Thiri Bhone Sett

Thiri Bhone Sett အတူတူကံကောင်းဖို့ကြိုးစားကြမယ်🍀🍀🍀
Pageထဲရောက်လာသူတိုင်းစိတ်ချမ်းသာကြပါစေ💗🍀🕊

20/08/2025

ဆရာသင်ပြတဲ့စကားလေးဗဟုသုတအဖြစ်ပြန်ပြောပြမယ်နော်🌻🌻🌻

ဗေဒင်ဆရာကဟောလိုက်လို့ကောင်းမယ်ဆိုတိုင်း100%အပြည့်အဝအဆင်မပြေပါဘူး

25%လောက်တော့အခက်အခဲရှိတတ်ကြပါတယ်
ယတြာချေလိုက်လို့အကုန်ဥုံဖွအဆင်ပြေသွားမယ်မဆိုလိုပါ ယတြာအစွမ်းရယ်ကိုယ့်ကံရယ် ထိုက်သလောက်အဆင်ပြေသိသာမှာပါ🌻🌻🌻

ဥပမာ ကျန်းမာရေးအတွက်ယတြာချေတယ်ဆိုရင် ယတြာပြုလုပ်ပါပြီးရင်ဆေးခန်းပြပါ ယတြာပြုလုပ်ထားတဲ့အတွက်အနာနဲ့ဆေးတည့်တာ ဆရာသမားကောင်းနဲ့တွေ့တာ စသဖြင့်အကျိုးရှိစေနိုင်တာပါ🌻

ငွေဝင်ဖို့ယတြာလုပ်တယ်ဆိုပါစို့ ယတြာအစွမ်းရယ်ကိုယ့်ကံရယ်အရ တချို့ကငွေအများကြီးဝင်တာ တချို့က
မုန့်ဖိုးရတာ တချို့ကဆုံးရှုံးပြီထင်တဲ့ငွေပြန်ရတာ တမျိုးမဟုတ်တမျိုးသိသာတာပါ 🌻🌻🌻

ယတြာလည်းချေပါ မိမိရဲ့စိတ်ကိုလည်းတတ်နိုင်သလောက်ပြင်ပါ💙

#မေတ္တာဖြင့်မျှဝေသည်
#သီရိဘုန်းဆက် (Mr Bhone🙏)

 #စနေနေ့၉🐉🐉🐉ယနေ့ည ၉နာရီမှာ ၁၀နါရီခွဲအတွင်းမြတ်စွာဘုရားရှင်အား ပန်းရေချမ်းမီးအမွှေးနံ့သာပူဇော်ပါ🙏ငါးပါးသီလယူပါကံချေကန်တော...
02/08/2025

#စနေနေ့၉🐉🐉🐉

ယနေ့ည ၉နာရီမှာ ၁၀နါရီခွဲအတွင်း

မြတ်စွာဘုရားရှင်အား ပန်းရေချမ်းမီးအမွှေးနံ့သာပူဇော်ပါ🙏
ငါးပါးသီလယူပါ
ကံချေကန်တော့ပါ
ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ပါ
မိမိပြုသမျှကုသိုလ်များအားသစ္စာပြုဆုတောင်းပါ

#လုပ်ဆောင်သူတိုင်းကုသိုလ်ရပြီးစိတ်အေးချမ်းကြည်လင်ပါစေအခက်အခဲတွေအဆင်ပြေကြပါစေ

#မေတ္တာဖြင့်မျှဝေသည်

#သီရိဘုန်းဆက် (Mr. Bhone🙏)

ယတြာတွေလည်းလုပ်တာစုံနေပြီ အဆင်ပြေမလိုနဲ့ခက်ခဲနေသူတွေရှိရင်ဒီစာလေးဖတ်ကြည့်ပါ💙အခက်အခဲတွေများလာတဲ့အခါလူအများစုကဗေဒင်မေးယတြာ...
29/07/2025

