Boby Tactical 2.0

Boby Tactical 2.0 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Boby Tactical 2.0, Digital creator, Ulsan.

24/01/2026

ဒီ video အသံကြောင့် စိတ်အနှောင့်ယှက်ဖြစ်စေရင်တော့ ခွင့်လွှတ်ပါ

ဒီအသံက တကယ်တော့ တချို့တွေအတွက် မာရဏမင်းနဲ့ တွေ့ခါနီးအသံလ်ိုမျိုးပါပဲ

စာရေးသူတောင် ကြားရတာ တမျိူးကြီးဖြစ်ပါတယ်
ဘာလို့လဲဆိုတော့ အဲ့အသံပိုင်ရှင်ရဲ့ လုပ်နိင်စွမ်းတွေ အများကြီးတွေ့ထားလို့ပါပဲ

ခေါတ်အဆက်ဆက် စစ်ပွဲတွေကြားမှာ အမြှောက်ဆံကျသံတွေ တင့်ကားချိန်းကြိုးသံစက်သံတွေ လေယာဥ်သံတွေဟာ ခြောက်ခြားစရာဖြစ်ခဲ့ကြပါတယ်

ခုခေါတ်ကတော့ modern warfare တွေမှာတော့ စျေးနှုန်းသက်သာပြီး လှုပ်ရှားလို့လည်းကောင်း တိတိကျကျ နဲ့ ထိထိရောက် ပစ်မှတ်ကို ခြေမှုန်းနိုင်တဲ့ FPV su***de drone တွေကို အများအပြားအသုံးပြူလာကြပီး death toll ကလည်း သိသိသာသာကို တိုးလာကြပါတယ်

ခု video ထဲကြားရတဲ့အသံကတော့ အဲ့ဒီ fpv drone တွေနဲ့ အသံပါပဲ ယနေ့ခေတ် စစ်မြေပြင်မှာ ခြောက်ခြားစရာ အသံတစ်ခုဖြစ်လာခဲ့ပါတယ်

Video ပါသူကတော့ လုံခြုံတဲ့နေရာမှာ ရှိနေတာမို့ အဲ့လိုနေနိင်တာပါ



Brass to the Grass ပူံလေးတပုံတွေ့လို့ နည်းနည်းရေးချင်တာနဲ့ပါစာရေးသူက  90 နဲ့ 2000 ၀န်းကျင် အက်ရှင်ရုပ်ရှင်တွေ လွှမ်းမိုး...
05/01/2026

Brass to the Grass

ပူံလေးတပုံတွေ့လို့ နည်းနည်းရေးချင်တာနဲ့ပါ
စာရေးသူက 90 နဲ့ 2000 ၀န်းကျင် အက်ရှင်ရုပ်ရှင်တွေ လွှမ်းမိုးမှုရှိတာကြောင့် ငယ်စဥ်ထဲက LMG နဲ့ Grenadier တွေကြိုက်တယ် ခုထိလည်း ကြိုက်နေတုန်းပါပဲ ကိုယ့် size နဲ့လည်း အဆင်ပြေတာမို့

Machine Gunner တွေ လက်စွဲသုံးစကားလေးရှိတယ်ဗျ Brass to the Grass တဲ့ Brass ဆိုတာကတော့ cartridge ကျည်ဆံကြေးခွံဘက်ကို ဆိုလိုတာဖြစ်ပြီး Grass ဆိုတာကတော့ မြက် မြေကြီးဘက်ကို ဆိုလိုတာဖြစ်ပါတယ်

စက်သေနတ်ကျည်တွဲတွေကို အသုံးပြုရမှာ
ကျည်ဆံတွေကို တွဲထားတဲ့ Link အတွဲရှိတဲ့ဘက်ကို အပေါ်မှာထားပြီး ကျည်ဆံရှိတဲ့ဘက်ကို အောက်ဘက် မှာထားကာဖြည့်တင်းရပါမယ်လို့ ဆိုလိုပါတယ်

ထို့သို့အသုံးပြုမှသာ မှန်ကန်သော ကျည်ဆံဖြည့်တင်းခြင်းဖြစ်ပြီး ကျည်တွဲ jam ဖြစ်ခြင်းမရှိပဲ အသုံးပြုန်ိုင်ပါမယ်ခဗျ

