GABAR ENT X

GABAR ENT X Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GABAR ENT X, Video Creator, Seoul.
(1)

လူပီသချင်ရင်.....ကိုယ့်အကျိုးချည်းပဲ မကြည့်ရဘူးသူတပါးမငိုဖို့လဲ....စာနာတတ်ရတယ်။လူပီသချင်ရင်....ရှက်သင့်တာကို...ရှက်တတ်ရမ...
06/11/2025

လူပီသချင်ရင်.....
ကိုယ့်အကျိုးချည်းပဲ မကြည့်ရဘူး
သူတပါးမငိုဖို့လဲ....စာနာတတ်ရတယ်။

လူပီသချင်ရင်....
ရှက်သင့်တာကို...
ရှက်တတ်ရမှန်းသိသင့်သလို....
ကြောက်သင့်တာလည်း....
ကြောက်တတ်ရတယ်....

လူပီသချင်ရင်....
အားနည်းသူအပေါ်မှာ....
အနိုင်မယူသင့်သလို....
အားကိုးတဲ့သူတွေကိုလည်း....
ဖေးမတတ်ရတယ်.....

လူပီသချင်ရင်.....
အမှန်တရားကို....မြတ်နိုးသင့်သလို....
သစ္စာတရားကိုလည်း....
တန်ဖိုးထားတတ်ရတယ်.....

ဒါကြောင့်....
လူစစ်စစ်ဖြစ်ဖို့.....
လူသားဆန်တဲ့.... စိတ်ဓာတ်တွေနဲ့...
လူပီသဖို့တော့...လိုပါတယ်...။

Credit

"ကိုယ့်ရဲ့ ရပ်တည်မှုက ရိုးရှင်းပါတယ်။ ကိုယ့်ထက်သာတဲ့သူကိုလည်းမနာလိုတဲ့စိတ် မရှိခဲ့ဘူး ကိုယ်ပြောလို့ရတယ် ဆိုတိုင်းလည်းနို...
06/11/2025

"ကိုယ့်ရဲ့ ရပ်တည်မှုက ရိုးရှင်းပါတယ်။
ကိုယ့်ထက်သာတဲ့သူကိုလည်း
မနာလိုတဲ့စိတ် မရှိခဲ့ဘူး

ကိုယ်ပြောလို့ရတယ် ဆိုတိုင်းလည်း
နိုင့်ထက်စီးနင်း
ပြုမူတယ်ဆိုတာ မရှိခဲ့ပါဘူး

ကိုယ်ကတော့ သာစေ သူများတော့
နာပါစေဆိုတဲ့
အတ္တတွေနဲ့လည်း မရှင်သန်ခဲ့ဘူး
ဘယ်သူအပေါ်ကိုမှ
အနိုင်မယူတတ်ခဲ့သလို
မောက်မာချင်းမရှိခဲ့တာတောင်
ကိုယ့်အပေါ်ကိုကြ
ယုတ်မာ ကောက်ကျစ်တဲ့သူက
ခပ်များများရယ် ပါ။

ဘယ်သူတွေ ဘယ်လိုပုံစံမျိုးနဲ့
ဘဝကိုရပ်တည်နေပါစေ
ကိုယ့်ရဲ့ဘဝကိုတော့
ဖြူစင်တဲ့ စိတ်ထားနဲ့သာနေထိုင်ပါတယ်။

သူများမကောင်းတာက သူများပဲလေ
ကိုယ်ကကောင်းအောင်နေထိုင်ရမှာက
ကိုယ့်ရဲ့ တန်ဖိုးပဲ မဟုတ်လား
ကိုယ့်ရဲ့ စိတ်ထား မှန်ခဲ့ရင်
တစ်နေ့ကြ အကျိုးပေးလာလိမ့်မယ်လို့
ကျွန်မယုံကြည်မိပါတယ်...
စိတ်ထားတတ်ရင်မြတ်ပါတယ်လို့.. နော်

Credit

ကျွန်မကမိန်းမတော့မိန်းမပဲ👩👩သူ့များပခုံးပေါ်မှီခိုမယ့်မိန်းမ မဟုတ်ဘူး🙅🙅ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားမယ့်မိန်းမ👩‍🎓👩‍🎓  က...
05/11/2025

ကျွန်မကမိန်းမတော့မိန်းမပဲ👩👩
သူ့များပခုံးပေါ်မှီခိုမယ့်မိန်းမ မဟုတ်ဘူး🙅🙅
ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားမယ့်မိန်းမ👩‍🎓👩‍🎓