ယတြာတွေလည်းလုပ်တာစုံနေပြီ အဆင်ပြေမလိုနဲ့ခက်ခဲနေသူတွေရှိရင်ဒီစာလေးဖတ်ကြည့်ပါ💙

အခက်အခဲတွေများလာတဲ့အခါလူအများစုကဗေဒင်မေးယတြာချေကြပါတယ်

လိုင်းပေါ်မှာတွေ့သမျှကောင်းမယ်ထင်တဲ့ယတြာမှန်သမျှပြုလုပ်ကြပါတယ်

အဲဒီကစမှားတာပါ ယတြာတွေကကိုယ့်မွေးနေ့သက္ကရာဇ်နဲ့မဟုတ်ပဲအများအတွက်တင်တာက တချို့ယတြာတွေကနေ့သားအားလုံးနဲ့အဆင်မပြေပါဘူး

ဆရာစုံ ယတြာစုံပြီး ထူးမလာတဲ့အပြင်တချို့ဆိုဘာဖြစ်မှန်းမသိဘာလုပ်လုပ်အဆင်မပြေတော့တာပါ သက်ရောက်ညံ့ရင်ပိုဆိုးပါတယ်(ကိုယ်တွေ့ပါ)

အဲဒီလိုကြုံနေကြတဲ့သူတွေရှိရင်ပထမဆုံး မိမိအိမ်မှာ ပြုလုပ်ထားတဲ့ယတြာအစုံကိုဖယ်ပစ်ပါ

မြတ်စွာဘုရားရှင်အားရေသပ္ပါယ်ပြီးဘုရားကျောင်းဆောင်သန့်ရှင်းရေးပြုလုပ်ပါ🙏

မိမိကြိုက်နှစ်သက်ရာဆရာ/ဆရာမတစ်ဦးထဲရဲ့ယတြာကိုစွဲစွဲမြဲမြဲလုပ်ကြည့်ပါ

သက်ရောက်ကောင်းမယ်ယုံကြည်မှုရိုသေမှုရှိမယ်ဆိုရင်၁ပတ်/၁လအတွင်းသိသာပါတယ်

သက်ရောက်ညံ့နေရင်တော့ငွေအများကြီးဝင်ဖို့ထက်နေ့စဥ်ပုံမှန်ဝင်ငွေလေးဝင်ဖို့နဲ့ကျန်းမာရေးကောင်းဖို့သာဂရုစိုက်ပေးပါရှင်💙

သက်ရောက်အညံ့မှာငွေဝင်ဖို့ထက်ကျန်းမာရေးအဓိကကျပါတယ် ရောက်ဆဲသက်ရောက်မှာပြုပြင်နေထိုင်ရမဲ့စိတ်ထားလေးတွေပြင်ဖို့လိုပါတယ်

တစ်ချို့ကိစ္စတွေကယတြာတစ်ခုထဲနဲ့မရပဲကိုယ်တိုင်ကလည်းပြုပြင်ဖို့လိုတာလေးတွေရှိပါတယ်

#စာဖတ်မိသူတိုင်းအဆင်ပြေစိတ်ချမ်းသာကြပါစေ
#မေတ္တာဖြင့်မျှဝေသည်
#သီရိဘုန်းဆက် (Mr. Bhone🙏)

ငွေပန်းကပ်လှူတာဘယ်နှစ်ရက်လုပ်ရမလဲမေးကြလို့ပါ💙ပန်းဝယ်လို့ရသရွေ့လှူပေးပါရှင်🙏လူတစ်ယောက်နဲ့တစ်ယောက်ကံခြင်းမတူတဲ့အတွက်အကျိုး...
24/07/2025

