Taungoo Spring Revolution News Collection

Taungoo Spring Revolution News Collection တောင်ငူခရိုင်တွင်းရှိ ပြည်သူများရင်ဖွင့်နိုင်သော တောင်ငူခရိုင်နွေဦးတော်လှန်ရေးဆိုင်ရာသတင်းချန်နယ်

03/03/2026

🛑🛑🛑

ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ နဲ့ အနောက်ဖက်ခြမ်းအနီးတစ်ဝိုက်က အခြေအနေတစ်ခုခုထူးတာရှိရင် ဆက်သွယ်ကြပါဦး။

ဆက်သွယ်ရန် 👇👇👇တယ်လီဂရမ်


15/01/2026

* ရေတာရှည်မြို့နယ်

ရေနီစစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသူတွေကို
ဓာတ်ပုံရိုက်စစ်ဆေးတာတွေ လုပ်နေတယ်လို့
သိရပါတယ်။


09/01/2026

* ကျောက်တံခါးမြို့နယ် နှင့် အုတ်တွင်းမြို့နယ်

ရန်ကုန် မန္တလေးလမ်းဟောင်း ပေါ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ဖြူးမြို့ကားလမ်းမတွေပိတ်ထားကြောင်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

လေယာဉ်နဲ့ပစ်တာ ရထားလမ်း ပျက်သွားလို့ ပြွန်တန်ဆာ မှာ ရထားရပ်နေရတယ်လို့လည်း ဆက်ပြောပြကြပါတယ်။

ဆီသယ်ကားတွေ မီးလောင်နေတာတွေရှိတယ်
တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်တွေ ခေတ္တထိန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒေသခံပြည်သူများ ကျန်းမာရေး ဂရုစိုက်ပြီး အစစအရာရာအတွက် နားတွေစွင့် မျက်လုံးတွေဖွင့်ထားကြပါ။


“မြန်မာပြည်အတွက် ဂွမ်ဂျူးမြို့ရဲ့ပေးစာ”ထုတ်လွှင့်ပြသမည့်နေ့ရက် (အချိန်) - ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ (ည ၇ နာရီ)
22/11/2025

“မြန်မာပြည်အတွက် ဂွမ်ဂျူးမြို့ရဲ့ပေးစာ”

ထုတ်လွှင့်ပြသမည့်နေ့ရက် (အချိန်) - ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ (ည ၇ နာရီ)


ကောင်းရာသုဂတိရောက်ရှိပါစေ ရဲဘော် ✊🏽🥀https://www.facebook.com/share/p/1CyDHqGSwo/
17/11/2025

ကောင်းရာသုဂတိရောက်ရှိပါစေ ရဲဘော် ✊🏽🥀

https://www.facebook.com/share/p/1CyDHqGSwo/

မိဘပြည်သူများထံ တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာခြင်း

စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တပ်ရင်း3504 ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အယောက်20ခန့် သေဆုံး၊အများအပြားထိခိုက်ဒဏ်ရာရ

ထိတွေ့တိုက်ပွဲအတွင်း တပ်ရင်း3504တပ်ခွဲ(1) မှ ရွံ့ရွံ့ချွံချွံတိုက်ပွဲဝင်နေသော ရဲဘော်မိုးသီး ထိခိုက်ဒဏ်ရာရပြီး (2) ရက် အကြာ ဆေးရုံတွင်ပြည်သူအတွက် အသက်ပေးခဲ့

နိုဝင်ဘာ ၁၅၊ ၂၀၂၅

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်အရှေ့ဘက်ကမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တပ်ရင်း3504၊မဟာမိတ်တပ်ရင်းများ ထိတွေ့တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားခဲ့ရာ၊ စစ်အုပ်စုဝင် ၂၀ ခန့်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားပါတယ်။

