China Xinhua News

China Xinhua News ဆင်ဟွာ ၏ စိတ်ဝင်စားဖွယ် ကောင်းသော သတင်းများအား မြန်မာဘာသာဖြင့် ထုတ်ပြန်လျက် ရှိပါသည်။

ဆင်ဟွာ သတင်းဌာန ၏ မြန်မာဘာသာ Online မီဒီယာ ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင် တည်ထောင်ခဲ့သည်။ ဆင်ဟွာ သတင်းဌာန၏ စိတ်ဝင်စားဖွယ် ကောင်းသော နယ်ပယ်စုံ သတင်း အချက်အလက်များကို ပြန်လည် စိစစ်ရွေးချယ်ပြီး ကဏ္ဍစုံ သတင်းများအား မြန်မာဘာသာဖြင့် ရေးသား၍ ထုတ်ပြန်လျက် ရှိပါသည်။

ဆင်ဟွာ သတင်းဌာန၏ မြန်မာဘာသာ Online မီဒီယာ တွင် ဆင်ဟွာ မြန်မာဘာသာ ဝက်ဘ်ဆိုက် (www.XinhuaMyanmar.com)၊ ဆင်ဟွာ မြန်မာဘာသာ ဖေ့စ်ဘုတ် (www.f

acebook.com/XinhuaMyanmar) နှင့် ဆင်ဟွာ မြန်မာဘာသာ မိုဘိုင်း Application (ဆင်ဟွာမြန်မာ App) တို့ပါဝင်သည်။

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လားဆ၌ ယဉ်ကျေးမှုအမွေအနှစ်များ ပြသထားသည့် ပူးတွဲပြပွဲ ကျင်းပ လ...
01/11/2025

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လားဆ၌ ယဉ်ကျေးမှုအမွေအနှစ်များ ပြသထားသည့် ပူးတွဲပြပွဲ ကျင်းပ
လားဆ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လားဆ၌ နန်းတော်ပြတိုက်၊ ရှီးဇန့်ပြတိုက်၊ ပိုတာလာပြတိုက်၊ နော်ဘူလင်ကာပြတိုက်တို့မှ ယဉ်ကျေးမှုအမွေအနှစ်များ ပြသထားသည့် ပူးတွဲပြပွဲတစ်ခုကို ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါပြပွဲအား ဒီဇင်ဘာ ၁ ရက်အထိ ဖွင့်လှစ်ပြသထားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
#ယဉ်ကျေးမှုအမွေအနှစ်ပြပွဲ #လားဆ #တရုတ် #ရှီးဇန့် ....................
(English Version)
Joint exhibition showcasing cultural relics held in Lhasa, China's Xizang
LHASA, Oct 31. (Xinhua)
A joint exhibition showcasing cultural relics from the Palace Museum, the Xizang Museum, the Potala Palace and the Norbulingka is held in Lhasa, southwest China's Xizang Autonomous Region to celebrate the autonomous region's 60th founding anniversary.
The exhibition will last till Dec. 1. ■
English Caption 1, 3, 4
Tourists visit an exhibition at Xizang Museum in Lhasa, southwest China's Xizang Autonomous Region, Oct. 30, 2025. (Xinhua/Zhou Jiayi)
English Caption 2
A tourist visits an exhibition at Xizang Museum in Lhasa, southwest China's Xizang Autonomous Region, Oct. 30, 2025. (Xinhua/Zhou Jiayi)
English Caption 5
An exhibit is on display during an exhibition at Xizang Museum in Lhasa, southwest China's Xizang Autonomous Region, Oct. 30, 2025. (Xinhua/Zhou Jiayi)

မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်ကာလ မြင်ကွင်းများတောင်ကြီး၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)မြန်မာ...
01/11/2025

မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်ကာလ မြင်ကွင်းများ

တောင်ကြီး၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်ကာလ နံနက်ပိုင်း မြင်ကွင်းများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက် ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)

#တောင်ကြီးမြို့ #ရှမ်းပြည်နယ်

တရုတ်နိုင်ငံ၏ ကွမ်ကျိုးနှင့် ဝူရှီးမြို့တို့က ယူနက်စကို ဖန်တီးမှုမြို့များကွန်ရက်၌ ပါဝင်လာပါရီ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ...
01/11/2025

တရုတ်နိုင်ငံ၏ ကွမ်ကျိုးနှင့် ဝူရှီးမြို့တို့က ယူနက်စကို ဖန်တီးမှုမြို့များကွန်ရက်၌ ပါဝင်လာ

ပါရီ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကွမ်ကျိုးမြို့နှင့် ဝူရှီမြို့တို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၏ ဖန်တီးမှုမြို့များကွန်ရက်တွင် ထည့်သွင်းလိုက်ကြောင်း ယူနက်စကိုက အောက်တိုဘာ ၃၁ ရက်၌ သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ကြေညာခဲ့သည်။
ယူနက်စကိုသည် ကမ္ဘာ့မြို့များနေ့ အထိမ်းအမှတ်အဖြစ် ချွမ်ကျိုးနှင့် ဝူရှီးမြို့ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ မြို့သစ် ၅၈ မြို့အား ကွန်ရက်အတွင်း ထည့်သွင်းခြင်းဖြင့် ၎င်း၏ ဖန်တီးမှုမြို့များကွန်ရက်ကို တိုးချဲ့ခဲ့သည်။

ကွန်ရက်တွင် ဗိသုကာ၊ လက်မှုပညာနှင့် ရိုးရာအနုပညာ၊ မီဒီယာအနုပညာ၊ ဒီဇိုင်း၊ ရုပ်ရှင်၊ အစားအသောက်၊ စာပေနှင့် ဂီတဟူ၍ နယ်ပယ်ရှစ်ခု ပါဝင်သည်။ ချွမ်ကျိုးမြို့ကို "အစားအသောက် ဖန်တီးမှုမြို့" အဖြစ် သတ်မှတ်ခဲ့ပြီး ဝူရှီးကို "ဂီတ ဖန်တီးမှုမြို့" အဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါ မြို့နှစ်မြို့စလုံးသည် ၎င်းတို့၏ တက်ကြွသော ယဉ်ကျေးမှုဘဝ၊ ဖန်တီးမှုကဏ္ဍများအတွက် တက်ကြွစွာ ပံ့ပိုးမှုနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်သော ချဉ်းကပ်မှုများကြောင့် ထင်ရှားသည်။
အဆိုပါ မြို့များထပ်တိုးမှုများဖြင့် ကွန်ရက်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ မြို့ပေါင်း ၄၀၈ မြို့ ပါဝင်ပြီး အားလုံးမှာ ဖန်တီးမှုလုပ်ငန်းများနှင့် ယဉ်ကျေးမှုဘဝ တိုးတက်စေရန် ၎င်းတို့၏ တစ်စိုက်မတ်မတ် ဆောင်ရွက်ချက်များအတွက် အသိအမှတ်ပြုခံရခြင်းဖြစ်ကြောင်း ယူနက်စကိုက ထုတ်ပြန်ခဲ့သည်။