ငွေပန်းကပ်လှူတာဘယ်နှစ်ရက်လုပ်ရမလဲမေးကြလို့ပါ💙
ပန်းဝယ်လို့ရသရွေ့လှူပေးပါရှင်🙏

လူတစ်ယောက်နဲ့တစ်ယောက်ကံခြင်းမတူတဲ့အတွက်အကျိုးပေးကွာပါတယ်

လက်လွန်နေတဲ့အကြွေးတွေပြန်ရတာမျိုး

မုန့်ဖိုးရတာမျိုး

မထင်မှတ်ပဲငွေဝင်တာမျိူး

တယောက်နဲ့တယောက်ငွေဝင်ပုံခြင်းမတူနိုင်ပါဘူး

ကျွန်မတို့ရဲ့ဆရာကြီးသင်ပေးသလို #ဥုံဖွနဲ့တော့ဘယ်ရမလဲလေ ကြိုးစားအားထုတ်မှုတော့ကူရတာပေါ့

#မေတ္တာဖြင့်မျှဝေသည်

#သီရိဘုန်းဆက် (Mr. Bhone🙏)

ငွေပန်းဝယ်လို့ရရင် မိမိကြိုက်နှစ်သက်သလောက်(အပွင့်အရေအတွက်မလို) ဝယ်ပါ #ဥုံသဗ္ဗိ​ဝေနခယခပင်းသုခီဥုံပူဇာစ ၃၇ခေါက်ရွတ်ဆိုပြီး...
22/07/2025

ငွေပန်းဝယ်လို့ရရင် မိမိကြိုက်နှစ်သက်သလောက်
(အပွင့်အရေအတွက်မလို) ဝယ်ပါ

#ဥုံသဗ္ဗိ​ဝေနခယခပင်းသုခီဥုံပူဇာစ ၃၇ခေါက်ရွတ်ဆိုပြီးမှလှူဒါန်းကြည့်ပါ

မိမိကံရှိသလောက်အကြောင်းတိုက်ဆိုင်စွာငွေကံပွင့်လာပါလိမ့်မယ်💰💰💰

#မေတ္တာဖြင့်မျှဝေသည်
#သီရိဘုန်းဆက် (Mr. Bhone🙏)

မိမိရဲ့ရောက်စဲအသက်ကို ၈နဲ့စားကြည့်ပါ ၄၊၇ ကြွင်းရင် ကျန်းမာရေးဂရုစိုက်ပါ၄၊၇ ကြွင်းတဲ့နှစ်တွေမှာကျန်းမားရေးဖြစ်ရင် အနာနဲ့ဆ...
11/07/2025

မိမိရဲ့ရောက်စဲအသက်ကို ၈နဲ့စားကြည့်ပါ ၄၊၇ ကြွင်းရင် ကျန်းမာရေးဂရုစိုက်ပါ

၄၊၇ ကြွင်းတဲ့နှစ်တွေမှာကျန်းမားရေးဖြစ်ရင် အနာနဲ့ဆေးမတည့်ပဲချက်ချင်းမသက်သာတာ

အရင်ကဆေးခန်းတခါသွားပြရင်ကျန်းမာလာပေမဲ့ဒီနှစ်တွေမှာဆေးခန်းတစ်ခါပြတာနဲ့မသိသာပဲ ခဏခဏသွားရတာမျိုးတွေဖြစ်တတ်ပါတယ်

#မေတ္တာဖြင့်မျှဝေသည်
#သီရိဘုန်းဆက် (Mr Bhone🙏)

သား/သမီး ကဆိုးလို့ပြောမရလိုငြိမ်အောင်ဘယ်လိုယတြာလုပ်ရမလဲဆရာမ❓မိဘတွေမေးတတ်ကြတဲ့မေးခွန်းလေးပါ💙စာကိုဆုံးအောင်သေချာဖတ်ကြည့်ပါ...
06/07/2025