ပစ်ခတ်မှုပြင်းထန်နေချိန်အတွင်း သတိလစ်မေ့မျောနေတဲ့ ရဲဘော်ကို သွားရောက်ကယ်ထုတ်တဲ့ ရဲဘော်မိုးသီး ဗိုက်ကိုကျည်ထိမှန်ခဲ့ပြီး၊ ရရှိတဲ့ဒဏ်ရာနဲ့ ၂ရက်အကြာမှာ ကျဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၅ရက်နေ့မှာ ကရင်ချောင်းမြစ်ကူးတံတားအတိုင်း၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDF (၃၅၀၄) တပ်ရင်း ရေလွှဲကျေးရွာတောင်ဘက် သစ်သားတံတားပေါ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို (ဒတရ-၆၀၄)တပ်က တပ်နယ်စစ်ဆင်ရေးအဖြစ် ဦးဆောင်လာတာဖြစ်ပြီး ခလရ-၂၆၊ ခမရ-၂၉၊ ခလရ-၃၉၊ စခန-၈၄၈နဲ့ ကကနက် စတဲ့ အင်အား ၁၄၀ ကျော်ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်တပ်နဲ့ PDF တပ်ဖွဲ့ဝင်များ အချိန် (၃)နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၅ယောက်သေဆုံးခဲ့သလို အထိနာသွားတာကြောင့် ဂျိုင်ရိုကော်ပတာ၊ ဒရုန်းနဲ့ လက်နက်ကြီးတွေအပြင် လေယာဥ်ပစ်ကူတွေနဲ့ပါ တိုက်ပွဲဖြစ်ရာနေဆီ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေကို စဥ်ဆက်မပြတ်လုပ်လေ့ရှိတဲ့ စစ်တပ်က အဆိုပါတိုက်ပွဲအပြီးမှာ ပိန္နဲပင်၊ ကဲလင်းဆိပ်နဲ့ ရွှေသောင်ရွာသစ်တို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
#တပ်ရင်း၃၅၀၄တပ်ခွဲ၁
#ရေတာရှည်မြို့နယ်အခြေစိုက်
#စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း
#ရဲဘော်မိုးသီး
#စစ်ရေးအရေးပေါ်လိုအပ်ချက်

ဖြူးမြို့နယ်စစ်ကြောင်းထိုးတဲ့ စစ်တပ်က ကပ္ပိယတဦး သတ်ဖြတ်၊ ကျောင်းကုန်းရွာ နေအိမ်တွေ မီးရှို့နိုဝင်ဘာ-၁၁၊ ၂၀၂၅။  ပဲခူးတိုင...
11/11/2025

ဖြူးမြို့နယ်စစ်ကြောင်းထိုးတဲ့ စစ်တပ်က ကပ္ပိယတဦး သတ်ဖြတ်၊ ကျောင်းကုန်းရွာ နေအိမ်တွေ မီးရှို့

နိုဝင်ဘာ-၁၁၊ ၂၀၂၅။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်းရှိ ကျောင်းကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ထိုးပြီး ဘုန်းကြီးကျောင်းမှာ ထွက်မပြေးနိုင်ဘဲ ကျန်နေတဲ့ အသက်(၅၀)အရွယ် ကပ္ပိယတဦးကို သတ်ဖြတ်သွားတယ်လို့ ပဲခူးတိုင်း စစ်ဌာန သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ ၉ရက်က အင်အား ၂၀၀ လောက်နဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး ကျောင်းကုန်းရွာကို ဒရုန်း၊ ပွိုင့်ဖွိုက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်လာတာလို့ ဆိုပါတယ်။ အဲဒီလို စစ်ကြောင်းထိုးဝင်လာလို့ နယ်မြေခံတော်လှန်ရေးတပ်တွေနဲ့ အနည်းငယ်ထိတွေ့မှု ဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိမှာ ကျောင်းကုန်းရွာကို ဝင်ရောက်နေရာယူထားပြီး ကျေးရွာထဲက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူလူထုပိုင် ပစ္စည်းတွေ ခိုးယူတာတွေလည်း ရှိတယ်လို့ ပဲခူးတိုင်းစစ်ဌာန သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“ပြည်သူတွေ သတိရှိဖို့နဲ့ လွတ်အောင်ရှောင်ဖို့ လိုတယ်”လို့ ပဲခူးတိုင်းစစ်ဌာန တာဝန်ရှိသူက စစ်ကောင်စီတပ်ရဲ့ ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှု လုပ်ရပ်နဲ့ပတ်သက်ပြီး သတိပေးပါတယ်။

