24/07/2024
❝ 𝗖𝗠𝗙 𝗣𝗵𝗼𝗻𝗲 𝟭 𝗯𝘆 𝗡𝗼𝘁𝗵𝗶𝗻𝗴 (𝗥𝗲𝘃𝗶𝗲𝘄) ❞
💭 reviewကို အတိုဆုံးနဲ့ အရှင်းဆုံး လုပ်ထားပေးပါတယ်...
💬 ပထမဆုံးအနေနဲ့ Display...
120hz, AMOLED, 2K displayဖြစ်တဲ့အတွက် ရုပ်ရှင်ကြည့်မယ့်လူတွေ media streaming လုပ်မယ့်လူတွေအတွက် ကောင်းတယ်၊ colour မှန်သင့်သလောက်မှန်တယ် အရမ်းအကောင်းကြီးတော့မဟုတ်ဘူး သူ့ဈေးနဲ့သူတန်တယ်။
💬 Built Quality...
Glass Front, Plastic Back, Aluminium Frame, IP 52 water and dust resistant ဖြစ်မယ်၊ budget deviceမို့ သုံးထားတဲ့ material တွေက တစ်ချို့လူတွေအတွက် အနည်းငယ် cheap ဖြစ်တယ်လို့ ခံစားရနိုင်တယ်၊ အဲ့ဒီအတွက် unique ဖြစ်တဲ့ design နဲ့ ပြန်ထိန်းထားတယ်... ကြိုက်တဲ့လူတွေလဲကြိုက်မယ် မကြိုက်တဲ့လူတွေလဲ မကြိုက်တာမျိုး ရှိနိုင်တယ်၊ ကျွန်တော့်အနေနဲ့ ထွေထွေထူးထူး ပြောစရာမရှိဘူး ကြိုက်တယ်။
💬 Camera...
main camera, 50 MP, 2 MP depth နဲ့ selfie camera 16MP ပါမယ်၊ video 4k 30fps အထိရမယ်၊ အမှန်တိုင်းပြောရရင် cameraကို အရမ်းတော့ မမျှော်လင့်စေချင်ဘူး၊ ဒီဈေးတန်းဝန်းကျင်မှာ camera quality က ဒီလောက်ပဲ ရနိုင်မှာပါပဲ။
💬 UI...
Nothing OS, Google ရဲ့ Pixel UI ကိုမှ Nothing ရဲ့ DNA ပေါင်းထည့်ထားတာ... bloatware လုံးဝမပါဘူး၊ UI clean ဖြစ်တာ ကြိုက်တဲ့ ကျွန်တော့်အတွက် ကောင်းတယ်ဆိုတာထက် ပိုပါတယ်။
💬 Performance...
Dimensity 7300 က Snapdragon 7s Gen 2 နဲ့ အတူတူလောက်ပဲ daily usage မှာ အတူတူလောက်ပဲဖြစ်မယ်၊ gaming performance အတူတူလောက်ပဲရှိမယ်၊ Dimensity 7300 က အပူနည်းနည်းပိုထိန်းနိုင်မယ်... 7s Gen 2 ထက် overall performance အနည်းငယ် ပိုကောင်းမယ် ဒီလောက်ပါပဲ။
💬 Speaker...
single bottom-firing speaker ဖြစ်နေတာက သူ့ရဲ့အားနည်းချက်ပါ၊ stereo speaker သာ ထည့်ပေးလိုက်ရင် media streaming အတွက် perfectပါပဲ၊ သို့ပေမဲ့ loudness ကောင်းပါတယ် အဲ့ဒီတော့ သာမန်ပါပဲ။
💬 Network & Others...
5G support ပေးတယ်၊ Bluetooth 5.3, WiFi 6, No Headphones Jack, No NFC... NFC မပါတာက budget device မို့ လက်ခံပေးလို့ရတယ် နားကြပ်ပေါက်လေးထည့်ပေးရင် ပိုကောင်းမယ်လို့ထင်တယ်၊ under display fingerprint(optical) က အဆင်ပြေပါတယ် တခြား device တွေမှာ ပါသလိုမျိုး... သာမန်ပါပဲ။
💬 Battery...
33W fast charging ရမယ်၊ 5000 mAh ပါမယ်၊ ဒီပမာဏက ကျွန်တော့်လို screen time အရမ်းများတဲ့လူအတွက်တောင် daily သုံးဖို့ လုံလောက်တာထက် ပိုပါတယ်၊ game မဆော့ရင် 2 days လောက်အထိ ကောင်းကောင်းသုံးလို့ ရနိုင်ပါတယ်။
💬 Accessories...
Stand, Card Case or Lanyard, Back Cover ဝယ်လို့ရမယ်၊ စိတ်ကြိုက် ဖြုတ်လို့ တပ်လို့ ရတာ customisation အပြည့်အဝ လုပ်ခွင့်ရတာ ဖြစ်လို့ ကြိုက်တဲ့လူတွေအနေနဲ့ အရမ်းကြိုက်ကြပါလိမ့်မယ်၊ ကျွန်တော်ကတော့ မလိုအပ်သေးလို့ ဘာမှ မဝယ်ဖြစ်ပါဘူး။
🥇CMF Phone 1 ကို ကျွန်တော့်အနေနဲ့ rating 8/10 ပေးပါတယ်၊ UI, Design နဲ့တင် ကျွန်တော့်အတွက် အဆင်ပြေနေပါပြီ၊ အဲ့လိုမဟုတ်ပဲ camera, performance အကြမ်းကြီး လိုချင်တယ်ဆိုရင်တော့ ဈေးတန်းတူတဲ့အထဲက တခြား device တွေကို ရွေးဖို့ အကြံပေးချင်ပါတယ်။
author: admin A