Korea 101

Korea 101 Discover Korea’s culture, lifestyle & travel tips in one place

မအိပ်ခင်လေး ခေါင်းစားကြည့်ရအောင်😅စိတ်တွက်နဲ့ပဲ တွက်ကြည့်ကြနော် ⭐️
14/08/2026

မအိပ်ခင်လေး ခေါင်းစားကြည့်ရအောင်😅
စိတ်တွက်နဲ့ပဲ တွက်ကြည့်ကြနော် ⭐️

အဖြေ 8ဆိုပြီး ဖြေကြဦးမှာလား ⭐️
08/08/2026

အဖြေ 8ဆိုပြီး ဖြေကြဦးမှာလား ⭐️

သချ်ာညံ့တော့ အဖြေက ၉ထွက်ပါရော😂တွက်ကြည့်ကြပါဦး Ai မမေးကြေးနော်😁
05/08/2026

သချ်ာညံ့တော့ အဖြေက ၉ထွက်ပါရော😂
တွက်ကြည့်ကြပါဦး Ai မမေးကြေးနော်😁

BIGBANG အဖွဲ့ရဲ့နှစ် ၂၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဆိုးလ်မြို့ ဟန်မြစ်ပန်းခြံထဲမှာ အခမဲ့ ဖျော်ဖြေပွဲ တင်ဆက်မယ်တဲ့နော်🥰🎉🎉🎉BI...
22/07/2026

BIGBANG အဖွဲ့ရဲ့နှစ် ၂၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဆိုးလ်မြို့ ဟန်မြစ်ပန်းခြံထဲမှာ အခမဲ့ ဖျော်ဖြေပွဲ တင်ဆက်မယ်တဲ့နော်🥰🎉🎉🎉

BIGBANG ရဲ့ ပထမဆုံးပွဲဦးထွက်ရက်ဖြစ်တဲ့ သြဂုတ်လ ၁၉ ရက်နေ့ မှာ Yeouido Han River Park ထဲဲမှာ 'BIGBANG နှစ် ၂၀ ပြည့် X Han River Collaboration' ကို ကျင်းပမယ် လို့ ကြေငြာထားပါတယ်။

ဂိုယန် ဖျော်ဖြေပွဲမတိုင်မီ ကျင်းပမည့်ပွဲတစ်ခုအနေဖြင့် BIGBANG ၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ဟန်မြစ်တွင် ကျင်းပရန် စီစဉ်ထားပြီး DJ ဖျော်ဖြေမှုများနဲ့ အတူ BIGBANG ရဲ့ လူကြိုက်များသော သီချင်းများကို ပြန်လည်
အဓိပ္ပာယ်ဖွင့်ဆိုခြင်းနဲ့အတူ နှစ် ၂၀ သမိုင်းကြောင်းကို မှတ်တမ်းတင်ထားသော သမိုင်းဗီဒီယို၊ ကြီးမားသော ဒရုန်းပြပွဲများနှင့် မီးရှူးမီးပန်းများအထိ ပါဝင်ပါမယ်။

လက်မှတ်ကြိုတင်မှာယူမှုများကို ဇူလိုင်လ ၂၈ ရက် ည ၇ နာရီမှစတင်၍ Coupang Play mobile appကနေ အခမဲ့ပြုလုပ်ပေးမည်ဖြစ်ပါတယ်။ ဦးသူ ရ free ticketပါ။ လုရပါမယ်နော်။😅❤️

한강에서 빅뱅의 20주년을 기념하는 역대급 이벤트가 펼쳐질 예정이라고 합니다.
예매는 7월 28일 오후 7시
쿠팡플레이 모바일 앱에서 선착순 무료로 진행되니까 캘박해놓고 바로 대기하세요!!
빅뱅 20주년 x 한강 콜라보레이션
08.19 (수) 20:00
여의도 한강공원
티켓 예매
예매 오픈 07.28 (화) 19:00
예매처 : 쿠팡플레이 모바일 앱

ဇာတ်လမ်း ဘယ်လောက်ကောင်းလဲဆိုရင် အစအဆုံး ၂နာရီခွဲကျော်ကြာတာတောင် မသိလိုက်ဘူး … 🎥 HOPE ကိုရီးယားမှာ ရုံတင်ရက် ဒုတိယရက်မှာတ...
17/07/2026