ကျောင်းကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မုန်းမြို့အခြေစိုက် ခမရ(၅၉၀)၊ ခမရ(၅၉၉) တပ်ရင်းတွေနဲ့ အုတ်ဖြတ်ရဲစခန်းက ရဲတွေ ပူးပေါင်းလာတာလို့လည်း ပြောပါတယ်။

မုန်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဟာ နိုဝင်ဘာပထမပတ်ကလည်း ဖြူးမြို့နယ် မန်ကျည်းကုန်းတောင်ရွာကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို ဗုံးကြဲခဲ့လို့ မန်ကျည်းကုန်းတောင်ရွာက အသက်(၅၅)နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။

ဗုံးလာကြဲတဲ့ ဂျိုင်ရိုကော်ပတာ ၂စီးအနက် ၁စီးဟာလည်း အပြန်လမ်းမှာ စက်ချို့ယွင်းပျက်ကျပြီး စစ်ကောင်စီတပ်သား ၂ဦးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်အသိပေးထားပါတယ်။

(တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်းရှိ ကျောင်းကုန်းကျေးရွာကိုစစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။
ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန)

သတင်းရင်းမြစ်
ထားမြတ်/People’s Spring

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးတောင်ခြမ်းတွင် နေထိုင်ကြသော ပြည်သူများသို့ တောင်ငူ ခရိုင် အမှတ်(၂) တပ်ရင်း ထုတ်ပြန်...
25/10/2025

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးတောင်ခြမ်းတွင် နေထိုင်ကြသော ပြည်သူများသို့

တောင်ငူ ခရိုင် အမှတ်(၂) တပ်ရင်း ထုတ်ပြန်ချက်

ဒီရက်ပိုင်းတွင် ကျွန်တော်တို့ တပ်ရင်းနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပေါ်လျက်ရှိပါတယ်။ စကစ တပ်များမှ တိုက်ပွဲ ဖြစ်ပွါးနေသော နေရာသို့ မတိုက်ခိုက်ပဲ အများပြည်သူနေထိုင်ရာ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။

သို့ဖြစ်ပါ၍ ၂၄.၁၀.၂၀၂၅ ရက်နေ့တွင် ခရီးသွားပြည်သူတစ်ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါသည်။ မိသားစုများ နှင့် ထပ်တူ စိတ်မကောင်းဖြစ်ရပါသည်။

အများပြည်သူများအနေဖြင့် တော်လှန်ရေးတပ်များမှ ကန့်သတ်ထားသော ခွင့်မပြုသောနေရာများသို့ ဖြတ်သန်းသွားလာခြင်းမပြုဖို့ အနူးအညွတ်မေတ္တာရပ်ခံပါသည်။

လက်နက်ကြီး ထွက်သံကြားပါက လုံခြုံသော အကာအကွယ်ရှိသောနေရာတွင် လက်နက်ကြီးသံ ကွဲပြီးတဲ့အထိ အကာအကွယ်ယူ နေထိုင်ပေးရန်နှင့်လေကြောင်း သံ တစ်ခုခု ကြားပါက ထွက်မကြည့်ကြရန် အကာအကွယ်ယူ နေထိုင်ပေးကြရန် ထပ်မံ မေတ္တာရပ်ခံ အကြံပြုအပ်ပါသည်။