၂၀၀၄ ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် ယူနက်စကို ဖန်တီးမှုရှိသော မြို့များကွန်ရက်သည် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို အသုံးချသည့် မြို့များအား အလုပ်အကိုင်များ ဖန်တီးပေးရန်၊ စီးပွားရေးတိုးတက်မှု မြှင့်တင်ပေးရန်နှင့် လူမှုရေးစည်းလုံးညီညွတ်မှု ခိုင်မာစေရန်အတွက် ကျွမ်းကျင်မှုများ မြှင့်တင်ပေးခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်းရှိသော ပညာရှင်များ ပံ့ပိုးပေးခြင်း၊ ဒေသခံလူမှုအသိုင်းအဝိုင်းများနှင့် ထိတွေ့ဆက်ဆံခြင်းတို့ဖြင့် ပံ့ပိုးပေးလျက်ရှိသည်။

ပေကျင်း၊ ရှန်ဟိုင်းနှင့် ဝူဟန့်အပါအဝင် အခြား တရုတ်မြို့များစွာကလည်း ၎င်းကွန်ရက်တွင် ပါဝင်နှင့်ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
#ချွမ်ကျိုး #ဝူရှီး #ယူနက်စကို .....................
(English Version)
Quanzhou, Wuxi join UNESCO Creative Cities Network
PARIS, Oct. 31 (Xinhua) -- Chinese cities Quanzhou and Wuxi have been added to the Creative Cities Network of the United Nations Educational, Scientific and Cultural Organization (UNESCO), the UN agency announced Friday in a press release.
UNESCO expanded its Creative Cities Network on the occasion of World Cities Day with the addition of 58 new cities around the world, including Quanzhou and Wuxi.
The Network encompasses eight creative fields: architecture, crafts and folk art, media arts, design, film, gastronomy, literature, and music. Quanzhou was designated a "Creative City of Gastronomy," while Wuxi was named a "Creative City of Music." Both cities stand out for their vibrant cultural life, active support for creative sectors, and innovative approaches to urban development.
With these additions, the Network now includes 408 cities across more than 100 countries, all acknowledged for their commitment to advancing creative industries and cultural life, UNESCO said.
Launched in 2004, the UNESCO Creative Cities Network supports cities that leverage culture and creativity to create jobs, boost economic growth, and strengthen social cohesion by promoting skills, supporting creative professionals, and engaging local communities.
Several other Chinese cities - including Beijing, Shanghai, and Wuhan - have also joined the Network. ■
English Caption
A tourist wearing a flowery headwear gets her makeup done at a travel photography studio at Xunpu Village of Quanzhou City, southeast China's Fujian Province, Aug. 18, 2025. (Xinhua/Lin Shanchuan)

နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာဥပဒေနှင့်ပတ်သက်၍ ဥပဒေရေးရာကျွမ်းကျင်ပညာရှင်များ ဘဲလ်ဂရတ်မြို့တွင် တွေ့ဆုံဆွေးနွေးဘဲလ်ဂရိတ်၊ န...
01/11/2025

နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာဥပဒေနှင့်ပတ်သက်၍ ဥပဒေရေးရာကျွမ်းကျင်ပညာရှင်များ ဘဲလ်ဂရတ်မြို့တွင် တွေ့ဆုံဆွေးနွေး

ဘဲလ်ဂရိတ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တော်၌ ကျင်းပပြုလုပ်နေသည့် ပထမအကြိမ် ဘဲလ်ဂရိတ် ကမ္ဘာ့သိပ္ပံ ဆိုင်ရာညီလာခံ၏ သီတင်းပတ်ကုန်ရက်တစ်ခုလုံးတွင် နိုင်ငံတကာရာဇဝတ်မှု ဆိုင်ရာဥပဒေ၏အနာဂတ်ကို ဆွေးနွေးရန် နိုင်ငံပေါင်း ၅၀ ကျော်မှ ဥပဒေရေးရာကျွမ်းကျင်ပညာရှင်များကို စုစည်းဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါညီလာခံကို "နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာဥပဒေ၏ လမ်းဆုံလမ်းခွများ" ဟူသော ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၃၀ ရက်က စတင်ဖွင့်လှစ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ညီလာခံသို့ တက်ရောက်လာကြသောပညာရှင်များနှင့် ဥပဒေရေးရာကျွမ်းကျင်သူများသည် လက်နက်ကိုင်ပဋိပက္ခများ၊ စစ်တပ်၏ ကြားဝင်စွက်ဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံတကာရာဇဝတ်မှု တရားရုံး (ICC) ၏ အခန်းကဏ္ဍ စသည်များကိုအာရုံစိုက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂအဖွဲ့ကြီးကို ပြန်လည်တည်ဆောက်ခြင်း၊ အနာဂတ်တွင် ပဋိပက္ခများကိုလျှော့ချခြင်းနှင့် ပိုမိုကောင်းမွန်သောကမ္ဘာကြီးကိုဖန်တီးခြင်းများအတွက် ယခုညီလာခံမှ ခိုင်မာသည့် အဆိုပြုချက်များထွက်ပေါ်လာစေရန်ရည်မှန်းထားကြောင်း အီတလီ လူမှုဗေဒပညာရှင်နှင့် ကုလသမဂ္ဂတားမြစ်ဆေးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး အမှုဆောင် ညွှန်ကြား ရေးမှူးဟောင်း ပီနိုအာလက်ချီက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

နိုင်ငံတကာ ရာဇဝတ်မှုဥပဒေဆိုင်ရာ ဆားဘီးယားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးချုပ် ဆရီတိုနိုဂိုကလည်း ပိုမိုယိုယွင်းဆိုးရွားလာသော ကမ္ဘာလုံးဆိုင်ရာဖွဲ့စည်းပုံတစ်ခု၏အလယ်တွင် အင်အားကြီးမားသည့် နိုင်ငံရေးများက နိုင်ငံတကာဆက်ဆံရေးများ၌ ဩဇာလွှမ်းမိုးမှု ပိုမိုများပြားလာခြင်းကို မီးမောင်းထိုးပြောကြားခဲ့သလို အဓိပ္ပါယ်အနှစ်သာရပြည့်၀သော ကမ္ဘာလုံးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွင် တရုတ်နိုင်ငံ၏ပါဝင်ဆောင်ရွက်မှုလိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည့်အဆိုပါညီလာခံကို ပေကျင်းမြို့တော်အခြေစိုက် သိပ္ပံဆိုင်ရာပလက်ဖောင်းဖြစ်သော Global Era ရှိ ရာဇဝတ်မှုနှင့် ရာဇဝတ်မှုဥပဒေဆိုင်ရာ နိုင်ငံတကာဖိုရမ်နှင့် နိုင်ငံတကာရာဇဝတ်မှုဥပဒေဆိုင်ရာ ဆားဘီးယားအစည်းအရုံးက ပူးတွဲစီစဉ်ကျင်းပခြင်းဖြစ်သည်။ (Xinhua)
#နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာဥပဒေ #ဥပဒေရေးရာကျွမ်းကျင်ပညာရှင်များ #ညီလာခံ ...........................
(English Version)
Legal experts discuss int'l criminal law in Belgrade
BELGRADE, Oct. 31 (Xinhua)
The first Belgrade World Scientific Conference gathered legal experts from more than 50 countries to discuss the future of international criminal law over the weekend.
The conference was opened on Thursday under the theme "Crossroads of International Criminal Law." Academics and legal experts attending the conference would focus on armed conflicts, military interventions, human rights violations, UN Security Council reform, and the role of the International Criminal Court.
Pino Arlacchi, Italian sociologist and former executive director of the UN Office on Drugs and Crime, told Xinhua that the conference aims to produce concrete proposals for "rebuilding the United Nations, reducing future conflicts, and creating a better world."
Sreto Nogo, secretary-general of the Serbian Association for International Criminal Law, underlined that international relations are increasingly influenced by power politics amid a deteriorating global order, adding that meaningful global reform requires China's participation.
The event, running through Nov. 2, is jointly organized by the International Forum on Crime and Criminal Law in the Global Era, a Beijing-based scientific platform, and the Serbian Association for International Criminal Law. ■
Photo:
A drone photo taken on April 29, 2024 shows a city view of Zemun in Belgrade, Serbia. (Photo by Wang Wei/Xinhua)