သား/သမီး ကဆိုးလို့ပြောမရလိုငြိမ်အောင်ဘယ်လိုယတြာလုပ်ရမလဲဆရာမ❓

မိဘတွေမေးတတ်ကြတဲ့မေးခွန်းလေးပါ💙

စာကိုဆုံးအောင်သေချာဖတ်ကြည့်ပါ💙

သားသမီးတွေစကားနားထောင်ဖို့ယတြာမလုပ်ခင်ကိုယ်တိုင်ကအရင်စဥ်းစားပါ

ကလေးကိုစာပဲလုပ်ရမယ်ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေပဲလုပ်ခိုင်းမိနေသလား❓

ကလေးတယောက်ရဲ့အသက်အပိုင်းအခြားအလိုက်ပြောင်းလဲမှုတွေကိုရောလေ့လာမိရဲ့လား❓

သား/သမီးအပေါ် အမြဲဆူပူဒေါသထွက်မိနေသလား❓

သူတို့ဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုသေချာမေးကြည့်ဖူးလား❓

ကလေးတစ်ယောက်ရဲ့အသက်အရွယ်နဲ့မလိုက်တဲ့ပြောဆိုဆုံးမမှုတွေလုပ်မိနေလား❓

အလုပ်မှာ၊အိမ်တွင်းရေးမှာမပြေလည်သမျှသားသမီးတွေအပေါ်ဒေါသပုံချမိနေသလား❓

တစ်ချို့ကိစ္စတွေမှာကလေးတွေကအသက်အရွယ်အလိုက်ပြောင်းလဲမှုကိုမလေ့လာပဲ ဂျီကျတဲ့ကလေးကိုဆိုးတယ်လို့သတ်မှတ်လိုက်တာမျိုး

ဆယ်ကျော်သက်စူးစမ်းချင်တဲ့အရွယ်ပြောင်းလဲစအရွယ်ကိုလက်မခံပဲဖိနှိပ်တာမျိုး

ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကလှချင်လာမယ် ယောကျာ်းလေးဆိုရင်ဆေးလိပ်၊ကွမ်းယာလက်တည့်စမ်းလာမယ်
အပေါင်းအသင်းနဲ့အပြင်ထွက်မယ်၊ဂစ်တာတီးမယ်၊သီချင်းဆိုမယ် အပေါင်းအသင်းပေါ်မူတည်ပြီးပြောင်းလဲမှုတွေကွာခြားသွားပါတယ်

ကိုယ်တိုင်ကကြိုသိနေရမှာမို့သေချာရှင်းပြထားရပါမယ်

ဒါကြောင့်သားသမီးတွေကိုယ့်စကားနားထောင်စေချင်ရင် စကားပြောကြည့်ပါ၊နွေးထွေးစွာဆက်ဆံပါ၊တတ်နိုင်သလောက်နားလည်မှုပေးပါ၊ စည်းကမ်းသေချာချမှတ်ပါ

#ဘုရားရှိခိုးပြီးတိုင်းသားသမီးတွေအေးချမ်းစေဖို့မေတ္တာပို့ပေးပါ💙

#သောက်တော်ရေချမ်းကပ်လှူပြီးသားသမီးရဲ့ရင်တွင်းအေးချမ်းစေဖို့သေချာဆုတောင်းပေးကြည့်ပါ💙

မိမိကိုယ်တိုင်လည်းစိတ်ဖိစီးမှုဒေါသကိုသားသမီးအပေါ်ပုံမချမိအောင်သတိထားနေထိုင်ပြီးမိမိစိတ်ကိုအေးချမ်းအောင်အရင်ထားမယ်ဆ်ိုရင်

သားသမီးနဲ့မိဘဆက်ဆံရေးအဆင်ပြေလာပါလိမ့်မယ်💙

#မေတ္တာဖြင့်မျှဝေသည်
#သီရိဘုန်းဆက် (Mr Bhone🙏)

ယတြာပြုလုပ်ပြီးငွေများများဝင်ချင်သူများ💙လူတော်တော်များများက ယတြာပြုလုပ်ကြတဲ့အခါငွေဝင်ဖို့အဓိကထားကြတယ်အဲဒီမှာလိုအပ်တာက ငွ...
20/06/2025