ကျည်တွဲသိမ်းဆည်းရာမှာလည်း အလားတူနည်းစနစ်သုံးကာ သိမ်းဆည်းရပါတယ်



Operation Just Cause 1989 December
26/12/2025

Operation Just Cause

1989 December

07/12/2025

ယူကရိန်း သမ္မတ Zelenskyy က
စစ်ပွဲအတွင်း veterans တွေကို ဆုတံဆိပ်ပေးတော့ veterans တွေကနေ သက်ဆိုင်ရာတပ်ဖွဲ့ patch တွေ ပြန်ဖြုတ်ပေးခဲ့ကြတယ်

အဲ့ဒါက တကယ်ကို emotional ဖြစ်စရာ အခိုက်အတန့်တစ်ခုပါပဲ
စစ်သည်တွေအတွက် တပ်ဖွဲ့ patch တွေဟာ တကယ် တန်ဖိုးရှိ အဓိပ္ပာယ်ရှိတဲ့အထဲပါပါတယ် ပြည်ပတပ်ဖွဲ့ေတွနဲ့ချစ်ကြည်ရေးနဲ့ပြည်သူဆက်ဆံရေး အခြေနေတွေမှာလည်း patch လက်ဆောင်ပေးတာမျိုးရှိပင်မယ့်

ခူလို သူတို့ ၀တ်ဆင်ထားတဲ့ patch တွေကို ဒီလိုဖြုတ်ပေးတာဟာ အဓိပ္ပာယ်အများကြီးလေးနက်ပါတယ်
ခေါင်းဆောင်အပေါ် လေးစားယုံကြည်ခြင်း တွေနဲ့
သူတို့အတူတိုက်ပွဲနေသူ သူတို့တပ်ဖွဲ့ထဲက တယောက်အဖြစ် အသိမှတ်ပြုခြင်း ဖြစ်ပါတယ်



ရုပ်ရှင်တွေကတဆင့် သေနတ်သမား amateurs တွေစီ ကူးစက်လာတဲ့Canted position နဲ့ Over the shoulder  position တကယ်အသုံး၀င်သလား??...
19/11/2025

ရုပ်ရှင်တွေကတဆင့် သေနတ်သမား amateurs တွေစီ ကူးစက်လာတဲ့
Canted position နဲ့ Over the shoulder position

တကယ်အသုံး၀င်သလား??

ကျနော်ကတော့ မသုံးဖြစ်ဖို့များပါတယ်

Canted position ရော Over the shoulder ရောက CQB short range အနီးကပ် အခြေအနေ အတွက်ပါ

Canted position သည် မိမိက long range scope တစ်ခုကို primary မှာတပ်ဆင်ထားပြီး ကျဥ်းထဲကျပ်ထဲ အနီးကပ်အခြေနေမှာ scope သုံးမရတော့တာကြောင့် canted sight သုံးပြီး 45 degree မြန်မာလို လက်တန်းထိုးပစ်ခတ်ခြင်းဖြစ်ပါတယ်

Reflex sight (holographic, red dot ဘလာ ဘလာ) တွေ နဲ့ primary မှာသုံးရင် canted position နဲ့ပစ်စရာမလိုပါဘူး

မှန်ပြောင်းရှည်တွေတပ်ဆင်ထားမှသာ ကြည့်မရတဲ့အတွက် 45 degree စောင်းပစ်ပါတယ်

45 degree က recoil ထိန်းတယ်ဘာညာ လက် position ကြောင့်လို့ ဆိုကြပါလိမ့်မယ် အမှန်ကတော့ သိပ်ထူးခြားခြင်းမရှိပါဘူး

Over the shoulder position ကရော ??

အဲ့ဒါက CQB နေရာ ကျဥ်းတဲ့အခါ သေနတ်အလျှားတိုအောင် stance ပြောင်းတာပါ အဲ့လိုကိုင်ထားရင်း ပစ်လို့ရပါတယ် အရေးပေါ်ပေါ့
ဒါပင်မယ့် ပုံမှန် stance ပြောင်းပစ်တာ ပိုများပါတယ်

တံခါးတွေက နံရံတွေ တံခါးတွေ ထောင့်တွေဖြတ်တဲ့အချိန် ခဏလေးသာ Over the shoulder လုပ်ပါတယ်

Obstacles ကျော်ပြီးတာနဲ့
ချက်ချင်းပုံမှန် stance ကို ပြန်ပြောင်းရပါတယ်

အသုံး၀င်တော့၀င်ပါတယ်

မလိုအပ်ပဲ တချိန်လုံး သေနတ်ကြီး စောင်း စောင်း ပြီးပစ်နေတာက 🤔
မဖြစ်သင့်ဘူးထင်တာပဲလေနော့်