၃၀ ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ် ပုံမှန်တွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်မှန်းချက်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရ...
01/11/2025

၃၀ ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ် ပုံမှန်တွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်မှန်းချက်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်၏ ဖိတ်ကြားမှုအရ ရုရှား ဖက်ဒရယ်အစိုးရ ဝန်ကြီးချုပ် Mikhail Mishustin သည် နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက်၍ ၃၀ ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ် ပုံမှန်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အောက်တိုဘာ ၃၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ယင်းနှင့်စပ်လျဉ်း၍သက်ဆိုင်ရာအခြေအနေများကို မိတ်ဆက်ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်နှင့် သမ္မတ ပူတင်တို့၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် တရုတ်-ရုရှား ဆက်ဆံရေးသည် အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားကာ ကဏ္ဍအသီးသီးပူးပေါင်းဆောင်ရွက်မှုသည် အပြုသဘောဆောင်၍ တည်ငြိမ်ခိုင်မာသော မြှင့်တင်မှုအရှိန်အဟုန်ကို ပြသလျက်ရှိကြောင်း၊ တရုတ်-ရုရှား ဝန်ကြီးချုပ် ပုံမှန်တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ သဘောတူညီမှုကို လက်တွေ့ဖော်ဆောင်ခြင်းဖြစ်သလို နှစ်ဖက် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကို အလုံးစုံညှိနှိုင်းဆောင်ရွက်ပေးသော အရေးကြီးယန္တရားဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုကာလအတွင်း နှစ်နိုင်ငံ ဝန်ကြီးချုပ်တို့သည် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုများကို ဘက်စုံစိစစ်သွားကာ နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုကို အစီအစဉ်ရေးဆွဲကာ ဘုံစိုးရိမ်သော ကိစ္စရပ်များတွင် အမြင်သဘောထားများကို နက်ရှိုင်းစွာ ဖလှယ်ကြမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

“လာမည့်နှစ်က တရုတ်-ရုရှားနှစ်နိုင်ငံ၏ ‘တရုတ်-ရုရှား ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု စာချုပ်’ လက်မှတ်ရေးထိုးခြင်း ၂၅ နှစ်မြောက်နဲ့ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့်နှစ် ကျရောက်မှာဖြစ်တယ်” ဟူ၍ ကောကျားခွန်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ ယခုအကြိမ် ဝန်ကြီးချုပ်များ ပုံမှန်တွေ့ဆုံဆွေးနွေးမှုကနေတစ်ဆင့် အပြန်အလှန်ယုံကြည်မှု တစ်ဆင့်တိုး တိုးတက်စေဖို့၊ သဘောတူညီမှုများ စုစည်းနိုင်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဖို့၊ တရုတ်-ရုရှား ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုအားကောင်းတဲ့ စွမ်းအင်တွေ ဖြည့်တင်းပေးဖို့ မျှော်လင့်ပါတယ်” ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

#တရုတ်_ရုရှား_ဆက်ဆံရေး #၃၀ကြိမ်မြောက် #တရုတ်_ရုရှား_ဝန်ကြီးချုပ်_ပုံမှန်တွေ့ဆုံဆွေးနွေးမှု #တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန
………………………
(Chinese Version)
外交部发言人谈对中俄总理第三十次定期会晤期待
新华社北京10月31日电(记者袁睿、刘杨)应国务院总理李强邀请,俄罗斯联邦政府总理米舒斯京将于11月3日至4日来华举行中俄总理第三十次定期会晤。外交部发言人郭嘉昆31日在例行记者会上介绍有关情况。
郭嘉昆说,在习近平主席和普京总统战略引领下,中俄关系保持高水平发展,各领域合作呈现积极稳健推进势头。中俄总理定期会晤是推动落实两国元首共识,统筹协调双方务实合作的重要机制。会晤期间,两国总理将全面梳理各方向合作进展,规划下一阶段合作,并就共同关心的问题深入交换意见。
“明年,中俄两国将迎来《中俄睦邻友好合作条约》签署25周年和战略协作伙伴关系建立30周年。”郭嘉昆说,“我们期待通过此次总理定期会晤,进一步增进互信,凝聚共识,推进合作,为中俄新时代全面战略协作伙伴关系发展注入更强动力。”(完)

တရုတ်နိုင်ငံက “အာကာသမိသားစုဥယျာဉ်” သို့ ပထမဆုံးအကြိမ်ပို့ဆောင်မည့် ကြွက်လေး ၄ ကောင် ရွေးချယ်ခဲ့ပြီးဖြစ်ကျိုချွမ်၊ နိုဝင်...
01/11/2025

တရုတ်နိုင်ငံက “အာကာသမိသားစုဥယျာဉ်” သို့ ပထမဆုံးအကြိမ်ပို့ဆောင်မည့် ကြွက်လေး ၄ ကောင် ရွေးချယ်ခဲ့ပြီးဖြစ်

ကျိုချွမ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

မကြာမီတွင် ရှန်ကျိုး-၂၁ လူလိုက်ပါအာကာသယာဉ်ဖြင့် အာကာသသို့ လိုက်ပါမည့် ကြွက်လေး ၄ ကောင်ကို တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီမှ ကျွမ်းကျင်ပညာရှင်များက အောက်တိုဘာ ၃၁ ရက်တွင် ရွေးချယ်ရန် ကြိုတင်ပြင်ဆင်ထားသော ကြွက်လေး ၄၈ ကောင်အနက်မှ ရွေးချယ်ပြီးဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ကြွက်လေးများအား “အာကာသမိသားစုဥယျာဉ်” သို့ ဝင်ရောက်စေရန် ပို့လွှတ်ခြင်းဖြစ်သည်။

