Zeyar Channel

Zeyar Channel If you always try to improve your life, you can stay rleax.

22/11/2022

ဆယ်ကျော်သက်ရဲ့ vibesက အဆုံးသတ်သွားခဲ့ပြီ ထင်တယ်။

ဆယ်ကျော်သက်နဲ့အသက်၂၀ကျော်ဟာ တိုတောင်းသလိုနဲ့ရှည်လျားခဲ့ပြီးရှည်လျားသလိုနဲ့တိုတောင်းခဲ့တယ်။အပြောင်းအလဲတွေများခဲ့ပြီး အထိအခိုက်တွေများခဲ့သလို ၊ တည်ငြိမ်မှုတွေလည်းရှိလာပြီး ဆိတ်ငြိမ်မှုတွေလည်း ဝင်ရောက်လာတယ်။

ဘဝဟာအခုမှ အစဆိုလည်း ငါတို့ဟာ အဖူးအငုံ ဘဝထက်တော့ တစ်ဆင့်ထပ်မြင့်သွားခဲ့ပြီမဟုတ်ပေလား။

ဆယ်ကျော်သက်ဆိုတဲ့အရွယ်ကုန်ဆုံးပြီးနှစ်တွေမှာ
တစ်ချိန်ကအတူတူ ဆော့ကစားခဲ့တဲ့သူငယ်ချင်းတချို့က စောစောစီးစီး လက်ထပ်သွားကြပြီ တချို့ကရှည်လျားတဲ့ပညာရေးလမ်းကိုအခုမှ စပြီးလှမ်းဖို့ဟန်ပြင်နေတုန်း၊တချို့က အလုပ်လုပ်နေပြီ။ အဲ့ကတစ်ဆင့်ငါသိလိုက်တယ် ဘဝဆိုတာဘယ်လိုပုံစံနဲ့မဆို သူ့အချိန်နဲ့သူသာလည်ပတ်နေခြင်းဆိုတာ

ငယ်ငယ်က မတည်ငြိမ်ခဲ့တဲ့ သူငယ်ချင်းတွေက တည်ငြိမ်လာပြီ ၊တချိန်ကအေးဆေးလှချည်ရဲ့လို့ထင်မိခဲ့တဲ့လူတချို့ကတော့ လောကပင်လယ်ကိုငါတို့ထက်ပို ကျွမ်းကျွမ်းကျင်ကျင် လည်လည်ဝယ်ဝယ်ကို ကူးခတ်နေကြပြီ။

ဆယ်ကျော်သက်ဘဝဟာ ထိခိုက်ရှနာလွယ်ပြီး
ပျော်စရာကောင်းခဲ့၊ဝမ်းနည်းရခဲ့ ၊ကြေကွဲလွယ်ခဲ့
ပြန်တွေးတဲ့အခါလည်း အရာအားလုံးကအမှတ်တရတွေအဖြစ်ပါပဲ။

ဆယ်ကျော်သက်မှာ ငါတို့ဟာ
သူများတွေကို လွယ်လွယ်ချစ်တတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်တော့ မချစ်တတ်ခဲ့၊ ဆယ်ကျော်သက်ရဲ့အချစ်ဟာ ဂစ်တာသံတွေ သီချင်းသံတွေနဲ့တင် နှလုံးသားဆည်းလည်းတွေကမြည်နေလေရောလား ။
ငါထင်တယ်ငါတို့ဟာ ဆယ်ကျော်သက်ကလိုအချစ်မျိုးနဲ့တော့ ထပ်မချစ်မိလောက်တော့ဘူး
ထင်တယ်။

လမ်းတွေတကယ်တိတိကျကျကွဲသွားတဲ့ ဘော်ဒါတွေကိုမြင်ရတဲ့အခါမှ ဪ..ငါတို့ကတကယ့်ကိုဘဝခရီးလမ်းကိုစလျှောက်ကြပြီပဲလို့သိရတယ်။

ဘဝဟာ အဆုံးသတ်လို့ထင်တဲ့နေရာကနေလည်း
အစဖြစ်နိုင်ကြောင်းဟာ ဆယ်ကျော်သက်ဘဝရဲ့ သင်ခန်းစာတစ်ခုပဲ ။

22/11/2022

တွေ့ရမယ့်လူက သေချာပေါက်တွေ့မှာပဲ
ကွဲကွာရမယ့်လူကလည်း
သေချာပေါက်ကွဲကွာမှာပဲ

အချစ်စစ်ကို မိုင်တိုင်၊သမုဒ္ဒရာတွေကတောင်
မတားဆီးနိုင်ဘူးတဲ့။ တွေ့ရမယ့်လူဆို ပေါင်းဖက်ရမယ့်လူဆိုရင် ကမ္ဘာရှေ့ခြမ်းနဲ့နောက်ခြမ်းမှာဆိုရင်တောင်တွေ့ကြမှာပါ

ကွဲကွာရမယ့်လူဆိုရင် လည်း
နေ့စဉ်တွေ့နေရရင်တောင်
အိမ်ချင်းကပ်ရပ်နဲ့တောင် ကွဲကွာကြရမှာပါပဲ
ကံမပါရင် တစ်မြို့ထဲတောင်မဆုံဘူး။

22/11/2022

တကယ်တော့လေ အသက်20/20ကျော် ဝန်းကျင်တွေရဲ့ Life timeက လွယ်တော့မလွယ်ဘူး....