Quick response လုပ်ထားတဲ့ပူံစံမျိူးပေါ့ အဆင်သင့်ပြင်ဆင်ပြီးသား plate carrier နဲ့ belt Helmet set up နဲ့ primary ရယ် ကို ...
17/11/2025

Quick response လုပ်ထားတဲ့ပူံစံမျိူးပေါ့
အဆင်သင့်ပြင်ဆင်ပြီးသား plate carrier နဲ့ belt
Helmet set up
နဲ့ primary ရယ်
ကို casual wear ပေါ်မှာပဲ ၀တ်ဆင်လိုက်တာ
ဒါမျိုး၀တ်ပြီး Gear check လုပ်ဖို့ ၅မိနစ်လောက်ဆိုရင်တောင် လုံလောက်မယ်လို့ ထင်ပါတယ်

Photo credit



10/11/2025

စာကို သဘောကျလွန်းလို့ share ပါတယ်ခဗျ

Blouse နှင့် tuck outBlouse ဆိုတာကတော့ တစ် ကမ္ဘာလုံး တပ်တွေ အသုံးပြုကြတဲ့ military uniform regulation တမျိုးပါပဲ ဘောင်းဘ...
01/11/2025

Blouse နှင့် tuck out

Blouse ဆိုတာကတော့ တစ် ကမ္ဘာလုံး တပ်တွေ အသုံးပြုကြတဲ့ military uniform regulation တမျိုးပါပဲ
ဘောင်းဘီအစွန်းကို သားရည်ကြိုးအသူံးပြုကာ အတွင်းကိူ လိပ်တင်ထားပြီး combat boot လည်ရှည်ရဲ့ ထိပ်ဘက်လေး ဖူံးအောင် ထားတဲ့ပုံစံပါ သပ်ရပ်ပြီး စတိုင်ကျတဲ့အပြင်
လှုပ်ရှားရတာမှာလည်း အဆင်ပြေပါတယ် ဖုန် နဲ တခြားသောအရာတွေ ဖိနပ်ထဲ၀င်ရောက်ခြင်းမှ ကာကွယ်နိုင်ပါတယ်

ဒါပင်မယ့် အားနည်းချက်ကတော့ရှိပါတယ် ရာသီဥတုနဲ့ လှုပ်ရှားရတဲ့အခါတွေမှာ ဘောင်းဘီနဲ့ ဖိနပ်အတွင်း moisture ဖြစ်စေပါတယ်
ပြီးတော့ မိုးရွာနေချိန်မှာလည်း အရင်တုန်းက ဘောင်းဘီတွေက ရေစိုမခံတဲ့အတွက် ရေတွေဖိနပ်အတွင်းကို စီးကျစေပါတယ်

စစ်သည် တယောက်ရဲ့ ဖိနပ်အတွင်း စိုစွတ်နေတာမျ်ိူး ရေ၀င်နေတာမျိုး ခြေအိတ်ပေါက်ပြဲပြီးမကောင်းနေတာမျိုးတွေက performance ကျဆင်းစေပါတယ်

ခုနောက်ပိုင်းမှာပေါ့ Quick Dry textile တွေ Gore-tex တို့လို waterproof snowproof textile တွေ ရှိလာပြီးနောက်ပိုင်းမှာတော့ စစ်သည်တွေက

ရှေ့တန်းစစ်မြေပြင် တိုက်ပွဲ၀င်ချိန်မှာ tuck out စတိုင်ကို ၀တ်ဆင်လာကြပါတယ် tuck out style ဆိုတာက ဘောင်းဘီးအစကို ခေါက်ပြီး ဖိနပ်ထိပ်ထဲထည့်ရတဲ့ blouse စတိုင်မဟုတ်ပဲ ဒီအတိုင်း ဘောင်းဘီက boot အပေါ်က ၀တ်ဆင်ခြင်းမျိုးဖြစ်ပါတယ်
combat boot တွေကလည်း လည်အရှည်ကြီးတွေမဟုတ်တော့ပဲ ခြေကျင်း၀တ်ကာကွယ်နိုင်ရုံလောက်သာ ရှည်တော့တာလည်းပါပါတယ်

ဘောင်းဘီနဲ့ combat boot တွေ waterproof ဖြစ်လာတဲ့အခါ tuck out အတိုင်းပဲ ပေါ့ပေါ့ပါးပါး ၀တ်ဆင်ကြလာပါတော့တယ်

