23/02/2024
🌱🌱🌱 ရှင်သန်ခြင်း 🕊️🕊️🕊️
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားမယ့်နေ့ရက်တွေမှာ ဘယ်သူ့ အပေါ်ကိုမှ အမုန်းစိတ်နဲ့
မရှင်သန်ချင်ပါဘူး...။
သည်းခံသင့်သလောက်သည်းခံပြီး
ခွင့်လွှတ်သင့်သလောက် ခွင့်လွှတ်ပေးလိုက်မယ် နောက်ဆုံး ကိုယ့်ဘက်က လုံးဝလက်မခံနိူင်တော့တဲ့ အခြေအနေမျိုးဆိုရင်တော့ㅡ
ဥပေက္ခာ ပြုထားလိုက်ရုံပေါ့...။
ဘဝဆိုတာ အမြဲတမ်းကြီး အဆင်ပြေမနေဘူး
ဆိုတာကို လက်ခံနိူင်တဲ့အခါ စိတ်ထဲ
ဘာအကြောင်းကြောင့်နဲ့မှ စိတ်ညစ်စရာမရှိတော့ဘူးလေ...။
တစ်ခါတလေ ကိုယ်မျှော်လင့်ထားတာတွေနဲ့
ဖြစ်လာတဲ့အရာ တွေက တစ်ထပ်တည်းကျချင်မှ ကျနေတတ်တာမဟုတ်လား???
ရွေးချယ်စရာ မရှိတဲ့ ဘဝတွေမှာ...
ဘယ်လို အကြောင်းတရားမျိုးကို မဆို
ငြင်းပယ်ခွင့်မှ မရှိတာ ကြံဖန်ပြီး အားတင်း နေတတ်တာကိုက ဘဝရဲ့အနှစ်သာရပါ...။
တကယ်တမ်းတော့ ...
အဆင်ပြေတယ်ဆိုတဲ့ လူဆိုတာ မရှိပါဘူး
ဘဝထဲက ဘဝတွေမှာ အဆင်ပြေအောင်
နေတတ်တဲ့သူပဲရှိပါတယ်...။
လိုတာ မရလို့လည်း အားငယ်စရာမရှိသလို...
မျှော်လင့်သလို ဖြစ်မလာတဲ့ အရာတွေအပေါ်လည်း စိတ်ထိခိုက် ခံစားမနေတော့ဘူးလေ...။
ကိုယ်ရတဲ့ ဘဝတွေမှာ
နေပျော်သလို နေရင်းက ရှင်သန်ခြင်း အနုပညာနဲ့
လောကဓံကို အံ့တုပြီး
ပြုံးပြုံးလေးဖြတ်သန်းတတ်ဖို့ပဲလိုတာပါ။