ဇာတ်လမ်း ဘယ်လောက်ကောင်းလဲဆိုရင်
အစအဆုံး ၂နာရီခွဲကျော်ကြာတာတောင် မသိလိုက်ဘူး … 🎥 HOPE
ကိုရီးယားမှာ ရုံတင်ရက် ဒုတိယရက်မှာတင် ကြည့်ရှုသူ တသန်းကျော်သွားတဲ့ ရုပ်ရှင်ဇာတ်ကားအသစ်

🚨မဖိတ်ခေါ်ဘဲ အလုပ်ထဲကို ရုတ်တရက် ရောက်လာတဲ့ ကိုရီးယား လဝက ဝန်ထမ်း နှစ်ယောက်...။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပ...
26/06/2026

🚨မဖိတ်ခေါ်ဘဲ အလုပ်ထဲကို ရုတ်တရက် ရောက်လာတဲ့ ကိုရီးယား လဝက ဝန်ထမ်း နှစ်ယောက်...။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါ။ အမျိုးသမီးက အဆင်ပြေပေမယ့် အမျိုးသား ဦးလေးကြီးကတော့ မျက်စိစူးစူးနဲ့ ဟိုဟာမေး၊ ဒီဟာမေး၊ လက်ရှိ ဆွဲနေတဲ့ ဒီဇိုင်းကိုပါ လိုက်ကြည့်ပြီး ဘေးကနေ နေစုံနေအောင် မေးခွန်းထုတ်ပါတော့တယ်။
ပိုလန့်ဖို့ကောင်းတာက ကျွန်တော့်ရဲ့ နာမည်အတိအကျ၊ ကိုရီးယားကို ဘယ်တုန်းက ရောက်တယ်၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာတင်မကဘူး... ကျွန်တော့်ဇနီး ဘာဗီဇာနဲ့ အလုပ်လုပ်နေလဲဆိုတာအထိ Background တစ်ခုလုံးကို အလွတ်ရနေသလို အတိအကျ ပြောသွားတာပါ။
ကျွန်တော်က ကိုရီးယားမှာ Design Major နဲ့ ကျောင်းပြီးထားပြီး E-7-1 ဗီဇာလျှောက်ထားဆဲ ကာလမှာ အလုပ်ခွင်ထဲ အလုပ်သင် (Intern) ဆင်းနေတာပါ။ ဗီဇာလျှောက်ပြီး ရက် ၅၀ အကြာမှာ အခုလို လူကိုယ်တိုင် လာစစ်တာ ဖြစ်ပါတယ်။
အဓိက စစ်ဆေးရတဲ့ အကြောင်းရင်းကတော့ -
ကျောင်းပြီးထားတဲ့ Major နဲ့ အခုလုပ်နေတဲ့ လုပ်ငန်းခွင်က တကယ် Match ဖြစ်ရဲ့လား။
တကယ်ပဲ ဒီဇိုင်းအလုပ် လုပ်နေတာလား၊ ဒါမှမဟုတ် E-7-1 အမည်ခံပြီး အလုပ်ရှင်ကို အကူအညီတောင်း ဗီဇာလျှောက်ထားတာလား ဆိုတာကို အကွက်စေ့စေ့ လာစစ်တာပါ။
ပထမဆုံး သူဌေးကို အရင်မေးစရာရှိတာတွေ မေးပါတယ်။
လဝကက ဗီဇာလျှောက်ကတည်းက ဒီကုမ္ပဏီရဲ့ ဝန်ထမ်းစာရင်းကို နာမည်တွေနဲ့တကွ အတိအကျ တောင်းထားတာပါ။ သူဌေးကို မေးတဲ့အခါ "ဒီကုမ္ပဏီက ဘာလုပ်တဲ့ လုပ်ငန်းလဲ"၊ "ဘာပစ္စည်းတွေ ထုတ်တာလဲ" ဆိုတာတွေအပြင်၊ ဝန်ထမ်းတချို့ရဲ့ နာမည်တွေနဲ့ ရာထူးတွေကိုပါ တိုက်ဆိုင်စစ်ဆေးသွားပါတယ်။
သူဌေးကို မေးပြီးတော့ ကျွန်တော့ အလှည့်😓
"အရင်က E-9 ဗီဇာနဲ့ အလုပ်လုပ်ခဲ့တယ်နော်... အဲဒီတုန်းက ဘာအလုပ် လုပ်ခဲ့တာလဲ၊
"ဘယ်ကျောင်းမှာ ဘာမေဂျာနဲ့ ဘွဲ့ရခဲ့တာလဲ?" (သူတို့ သိရက်သားနဲ့ ထပ်မေးတာပါ)
"အခုအလုပ်မှာ ဘယ်အပိုင်းကို တာဝန်ယူရလဲ? ကုမ္ပဏီက ဘာပစ္စည်းထုတ်တာလဲ?"
"အခုဆွဲနေတဲ့ ဒီဇိုင်းကကော ဘယ်နေရာမှာ သုံးတာလဲ?"
ဒီဇိုင်းအသေးစိတ်ကအစ၊ ကုမ္ပဏီထုတ်ကုန်တွေအထိ အစုံအလင်ကို မေးခွန်းထုတ်ပါတယ်။ လက်ရှိ ဆွဲလက်စ ဒီဇိုင်းတွေကိုလဲ ဓာတ်ပုံရိုက်ပါတယ် လူကိုလဲ ရိုက်ပါတယ်😅၊ ကျောင်းမှာ သင်ခဲ့တာတွေနဲ့ အခု လုပ်ငန်းခွင်မှာ ကိုက်ညီမှုရှိရဲ့လား ဆိုတာကိုပါ အဓိကထားမေးမြန်းသွားပါတယ်။ တခြားမေးခွန်းတွေကို မမှတ်မိလို့ထည့်မရေးထားတာပါ။ တကယ်လို့သာ ကိုယ်က အမည်ခံသက်သက်ဖြစ်လို့ ဒီမေးခွန်းတွေကို မဖြေနိုင်ခဲ့ရင်... နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာ မတွေးရဲစရာပါပဲ။
E-7-1ပြောင်းဖို့ ပြင်ဆင်နေသူတွေအနေနဲ့ ကိုယ့်မေဂျာနဲ့ ကုမ္ပဏီအလုပ် တကယ်ကိုက်ညီဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သတိပြုနိုင်
အောင် အတွေ့အကြုံကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကံကောင်းခြင်း ကံဇာတာ တက် ငွေလာဘ်ရွှင်စေဖို့ မနက်ဖြန် 6လပိုင်း 19ရက်နေ့ တရက်တာ မဖြစ်မနေ လုပ်ကြနော်။မနက်ဖြန်က ကိုရီးယားရို...
18/06/2026