ကျွန်မကသူများမကောင်းကြောင်းပြောပြီး😏😏
ကိုယ့်ဂုဏ်တက်အောင်လုပ်မယ့်မိန်းမ မဟုတ်ဘူး🙂
ရိုးသားကြိုးစားပြီး ဂုဏ်ရှိအောင်လုပ်မယ့်မိန်းမ🙂

ကျွန်မက မိဖုရားမလုပ်ဘူးလေ ❌❌
ကျွန်မက ဘုရင်မပဲလုပ်မှာ💃💃

ကျွန်မတယောက်တည်းဆိုပြီး စိတ်မညစ်တော့ဘူး🤗🤗စိတ်ညစ်နေရင်ကိုယ့်ရဲ့ရည်မှန်းချက်တေွ
နှောင့်နှေးလာမှာပေါ့👩‍🎓👩‍🎓

ကျွန်မကိုမကောင်းကြောင်းပြောနေတဲ့လူတေွရှိရင်
ကျွန်မ မသိချင်ယောင်ဆောင်လိုက်တယ်😊
ကျွန်မက သူတို့လိုမအားနေဘူးလေ🤗🤗

ကျွန်မကိုချစ်ပေးပြီး ယခုချိန်ထိကျွေးမွေးလာတဲ့ မိဘတေွရှိသေးတယ်လေ😘😘
ကျွန်မသူတို့အတွက်ကြိုးစားရအုံးမယ်လေ💪💪

ကျွန်မကိုအထင်သေးတဲ့သူတေွရှိရင်လည်း သူတို့မထင်မသေးအောင်🤗
ကျွန်မကြိုးစားပြရမှာပေါ့💪💪

တစ်ယောက်တည်းဆိုရင်လည်း
ကိုယ်ဖြစ်ချင်တာကိုလုပ်နိုင်ပါတယ်😁
နှစ်ယောက်မလိုပါဘူး🤗🤗
ကျွန်မ မိဖုရား မလုပ်ဘူး
ကျွန်မက ဘုရင်မပဲလုပ်မှာပါ😊
Credit

“ပထမဆုံးခြေလှမ်း” ဘဝမှာ အခက်ဆုံးအပိုင်းက တကယ်ဆိုရင် “ပထမဆုံးခြေလှမ်း” ကို လှမ်းဖို့အချိန်ပါပဲ။စတင်ဖို့ ကြံစည်နေတဲ့အခါမှာ...
05/11/2025

“ပထမဆုံးခြေလှမ်း”

ဘဝမှာ အခက်ဆုံးအပိုင်းက တကယ်ဆိုရင် “ပထမဆုံးခြေလှမ်း” ကို လှမ်းဖို့အချိန်ပါပဲ။
စတင်ဖို့ ကြံစည်နေတဲ့အခါမှာ စိုးရိမ်ခြင်း၊ မသန်မဖြစ်ဖြစ်အောင် ဆုံးဖြတ်ဖို့ ခက်ခဲခြင်းတွေ ပေါ်လာတတ်တယ်။

မသိသေးတာတွေ၊ မမြင်နိုင်သေးတာတွေက ကြောက်စရာကောင်းလှတယ်။

ဒါပေမယ့် အဲ့ဒီကြောက်ရွံ့မှုအောက်မှာ တကယ့်အခွင့်အလမ်း၊ အသစ်တစ်ခုရှိနေပါတယ်။
အဲ့တာကတော့ ပြောင်းလဲမှု ဖြစ်ပါတယ်။

ပထမဆုံးခြေလှမ်းဟာ အမြဲတမ်း အနည်းဆုံးတုန်လှုပ်မှုတစ်ခုပါပဲ။

တခါတစ်လေ သံယောဇဉ်တွေကြောင့် နောက်တစ်ခြေလှမ်းမလှမ်းတော့နိုင်ဘဲ ရပ်နေတတ်တယ်။
ဒါပေမယ့် တကယ်ပြောင်းချင်တယ်ဆိုရင်၊ သံယောဇဉ်တွေထက် လှုပ်ရှားဖို့ စိတ်က ပိုသန်သွယ်လာရမယ်။

မလှမ်းခင်အထိ အရာအားလုံးက ကြီးကြီးမားမား၊ ခက်ခဲလှပေမဲ့တစ်ခြေလှမ်း လှမ်းလိုက်တဲ့အခါမှာပဲ သိလာမယ် “အခက်ဆုံးဟုထင်တာဟာ စတင်ဖို့အတွက်သာ” ဖြစ်တယ်ဆိုတာ။