#တော်လှန်ရေးအောင်ရမည်

#တောင်ငူ #ဇရပ်

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးတောင်ခြမ်းတွင် နေထိုင်ကြသော ပြည်သူများသို့ ဒီပေချ့်ကနေ သတင်းစကားပါးလိုပါတယ် ဒီရက်ပိုင်းတွင် ကျွန်တော်တို့ တပ်ရင်းနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပေါ်လျှက်ရှိပါတယ်။စကစ တပ်များမှ တိုက်ပွဲ ဖြစ်ပွါးနေသော နေရာသို့ မတိုက်ခိုက်ပဲ အများပြည်သူနေထိုင်ရာ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။သို့ပါ၍၂၄.၁၀.၂၀၂၅ ရက်နေ့တွင် ခရီးသွားပြည်သူတစ်ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါသည်။မိသားစုများ နှင့် ထပ်တူ စိတ်မကောင်းဖြစ်ရပါသည်။အများပြည်သူများအနေဖြင့် တော်လှန်ရေး တပ်များမှ ကန့်သတ်ထားသော ခွင့်မပြုသောနေရာများသို့ ဖြတ်သန်းသွားလာခြင်းမပြုဖို့ အနူးအညွတ်မေတ္တာရပ်ခံပါသည်။လက်နက်ကြီး ထွက်သံကြားပါက လုံခြုံသော အကာအကွယ်ရှိသောနေရာတွင် လက်နက်ကြီးသံ ကွဲးပြီးတဲ့အထိ အကာအကွယ်ယူ နေထိုင်ပေးရန်နှင့်လေကြောင်း သံ တစ်ခုခု ကြားပါက ထွက်မကြည့်ကြရန် အကာအကွယ်ယူ နေထိုင်ပေးကြရန် ထပ်မံ မေတ္တာရပ်ခံ အကြံပြုအပ်ပါသည်။

#တော်လှန်ရေး အောင်ရမည်

တိုက်ပွဲသတင်းထုတ်ပြန်ချက်https://www.facebook.com/share/19DBeUnd77/စစ်တောင်းမြစ်ဝှမ်းဒေသ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌...
21/10/2025

တိုက်ပွဲသတင်းထုတ်ပြန်ချက်

https://www.facebook.com/share/19DBeUnd77/

စစ်တောင်းမြစ်ဝှမ်းဒေသ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဆင်ရေးတိုက်ပွဲဖော်ဆောင်

◼️ အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူးညီညီနိုင် အပါအဝင် (၁၅) ဦးသေဆုံး

ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ရေတာရှည်မြို့နယ်၊ရွာသစ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှု‌အောက်ရှိ ဗျူဟာစစ်ကြောင်းက အောက်တိုဘာလ (၂၀) ရက်‌နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး ညီညီနိုင် အပါအဝင် (၁၅) ဦးသေဆုံးခဲ့ပြီး (၂) ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။

ထို့ပြင် လက်နက်ငယ် (၅) လက်၊ ၆၀မမ (၁) လက်၊ ဒရုန်းဂျမ်ပါ အထိုင်စက်ကြီး (၁) ခု၊ ခဲယမ်းမျိုးစုံများ နှင့် အခြားစစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

လက်ရှိ အချိန်တွင် အကြမ်းဖက်စစ်တပ်မှ စစ်ကူအင်အားများ ဖြည့်တင်းကာ ပြန်လည်တိုးဝင်လာသဖြင့် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွား‌‌နေပြီး စစ်တောင်းမြစ်ကမ်းဝန်းကျင်ဒေသရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။

#ပြန်ကြားရေး
#အမှတ်(၂)စစ်ဆင်ရေးနယ်မြေ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)

12/10/2025

* တောင်ငူခရိုင်

အားလုံးရင်တထိတ်ထိတ်စောင့်နေရတဲ့အချိန်ကလည်း တစ်ဖြည်းဖြည်း ရွေ့လို့လာနေပါပြီ။ တစ်ချိန်ချိန် တစ်ခုထက်မကကြီးမားတဲ့လှိုင်းလုံးကြီးတိုက်စားမှုကနေကျော်ဖြတ်နိုင်ဖို့ ဒေသခံပြည်သူတွေ ပြင်ဆင်သင့်တာတွေကြိုတင်ပြင်ဆင်နိုင်အောင် မိမိတို့ TSRNC Page မှာ Pin Post လုပ်ပြီး ပြထားတယ်ဆိုတာလေး ထပ်မံအသိပေးပါရစေ။