ကံကောင်းခြင်း ကံဇာတာ တက် ငွေလာဘ်ရွှင်စေဖို့ မနက်ဖြန် 6လပိုင်း 19ရက်နေ့ တရက်တာ မဖြစ်မနေ လုပ်ကြနော်။
မနက်ဖြန်က ကိုရီးယားရိုးရိုးပြက္ခဒိန်အရ 5လပိုင်း 5ရက်နေ့ဖြစ်ပါတယ်။ အဲဒီရက်မှာ ကိုရီးယားရိုးရာဓလေ့အရ အထူးတလည် မဖြစ်မနေ လုပ်ရမယ့်ကံကောင်းခြင်းကို ခေါ်ဆောင်ပေးမည့် အပြုအမူ ၁၀ မျိုးရှိပါတယ်။

1. မနက်ခင်း အိမ်မှာ လေဝင်လေထွက်လုပ်ပါ။
ပြတင်းပေါက်များကို ကျယ်ကျယ်ဖွင့်ပြီး အိမ်ထဲရှိ မကောင်းသော စွမ်းအင်များကို ထုတ်လွှတ်ပါ။
2. မျက်နှာသစ်ခြင်းနှင့် ရေချိုးခြင်း
ပုံမှန်ထက် ပိုမိုသန့်ရှင်းစွာ ကိုယ်လက်သန့်စင်ပြီး ကံဆိုးမှုများကို ဖယ်ရှားပါ။
3. အနီရောင် ပစ္စည်းတစ်ခုခု အသုံးပြုပါ။
အဝတ်အစား၊ နှုတ်ခမ်းနီ၊ လက်ကိုင်ပစ္စည်း စသည်တို့တွင် အနီရောင်ကို အလှဆင်အသုံးပြုပါ။
4. နေ့လယ် ၁၂ နာရီခန့် လမ်းလျှောက်ပါ။
မနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီအတွင်း နေရောင်ခြည်ကို အနည်းဆုံး ၅ မိနစ်ခန့် ခံယူပါ။
5. အနီရောင် အသီးအနှံများ စားပါ။
ဖရဲသီး၊ ချယ်ရီသီး၊ ခရမ်းချဉ်သီး စသည်တို့ကို စားသုံးပြီး လန်းဆန်းတက်ကြွမှု ရယူပါ။
6. အစိမ်းရောင် မုန့်နှင့် အချိုရည်များ သောက်သုံးပါ
မက်ချာ (Matcha) သောက်စရာ သို့မဟုတ် ဆေးဖက်ဝင် အစိမ်းရောင် အစားအစာများဖြင့် ကျန်းမာရေးကံကို မြှင့်တင်ပါ။
7. လက်ဆောင်ပို့ပေးပါ။
မိတ်ဆွေ၊ ဆွေမျိုးများထံ အအေးသောက်စရာ Gifticon ပို့ပြီး ဆုမွန်ကောင်းများ တောင်းပေးပါ။
8. အိမ်ရှေ့ဝင်ပေါက် သန့်ရှင်းရေးလုပ်ပါ။
ကံကောင်းခြင်းများ ဝင်ရောက်လာမည့် အိမ်ရှေ့ဝင်ပေါက်ကို သန့်ရှင်းစွာ ပွတ်တိုက်ပါ။
9. စိတ်ချမ်းသာစေမည့် စာသားကောင်းများ ဖတ်ပါ။
ညအချိန်တွင် စိတ်ငြိမ်သက်စေသော စာစုများ၊ ဆုတောင်းစာများကို ဖတ်ရှုပါ။
10. ကံကောင်းစေသော စကားကို အသံထွက်ပြောပါ
“ဒီနွေရာသီမှာ အရာအားလုံး အဆင်ပြေပြီး ကံကောင်းမယ်!” ဟု ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ပါ။

