18/09/2026
အသက်(30)ကျော်လာရင် ဘဝကို ဘယ်လိုပုံစံမျိုးနဲ့ ရှေ့ဆက်မလဲ👇👇👇
အသက် ၃ဝ ဆိုတဲ့ နှစ်ဟာ ဘဝရဲ့ လမ်းဆုံလမ်းခွတစ်ခုပါပဲ။
လူငယ်ဘဝကို နှုတ်ဆက်ပြီး ရင့်ကျက်တည်ငြိမ်တဲ့ လူကြီးဘဝကို စတင်ရတဲ့ အရွယ်ပေါ့။
ဒီအရွယ်မှာ... ကိုယ့်ကိုကိုယ် ပြန်မေးဖို၊ ချိန်ညှိဖိုတွေ များပါတယ်။
ဒီတော့ အသက် ၃၀ နောက်ပိုင်း ဘယ်လိုနေထိုင်ပြုမူရမလဲဆိုတာ ကိုယ်တိုင်လည်း လေ့လာနေရင်း မျှဝေချင်ပါတယ်။
၁။ ကိုယ်တိုင်အတွက် ရင်းနှီးပါ။
အသက်၂ဝ တုန်းကလို လူတွေက ကိုယ့်ကိုဘယ်လိုမြင်လဲဆိုတာထက် ကိုယ်က ကိုယ့်ကိုယ်ကို ဘယ်လိုမြင်လဲဆိုတာက ပိုအရေးကြီး လာပါပြီ။
ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို လက်ခံပါ။
ကိုယ်နဲ့ မတူတဲ့သူတွေကို အားကျနေတာထက် ကိုယ့်ရဲ့ လမ်းကြောင်းကို အာရုံစိုက်ပါ။
၂။ ကျန်းမာရေးကို ဦးစားပေးပါ။
ဒါကတော့အားလုံးအသိပါပဲ။ ဒါပေမယ့် ၃၀ ကျော်မှ သိရတဲ့ အရေးကြီးဆုံးအချက်ပါ။
ဒီတော့ အိပ်ချိန်မှန်ပါစေ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါစေအစားအသောက်ကို ဂရုစိုက်ပါ ရေများများသောက်ပါ ကျန်းမာရေးစစ်ဆေးမှုတွေ ပုံမှန်လုပ်ပါ။
၃။ ငွေကြေးကို ပညာရှိရှိစီမံပါ။
လစာရဲ့ ၁၀% ကို စုတတ်တဲ့အကျင့်လုပ်ပါ Emergency Fund ဆိုတာ ဘာလဲသိပါစေရင်းနှီးမြှုပ်နှံမှု အကြောင်း စပြီးလေ့လာပါ။
မလိုအပ်တဲ့အရာတွေအတွက် ချေးငွေယူပြီး ဝယ်တာမျိုး ရှောင်ပါ ကိုယ့်ရဲ့ဘဝရည်မှန်းချက်တွေအတွက် ဘတ်ဂျက်ချပါ။
၄။ နက်ရှိင်းတဲ့ဆက်ဆံရေးတွေကို တန်ဖိုးထားပါ။
လူ၁၀၀ လောက်ရင်းနှီးတာထက် အတိမ်နက်ဆုံးအရင်းနှီးဆုံး မိတ်ဆွေ ၅ ယောက်ရှိရင်ကောင်းတယ်။
အသက် ၃ဝ ကျော်ရင် လူအများကြီးနဲ့ အပေါင်းအသင်းလုပ် ရတာထက် စိတ်တူကိုယ်တူ၊ ကိုယ့်ကိုနားလည် ပေးနိုင်သူတွေနဲ့ အချိန်ကုန်ဆုံးတာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ မိသားစုနဲ့အချိန်ပေးပါ။
၅။ စိတ်ချမ်းသာမှုကို ဦးတည်ပါ။
ပိုက်ဆံပေးမလဲဆိုတာထက်ဘယ်အလုပ်က ဘယ်အလုပ်က ကိုယ့်ကိုစိတ်အားထက်သန်မှု ပေးသလဲဆိုတာကို ကြည့်ပါ။
ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ်နေတဲ့ပတ်ဝန်းကျင်က ကိုယ့်ကို စိတ်ဖိစီးမှုတွေ ပေးနေရင်ပြောင်းဖို မကြောက်ပါနဲ့။
Meditation, Yoga, စာအုပ်ဖတ်တာ၊
သဘာဝထဲလမ်းလျှောက်တာလို စိတ်ကိုအနားရစေမယ့် အလေ့အထတွေ မွေးမြူပါ။
၆။ သင်ယူမှုကို မရပ်တန့်ပါနဲ့။
ဘွဲရပြီးသွားပြီ၊အလုပ်ဝင်နေပြီဆိုပြီး သင်ယူမှုကိုရပ်လိုက်တာမျိုးမလုပ်ပါနဲ့။
Online Course တွေတက်ပါ။
စာအုပ်တွေဖတ်ပါ။ Skill အသစ်တွေသင်ယူပါ။ ကိုယ်မသိသေးတဲ့အရာတွေကို လေ့လာပါ။ ဒါတွေက ကိုယ့်ကိုပိုပြီး ကြွယ်ဝစေပါတယ်။
၇။ အတိတ်ကို စိတ်မပူပါနဲ့၊ အနာဂတ်ကို စိုးရိမ်မနေပါနဲ့။ လက်ရှိအခိုက်အတန့်လေးကိုရှင်သန်ပါ။
အတိတ်ကအမှားတွေကို သင်ခန်းစာယူပြီး ချမ်းချမ်းသာသာလွတ်လိုက်ပါ။အနာဂတ်အတွက် စီစဉ်ပါ၊ ဒါပေမယ့် ဘာဖြစ်မယ်ဆိုတဲ့စိုးရိမ်မှုနဲ့ မနေပါနဲ့။
၈။ ကျေးဇူးတင်စိတ်ထားရှိပါ။
နေ့စဉ်ကျေးဇူးတင်စရာကိစ္စလေးတွေကို ရှာဖွေပါ။
ဒီနေ့ ကျန်းမာရလား၊ စားစရာရှိရလားဆိုတာတောင် ကျေးဇူးတင်စရာပါပဲ။ ကျေးဇူးတင်တတ်တဲ့စိတ်က ဘဝကို ပိုပြီးပျော်ရွှင်စေပါတယ်။
အသက် ၃ဝ ဆိုတာ ဘဝရဲ့ဒုတိယအကြိမ် စတင်ခြင်းပါပဲ။ ပိုပြီးရင့်ကျက်တည်ငြိမ်ပြီး ကိုယ့်ကိုကိုယ် ပိုသိနားလည်လာတဲ့အရွယ်။
ဒီအရွယ်ကိုရောက်လာပြီဆိုရင် ကိုယ်ဘာကိုလိုချင်တယ်၊ ဘာကိုတန်ဖိုးထားတယ်ဆိုတာ ပို ရှင်းလင်းလာပါတယ်။
ဒီအရွယ်မှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် ပိုပြီးတာဝန်ယူနိုင်ပါစေ။
ကိုယ့်အိပ်မက်တွေအတွက် ပိုပြီးကြိုးစားနိုင်ပါစေ။
credit by Piang
" #ချစ်သောMathin