ဒါပင်မယ့် ရုံးတက်ချိန်တွေ နောက်တန်းတပ်တွင်းနေချိန်တွေကတော့ ယူနီဖောင်း စည်းကမ်းအရ blouse စတိုင်သာ ၀တ်ဆင်ရမှာပါ

ပြီးတော့ weather အရမ်းဆိုး ရေမြကြမ်းတဲ့အချိန်တွေမှာတော့
Gaiter တွေအသုံးပြုကြပါတယ်
Gaiter ကတော့ ဖိနပ်နဲ့ ဘောင်းဘီကို အပေါ်ကထပ်အုပ်ကာကွယ်ထားမှာပါ

Always keep your feet dry

ရုပ်ရှင်ကြောင့် တဖန်ပြန်လည်ဂုဏ်ပြုခံရတဲ့ အညတရ ကျဆုံး စစ်သည်တစ်ဦး ရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်12.12  The Day ရုပ်ရှင်က ကိုရီးယာ...
29/10/2025

ရုပ်ရှင်ကြောင့် တဖန်ပြန်လည်ဂုဏ်ပြုခံရတဲ့ အညတရ ကျဆုံး စစ်သည်တစ်ဦး ရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်

12.12 The Day ရုပ်ရှင်က ကိုရီးယား စစ်အာဏာသိမ်းမှု ဖြစ်စဥ်ကို ပြန်လည်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်း​တခုဖြစ်ပြီး
အတော်ကောင်းပါတယ်

Capital Garrison Commander (CGC) ဆိုးလ် တိုင်းမှူး ဂျန်တေးဟွမ် Vs Defense Security Command နဲ့ KACIC ကြည်းတပ်ထောက်လှမ်းရေးတပ်ဖွဲ့ ခေါင်းဆောင် ချွန်ဒူးဟွမ် ( အာဏာသိမ်းခေါင်းဆောင်) တို့ကို အသား ပေးရိုက်ကူးထားခဲ့ပါတယ်

ဗိုလ်ချုပ်ကြီး ဂျန်တေးဟွမ် ကတော့ အားလုံး သိထားကြတဲ့ စစ်သားကောင်း သူရဲကောင်းတယောက်ဖြစ်ပြီး သူ့နာမည်ကြီး ပြော စကားဖြစ်တဲ့ ( သူပုန်ကောင်တွေ မင်းတို့ အဲ့မှာပဲနေ ဘယ်မှမသွားနဲ့ ငါတင့်ကားတစ်စီး စီးလာပြီး မင်းတို့ခေါင်းတွေကိုတက်ကြိတ်ဖို့ လာခဲ့မယ် ) ဆိုတာလည်း ဇာတ်လမ်းထဲပါ၀င်ခဲ့ပါတယ်

အဲ့ဒီဇာတ်လမ်းထဲကနေ ကြည့်ရှုသူတွေ သတိထားမိသွားကြတာ အပိုင်းတိုလေးအဖြစ်သာ ပါ၀င်ခဲ့တဲ့ ဖြစ်စဥ်တစ်ခုပါ ROK-SWC (Special Warfare Command) ကို အဲ့ဒီ Command အောက်ကပဲ ပုန်ကန်သူ အထူးတပ်ဖွဲ့တွေက ပြန်လည်စီးနင်းဖို့ ကြိုးစားခဲ့စဥ်မှာ
ဇာတ်လမ်းထဲမှာ ဗိုလ်မှူးကြီး အိုဂျင်ဟို က pistol တလက်နဲ့ အသေခံကာကွယ်ခဲ့တာကို မြင်ရမှာပါ ပြီး သူ့သူငယ်ချင်းဖြစ်သူ ပုန်ကန်သူ အရာရှိကပဲ ပစ်ခတ်ခဲ့တာမြင်ရမှာပါ

ထိုဖြစ်စဥ်က အမှန်တကယ် ဖြစ်စဥ်ဖြစ်ပြီး

ဖြစ်စဥ်အတွင်းရှိခဲ့သူဟာ ဗိုလ်မှူးကြီး ဂင်အိုရန် ဖြစ်ပါတယ်
အဲ့ဒီညမှာပဲ သူဟာ သူ့ မျက်မမြင် ဇနီးသည်ကို
(ဒီညအတူ ထမင်းပြန်မစားနိုင်တော့ဘူးထင်ပါတယ်) ဆိုပြီး ဖုန်းဆက်ပြောခဲ့ပြီး ပုန်ကန်မှုအတွင်း ကျဆုံးခဲ့ပါတယ်

