
04/08/2025
'21 Days Sunshine' seriesလေးရဲ့ poster ထွက်လာခဲ့ပါပြီ
ထိုင်းနိုင်ငံရဲ့ ရုပ်သံလိုင်းတွေထဲက တစ်ခုဖြစ်တဲ့ Channel 7ကတော့ ပြသသွားမယ့် '21 Days Sunshine' Bl seriesလေးရဲ့ poster ထွက်လာခဲ့တာဖြစ်ပြီး main lead တွေကတော့ Son Gongpob Bunnathong နဲ့ Chai Somchai Charoensook တို့ပါဝင်သွားမှာ ဖြစ်ပါတယ်
ဒီseriesလေးမှာ ၁၂ ပိုင်း ပါ၀င်သွားမှာဖြစ်ပြီး ပြသမယ့်ရက်ကိုတော့ အတိအကျမသိရသေးပါဘူး
ဇာတ်လမ်းပုံစံလေးကတော့ အရာရာတိုင်းကို စည်းစနစ်ကျကျ နေတတ်တဲ့ ကျောင်းသားလေးနဲ့ သူနဲ့အတူ တစ်အိမ်ထဲမှာ နေဖို့အကြောင်းဖန်လာတဲ့ ကျောင်းသားသစ်လေးတို့ကြားက ဖြစ်တည်လာမယ့်အချစ်ဇာတ်လမ်းပဲ ဖြစ်ပါတယ်