ယတြာပြုလုပ်ပြီးငွေများများဝင်ချင်သူများ💙

လူတော်တော်များများက ယတြာပြုလုပ်ကြတဲ့အခါငွေဝင်ဖို့အဓိကထားကြတယ်

အဲဒီမှာလိုအပ်တာက ငွေဝင်ချင်ရင်ငွေဝင်မဲ့လမ်းကြောင်းဖြစ်တဲ့အလုပ်ရှိရပါမယ် အလုပ်မရှိပဲငွေဝင်ဖို့ထိုင်ဆုတောင်းနေလို့မရပါဘူး

အဆင်ပြေဖို့ယတြာတခုလုပ်ဆောင်ပြီးတဲ့အခါ
ကိုယ့်ပုံမှန်ဝင်ငွေထက်အနည်းငယ်ပိုဝင်တာ သိသိသာသာဝင်တာ ခက်ခဲနေတဲ့အလုပ်ကိစ္စလေးတွေအဆင်ပြေလာတာ အခွင့်အလမ်းကောင်းတွေပေါ်လာတာ စသည်ဖြင့်အကြောင်းတိုက်ဆိုင်စွာအဆင်ပြေလာတာမျိုးပါ

ယတြာလုပ်ပြီး ငွေလည်းမဝင်ဘူး ၃သိန်းဝင်ချင်တာ 2လုံးပေါက်ချင်တာပြောလို့မရပါဘူး

သက်ရောက်အရဒီနှစ်ထဲကျန်းမာရေးအညံ့ရှိလို့သတိထားပါလုပ်ငန်းသစ်မချဲ့ပါနဲ့ပြောထားသားနဲ့အလုပ်ကစနေပြီ(အရင်ထဲကစလုပ်ထားသောလုပ်ငန်းကိုမဆိုလိုပါ) အဆင်ပြေနေတာပဲဆိုရင်သတိထားပါ ဝင်တဲ့ငွေကကျန်းမာရေးအတွက်ကုန်တတ်တယ်

ဒါကြောင့်ပုံမှန်ထက်ပိုအဆင်ပြေလာတာ၊ အခက်အခဲလေးတွေပြေလည်လာတာ ၊ကိုယ်စားချင်တာလေးကိုစိတ်ချမ်းသာစွာစားရတာ၊အခွင့်အရေးလေးတွေပေါ်လာတာတွေက အဆင်ပြေလာပြီလို့ပြောလို့ရပါတယ်

ဘယ်အရာမဆိုလောဘထက် အကောင်းမြင်စိတ်လေးနဲ့စိတ်ချမ်းသာအောင်တွေးတတ်နေတတ်ဖို့လည်းလိုအပ်ပါတယ်နော်💙

#မေတ္တာဖြင့်အကြံပြုပါတယ် 💙
#သီရိဘုန်းဆက် (Mr Bhone🙏)

မနေ့ကအသိမိတ်ဆွေအစ်ကိုတယောက်အိမ်လာလည်ရင်းစကားပြောမိကြတယ်ညီမလေးဗေဒင်ပညာသင်ယူနေတယ်ဆို (ဟုတ်တယ်လေ့လာနေတုန်းပါ)အဲဒါဆိုအကို့ကိ...
18/06/2025

မနေ့ကအသိမိတ်ဆွေအစ်ကိုတယောက်အိမ်လာလည်ရင်းစကားပြောမိကြတယ်

ညီမလေးဗေဒင်ပညာသင်ယူနေတယ်ဆို (ဟုတ်တယ်လေ့လာနေတုန်းပါ)

အဲဒါဆိုအကို့ကိုဇာတာလေးစစ်ပေးပါအုံး
ကျွန်မဆရာသင်ပေးတဲ့ပညာမူအရ
အချိန်ကိုကြည့်လိုက်တယ် သောရီအခါ ကြာသပတေးသက်ရောက် စနေသား

