit/Check Card) နဲ့ ပေးချေလို့ မရပါဘူး။ငွေသား(Cash)သက်သက်ဖြင့်သာ ပေးချေရတာဖြစ်လို့ ရုံးမသွားခင် ငွေသားအလုံအလောက် အဆင်သင့် ထုတ်ယူသွားဖို့ မမေ့ပါနဲ့။အကယ်၍မေ့သွားရင်လည်း ရုံးမှာ Woori Bank ATM ငွေထုတ်စက်ရှိပါတယ်။ တံဆိပ်ခေါင်းခွန်ကိုတော့ လဝကရုံးထဲက ဘဏ် ဒါမှမဟုတ် တွဲလျက်ရှိတဲ့ နေရာတွေမှာ ဝယ်ယူနိုင်ပါတယ်။

အကယ်၍ ကိုရီးယားစကား သိပ်မကျွမ်းကျင်လို့ စိုးရိမ်နေရင် ဒီစကားစုလေးတွေ မှတ်သွားပြီး သုံးနိုင်ပါတယ်။
ရုံးရောက်လို့ ဘယ်သွားရမှန်းမသိရင်
방문예약 하고 왔는데 어디로 가야 해요?
(ဗန်မွန်ယဲယက် ဟာဂို ဝါးနွန်းဒေ အောဒီရို ဂါယာ ဟဲယို?)
ရုံးချိန်းယူပြီး လာခဲ့တာပါ၊ ဘယ်နေရာကို သွားရမလဲ။

ကောင်တာရောက်ရင်
비자 연장하러 왔습니다
(ဗီဇာ ယွန်းဂျံဟာရော ဝါးစွမ်းနီဒါ။)
ဗီဇာ သက်တမ်းတိုးဖို့ လာတာပါ။

တံဆိပ်ခေါင်းခွန်ဝယ်မယ့်နေရာ မသိရင်
수입인지는 어디서 사요?
(ဆူအစ်ဘင်ဂျီနွန်း အောဒီစော စာယို?)
တံဆိပ်ခေါင်းခွန်ကို ဘယ်မှာ ဝယ်ရမလဲ။

ဝန်ထမ်းပြောတာ မြန်လွန်းလို့ နားမလည်ရင်
천천히 말씀해 주세요.
(ချောန်ချောန်ဟီ မာလ်စွန်းမဲ ဂျူဆေယို။)
ဖြည်းဖြည်းလေး ပြောပေးလို့ ရမလား။

ပတ်စ်ပို့ (Passport)၊ အိုင်ဒီကတ် (ARC)၊ လိုအပ်တဲ့ စာရွက်စာတမ်းစုံစုံလင်လင်နဲ့ ငွေသား (Cash) သာအဆင်သင့်ပါသွားရင် ဗီဇာသက်တမ်းတိုးရတာ ထင်ထားတာထက် ပိုပြီး လွယ်ကူမြန်ဆန်ပါတယ်။အားလုံးပဲ အခက်အခဲမရှိ အဆင်ပြေပြေ သက်တမ်းတိုးနိုင်ကြပါစေ။ ကိုယ်တိုင်ကြုံဖူးတဲ့သူတွေရှိရင်လည်း အခြားသိထားသင့်တာလေးတွေကို Comment မှာ ထပ်ပြီး မျှဝေပေးသွားလို့ရပါတယ်။

#ကိုရီးယားဗီဇာသက်တမ်းတိုး #ကိုးရီးယားနှင့်ပတ်သက်သမျှ

23/05/2026

#အပြင်ကမှာကျွေးတဲ့နေ့လယ်စာ😊 #စပါကတီ #ဝက်သားပေါင်း

22/05/2026

#ကိုးရီးယားထမင်းသုပ် #တူနာငါး #ဟော့ဒေါ့ #참치생야채비빔밥

22/05/2026

#မနက်စာကြက်ဉပြုတ်ကော််ဖီ😊 #နေပူဆာလှုံ

21/05/2026

#စက်ရုံကကျွေးတဲ့ညနေစာ #ဝက်သားကင်ချီ #အာလူးကြော်

20/05/2026

#တူနာငါးကင်ချီပဲပြားဟင်းရည် #ဝက်သားပြား

20/05/2026

ရေညှိရေခဲဟင်းချို၊ဝက်ဆလပ်😊

19/05/2026

အချိန်ပိုအကူလိုတော့လည်းသွားလုပ်လိုက်တာပဲ😊

19/05/2026

#ငါးအသားပြားဟော့ဒေါ့တော့ပိုကီ #ဖရုံသခွါးသီးပဲပြားပဲငပိဟင်းချို

Address

Pyeongtaek

Website

Alerts

Be the first to know and let us send you an email when AUNG KAUNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share