Private ကနေ ဆက်သွယ်သတင်းပေးပို့မှုတွေကို အဓိကအားစိုက်သွားမှာဖြစ်လို့ Public သတင်းတင်ဆက်မှုကို အရေးတကြိးကိစ္စအသိပေးစရာရှိတာကလွဲရင် Post မတင်ဖို့ စဉ်းစားထားပါတယ်။

သတင်းပေးပို့လိုတယ်ဆိုရင် မက်ဆင်ဂျာ ဒါမှမဟုတ် Telegram အကောင့်ကနေ ဆက်သွယ်သတင်းပေးလို့ ရပါမယ်။ ချက်ချင်း ပြန်မပြောနိုင်တောင် ပေးစရာရှိတဲ့သတင်း စိတ်ချလုံခြုံစွာနဲ့ ပြောစရာရှိတာ စာချန် Voice Message ချန်ထားခဲ့နိုင်ပါတယ်။


* ကျောက်ကြီးမြို့နယ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားတဲ့စခန်းများကို စစ်တေ...
27/07/2025

* ကျောက်ကြီးမြို့နယ်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားတဲ့စခန်းများကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်‌ရေး(JOC) အစီအမံဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် - ၂ စစ်ဒေသခွဲကထုတ်ပြန်ချက်အရ သိရသည်။

ရင်းတိုက်ကုန်းကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ အစစ်အုပ်စုရဲ့ တပ်စခန်းကို ဇူလိုင်လ ၂၅ ရက်နေ့မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းမျိုးစုံသိမ်းဆည်းရရှိခဲ့ပါတယ်။တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်‌‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း(၉) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ၊ ၂၀ ထက်မနည်းထိမှန်ဒဏ်ရာရရှိသွားသလို စခန်းကိုလည်း စွန့်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာ၊ ဒဏ်ရာရသူတစ်ချို့လည်းရှိသည်။ဟု သိရသည်။


14/06/2025

* တောင်ငူ - လိပ်သို

တောင်ငူ-လိပ်သို လမ်းတစ်လျှောက် တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ဖြတ်သန်းသွားလာလို့မရသေးကြောင်း ၄င်းဒေသမှာ အခြေစိုက်တဲ့ မိတ်ဆွေတွေရဲ့ပြောပြချက်အရ သိရပါတယ်။

တောင်ငူ-လိပ်သို လမ်းတစ်လျှောက် အင်အားဖြည့်နေသည့် စစ်ကောင်စီ လက်အောက်ခံစစ်ကြောင်းနှင့် KNU တပ်မဟာ (၂)လက်အောက်ခံ ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့၊ (၃၅၀၂) တပ်ရင်း(တပ်ခွဲ ၁၊ တပ်ခွဲ ၂) တို့ပါဝင်သည့် မဟာမိတ်တော်လှန်ရေးအင်အားစုတွေ အကြား ဇွန်လ (၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့တို့တွင် —- ကျေးရွာနှင့် —- ကျေးရွာအနီး၌ တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း ဒီမနက်ပဲ သတင်းအတည်ပြုရရှိခဲ့သည်။

စစ်တပ်သည် တောင်ငူ-လိပ်သိုလမ်းတစ်လျှောက်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် တောင်ငူ-လိပ်သို လမ်းအသုံးပြုလို့ရမည့်အချိန်ထိ စောင့်ဆိုင်းထားကြဖို့ အသိပေးတိုက်တွန်းအပ်ပါသည်။


* တောင်ငူမြို့နယ်ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကညင်မြောင် ကျေးရွာအုပ်စု၊ မကျီးပင်အင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာ...
11/06/2025

* တောင်ငူမြို့နယ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကညင်မြောင် ကျေးရွာအုပ်စု၊ မကျီးပင်အင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နေအိမ်တွေကိုပါမီးရှို့နေလို့ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ သိရပါတယ်

ဒီမနက် ၈ နာရီကျော်မှာ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းက မကျီးပင်အင်းရွာကိုရောက်လာချိန် ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ အကြမ်းမျဉ်းသိထားရပါတယ်။




Address

Taungoo
Bago

Website

Alerts

Be the first to know and let us send you an email when Taungoo Spring Revolution News Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taungoo Spring Revolution News Collection:

Share