အောင်မြင်သူတိုင်း၊ ပြောင်းလဲသူတိုင်းဟာ ဒီပထမခြေလှမ်းတစ်ခုကြောင့်ပဲ စတင်ခဲ့ကြတာ။
သူတို့က အကြောင်းအခြေအနေနဲ့ မစောင့်ပဲ၊ စိတ်မသက်မသာတာနဲ့ပင် လှမ်းခဲ့ကြတာ။

အခက်ဆုံးအပိုင်းက စတင်ခြင်းပါ။
အလွယ်ဆုံးအပိုင်းကတော့ မလှမ်းခဲ့ရတဲ့အရာကို နောက်မှာ တောင့်တရခြင်းပါ။

Credit

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့။ တစ်ယောက်တည်းလည်း နေတတ်အောင်နေပါ။မင်း စိတ်ညစ်နေလား_?ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီ...
05/11/2025

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့။
တစ်ယောက်တည်းလည်း နေတတ်အောင်နေပါ။

မင်း စိတ်ညစ်နေလား_?
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး
ကိုယ့်ဖာသာကို ပြန်ထိန်းပါ။

ဘဝအတွက် လေ့လာသင်ယူပါ စာများများဖတ်ပါ။
သူများကို သွားပြောတာထက် အများကြီးသာတယ်။

မင်း ဝမ်းနည်းနေလား_?
ခဏလောက် အားရပါးရ ငိုချပစ်လိုက်ပါ။
ဘယ်သူ့မှ ပြောမနေနဲ့ ။
ပိုပြီးမျက်ရည်ကျအောင် လုပ်မယ့်သူပဲရှိတယ်။
ငိုစရာရှိတာ ကိုယ့်ဟာကို ငိုချလိုက်
ပြီးရင် တည်ငြိမ်လာလိမ့်မယ်။

မင်း အရမ်း မွန်းကြပ်နေလား_?
သီချင်းလေးဘာလေး နားထောင်
စိတ်ပြေလက်ပျောက် ဖြစ်အောင်နေပါ။
သူများကို သွားပြောရင် မွန်းကြပ်တာကနေ
ထွက်ပေါက်ပါ ပိတ်သွားလိမ့်မယ်။

မင်း စိတ်ဓာတ်ကျနေလား_?
ဘာအားငယ်စရာရှိလဲ စိတ်ဓာတ်ကျတာ
မင်းအပြစ်မဟုတ်ဘူး။ လူတိုင်းကျတတ်
တာပဲ ကိုယ်တိုင် ပြန်ပီး ဆွဲမတင်နိုင်မှ
မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့
ကိုယ့်ကိုကိုယ် အားကိုးစမ်းပါ။

လောကမှာ ကိုယ့်ကိုကိုယ်လောက်
ဘယ်သူမှ မချစ်ဘူး။ ကိုယ့်အားကိုကိုး
ကိုယ့်သမိုင်းကိုယ်ရေးပါ။

မင်းမိဘက လွဲရင် မင်းကို ထိထိ
ရောက်ရောက် ကူညီမဲ့လူ ရှားတယ်။
မိဘကိုလဲ တစ်သက်လုံး ဘယ်တော့မှ
ဒုက္ခပေးမနေနဲ့ မင်းကိုယ်မင်းပဲ အပြည့်အဝ
ပြန်ပီးကူညီလိုက်ပါ။

Credit

အလကားလူ မဖြစ်စေနဲ့🦋🦋🦋🦋🦋🦋🦋🦋🦋🍂 ကိုယ့်မှာ အားနည်းချက်ရှိရင်     သူတစ်ပါး ပျော့ကွက်ကို      ချမနင်းဘဲ နေတတ်ရမယ်။🍂 ကိုယ့်မှာခ...
04/11/2025

အလကားလူ မဖြစ်စေနဲ့
🦋🦋🦋🦋🦋🦋🦋🦋🦋
🍂 ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။

🍂 ကိုယ့်မှာခံနိုင်ရည် မရှိရင်
သူတစ်ပါး နစ်နာစရာ စကားကို
ဆင်ခြင် ပြောဆိုတတ်ရမယ်။

🍂 ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်....။🦋

🍂 ကိုယ့်မှာ အရှက်ရှိရင်
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။

🍂 ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။

🍂 ကိုယ့်မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါး အမှားကို
လက်ညှိုးမထိုးမိအောင် နေတတ်ရမယ်။