အကိုအခုလုပ်လက်စအလုပ်ကိုပဲသေချာလုပ်ပါ အလုပ်သစ်မလုပ်နဲ့အုံး အခုအချိန်ရည်ရွယ်ထားတာလေးတွေမဖြစ်နိုင်သေးဘူးအချိန်ကာလတခုတော့စောင့်ရမယ်
ဟုတ်ပြီအခုအကိုလာတဲ့ကိစ္စအဆင်ပြေမပြေကြည့်ပေးလို့ရမလား( ရပါတယ်)

အခုလာရင်းကိစ္စအဆင်မပြေနိုင်သေးပါဘူး ဘာကြောင့်လည်းဆိုတော့ စနေသားကအခါတိုင်မှာမူလအချာနေရာရောက်နေလို့ အကြံအစည်တွေလုပ်ချင်တာတွေမဖြစ်နိုင်သေးပါလို့ ပြောလိုက်တယ်

ပြောလည်းပြီးရောသူ့အလုပ်ကိစ္စအတွက်ချက်ချင်းဖုန်းဆက်တယ် တခုဆက်တယ်အဆင်မပြေ နောက်တခုဆက်တယ် အဆင်မပြေပါ ၃ကြိမ်မြောက်ဆက်ပြီးအဆင်မပြေတဲ့အခါ မနက်ကျရင်၇နာရီလောက်မှကြည့်ပြီးစီစဥ်လိုက်တော့မယ်တဲ့
သူပြောတဲ့မနက် ၇ နာရီက ဘောမအခါ စနေ နဝင်းတက်ချိန်
မနက်ကျရင်အကိုအလုပ်ကိစ္စအဆင်ပြေသွားလိမ့်မယ် အခုကတော့ထပ်ကြိုးစားလည်းအဆင်ပြေမှာမဟုတ်ကြောင်းပြောလိုက်ပါတယ်
နောက်နေ့မနက် ၇နာရီကျော် လောက်အိမ်ကိုလာပြောသွားတယ် ညီမလေးရေညကအိမ်ပြန်တော့လည်းထပ်ဆက်သွယ်ကြည့်သေးတယ်အဆင်မပြေဘူး
ဒီမနက်မှအဆင်ပြေသွားတယ်သိလားတဲ့

ဆရာပြောတာသတိရသွားတယ်ပညာမှန်နေရင်လူရှိန်ဖို့မလိုဘူးတဲ့
ဆရာသင်ပေးတဲ့ပညာစစ်မှန်လေတော့ ကိုယ့်ဟောချက်က ညီမလေးဟောတာမှန်တယ်တဲ့

ကျေးဇူးတင်ပါတယ်ဆရာ🙏🙏🙏
#သီရိဘုန်းဆက် (Mr Bhone🙏)

ဘုမ္မိကာလမှာဘာတွေကြုံရနိုင်လဲစီးပွားရေးနဲ့ပတ်သက်ပြီးပုံမှန်လည်ပတ်နေရာကနေမထင်မှတ်ပဲဘာဆက်လုပ်လို့လုပ်ရမလဲမသိတဲ့အခြေအနေတွေက...
16/06/2025

ဘုမ္မိကာလမှာဘာတွေကြုံရနိုင်လဲ

စီးပွားရေးနဲ့ပတ်သက်ပြီးပုံမှန်လည်ပတ်နေရာကနေမထင်မှတ်ပဲဘာဆက်လုပ်လို့လုပ်ရမလဲမသိတဲ့အခြေအနေတွေကြုံရတတ်ပါတယ်
ငွေကြေးရှာရခက်ခက်ခြင်းဆိုတဲ့ပြသနာတွေလည်းကြုံရနိုင်ပါတယ်
ကျန်းမာရေးနဲ့ပတ်သက်ပြီးခဏခဏနေမကောင်းဖြစ်တာ
ရောဂါရှာမရတာ၊အနာနဲ့ဆေးမတိုးတာ ထိခိုက်မှုခဏခဏဖြစ်တာ
စိတ်တွေရှုပ်ထွေးပြီးအမြင်မကြည်တာ မိသားစုတွေနဲ့အဆင်မပြေဖြစ်တတ်တာ စသဖြင့်ကြုံရနိုင်ပါတယ်