တရုတ် အာကာသစခန်းတွင် ပထမဆုံးအကြိမ် နို့တိုက်သတ္တဝါဆိုင်ရာ အာကာသသိပ္ပံလက်တွေ့စမ်းသပ်မှုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အထီး နှစ်ကောင်၊ အမ နှစ်ကောင်ပါဝင်သည့် ကြွက်လေး ၄ ကောင်ကို ရွေးချယ်ကာ အာကာသယာဉ်ဖြင့် တစ်ပါတည်း ခေါ်ဆောင်သွားပြီး ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း မွေးမြူသွားမည်ဖြစ်ပြီး ဆွဲငင်အားမရှိခြင်း၊ အလုံပိတ်ထားခြင်း စသည့် အာကာသ အခြေအနေများက ကြွက်လေး၏ အပြုအမူပုံစံအပေါ် သက်ရောက်မှုများကို အဓိကထား၍ သုတေသနပြုသွားမည်ဖြစ်ကြောင်း၊ ထို့နောက် အဆိုပါ အာကာသယာဉ်ဖြင့် ကမ္ဘာသို့ ပြန်လာကာ တစ်ဆင့်တိုး သိပ္ပံသုတေသနများ လုပ်ဆောင်သွားပြီး ကြွက်၏ တစ်သျှူးနှင့် အင်္ဂါအစိတ်အပိုင်းများစွာသည် အာကာသပတ်ဝန်းကျင်တွင် နှိုးဆွမှုရှိသော တုံ့ပြန်မှုနှင့် လိုက်လျောညီထွေရန် ပြောင်းလဲသော နိယာမများကို စူးစမ်းလေ့လာသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသစီမံကိန်း ပြောရေးဆိုခွင့်ရှိသူ ကျန်းကျင့်ပေါက ယင်းမတိုင်မီ မိတ်ဆက်ပြောကြားခဲ့သည်။

“ဒီ ကြွက်အမည်းလေး ၄ ကောင်ကို မျိုးရိုးဗီဇညီညာမှုကောင်းမွန်ပြီး တစ်ကောင်နဲ့ တစ်ကောင် ကွဲပြားမှုနည်းပါးတဲ့ C57BL/6 မျိုးကွဲကို ရွေးချယ်ထားတာကြောင့် အာကာသ လက်တွေ့စမ်းသပ်မှုနဲ့ သိပ္ပံအချက်အလက်စုဆောင်းမှုတွေ လုပ်ဖို့ အထောက်အကူပြုတယ်” ဟု တရုတ် သိပ္ပံအကယ်ဒမီ သတ္တဗေဒသုတေသနဌာန၏ ဒုတိယသုတေသီ လီထျန်းတာက “အာကာသကြွက်လေးများ” ၏ ရွေးချယ်မှုအသေးစိတ်ကို ရှင်းပြခဲ့သည်။
ကြီးထွားမှုမျဉ်းကွေးများ၊ ဇီဝကမ္မနှင့် ဇီဝဓာတုဆိုင်ရာ အညွှန်းကိန်းများစသည့် စံသတ်မှတ်ချက်ပေါင်းများစွာအား အခြေခံ၍ အရွေးချယ်ခံ ကြွက်လေး အကောင် ၃၀၀ အပေါ် ကနဦး စစ်ဆေးရွေးချယ်မှု ပြုလုပ်ခဲ့ကြောင်း၊ ဒုတိယအဆင့် ဆက်လက်ပါဝင်ရွေးချယ်သော ကြွက်လေး အကောင် ၁၀၀ အား နားအတွင်းအာရုံခံစနစ်စွမ်းရည်နှင့် လိုက်လျောညီထွေရှိစေသော မွေးမြူရေးလေ့ကျင့်မှုများ ခံယူစေခဲ့ကြောင်း၊ ရွေးချယ်မှုနှင့် လေ့ကျင့်မှု အောင်မြင်ခဲ့သော ကြွက်လေး ၄၈ ကောင်အား ပေကျင်းမြို့မှ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာသို့ ပို့ဆောင်ကာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိစေသော မွေးမြူမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒီနေ့ နံနက်ပိုင်းမှာပဲ နောက်ဆုံးအနေနဲ့ လိုက်ပါပျံသန်းမယ့် ကြွက်လေး ၄ ကောင်ကို အတည်ပြုခဲ့တယ်။ ‘လှောင်အိမ်တစ်ခုမှာ အထီးအမတစ်ကောင်စီတွဲထား’ တဲ့ ပုံစံနဲ့ ကြွက်စမ်းသပ်မှုယူနစ်နှစ်ခုမှာ ထားရှိပြီး အာကာသခရီး စတင်မှာဖြစ်တယ်” ဟု လီထျန်းတာက ပြောကြားခဲ့သည်။

ကြွက်လေးများသည် ဇီဝသိပ္ပံသုတေသန ကဏ္ဍတွင် အသုံးအများဆုံး လက်တွေ့စမ်းသပ်မှု တိရစ္ဆာန်များအနက် တစ်ခုဖြစ်ကြောင်း၊ ၎င်းတို့၏ မျိုးရိုးဗီဇသည် လူသားများနှင့် အလွန်ဆင်တူသည်။ အာကာသပတ်ဝန်းကျင်အောက်ရှိ ကြွက်များ၏ တစ်သျှူးနှင့် အင်္ဂါအစိတ်အပိုင်းများစွာသည် နှိုးဆွမှုရှိသော တုံ့ပြန်မှုနှင့် လိုက်လျောညီထွေရန် ပြောင်းလဲသော နိယာမများကို လေ့လာခြင်းသည် အာကာသပတ်ဝန်းကျင်၏ နို့တိုက်သတ္တဝါများအပေါ် သက်ရောက်မှု ယန္တရားများကို စူးစမ်းလေ့လာရန် အထောက်အကူဖြစ်စေကြောင်း သိရသည်။
အာကာသထဲတွင် ကြွက်လေးများ မည်သို့နေထိုင်သနည်း။ လီထျန်းတာက ရှုထောင့်အစုံမှ ဖြေကြားပေးခဲ့သည်။ ပထမဦးစွာ စက်ကိရိယာအတွင်းရှိ တိရစ္ဆာန်များအတွက် အလင်းရောင်စနစ်သည် နံနက် ၇ နာရီတွင် ဖွင့်ပေးပြီး ည ၇ နာရီတွင် ပိတ်သွားကာ မြေပြင်နှင့်တူညီသော ဇီဝကမ္မစက်ဝန်းကို ထိန်းသိမ်းပေးထားကြောင်း၊ အစားအကြွင်းအကျန်များ လျော့နည်းစေရန်၊ သွားကြိတ်သည့် အလေ့အထနှင့်ကိုက်ညီမှုရှိစေရန် ကြွက်စာကို အာဟာရမျှတစေရုံသာမက ပိုမိုမာကျောအောင် ပြုလုပ်ထားကြောင်း၊ စက်ကိရိယာအတွင်းရှိ ဦးတည်ချက်ထားသည့်လေတိုက်စက်ကွင်းသည် အမွေးအမျှင်များ၊ မစင်အညစ်အကြေးများစသည့် စွန့်ပစ်ပစ္စည်းများကို မစင်စုဆောင်းသော သေတ္တာထဲသို့ မှုတ်ထုတ်ပေးမည်ဖြစ်ပြီး ကြွက်လေးများ၏ မွေးမြူရေးပတ်ဝန်းကျင် သန့်ရှင်းမှု ထိန်းသိမ်းပေးထားမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

ယခုအချိန်ထိ အာကာသစခန်းသည် ဇီဘရားငါး၊ သစ်သီးယင်ကောင် စသည့် တိရစ္ဆာန်ငယ်များကို ဆက်လက်ရောက်ရှိခဲ့ပြီးဖြစ်သည်။ လူလိုက်ပါအာကာသ စီမံကိန်းသည် အာကာသစခန်း အသုံးချမှုနှင့် ဖွံ့ဖြိုးရေးအဆင့်သို့ ရောက်ရှိလာသည့်အချိန်မှစ၍ တရုတ်နိုင်ငံသည် အာကာသ ဇီဝသိပ္ပံ၊ အာကာသပစ္စည်းသိပ္ပံနှင့် မိုက်ခရိုဆွဲငင်အား လောင်ကျွမ်းခြင်းသိပ္ပံစသည့် ပညာရပ်ကဏ္ဍများစွာတွင် ဂြိုဟ်ပတ်လမ်းကြောင်းဆိုင်ရာ သိပ္ပံ လက်တွေ့စမ်းသပ်မှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ ရလဒ်များသည် နိုင်ငံ၏စီးပွားရေးနှင့် ပြည်သူ့လူနေမှုဘဝအား ဝန်ဆောင်မှုပေးလျက်ရှိသည်။