မိဘဆွေမျိုးအသိုင်းအဝိုင်းက Supporting ကောင်းလို့ Life Career တစ်ခုပေါ်ရောက်သွားတဲ့လူတွေကိုတော့မဆိုလိုပါဘူး....နောက်ခံ Background မကောင်းပဲ ကိုယ်ထူကိုယ်ထရမဲ့ လူတွေအတွက်တော့ တကယ့် challenging Timeပဲ

ဆယ်ကျော်သက်အရွယ်မှာလို ဟေးလားဝါးလား နေနေလို့လဲမရ...လူကြီးတွေလိုလဲ အရာရာမှာရင့်ကျက်သွားတာမျိုးလဲမဟုတ်တော့ ကိစ္စတစ်ခု"ဖြစ်ရင်တောင် ဖြေရှင်းဖို့ထပ် ထွက်ပြေးချင်စိတ်ကများနေတာမျိုး....

စိတ်တွေက အတင်းရင့်ကျက်ရမယ်ဆိုတဲ့ အသိနဲ့သာ ကြိုးစားပီး တင်းထားရတာ...တကယ်တမ်းကျ ပြိုတော့မဲ့ တိမ်တွေလိုပဲ....

ပြောင်းလဲတတ်တဲ့ လူတွေရဲ့စိတ်တွေ....လူမှုဆက်ဆံရေးတိုင်းမှာ အံဝင်ခွင်ကျဖြစ်ဖို့တွေ....အလုပ်ထဲမှာ စိတ်နှစ်နိုင်ဖို့တွေ....ပတ်ဝန်းကျင်နဲ့ ဆီလျော်အောင်နေပီး...ကဲ့ရဲ့ ရှံ့ချတာတွေကို အသားတကျဖြစ်ဖို့​ ဒီလိုကိစ္စအများကြီးကို ကလေးမကျ လူကြီးမကျအခြေအနေကြီးနဲ့ ဖြေရှင်းနေရတာ တကယ်ပင်ပန်းတယ်...စိတ်တွေရှုပ်လာလို့ဆိုပီး ကလေးတွေလို ငိုချလိုက်လို့လဲမရ...လူကြီးတွေလို "အချိန်တန်ရင် ပီးသွားမှာပါလေ"ဆိုပီး Move onလဲမလုပ်နိုင်သေးတဲ့အချိန်တွေမှာ နေ့ရက်တိုင်းကပြဿဒါးပဲ....

စိတ်တွေကမပျော်တော့ဘူး....လူတွေကိုအကောင်းမြင်စိတ်တွေနည်းလာတယ်...negative thinking တွေများလာတယ်...ခက်ခဲနေတာကို သိ"ကြီးနဲ့ ဘာမှမလုပ်ပေးနိုင်တဲ့ မိသားစုပြဿနာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ဒေါသဖြစ်ရုံကလွဲပီးမတတ်နိုင်တာမျိုး....

​တကယ်ကိုခက်ခဲတဲ့ ကာလတွေပဲ....💭

19/11/2022

ဒီဘဲကြီးက တကယ့်ငစားပဲ😂😂🤣

18/11/2022

ဘဝင်ဆိုတာ ဘဝနဲ့မနှိမ့်မမြင့်မှာ
ထားပြီးမြင့်ရတယ်ကွ......😎

15/11/2022

ယောကျာ်းဆိုတာ......😍

တရားသူကြီး ဖြစ်ချင်တယ် ။မင်းကိုမချစ်ဖို့ အမိန့်ထုတ်မယ် ။ကိုယ်နဲ့ ဆိုင်တယ်  ။ကိုယ်ပဲ ပိုင်တယ် ။သတိ - ဒီအမျိုးသမီးဟာကျွန်ပ...
11/11/2022

တရားသူကြီး ဖြစ်ချင်တယ် ။

မင်းကိုမချစ်ဖို့ အမိန့်ထုတ်မယ် ။

ကိုယ်နဲ့ ဆိုင်တယ် ။
ကိုယ်ပဲ ပိုင်တယ် ။

သတိ - ဒီအမျိုးသမီးဟာ
ကျွန်ပ်မူပိုင် ဖြစ်တယ် .. ။

🌻🤍

💔
10/11/2022

💔

မိမိမှာ physics နှင့်ကျောင်းပြီးထားသောအခါ👇👇😂
10/11/2022

မိမိမှာ physics နှင့်ကျောင်းပြီးထားသောအခါ👇👇😂

07/11/2022

စော်မရှိတဲ့ကောင်တေ ကြည့်ထား အပျိုကြိုက်ဂါထာ😎

မင်းတို့ထဲက မိုက်ပါတယ်ဆိုတဲ့ကောင်တွေ ထွက်🥲
05/11/2022

မင်းတို့ထဲက မိုက်ပါတယ်ဆိုတဲ့ကောင်တွေ ထွက်🥲

Address

Ahtaung
Ahtaung
268373

Alerts

Be the first to know and let us send you an email when Zeyar Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zeyar Channel:

Share

Category