🍂 ကိုယ့်မှာ ဝေဒနာရှိရင်
🍂 သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။

🍂 ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်.....။🦋

🍂 ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။
🍂 ဒါဟာ ကိုယ်ချင်းစာတရားပဲ။

🍂 ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ
ဘယ်လောက်ပဲ တော်တော်
ဘယ်လောက်ပဲ တတ်တတ်
ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ....။

Credit

ကိုယ်တစ်ယောက်တည်းပါ️ ဘယ်ဘဝကပဲ လာလာ,လောကထဲ ဝင်လာရတဲ့ အခါအဖော် မပါဘူး၊ကိုယ်တစ်ယောက်တည်း ပါ။ ️ ဘယ်သူတွေ ကိုယ့်အနား ရှိရှိ,ခ...
04/11/2025

ကိုယ်တစ်ယောက်တည်းပါ

️ ဘယ်ဘဝကပဲ လာလာ,
လောကထဲ ဝင်လာရတဲ့ အခါ
အဖော် မပါဘူး၊ကိုယ်တစ်
ယောက်တည်း ပါ။

️ ဘယ်သူတွေ ကိုယ့်အနား ရှိရှိ,
ခန္ဓာမှာ ဝေဒနာ ခံစားရတဲ့ အခါ
ကိုယ့်အစား ကူပြီးနာလို့ မရပါဘူး၊
ကိုယ်တစ်ယောက်တည်းနာရတာပါပဲ။

️ ဘယ်သူတွေ ကိုယ့်အပေါ်
ဘယ်လောက် ကောင်းကောင်း,
အဆင်မပြေမှု ဖြစ်လာတဲ့ အခါ
ဒုက္ခမှန်သမျှ ကျော်ဖြတ်ရတာ
ကိုယ်တစ်ယောက်တည်း ပါ။

️ ဘယ်သူတွေ ဘယ်လောက်ပဲ
နားလည် ပေးပေး,စိတ်ဆင်းရဲမှု
တစ်ခုခုနဲ့ ကြုံလာရတဲ့ အခါ
ခံစားသမျှ နာကျင်ရတာ
ကိုယ်တစ်ယောက်တည်း ပါ။

️ ဘယ်သူတွေနဲ့ ဘယ်လောက်ပဲ
ချစ်ချစ်,ရေစက်ပါလို့ ခဏတာ
ဆုံကြတာပဲ ရှိပါတယ်၊
အချိန်တန်လို့ ခွဲကြရတဲ့ အခါ
ကိုယ်တစ်ယောက်တည်းသာ
ကျန်ခဲ့ရတာ ပါပဲ။

️ ဘယ်သူတွေနဲ့ပဲ အတူတူ
လျှောက်ခဲ့ - လျှောက်ခဲ့,လမ်း
ကြုံလို့ ခဏတာ ခရီးဆုံကြတာ
ပဲ ရှိပါတယ်၊လောက, သံသရာ
ခရီးကို ထွက်သွားရတဲ့ အခါ
ကိုယ်တစ်ယောက်တည်း ပါပဲ။

️ တစ်ခြားသူကိုအရမ်းကြီး
လည်း မှီခိုဖို့ မကြိုးစားပါနဲ့။
အတူတူ ဆိုပြီးလည်းမယုံကြည်နဲ့။

️ အားငယ်စိတ်လည်း
ဖြစ်နိုင်သမျှ မမွေးပါနဲ့။
ချန်ထားခံရလို့လည်း
ဝမ်းနည်းမနေပါနဲ့။

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

Credit

- ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့ အတွင်းပုပ်နေတဲ့နှလုံးသားကို အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်။ - စကားချိုတိုင်...
04/11/2025

- ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့
အတွင်းပုပ်နေတဲ့နှလုံးသားကို
အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်။

- စကားချိုတိုင်း သဘောကောင်းတယ်မထင်နဲ့
ခါးသ-က်"စိတ်ဓာတ်ကို သကာလောင်းလို့
ဟန်ဆောင်ကောင်းနေသူတွေရှိတယ်။

- အပြောကောင်းတိုင်း မယုံမိစေနဲ့
လိမ်ညာမယ့်သူတွေက ယုံရလောက်အောင်ကို
အပြောကောင်းသူတွေဖြစ်တယ်။

- စိတ်ချရတယ်ထင်ပြီး လျှို့ဝှက်ချက်တွေကို
ရင်မဖွင့်မိစေနဲ့
နှစ်သိမ့်စကားရဲ့နောက်ကွယ်မှာ
တသင်းဖွဖို့ သယ်ဆောင်သွားတတ်သူတွေရှိတယ် ။
ဗူး အပေါက်တစ်ရာ လိုက်ပိတ်ဖို့ အလွယ်လေးပါ.... ။