၆ ချက်တိတိ ပစ်ခတ်ခဲ့သူမှာလည်း စစ် တက္ကသိုလ်မှာ တပတ်စဥ်ထဲ တက်ခဲ့ပြီး ညီကိုလို ရင်းနှီးကာ အထူးတပ်ဖွဲ့မှာပဲ အတူ တာ၀န်ထမ်းခဲ့သူ ပုန်ကုန်သူ ဗိုလ်မှူးကြီး ပါ့ခ်ဂျောင်ဂယူ ဖြစ်ပါတယ် သူငယ်ချင်းအရင်းက လုပ်ခဲ့တာပါ

ပါ့ခ်ဂျောင်ဂယူကတော့ တမလွန်မှာပြန်တွေ့ရင် ဂင်အိုရန်ကို သူ့အမှားအတွက် ပြန်တောင်းပန်ပါမယ်လို့ ပြောထားခဲ့ပါတယ်

ဂင်အိုရန် ဖြစ်စဥ်ကတော့ Seoul Spring ဆိုးလ်နွေဦး စစ်အာဏာသိမ်း ဖြစ်စဥ်မှာ ကြေကွဲစရာကောင်းခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ခဲ့ပါတယ်

ဗိုလ်မှူးကြီးဂျင်အိုရန်ဟာ
ကျဆုံးပြီး ၁၀နှစ်အကြာမှာ ဒုတိယ ဗိုလ်မှူးကြီးအဖြစ် ရာထူးတိုးခဲ့ပြီး
2014 မှ သူရဲကောင်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိခဲ့ပါတယ်

ဇာတ်လမ်းကြောင့် အညတရ စစ်သားကောင်းတစ်ဦးကို ပြည်သူတွေက ပြန်လည်သိရှိခဲ့ရပြီး ဂုဏ်ပြုခဲ့ကြပါတယ်

Stripper clip ဒုတိယ ကမ္ဘာစစ် မတိုင်ခင်ထဲက ခုထိ အသူံး၀င်နေတုန်းဖြစ်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ် bolt action rifle တွေမှာ ကျည...
27/10/2025

Stripper clip

ဒုတိယ ကမ္ဘာစစ် မတိုင်ခင်ထဲက ခုထိ အသူံး၀င်နေတုန်းဖြစ်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်

bolt action rifle တွေမှာ ကျည် လွယ်လွယ်ကူကူ မြန်ဖြည့်နိုင်ဖို့ ထုတ်ခဲ့ပြီး magazine ဆိုတဲ့ ကျည်အိမ်တွေ မပေါ်လာခင်အချိန်ထိ stripper clips တွေကို mag အဖြစ်သုံးခဲ့ကြပါတယ်

Stripper clip လို့ဘာလို့ခေါ်လဲ clip မှာထည့်ထားတဲ့ ကျည်တွေကို ချွတ်ချလိုက်သလိုပဲ လက်မနဲ့ ဖိချပြီးထည့်ရတာမလို့ပါ

ခုခေါတ် magazine တွေသုံးနေတဲ့ခေါတ်မှာလည်း stripper clip တွေက အသုံးလိုသေးရဲ့လား??

လက်ရှိခေါတ်မှာ ကျည် supplies တွေ ပို့ရင် magazine တွေနဲ့သာပို့တော့ပင်မယ့်

ကျည်အိမ် တွေကို ကျည်ဖြည့်တင်းဖို့ရယ် ကျည်ဆံထိန်းသိမ်းခြင်းတွေမှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်

ကျည်အိမ်ထိပ်မှာ adapter တပ်ပြီး 10 တောင့်ပါ strpper clip တပ်ကာ ဖြည့်တင်းလျှင် ကျည် ၃၀ ကို စက္ကန့်ပိုင်းအတွင်းဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်

ကျည်ဆံထိန်သိမ်းရမှာလည်း ၁၀တောင့်ဆန့် clip တွေကိုအသုံးပြုပြီး vaccum sealed လုပ်ကာ ထိန်းသိမ်းခြင်းဖြင့် ရေတွက်ရလွယ်ကူပြီး စနစ်တကျထိန်းသိမ်းဖို့အဆင်ပြေပါတယ်

ထုတ်လုပ်စရိတ်အင်မတန်သက်သာပြီး ထုတ်လုပ်ရလွယ်ကူကာ အသုံး၀င်တဲ့ stripper clip တွေကို ယနေ့တိုင် သူံးနေကြတုန်းဖြစ်ပါတယ်

13/08/2025

Back in the game




Address

Ulsan

Website

Alerts

Be the first to know and let us send you an email when Boby Tactical 2.0 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share