Daw rupasingi

Daw rupasingi ဒေါ်ရူပ သိဂီ်

14/07/2025
09/07/2025

❒ သင်သေသွားသော်
_____________________

❖ သင်သေသွားသော်
တွေပြားဘ၀ ကာလသောင်းပြောင်း
ကွေ့သာရှောင်းဖို့
သူကောင်းဥစ္စာ ခုနှစ်ဖြာကို
သွန်ကာခြစ်ခြုတ် ကျစ်ကျစ်ကုတ်
လက်ဆုပ်မကွာ ပါပါစေ။

❖ သင်သေသွားသော်
တရားဓမ္မ မြတ်ဘာဝ၏
သမထဝိပဿနာ ထိုနှစ်ဖြာတွင်
လိုရာခြစ်ခြုတ် ကျစ်ကျစ်ထုတ်
လက်ဆုပ်မကွာ ပါပါစေ။

❖ သင်သေသွားသော်
ဘုံကားအထက် အသက်ကရာကျော်
အဖေါ်က သူတော်ကောင်း
ရုံးစုပေါင်းသည့်
အလောင်းတော်တကာ တို့နေရာကို
သေချာတိကျ ကံဇောကျဖြင့်
ပုံပြဂတိ ထင်အောင်ကြည့်
ဆုပ်မိဆုပ်ကိုင် ပိုင်ပါစေ။

#မဟာဗောဓိမြိုင်ဆရာတော် #သုဝဏ္ဏသျှမ်
ုနှစ် #ဝါဆိုလဆန်း_၁၀_ရက်
#စာဖတ်သူတစ်ယောက်၏မှတ်စုများ

08/07/2025

❖ ယောဂီတိုင်းအတွက် စည်းကမ်းချက်
‗‗‗‗‗‗‗‗‗‗‗‗‗‗

မျက်ရိပ်မျက်မှန်း မည်မျှတန်း အကန်းသို့သာ နေလိုက်ပါ
နားပါးအကင်း မည်မျှထွင်း အပင်းသို့သာ နေလိုက်ပါ
ပြောရပ်ဆိုရပ် မည်မျှတပ် ဆွံ့အဇာတ်ထုပ် ခင်းလိုက်ပါ
သန်မြန်ကိုယ်မှုတ် မည်မျှသုတ် မမာရုပ်သို့ နေလိုက်ပါ
မဖွယ်လိပ်လိပ် မတိတ်ဆိတ် အိပ်သင့်အိပ်လိုက်ပါ

ဤသည့်စည်းကမ်း သင်မထမ်းက
သင့်လမ်းသည်ကား သင့်အားထားလည်း
သွားရင်းဆက်ဆက် အသွားပျက်ပြီး
ဉာဏ်မဂ်ဆီသို့ မရောက်သာ။

#မဟာဗောဓိမြိုင်ဆရာတော်
#သုဝဏ္ဏသျှမ် #23102022
https://www.facebook.com/thuwannashan
#စာဖတ်သူတစ်ယောက်၏မှတ်စုများ
#၁၃၆၀ ဝါဆိုလဆန်း ၄ ရက်၊ #ဝေဒလ္လ

Address

Colombo

Alerts

Be the first to know and let us send you an email when Daw rupasingi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share