အစီအစဉ်အရ ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးအဖွဲ့သည် ဂြိုဟ်ပတ်လမ်းကြောင်းရှိ ကာလအတွင်း သိပ္ပံနှင့် အသုံးချစီမံကိန်းအသစ် ၂၇ ခုကို လုပ်ဆောင်သွားမည်ဖြစ်သည်။ (Xinhua)
#ရှန်ကျိုး_၂၁ #အာကာသစခန်း #လူလိုက်ပါအာကာသယာဉ် #အာကာသသို့လိုက်ပါမည့်ကြွက်၄ကောင်
………………….
(Chinese Version)
神舟二十一号|4只小鼠已选定!我国首次送小鼠进入“太空家园”
新华社酒泉10月31日电(记者刘艺、黄一宸)即将随神舟二十一号载人飞船上行的4只小鼠,10月31日由中国科学院专家从48只备选小鼠中选定。这是我国首次送小鼠进入“太空家园”。
中国载人航天工程新闻发言人张静波此前介绍,将首次在中国空间站实施哺乳动物空间科学实验,选用两雌两雄4只小鼠,随飞船上行并进行在轨饲养,重点研究失重、密闭等空间条件对小鼠行为模式的影响,之后随飞船返回地面,进一步开展科学研究,探索小鼠多组织器官在空间环境的应激响应和适应性变化规律。
“这4只黑色小鼠,选用C57BL/6品系,遗传均一性好、个体间差异小,有利于开展空间实验和科学数据采集。”中国科学院动物研究所副研究员李天达介绍了“太空小鼠”的选拔细节,根据生长曲线、生理生化指标等多项标准,对300只参选小鼠进行初选;进入复选的100只小鼠,要经历前庭功能和适应性饲养训练;筛选和训练合格后的48只小鼠,从北京运抵酒泉卫星发射中心进行环境适应性饲养。
李天达说:“今天一早,我们确定了最终上天的4只小鼠,将以‘雌雄同笼’的方式装在两个小鼠实验单元中,开启太空之旅。”
据了解,小鼠是生命科学研究领域最为常用的实验动物之一,其基因组与人类高度相似。研究小鼠多组织器官在空间环境的应激响应和适应性变化规律,有助于探索空间环境对哺乳动物的影响机制。
小鼠在太空如何生活?李天达从多个方面进行解答:首先装置内的动物照明会在早7点亮起、晚7点关闭,保持与地面相同的生物节律;鼠粮不仅营养均衡,还制作得较为坚硬,以减少残渣并适合小鼠的磨牙习性;装置内部的定向风场会将毛发、粪便等垃圾吹入排泄物收集盒,保持小鼠饲养环境整洁……
截至目前,空间站已陆续迎来斑马鱼、果蝇等小动物。载人航天工程进入空间站应用与发展阶段以来,我国持续开展空间生命科学、空间材料科学、微重力燃烧科学等多学科领域在轨科学实(试)验,科研成果服务国计民生。
按计划,神舟二十一号航天员乘组在轨期间将新开展27项科学与应用项目。(完)
图说:10月31日晚,搭载神舟二十一号载人飞船的长征二号F遥二十一运载火箭在酒泉卫星发射中心点火发射。 新华社记者 李志鹏 摄

တရုတ်နိုင်ငံ နင်းရှဒေသ ရင်ချွမ်းတွင် စင်ရော်ငှက်များနှင့် ရေကန် ပနံသင့်လှပနေရင်ချွမ်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)ဆောင်းဦးရာ...
01/11/2025

တရုတ်နိုင်ငံ နင်းရှဒေသ ရင်ချွမ်းတွင် စင်ရော်ငှက်များနှင့် ရေကန် ပနံသင့်လှပနေ

ရင်ချွမ်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ဆောင်းဦးရာသီ ကုန်ဆုံးခါနီးချိန်တွင် စင်ရော်ခေါင်းမဲငှက်များစွာက တရုတ်နိုင်ငံ နင်းရှဒေသ ရင်ချွမ်းမြို့ ဟိုင်ပေါင်ဥယျာဉ်သို့ “လာရောက်လည်ပတ်” လျက်ရှိရာ မြို့သူ၊ မြို့သား အများအပြား လာရောက်ရှုစားရန် ဆွဲဆောင်ခဲ့သည်။ လတ်တလောနှစ်ပိုင်းတွင် ရင်ချွမ်းမြို့ ဂေဟပတ်ဝန်းကျင်သည် အဆက်မပြတ် တိုးတက်ကောင်းမွန်လာခဲ့ရာ ရေကန်အများအပြားက ရွှေ့ပြောင်းငှက်များအတွက် ကောင်းမွန်သော ခိုနားရာနေရာဖြစ်လာခဲ့သည်။ နှစ်စဉ် စင်ရော်ခေါင်းမဲငှက် အများအပြားက ဤနေရာ၌ ခရီးတစ်ထောက် အနားယူလေ့ရှိပေသည်။ (Xinhua)

#တရုတ် #နင်းရှ #စင်ရော်ခေါင်းမဲ
-------------------
(Chinese Version)
宁夏银川:碧水映鸥影
新华社照片,银川,2025年10月31日
深秋时节,大批红嘴鸥“造访”宁夏银川市海宝公园,吸引众多市民前来观赏。近年来,银川市生态环境持续向好,众多湖泊成为候鸟的理想栖息地,每年有大批红嘴鸥在这里休整中转。
1、10月31日在银川市海宝公园拍摄的红嘴鸥。 新华社记者 吕泽 摄
2、10月31日,游人在银川市海宝公园观赏红嘴鸥。新华社记者 吕泽 摄

“ကလိုဗာအသွင်” အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) က အသွင်သစ်ဖြင့် တရုတ် CIIE ပြပွဲအား ကြိုဆိုလျက်ရှိရှန်...
01/11/2025

“ကလိုဗာအသွင်” အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) က အသွင်သစ်ဖြင့် တရုတ် CIIE ပြပွဲအား ကြိုဆိုလျက်ရှိ

ရှန်ဟိုင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) ၏ အပြင်ပန်း အလှဆင်မှုလုပ်ငန်းများ အခြေခံအားဖြင့် လုပ်ဆောင်ပြီးစီးသွားပြီဖြစ်သည်။ “ကလိုဗာအသွင်” အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) သည် အသွင်သစ်ဖြင့် ဆန်းသစ်နေပြီး မကြာမီ နိုဝင်ဘာလဆန်း၌ ဖွင့်လှစ်ကျင်းပမည့် ၈ ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အား ကြိုဆိုလျက်ရှိပေသည်။ (Xinhua)