- သူချီးမွမ်းတိုင်း မုဒိတာပွားတယ်မထင်နဲ့
ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့
မြှောက်ပင့်ပေးလို့၊အတွင်းကြိတ်ပြီး
မနာလိုဖြစ်တတ်သူတွေရှိတယ်။

- အပေါင်းအသင်းများတိုင်း
မိတ်ဆွေစစ်လို့မထင်လိုက်နဲ့ အဆင်ပြေစဉ်
ကူချင်သူများပေမယ့်၊
ဒုက္ခကြုံချိန် ထူ မ မယ့်သူရှားသွားနိုင်တယ်။

- လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့
ရိုးသားတယ်လို့ စိတ်မချလိုက်နဲ့
စစ်မှန်တဲ့ရိုးသားမှုဆိုတာ အခွင့်ကောင်းတွေက
စမ်းသပ်လိုက်မှပေါ်လာတတ်တယ်။

- ပညာတတ်တိုင်း ပညာရှိတယ် မထင်လိုက်နဲ့
မှားမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းအားနည်းလို့
ဘွဲ့ရပြီးပညာတတ်မဆန် သူတွေရှိတယ်။

-သတိထားပါ
သစ်ပင် ကောက်တာ မြင်ရပေမယ့်
လူ ကောက်တာကိုမမြင်နိုင်ဘူး
- မြစ်တွေ ၊ ချောင်းတွေထက်
လူတွေက ပိုကွေ့ကောက်တတ်တယ် ဆိုတာ မမေ့ပါနဲ့ ။

- အပေါ်ယံ ချိုမြိန်မှုတွေက
ကြာကြာဝါးမှခါးမှန်းသိလာသလို
လူတစ်ယောက်ရဲ့စိတ်ဓာတ် ၊
လူတစ်ယောက်ရဲ့ စိတ်ရင်း အမှန်ကို
ကြာကြာပေါင်းကြည့်မှသာ
အကြောင်းသိ လာပါလိမ့်မယ်။

Credit

မိန်းမကို စိတ်ချမ်းသာစေမယ့် ယောကျ်ားဆိုတာ-----------------------------------------------အိမ်ထောင်တစ်ခုမှာ ရှိရှိသမျှသော ...
04/11/2025

မိန်းမကို စိတ်ချမ်းသာစေမယ့် ယောကျ်ားဆိုတာ
-----------------------------------------------
အိမ်ထောင်တစ်ခုမှာ ရှိရှိသမျှသော အိမ်အလုပ်အားလုံးကို အိမ်က မိန်းမအလုပ်လို့ သတ်မှတ်ထားတဲ့ ယောကျ်ားများ မဖြစ်မနေ ဖတ်သင့်ပါတယ်။

လူတွေက ဘယ်လိုပဲ သ,တ်မှတ်သ,တ်မှတ်၊ ယောက်ျားတစ်ယောက် အိမ်အလုပ် လုပ်တယ်ဆိုတာနဲ့ မိန်းမကို ကူတယ်လို့ ယောကျ်ား အတော်များများက သ,တ်မှတ်ကြပါတယ်။

တချို့ကလည်း မိန်းမကြော,က်တဲ့ ယောကျ်ားလို့ ပြောတတ်ကြပါသေးတယ်။

အဲ့ဒီလို အတွေးအမြင်မျိုးရှိတယ်ဆိုရင် ဒီအချက်လေးတွေကို ဖတ်ပြီး ပြန်လည်စဉ်းစားသင့်ပါတယ်။

(၁) မျှတမှု ရှိပါရဲ့လား

တစ်အိမ်လုံးအလုပ်တွေ မိန်းမတစ်ယောက်တည်း အကုန်လုပ်ရမယ်ဆိုရင် မျှတပါ့မလား။

(၂) အိမ်သန့်ရှင်းရေးလုပ်ခြင်း

သင့် မိန်းမကို အိမ်သန့်ရှင်းရေးအတွက် ဝိုင်းကူတာ မဟုတ်ဘူး။ ဒီအိမ်မှာ သင်လည်းနေလို့ အိမ်သန့်ရှင်းရေးကို လုပ်သင့်လို့ လုပ်ရတာပါ။