သူက တချက် ရွယ်ပြီဆိုရင် ဇာတ်လမ်း ကြည့်နေတဲ့ ကိုယ်ကလည်း အပိုဆု တချက် chaမိတယ်။ လွန်သွားလား😆😆😆ဒီ လက်ဝါးကြီးကို အမြဲ သတိရနေ...
08/06/2026

သူက တချက် ရွယ်ပြီဆိုရင် ဇာတ်လမ်း ကြည့်နေတဲ့ ကိုယ်ကလည်း အပိုဆု တချက် chaမိတယ်။
လွန်သွားလား😆😆😆ဒီ လက်ဝါးကြီးကို အမြဲ သတိရနေမိတော့မယ်။
ကိုယ် အမြင်ကတ်တဲ့ သူဆီ ပို့ဖို့ saveထားပြီ။😂

ပိတ်ရက်မှာ တနေကုန် အိမ်တွင်းအောင်းပြီး ကြည့်ရမယ့် ဇာတ်လမ်းအသစ် ဆယ်ပိုင်းကို တခါတည်း အပြီးကြည့်မယ်။😅ဇာတ်ကားနာမည်က Teach Y...
06/06/2026

ပိတ်ရက်မှာ တနေကုန် အိမ်တွင်းအောင်းပြီး ကြည့်ရမယ့် ဇာတ်လမ်းအသစ် ဆယ်ပိုင်းကို တခါတည်း အပြီးကြည့်မယ်။😅ဇာတ်ကားနာမည်က Teach You A Lesson, ကိုရီးယားပညာရေးသင်ကြားရေးစနစ်မှာ အခုထိ ကျောင်းသားချင်း မသိမသာ နှိပ်စက်မှု၊ အပယ်ခံထားပြီး တဦးတည်းကို ဖိနှိပ်စက်မှု၊ အင်အားကြီး ရာထူးကြီး ငွေအင်အားရှိတဲ့ လူတန်းစားကမွေးလာတဲ့ သားသမီးတွေရဲ့ ကျောင်းသားအတန်းဖော်
အချင်းချင်း အနိုင်ကျင့်မှု ၊ မကောင်းတဲ့ ဆရာဆရာမ၊ မိဘဆိုး စတဲ့ ပြသာနာတွေက ခေတ်ပြောင်းသွားပေမယ့် အခုထိ ကျန်ရှိနေပါသေးတယ်။
အခုနောက်ပိုင်း ကိုရီးယားအစိုးရက မနှစ်ပိုင်းကစပြီး အထက်တန်းမှာ အဲဒီလို မှင်နီတားခံရတဲ့ကျောင်းသားသူများနဲ့ အနိုင်ကျင့်နိုင်စားတဲ့ ကျောင်းသားသူတွေရဲ့ စာရင်းကို ကျောင်းမှတ်တမ်းမှာ အတိအလင်း ဖော်ပြပြီး နာမည်ကြီး တက္ကသိုလ်ကျောင်းတွေမှာ ဝင်ခွင့်မရနိုင်တဲ့ စနစ်တွေ ချမှတ်လာပါတယ်။ ဆရာဆိုး မိဘဆိုးတွေကိုလည်း ရှင်းလင်းပစ်သင့်ကြောင်း ဒီ ဇာတ်လမ်းတွဲထဲမှာ သေချာရိုက်ပြထားပါတယ်။
ဖြောင့်မတ်တဲ့ ဆရာတွေနဲ့ အစိုးရပညာရေးဌာနတွေက ကြပ်မတ်ပြီး အဲဒီလို ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို သင်ခန်းစာ ဘယ်လိုပေးမလဲ ဒီဇာတ်လမ်းမှာ ကြည့်ရမယ်ထင်တယ်။
ယူတို့လည်း ကြည့်ကြည့်နော်။