#တရုတ် #ရှန်ဟိုင်း #တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ
-------------------
(Chinese Version)
“四叶草”绽新颜 静待第八届进博会
新华社照片,上海,2025年10月31日
近日,国家会展中心(上海)的外观装饰工作基本完成。“四叶草”焕然一新,迎接将于11月初开幕的第八届中国国际进口博览会。
1、10月31日拍摄的国家会展中心(上海)北广场。新华社记者 刘颖 摄
2、10月29日拍摄的国家会展中心(上海)南广场。 新华社记者 刘颖 摄
3、10月29日拍摄的国家会展中心(上海)周边的进博会标志。新华社记者 刘颖 摄

လူစားလဲခံရခြင်းကြောင့် ပေါက်ကွဲခဲ့သည့် ဗီနီးဆီးယက်စ်ကို လက်စားချေအရေးယူမည်မဟုတ်ဟု အလွန်ဆို ပြောကြားမက်ဒရစ်၊  နိုဝင်ဘာ ၁ ...
01/11/2025

လူစားလဲခံရခြင်းကြောင့် ပေါက်ကွဲခဲ့သည့် ဗီနီးဆီးယက်စ်ကို လက်စားချေအရေးယူမည်မဟုတ်ဟု အလွန်ဆို ပြောကြား

မက်ဒရစ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့်သီတင်းပတ်က ဘာစီလိုနာကို အနိုင်ရခဲ့သည့်ပွဲတွင် လူစားလဲခံရခြင်းကြောင့် စိတ်ဆိုး မာန်ဆိုးတုံ့ပြန်ခဲ့သည့် တိုက်စစ်မူး ဗီနီးဆီးယက်စ်ကို တုံ့ပြန်လက်စားချေ အရေးယူသွားမည် မဟုတ် ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက အောက်တိုဘာ ၃၁ ရက်က ပြောကြားလိုက်သည်။
ဘာစီလိုနာကို ၂-၁ ဂိုးရလဒ်ဖြင့်အနိုင်ရနေချိန် ပွဲချိန် မိနစ် ၇၀ တွင် အလွန်ဆိုက ဗီနီးဆီးယက်စ်ကို ရိုဒရီဂိုနှင့် လူစားလဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘရာဇီးတောင်ပံကစားသမားသည် လူစားလဲခံရပြီးနောက် အဝတ်လဲခန်းအတွင်းသို့သွားရာ ဥမင်အတွင်းသို့ တိုက်ရိုက်တန်းဝင်သွားခြင်းမတိုင်မီ ပါးစပ်မှလည်း အော်ဟစ်ကာ လက်ဟန်ခြေဟန်များ ပြသပြီး စိတ်ဆိုးစွာတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဗီနီးဆီးယက်စ်က အရန်ကစားသမားများ ခုံတန်းသို့ ပြန်လာထိုင်ခဲ့ကာ ပွဲပြီးခါနီး အခိုက်အတန့်များကို ကြည့်ရှုခဲ့သည်။
ယခုသီတင်းပတ်အတွင်း၌ ဗီနီးဆီးယက်စ်က ၎င်း၏ အပြုအမူများနှင့်ပတ်သက်၍ ကလပ်ကစားဖော်များနှင့် ပရိသတ်များသို့ ရည်ညွှန်းသည့်ကြေညာချက်တစ်ခုထုတ်ကာ ပြန်လည်တောင်းပန်ခဲ့သည်။ အဆိုပါ တောင်းပန်သည့်ကြေညာချက်တွင် အလွန်ဆိုကို ရည်ညွှန်းထားခြင်း မရှိပေ။
နိုဝင်ဘာ ၁ ရက်တွင် ဗလန်စီယာကိုအိမ်ကွင်း၌ လက်ခံကစားရမည့် လာလီဂါပွဲမတိုင်မီ သတင်းစာ ရှင်းလင်းပွဲတွင် ဗီနီးဆီးယက်စ်က တိုက်ရိုက်တောင်းပန်ခဲ့ခြင်း ရှိ၊ မရှိမေးမြန်းခဲ့မှုများနှင့်ပတ်သက်၍ အလွန်ဆိုက "ကျွန်တော်တို့ အောက်တိုဘာ ၂၉ ရက်က ကစားသမားတိုင်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဗီနီးဆီးယက်စ်ကလည်း အပြစ်ပြောစရာမရှိပါဘူး။ ဗီနီးဆီးယပ်စ်က နှလုံးသားထဲကလာတဲ့အတိုင်းပဲ ရိုးသားစွာ စကားပြောခဲ့ပါတယ်။ ဒါကလည်း အရမ်းကောင်းပါတယ်။ ဒီကိစ္စကလည်း ကျွန်တော့်အတွက် ပြီးသွားပါပြီ" ဟု တုံ့ပြန်ဖြေကြားခဲ့သည်။
ဗီနီးဆီးယက်စ်က လူသိထင်ရှား တရားဝင်ကြေညာချက်ထုတ်ပြန်တောင်းပန်ခဲ့ရာ၌ ၎င်းကို ရည်ညွှန်းခဲ့မှု မရှိခြင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင်လည်း စိတ်အနှောင့်အယှက် လုံးဝမဖြစ်ကြောင်း အလွန်ဆိုက အခိုင်အမာပြောကြားခဲ့သည်။
"ဗီနီးဆီးယက်စ်ရဲ့ ကြေညာချက်က အရမ်းကို အရေးကြီးပြီး အလွန်တရာလည်း အပြုသဘောဆောင် ပါတယ်။ သူကတော့ နှလုံးသားထဲကလာတဲ့အတိုင်း ပြောဆိုပြီး သူ့ရဲ့ ရိုးသားမှုကို ဖော်ထုတ်ပြသခဲ့တာပါ။ အရေးအကြီးဆုံးက သူ ဘာပြောခဲ့သလဲဆိုတာပါပဲ။ ကျန်တော်ကတော့ အရမ်းကို ကျေနပ်ပါတယ်။ ဒီကိစ္စကလည်း အောက်တိုဘာ ၂၉ ရက်ကတည်းက ပြီးသွားပါပြီ" ဟု အလွန်ဆိုက ပြောခဲ့သလို ဗီနီးဆီးယက်စ်ကို မည်သည့်အရေးယူမှုမျှ ပြုလုပ်မည်မဟုတ်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။
"တုံ့ပြန်အရေးယူမှုတွေ ရှိမှာမဟုတ်ပါဘူး။ ကျန်တော်တို့ အခုအာရုံစိုက်ပြီး စိုးရိမ်နေတာက ဗလန်စီယာ နဲ့ ကစားရမယ့်ပွဲပဲ ဖြစ်ပါတယ်" ဟု အလွန်ဆိုက နိဂုံးချုပ်ပြောကြားခဲ့သည်။ (Xinhua)
#ရီးရဲလ်မက်ဒရစ် #အလွန်ဆို #ဗီနီးဆီးယက်စ် #လက်စားချေအရေးယူမှုမရှိ .....................
(English Version)
Alonso says 'no reprisal' for Vinicius after substitution outburst
MADRID, Oct. 31 (Xinhua)
Real Madrid coach Xabi Alonso said Friday there will be "no reprisal" against forward Vinicius Jr. for his angry reaction to being substituted in last weekend's win over Barcelona.
Alonso replaced Vinicius with Rodrygo in the 70th minute of the 2-1 victory. The Brazilian winger reacted by shouting and gesticulating before walking straight down the tunnel, though he later returned to the dugout for the match's closing moments.
Vinicius issued a statement during the week apologizing to teammates and fans for his behavior. The message did not mention Alonso.
Speaking to the press ahead of Saturday's La Liga match at home to Valencia, Alonso was asked if Vinicius had apologized to him directly.
"We had a meeting with everyone on Wednesday, and Vinicius was impeccable," Alonso replied. "He spoke sincerely, from the heart, and it was very good. The issue is closed for me."
The coach was also asked about not being mentioned in Vinicius's public statement and insisted he was not annoyed.
"It was a very valuable, very positive statement. He demonstrated his honesty and spoke from the heart. The most important thing is what he said, and I was very satisfied. The matter was closed on Wednesday," Alonso said, reiterating he would not take any action against the forward.
"There will be no reprisal. What worries me now is Valencia," he concluded. ■