(၃) ထမင်း ဟင်းချက်ခြင်း

သင့်မိန်းမကို ထမင်းချက် ဟင်းချက် ဝိုင်းကူတာ မဟုတ်ဘူး။ သင်လည်း စားနေလို့ ချက်ရတာပါ။

(၄) ပန်းကန် ဆေးကြောခြင်း
သင့် မိန်းမကို ပန်းကန်ဆေး ကူတာ မဟုတ်ဘူး။ သင်လည်း ဒီပန်းကန်တွေ အသုံးပြုတာ ဖြစ်လို့ ဆေးကြောရတာပါ။

(၅) ကလေးထိန်းခြင်း

သင့်မိန်းမကို ကလေးထိန်း ကူတာ မဟုတ်ဘူး။ ဒီကလေးတွေက သင့်ကလေးတွေမို့ ထိန်းရတာပါ။ သင်က သူတို့ရဲ့အဖေလေ။

(၆) အဝတ်လျှော် မီးပူတိုက်ခြင်း

သင့်မိန်းမကို အဝတ်လျှော် မီးပူတိုက် ကူတာလည်း မဟုတ်ဘူး။ ဒီအဝတ်တွေဟာ သင်နဲ့ သင့်ကလေးတွေရဲ့အဝတ်တွေဖြစ်နေလို့ မိဘတစ်ယောက် အနေနဲ့ လုပ်ရတာပါ။

သင့်အိမ်ရဲ့ အိမ်မှုကိစ္စတွေကို လုပ်နေတာဟာ တကယ်တော့ သင့်မိန်းမကို ကူပေးနေတာ မဟုတ်ဘူး။ သင့်အိမ် သင့်မိသားစုဖြစ်လို့ သားသီးတွေအတွက် ဖခင်တစ်ယောက်ရဲ့ ဝတ္တရား၊ မိန်းမအတွက် ယောကျ်ားကောင်းတစ်ယောက် အနေနဲ့ လုပ်နေရခြင်းဖြစ်တယ်လို့ ခံယူထားဖို့လိုပါတယ်။

ဒီလို တာဝန်ယူတဲ့ စိတ်ရှိတဲ့သူနဲ့ ရထားတဲ့ မိန်းမမှန်သမျှ ဘယ်တော့မှ စိတ်မဆင်းရဲဘူး။ အိမ်ထောင်ရေး ကံကောင်းတယ်လို့ သ,တ်မှတ်နိုင်ပါတယ်..........။

ဘဝကို အရှုံးမပေးနဲ့........( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ်ကြည့်စေချင်တယ် ).....လောကကြီးမှာ ရည်ရွယ်ချက်အတွက် ပန်းတိ...
03/11/2025

ဘဝကို အရှုံးမပေးနဲ့........

( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ်ကြည့်စေချင်တယ် ).....

လောကကြီးမှာ ရည်ရွယ်ချက်အတွက်
ပန်းတိုင်ကို ရောက်အောင်
လျှောက်နေသေးသ၍ သင်မှန်တယ်...။

လေတိုက်တိုင်း လွင့်နေရအောင်
သစ်ရွက်ခြောက်မှ မဟုတ်တာ....။

အမုန်းခံရတိုင်းသာ ဝမ်းနည်းရရင်
ကိုယ့်မျက်ရည်နဲ့ကိုယ်တောင်
ကမ်းမမြင် လမ်းမမြင်
လွင့်မျောနေလောက်ပြီ.....။

ချောက်တိုင်း ကြောက်ရရင်လည်း
ဒီကမ္ဘာမှာ နေစရာ နေရာတောင်
ရှိမှာမဟုတ်တော့သလို
ကြောက်တိုင်း ပြေးရရင်လည်း
ကမ္ဘာ့အပြင်ဘက်တောင်
ရောက်နေလောက်ရောပေါ့.....။

ပုံသေနည်း မရှိတဲ့ဘဝ
သမိုင်းစာမျက်နှာပေါ်မှာ
အမှားပေါင်း သောင်းခြောက်ထောင်
အဖျက်ရာတွေ ဗလပွနဲ့ ဘယ်သူမှ
ဒဏ်ရာနဲ့တော့ မကင်းဘူး....။

ဒီလိုပဲ... မှားသွားလိုက်
ပြန်ပြင်လိုက်၊ လဲကျလိုက်
ပြန်ထလိုက်နဲ့ပဲ ပန်းတိုင်ကို
လှမ်းကိုင်ကြတာပဲလေ....။