မိမိရဲ့ရောက်ဆဲအသက်ကို ၈နဲ့စားပါ ၄၊၇ ကြွင်းလျှင် သတိထားနေထိုင်ပါ
#စိတ်ကိုပြင်ပါသည်းခံပါအလုပ်အသစ်မချဲ့ထွင်ပါနဲ့
#ယတြာသေချာလုပ်ပါ

သင်ယူရသမျှမေတ္တာဖြင့်မျှဝေသည် 💙

#သီရိဘုန်းဆက် (Mr Bhone🙏)

ယတြာချေတိုင်းကောင်းပါသလားတကယ်အခက်အခဲကြုံမှယတြာချေသင့်ပါတယ်မလိုအပ်ပဲခဏခဏယတြာမချေသင့်ပါနော်ဖလားထဲရေရှိသားနဲ့ခဏခဏရေထပ်လောင်...
16/06/2025

ယတြာချေတိုင်းကောင်းပါသလား

တကယ်အခက်အခဲကြုံမှယတြာချေသင့်ပါတယ်

မလိုအပ်ပဲခဏခဏယတြာမချေသင့်ပါနော်

ဖလားထဲရေရှိသားနဲ့ခဏခဏရေထပ်လောင်းထည့်တဲ့အခါရေလျှံပြီးအပိုဖြစ်သလို

မလိုအပ်ပဲယတြာခဏခဏချေတဲ့အခါအကျိုးမရှိဖြစ်တတ်လို့ပါ

သင်ယူရသမျှမေတ္တာဖြင့်မျှဝေသည်💙

#သီရိဘုန်းဆက် (Mr Bhone🙏)

03/06/2025

မိုးတဖွဲဖွဲကျနေချိန် နေ့လည်ဘက်တွင်သောကြာသမီးတယောက်ဗေဒင်မေးလာပါသည်...

သူပြောလာတာက
မင်္ဂလာပါဆရာမ သမီးအိမ်ကခေါ်ထားတဲ့အကူညီမလေးတွေအလုပ်ကထွက်မယ်ပြောလို့ပါ
မထွက်ဖို့ပြောထားလို့ရနိုင်မလားသိချင်လို့ပါတဲ့...

အခါတိုင်ကြည့်လိုက်တော့ သောကြာအခါ...





-၆-သောကြာမွေးနံ




သောကြ တိုင်မှာ မူလ နှစ်ထပ်ဆင့်နေတယ်...မေးသူကလည်းသောကြာ အလုပ်သမားကလည်းသောကြာ...ကတ္တားရှင်မှာ ပျက်လျင် ကျန်စစ် မကြံဖြစ် ဆိုသော မူအရ... အကြံမဖြစ်မြောက်ဖို့ အား အလွန်ကြီးနေတယ်...

ဆွဲထားဖို့ကြံစည်ထားသောအတွေးမှာမဖြစ်နိုင်...သောကြာသဘောအရ ထွက်သွားမည်ဟု ဟောလိုက်သည်...

တကယ်ပင် ဆွဲထားမရ လွှတ်ပေးလိုက်ရတယ်လို့ ပြန်လာပြောသွားတယ်...

သီရိဘုန်းဆက် (Mr Bhone🙏)

Address

Pantanaw
Ayeyarwady

Website

Alerts

Be the first to know and let us send you an email when Thiri Bhone Sett posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share