24/12/2025
တနေ့နေ့မှာတော့
ကိုယ့်စေတနာကိုအလွယ်တကူနားလည်မဲ့သူ
ကိုယ့်မေတ္တာတွေအပေါ်တန်ဖိုးထားမဲ့သူ
ကိုယ့်ချစ်ခြင်းမေတ္တာအပေါ်မစော်ကားမဲ့သူ
ကိုယ့်တန်ဖိုးကိုနားလည်မဲ့သူ
ကိုယ့်ကြိုးစားနေတဲ့အရာတွေအပေါ် လေးစားတဲ့လူ
ကိုယ့်ရဲ့အချိန်တွေကိုတန်ဖိုးထားမဲ့လူ
ကိုယ့်ရဲအားနည်းချက်တွေ ချို့ယွင်းချက်တွေအတွက်
ယုံကြည်စိတ်ချစွာပြောပြထားလို့ရမဲ့လူ
အရာရာအပေါ် သဘောထားပြည့်ဝပေးနိုင်မဲ့လူ
သစ္စာတရားကိုလေးစားတန်ဖိုးထားမဲ့လူ
အချည်အနှောင်ကင်းပီး လွတ်လပ်စွာရှင်သန်နေတဲ့သူ
(အဟောင်းတွေအတွက် နောက်ပြန်မကြည့်တတ်တဲ့လူ)
ကိုယ့်စကားတွေ လုပ်ရပ်တွေကနေတဆင့်
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကိုအလွယ်တကူနားလည်မဲ့လူ
ဒီလိုလူလေးနဲ့တော့ ဘဝရဲ့အချိုးတကွေ့မှာ
ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံစည်းချင်ပါသေးတယ်