Photo:
Vinicius Junior (L) of Real Madrid celebrates his goal during the La Liga football match between Real Madrid and Villarreal CF at the Santiago Bernabeu Stadium, Madrid, Spain, on Oct. 4, 2025. (Photo by Gustavo Valiente/Xinhua)

01/11/2025

တရုတ်နိုင်ငံ ကျေးလက်ဒေသတွင် ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ နမူနာပစ္စည်းများကို ဒရုန်းဖြင့် သယ်ယူပို့ဆောင်လျက်ရှိ

ကူမင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျေးလက်ဒေသတွင် ဒရုန်းဖြင့် သယ်ယူပို့ဆောင်ခြင်းက ခရီးအကွာအဝေးများကို ပေါင်းကူးချိတ်ဆက်ပေးနိုင်ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိသည်။ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းရှိ ယန်ကျင်းခရိုင်သည် ယင်း၏ ခရိုင်မြို့တော်နှင့် ဝေးလံခေါင်သီသော မြို့နယ်များအကြား ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ နမူနာပစ္စည်းများကို ဒရုန်းများအသုံးပြုကာ သယ်ယူပို့ဆောင်နေကြသည်ကို ဤရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်သည်။ (Xinhua)

#ဆေးဝါးများ #ဆေးဘက်ဆိုင်ရာနမူနာပစ္စည်းများ #ဒရုန်း #သယ်ယူပို့ဆောင်
……………………………………..
(English Version)
Drone delivers medicines, medical samples in rural China
In rural China, drone delivery is bridging distances and saving lives. Watch how Yanjin County in southwestern Yunnan Province uses drones to transport medicines and medical samples between the county seat and its remote townships.

၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို မလေးရှားနိုင်ငံ၌ ကျင်းပပေကျင်း၊ နိုဝင်ဘာ ၁ ရက် (...
01/11/2025

၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို မလေးရှားနိုင်ငံ၌ ကျင်းပ

ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီး အလွတ်သဘော အစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးကို တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ၊ မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Mohamed Khaled Nordin တို့ အတူတကွ ကြီးမှူးကျင်းပခဲ့သည်။

အစည်းအဝေးတွင် တုန်ကျွင်းက တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်လမ်းညွှန်မှုအောက်တွင် တရုတ်-အာဆီယံ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်ချင်း တိုးချဲ့လာပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအတွက် အရေးကြီးအင်အားဖြင့် အကျိုးထမ်းဆောင်ခဲ့ကြောင်း၊ ပြောင်းလဲရှုပ်ထွေးနေသည့် အခါသမယတွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများက တည်ငြိမ်မှုကျောက်ဆူးကြီး အခန်းကဏ္ဍမှ ပါဝင်ပြီး ပိုမိုနီးကပ်သည့် တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်း လက်တွဲတည်ဆောက်ရန် ပိုမိုလိုအပ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ ပူးတွဲ၍ မိမိကိုယ်ပိုင်အင်အားတောင့်တင်းရေးကို အရင်းခံကာ အတူတကွလုံခြုံရေး၏ အကာအကွယ်အတားအဆီးကို ပိုမိုခိုင်မြဲစွာ တည်ဆောက်သွားလိုကြောင်း၊ အရှေ့တိုင်းဉာဏ်ပညာဖြင့် အရှေ့တိုင်းအင်အားများ စုစည်းကာ လက်တွေ့လှုပ်ရှားမှုဖြင့် တောင်တရုတ်ပင်လယ် ရေရှည်တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်းလိုကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှု လမ်းကြောင်း လျှောက်လှမ်းခြင်းအား အခိုင်အမာ လက်ကိုင်ထားကာ အပြန်အလှန် လေ့လာသင်ယူမှုအတွင်း အပြန်အလှန် ရင်းနှီးသိကျွမ်းပြီး အပြန်အလှန် နီးကပ်ခင်မင်လာကာ လုံခြုံရေးစိန်ခေါ်မှုများကို ရင်ဆိုင်သည့် အခြေအနေတစ်ရပ်လုံး ကြံ့ကြံ့ခံနိုင်မှုအား မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

Mohamed Khaled Nordin စသည့် အာဆီယံနိုင်ငံ ကာကွယ်ရေးဌာန အကြီးအကဲများက တရုတ်-အာဆီယံ ဆက်ဆံရေး တိုးတက်အောင်မြင်မှုများကို များစွာသုံးသပ်ချီးကျူးပြောကြားခဲ့ပြီး ဒေသတွင်း ဖွဲ့စည်းပုံ၌ အာဆီယံ၏အချက်အချာအနေအထားကို တရုတ်နိုင်ငံက လေးစားခြင်းအပေါ် တန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကာကွယ်ရေး လုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်၍ ဒေသတွင်း တည်ငြိမ်းအေးချမ်းမှုကို အတူတကွ ကာကွယ်သွားလိုကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတက်ရောက်လာသော နိုင်ငံများက ၂၀၂၇ ခုနှစ်တွင် ဒုတိယအကြိမ် တရုတ်-အာဆီယံ ပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။
ထိုနေ့တွင် တုန်ကျွင်းက အာဆီယံကာကွယ်ရေးဝန်ကြီး တိုးချဲ့အစည်းအဝေး (ADMM-Plus) သို့ တက်ရောက်လာသော အမေရိကန်၊ နယူးဇီလန်၊ ထိုင်းနိုင်ငံ ကာကွယ်ရေးဌာန အကြီးအကဲများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

#တရုတ် #အာဆီယံ #ကာကွယ်ရေးဝန်ကြီး
------------------
(Chinese Version)
第15次中国-东盟防长非正式会晤在马来西亚举行
新华社吉隆坡10月31日电(记者王嘉伟)第15次中国-东盟防长非正式会晤10月31日在马来西亚吉隆坡举行。会议由中国国防部长董军和东盟轮值主席国马来西亚国防部长哈立德共同主持。   
董军说,在中国和东盟国家领导人战略引领下,中国东盟防务合作逐步拓展,为地区和平稳定贡献重要力量。在变乱交织之际,更需要中国和东盟发挥稳定之锚作用,携手打造更为紧密的中国-东盟命运共同体。中方愿同各方一道,秉持联合自强初心,把共同安全的屏障构筑得更加牢固。用东方智慧凝聚东方力量,以务实行动维护南海长治久安。坚持走合作共赢之路,在互学互鉴中相知相交、相近相亲,提升应对安全挑战的整体韧性。   
哈立德等东盟国家防务部门领导人高度评价中国东盟关系发展成就,赞赏中方尊重东盟在区域架构中的中心地位,表示愿同中方加强防务安全合作,共同维护地区和平稳定。与会国家一致同意,2027年举办第二次中国-东盟海上联演。   
同日,董军还与出席东盟防长扩大会的美国、新西兰、泰国防务部门领导举行会谈。(完)
图说:这是10月26日在马来西亚首都吉隆坡街头拍摄的东盟峰会标识。新华社记者 邢广利 摄