အမေက လမ်းလျှောက်တတ်အောင်
သင်ပေးခဲ့တယ်။
လောကကြီးက နေတတ်အောင်
သင်ပေးလိမ့်မယ်။
ဘယ်လိုနေမလဲဆိုတာတော့ စဉ်းစား....။

ငယ်ငယ်က အကြိမ်ကြိမ်
လဲကျခဲ့တာတောင် ပြန်ထပြီး
ဒီနေ့အထိရောက်အောင်
လျှောက်နိုင်ခဲ့သေးရင်
အမှားတွေကို ပြင်၊ လိုအပ်ချက်ကို ဖြည့်...။

နောက်နေ့တွေအတွက်....
ဆက်သာလျှောက် လမ်းမပျောက်စေနဲ့
ပန်းတိုင်က ရောက်ကို ရောက်တယ်

မင်း ကံ ကောင်းနေဖို့ မလိုဘူး...
မင်း ကောင်းနေဖို့ပဲ့ လိုတာပါ...
ကံကောင်းနေခြင်းက မင်းကို မကောင်းစေပါဘူး... ဒါပေမဲ့...
မင်းကောင်းနေခြင်းက
မင်းကံကိုပါ ကောင်းစေပါတယ်..

- ဘာလို့လဲ ဆိုတော့...
ကံဘယ်လောက်ကောင်းကောင်း
မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့စိတ် မရှိရင်
ကံဆိုတဲ့အရာကြီးက မင်းဘဝရဲ့...
စားဝတ်နေရေးကို တာဝန်ယူမှာ မဟုတ်ပါဘူးလေ...

- အေး...ဒါပေမဲ့...
ကံဘယ်လောက်ပဲ ဆိုးနေပါစေ...
မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့ စိတ်
ရှိနေသေးရင်တော့...

- မင်းဘဝရဲ့ စားဝတ်နေရေးကို
မင်းရဲ့ ကြိုးစားမှုတွေ မင်းရဲ့ လုပ်အားတွေက
တာဝန်ယူသွားလိမ့်မယ်...

- ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့
ကံကို မယုံပါနဲ့ လို့တော့ မပြောလိုပါဘူး...

- ဒါပေမဲ့...
လူငယ်တစ်ယောက်အနေနဲ့ ပြောချင်တာတစ်ခုက...
ကံဆိုတဲ့ မမြင်ရတဲ့ အရာထက်
မင်းဆိုတဲ့ မြင်နေရတဲ့ မင်းကိုယ်မင်း
ပိုပြီးယုံကြည်ပါလို့ ပြောချင်ပါတယ်...

- ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ...
မင်းအပေါ်မှာပဲ့ မူတည်ပါတယ်...
ရိုးရိုးလေးပါပဲ....

- မင်းကောင်းနေရင် မင်း ကံကောင်းလိမ့်မယ်...
မင်းဆိုးနေရင်တော့ မင်းကံဆိုးလိမ့်မယ်...
"ကျွန်တော် ဘာပဲလုပ်လုပ် အမြဲကံဆိုးနေတယ်လို့
ငြီးငြူမနေပါနဲ့...."

- မင်းပြောတဲ့ ကံဆိုးလို့ဆိုတဲ့ အလုပ်တွေကို
ဘယ်နှစ်ကြိမ်ကြိုးစားပြီး လုပ်ဖူးလဲ?????
တစ်ကြိမ်လုပ်ပြီး ကံဆိုးတယ်လို့ ထိုင်အော်မနေပါနဲ့...
အဲဒါ ကံဆိုးတာ မဟုတ်တော့ဘူး...
မင်းပျင်းတာ မင်းညံ့တာ ဖြစ်သွားပြီ...

- ဘာပဲ့လုပ်လုပ် ကံကိုပဲ့ အပြစ်ပုံချမနေနဲ့...
မင်းကိုယ်မင်းလဲ အပြစ်တင်ကြည့်ပါအုံး...
အဲဒါတွေ ဖြစ်နေတာ ကံကြောင့်မဟုတ်ဘူး...
အဲဒါတွေ ဖြစ်နေတာ မင်းကြောင့်ဆိုတာ မမေ့နဲ့...
လူငယ်တွေ မြဲမြဲမှတ်ထားပါ...

- မင်းတို့ အရမ်းယုံကြည်နေပါတယ် ဆိုတဲ့...
ကံကောင်းမှုကြီးက ဘယ်တော့မှ မင်းတို့ဆီကို
အပြုံးလေးနဲ့ လာမှာ မဟုတ်ဘူး...

