20/10/2025
“Be aware of strange people when you’re in a foreign country”
ဒီနေ့ကတော့ Jeri ရဲ့ Good day မဟုတ်တဲ့နေ့လေးပါ 🥲 ဖြစ်ပုံက မနေ့ညက door lock cover ( slide cover) က ဖွင့်မရတော့ အစက ရာသီဥတုပဲအေးလာလို့ ကြပ်ပြီးဖွင့်မရတာမျိုးလားဆိုပြီး တွေးနေတာ။ ဒီမနက် သော့ပြင်ဆရာလာတော့မှ တစ်ယောက်ယောက်က တမင်လုပ်သွားတာမှန်းသိရတယ်ပေါ့နော်။ ခလုတ်အပေါ်ကနေ ကော်လိုမျိုးတွေလောင်းသွားပြီး cover ကို ပိတ်ချလိုက်တော့ ဖွင့််မရတော့တာမို့ cover ဖွင့်လို့ရသွားရင်တောင်မှ နံပါတ်တွေတစ်ခုမှနိုပ်မရတော့ပဲ lock က အကုန်ပျက်သွားတာ အခု door lock ကြီးတစ်ခုလုံး အသစ်လဲလိုက်ရပါတယ် ㅠㅠ အိမ်ရှင်ရော သော့ပြင်ဆရာကတောင် ပတ်ဝန်းကျင်/သူငယ်ချင်းတွေထဲမှာ အဲ့လိုစမယ့်နောက်မယ့်လူရှိလား stalker ရှိလားဆိုပြီး မေးနေတာ။ ဘယ်သူဘယ်ဝါလုပ်တယ်ရယ်တော့ မသိရသေးပေမယ့် ကျန်တဲ့သူတွေ သတိထားလို့ရအောင် တင်ပေးလိုက်ပါတယ်။ အထူးသဖြင့် လမ်းမဘက် မျက်နှာမူတဲ့အိမ်မျိုးဆို ပိုဂရုစိုက်ကြပါလို့။ 내가 나이스데이 못했지만 여러분은 나이스데이였으면 좋겠네 ㅎㅎ 🥹