တရုတ်နိုင်ငံက ပြန်လည်ပြည့်ဖြိုးမြဲတပ်ဆင်စွမ်းအင် ဓာတ်အားထုတ်လုပ်နိုင်စွမ်း တိုးမြှင့်ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တရ...
01/11/2025

တရုတ်နိုင်ငံက ပြန်လည်ပြည့်ဖြိုးမြဲတပ်ဆင်စွမ်းအင် ဓာတ်အားထုတ်လုပ်နိုင်စွမ်း တိုးမြှင့်

ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ တိုးချဲ့မှုပမာဏနှင့် အရည်အသွေးမြင့် ဖော်ထုတ်မှုကို မြှင့်တင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးဌာန (NEA) က အောက်တိုဘာ ၃၁ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
ယခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း တရုတ်နိုင်ငံ၏ အသစ်တပ်ဆင်ထားသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဓာတ်အားထုတ်လုပ်နိုင်စွမ်းမှာ ယခင်နှစ်ကာလတူထက် ၄၇.၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ကီလိုဝပ် သန်း ၃၁၀ အထိ ရှိလာခဲ့သည်။

ယင်းကိန်းဂဏန်းသည် နိုင်ငံ၏ စုစုပေါင်း အသစ်တပ်ဆင်စွမ်းအင်ဓာတ်အားထုတ်လုပ်မှုနိုင်စွမ်း၏ ၈၄.၄ ရာခိုင်နှုန်း ရှိသည်။
ထိုစုစုပေါင်းအနက် အသစ်တပ်ဆင်ထားသော ရေအားလျှပ်စစ်၊ လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်နှင့် ဇီဝလောင်စာစွမ်းအင် ဓာတ်အားထုတ်လုပ်နိုင်စွမ်းများမှာ ကီလိုဝပ် ၇.၁၆ သန်း၊ ကီလိုဝပ် ၆၁.၀၉ သန်း၊ ကီလိုဝပ် သန်း ၂၄၀ နှင့် ကီလိုဝပ် ၁.၀၅ သန်း အသီးသီး ရှိကြောင်း NEA အချက်အလက်များအရ သိရသည်။
ထိုသို့ဓာတ်အားထုတ်လုပ်နိုင်စွမ်းတိုးလာခြင်းသည် တရုတ်နိုင်ငံ၏ ဓာတ်အားထောက်ပံ့မှုအတွက် ခိုင်မာသော အထောက်အပံ့တစ်ခုဖြစ်ခဲ့ပြီး ပထမသုံးလပတ်ကာလသုံးခုအတွင်း နိုင်ငံ၏ စုစုပေါင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဓာတ်အားထုတ်လုပ်မှုမှာ စုစုပေါင်း ကီလိုဝပ်နာရီ ၂.၈၉ ထရီလီယံရှိပြီး ယခင်နှစ်ကာလတူထက် ၁၅.၅ ရာခိုင်နှုန်း မြင့်တက်လာကာ တရုတ်နိုင်ငံ၏ စုစုပေါင်း ဓာတ်အားထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည်။

စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုက လျင်မြန်စွာ တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ NEA ၏ အဆိုအရ ပထမရှစ်လအတွင်း အဓိကစွမ်းအင်စီမံကိန်းများတွင် ဆောင်ရွက်ပြီးစီးခဲ့သော ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၁.၉၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၇၇.၉ ဘီလီယံခန့်) အထိ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၈.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

#တရုတ် #ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ...................
(English Version)
China increases newly installed renewable energy capacity
BEIJING, Oct. 31 (Xinhua) -- China has made every effort to promote the increased scale and high-quality development of renewable energy, the National Energy Administration (NEA) said at a press conference on Friday.
China's newly installed renewable energy power generation capacity surged 47.7 percent year on year to 310 million kilowatts in the first three quarters of this year.
The figure accounted for 84.4 percent of the country's total newly installed power generation capacity.
Of the total, newly installed hydropower, wind power, photovoltaic power and biomass power capacities came in at 7.16 million kilowatts, 61.09 million kilowatts, 240 million kilowatts and 1.05 million kilowatts, respectively, per NEA data.
This increased capacity has been a robust support for China's power supply, with the country's total renewable energy power generation totaling 2.89 trillion kilowatt-hours in the first three quarters -- up 15.5 percent year on year and accounting for approximately 40 percent of China's total power generation.
Investment in energy has sustained rapid growth. In the first eight months, completed investment in major energy projects topped 1.97 trillion yuan (about 277.9 billion U.S. dollars), up 18.2 percent year on year, according to the NEA. ■
English Caption
Offshore wind turbines are pictured in the waters of Laizhou City, east China's Shandong Province, Jan. 7, 2025. (Xinhua/Xu Suhui)

Address

Min Ye Kyaw Swar Road Alone Township Yangon
Ahlone
11121

Website

https://www.tiktok.com/@xinhuamyanmar, https://www.youtube.com/@Xinhuamyanmar/

Alerts

Be the first to know and let us send you an email when China Xinhua News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to China Xinhua News:

Share

Our Story

ကျွန်ုပ်တို့သည် ပြည်သူများ ကောင်းကျိုးအတွက် ပြည်သူ့မီဒီယာဖြစ်ပါသည်။ ဖြစ်ရပ်မှန်နှင့် အမှန်တရားအတွက် ကျွန်ုပ်တို့၏ အားသွန်ခွန်စိုက် စူးစမ်းရှာဖွေမှုကို ဘယ်တော့မှ အဆုံးသတ်မည်မဟုတ်ပါ။ ဓမ္မဓိဋ္ဌာန်ကျခြင်း။ တရားမျှတမှုရှိခြင်း။ ညီမျှမှုရှိခြင်း။ ကျွန်ုပ်တို့သည် စီးပွားရေးဆန်သောအကျိုးအမြတ်နောက်ကို မလိုက်ဘဲ တွေးခေါ်ယုံကြည်မှုဆိုင်ရာ ပြစ်တင်ကဲ့ရဲ့ခြင်းနှင့် နိုင်ငံရေးဘက်လိုက်မှုများ၏ ဖိအားကိုလည်း အရှုံးပေးလိမ့်မည် မဟုတ်ပေ။

ဆင်ဟွာသတင်းဌာန၏ မြန်မာဘာသာ Online မီဒီယာ တွင် ဆင်ဟွာ မြန်မာဘာသာ ဝက်ဘ်ဆိုက် (www.XinhuaMyanmar.com)၊ ဆင်ဟွာ မြန်မာဘာသာ ဖေ့စ်ဘုတ် (www.facebook.com/XinhuaMyanmar) နှင့် ဆင်ဟွာ မြန်မာဘာသာ မိုဘိုင်း Application (ဆင်ဟွာမြန်မာ App) တို့ပါဝင်သည်။