ထိခိုက်သေဆုံးတဲ့ ဆောက်လုပ်ရေး လုပ်သားတွေထဲ မြန်မာလူမျိူး ပါမပါ စုံစမ်းဆဲ......🥺၁၉၆၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော ဆိုးလ်မြို...
26/05/2026

ထိခိုက်သေဆုံးတဲ့ ဆောက်လုပ်ရေး လုပ်သားတွေထဲ မြန်မာလူမျိူး ပါမပါ စုံစမ်းဆဲ......🥺

၁၉၆၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော ဆိုးလ်မြို့ရှိ “ဆောဆိုမွန် အမြင့်ကုန်းကျော်လမ်းတံတား” သည် အိုဟောင်းလာမှုကြောင့် ယခုနှစ်စပိုင်းမှ စတင်ပြီး ကုန်းကျော်တံတား ဖျက်သိမ်းမှု လုပ်ငန်းကို လုပ်ဆောင်ခဲ့ပါတယ်။ ဖျက်သိမ်းစဉ် ကာလအတွင်းမှာလည်း ကြံ့ခိုင်မှု လျော့နည်းမှုကြောင့် လုံခြုံရေးပြဿနာများ ဆက်တိုက် ဖြစ်ပွားနေခဲ့ပြီး ၂၀၂၆ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ဖျက်သိမ်းရေးလုပ်ငန်းလုပ်ဆောင်နေစဉ်အတွင်း တံတားအစိတ်အပိုင်း တခုပြိုကျသွားခဲ့တယ်။

ဒီအဖြစ်အပျက်ကြောင့် လူ ၆ ဦး ထိခိုက်ခဲ့ပြီး၊ ထိုအထဲမှ ၃ ဦး သေဆုံးခဲ့ပါတယ်။သေဆုံးသူများမှာ ဖျက်သိမ်းရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသော ၅၀ နှစ်နှင့် ၆၀ နှစ်အရွယ် အမျိုးသားများဖြစ်ကြောင်း သိရသည်။ ပြိုကျချိန်တွင် အလုပ်သမား ၁၂ ဦးရှိခဲ့သော်လည်း ၆ ဦးက အချိန်မီ ထွက်ပြေးနိုင်ခဲ့တယ်။
မတော်တဆမှုမတိုင်မီ နံနက်ပိုင်းတွင် တံတားအပေါ်ပိုင်း ၂.၉ စင်တီမီတာခန့် နိမ့်ကျသွားသည့် အန္တရာယ်လက္ခဏာတွေ့ရှိခဲ့ပြီး လုံခြုံရေးစစ်ဆေးနေစဉ် အခုလို ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊
လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးနှင့် လုံခြုံရေးထိန်းချုပ်မှုများ ဆောင်ရွက်နေပြီး၊ ဆိုးလ်မြို့တော်အစိုးရက ယင်းနေရာတွင် ကြာမြင့်တဲ့ ကုန်းကျော်တံတားကို ဖျက်သိမ်းကာ အသစ်တမံ ပြန်လည် တည်ဆောက်ရေး စီမံကိန်းအား၂၀၂၈ ခုနှစ်အထိ ရေးဆွဲထားခဲ့ကြောင်း တင်ပြထားပါတယ်။

အထက်ပါအကြောင်းအရာမှာ ကိုရီးယားသတင်းဌာန
မှ တင်ပြမှုအား adminမှ မြန်မာဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။



#

Address

Seoul

Website

Alerts

Be the first to know and let us send you an email when Korea 101 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share