- မနက်ဖြန်တိုင်းမှာ ကံကောင်းခြင်းတွေ ရှိတယ်...
"ဒါဆိုရင် အဲဒီကံကောင်းခြင်းတွေကို ကျွန်တော်တို့ ဘာလို့မရလဲ..."
မင်းတို့ ဘာလို့ မရလဲ သိလား?????

- "မင်းတို့ရဲ့ မနက်ဖြန်အတွက် မင်းတို့ ဒီနေ့ အသုံးမကျလို့ မရတာကွ..."
အနာဂတ် မနက်ဖြန်တိုင်းရဲ့
ကံကောင်းခြင်းတွေ လိုချင်ရင်...

- ပစ္စုပ္ပန် နေ့ရက်တိုင်းကို
အကောင်းဆုံး ကြိုးစားဖို့ လိုတယ်ဆိုတာ...
ဘယ်တော့မှ မမေ့ပါနဲ့....
မင်းလိုချင်တဲ့ ကံကောင်းခြင်းကို...
မင်းကလွဲပြီး ဘယ်သူမှ မယူပေးနိုင်ဘူးနော်...

- လူငယ်တွေပြန်လည် မျှဝေပေး

- မင်းတို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ...
မင်းတို့ရဲ့ ကံကောင်းခြင်း တွေ ရှိနေလို့ပဲ့...
ကံကောင်းချင်ရင်...

- ပျင်းရိခြင်း နဲ့ သက်သာခြင်းကို ဝေးဝေးက ရှောင်ပါ...
လူငယ်တွေ တိုးတက်စေဖို့ ရည်ရွယ်လျက်...

Credit

မပျော်ဘဲ ပြုံးရတဲ ရက်တွေများခဲ့ပြီ အမေပြေတယ် မဟုတ်ပေမဲ့ပြေတယ် ထင်အောင် နေပြရတာပဲလူထင်ကြီး ခံချင်တာလည်း မဟုတ်ဘူးကိုယ် အဆင...
03/11/2025

မပျော်ဘဲ ပြုံးရတဲ ရက်တွေ
များခဲ့ပြီ အမေ
ပြေတယ် မဟုတ်ပေမဲ့
ပြေတယ် ထင်အောင် နေပြရတာပဲ

လူထင်ကြီး ခံချင်တာလည်း မဟုတ်ဘူး
ကိုယ် အဆင်မပြေတာ မြင်ရမှ အားရသူတွေ
ကြည့်မရအောင် လုပ်ပြနေတာလည်း မဟုတ်ဘူး
ရလာတဲ့ ဘဝရဲ့ အချိန်တိုလေးမှာ
ကိုယ့်ကို မုန်းတဲ့သူတွေအကြောင်းတွေးပြီး
အချိန်မပေးချင်ဘူး

ကိုယ့်ကို ချစ်တဲ့သူတွေသာ တွေးပြီး
ရှေ့ဆက်ဖို့ အားမွေးတယ် အမေ
တဖြည်းဖြည်းနဲ့
ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့လူတွေနဲ့
ဝေးဝေးနေတယ်

ကိုယ်အဆင်ပြေတာ မြင်မှ စိတ်ချမ်းသာကြတဲ့
ကိုယ့်ကိုချစ်တဲ့သူတွေအတွက်
အဆင်မပြေခဲ့လျှင်တောင်မှ
အဆင်ပြေသယောင် ပြုံးပြုံးလေး နေပြဖြစ်ခဲ့တယ်

ဒီလိုနဲ့ပဲ
အရေထူလာတာနဲ့အမျှ ပြုံးပြုံးလေးသာ
နေပြရတာ
ပျော်ရတဲ့ ရက်က ခပ်ရှားရှားပါ အမေ …။

Credit

လူတစ်ယောက်မှာနှစ်ခါပြန် ငေးကြည့်ရလောက်တဲ့ရုပ်ရည်အလှ ရှိနေဖို့မလိုပါဘူးနှစ်ခါပြန် လေးစားအားကျရလောက်တဲ့စိတ်ထားအလှ ရှိနေဖို...
03/11/2025

လူတစ်ယောက်မှာ
နှစ်ခါပြန် ငေးကြည့်ရလောက်တဲ့
ရုပ်ရည်အလှ ရှိနေဖို့မလိုပါဘူး
နှစ်ခါပြန် လေးစားအားကျရလောက်တဲ့
စိတ်ထားအလှ ရှိနေဖို့ပဲလိုပါတယ်🤍

Address

Seoul

Website

Alerts

Be the first to know and let us send you an email when GABAR ENT X posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category