Taungoo Spring Revolution News Collection

Taungoo Spring Revolution News Collection တောင်ငူခရိုင်တွင်းရှိ ပြည်သူများရင်ဖွင့်နိုင်သော တောင်ငူခရိုင်နွေဦးတော်လှန်ရေးဆိုင်ရာသတင်းချန်နယ်

14/06/2025

* တောင်ငူ - လိပ်သို

တောင်ငူ-လိပ်သို လမ်းတစ်လျှောက် တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ဖြတ်သန်းသွားလာလို့မရသေးကြောင်း ၄င်းဒေသမှာ အခြေစိုက်တဲ့ မိတ်ဆွေတွေရဲ့ပြောပြချက်အရ သိရပါတယ်။

တောင်ငူ-လိပ်သို လမ်းတစ်လျှောက် အင်အားဖြည့်နေသည့် စစ်ကောင်စီ လက်အောက်ခံစစ်ကြောင်းနှင့် KNU တပ်မဟာ (၂)လက်အောက်ခံ ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့၊ (၃၅၀၂) တပ်ရင်း(တပ်ခွဲ ၁၊ တပ်ခွဲ ၂) တို့ပါဝင်သည့် မဟာမိတ်တော်လှန်ရေးအင်အားစုတွေ အကြား ဇွန်လ (၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့တို့တွင် —- ကျေးရွာနှင့် —- ကျေးရွာအနီး၌ တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း ဒီမနက်ပဲ သတင်းအတည်ပြုရရှိခဲ့သည်။

စစ်တပ်သည် တောင်ငူ-လိပ်သိုလမ်းတစ်လျှောက်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် တောင်ငူ-လိပ်သို လမ်းအသုံးပြုလို့ရမည့်အချိန်ထိ စောင့်ဆိုင်းထားကြဖို့ အသိပေးတိုက်တွန်းအပ်ပါသည်။


* တောင်ငူမြို့နယ်ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကညင်မြောင် ကျေးရွာအုပ်စု၊ မကျီးပင်အင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာ...
11/06/2025

* တောင်ငူမြို့နယ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကညင်မြောင် ကျေးရွာအုပ်စု၊ မကျီးပင်အင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နေအိမ်တွေကိုပါမီးရှို့နေလို့ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ သိရပါတယ်

ဒီမနက် ၈ နာရီကျော်မှာ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းက မကျီးပင်အင်းရွာကိုရောက်လာချိန် ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ အကြမ်းမျဉ်းသိထားရပါတယ်။




* တောင်ငူမြို့နယ်တောင်ငူမြို့နယ်မှာ  ဒိုးနယ်ရွာ ကွန်ကရစ်လမ်းထိပ်မှာ စစ်တပ်ကပစ်သတ်ပြီး လုယက်မီးရှို့ခံလိုက်ရတဲ့ လူငယ်နှစ်...
02/06/2025

* တောင်ငူမြို့နယ်

တောင်ငူမြို့နယ်မှာ ဒိုးနယ်ရွာ ကွန်ကရစ်လမ်းထိပ်မှာ စစ်တပ်ကပစ်သတ်ပြီး လုယက်မီးရှို့ခံလိုက်ရတဲ့ လူငယ်နှစ်ဦး သတင်း မနေ့က DVB TV News ည ၇ နာရီသတင်းမှာ နားထောင်လိုက်ရပါတယ်။

တောင်ငူခရိုင်ဒေသခံပြည်သူနှင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားလာလှုပ်ရှားနေကြသော ဆွေမျိုးညာတကာအပေါင်း အစစအရာရာ ဂရုစိုက်ကြပါ။

မိမိတို့ TSRNC အနေဖြင့် လုံခြုံရေးအရ အတည်တကျမရှိဘဲ ရွှေ့ပြောင်းနေထိုင်နေရသည့်အတွက် သတင်းတိုက်ရိုက်ရယူတင်ပြခြင်း မရှိသေးပါဘူး။

ဒီကာလစပ်ကြား တောင်ငူခရိုင်နှင့်စပ်ဆက်သည့် ထူးခြားမှုတစ်ခုခုသိရရင် လာတင်ပေးပါ့မယ်။ သတင်းများရရှိထားပါက အသိပေးလိုပါက ယခင်ပြောနေကျ ချက်ဘောက်များမှ တဆင့် လာရောက်ပြောပြထားလို့ရပါတယ်။

ပြည်သူပြည်သားအပေါင်း သဘာဝဘေး စစ်အာဏာရှင်ဘေးကနေ ကင်းဝေးပြီး စိတ်ရောကိုယ်ပါ လုံခြုံ ဘေးကင်းသည့်ဘဝ အမြန်ဆုံးရောက်ရှိနိုင်စေဖို့ အားလုံးနဲ့ ထပ်တူ မျှော်လင့်ပါတယ်။


* တောင်ငူမြို့နယ်/ စပါးကြွယ်ရွာပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ စပါးကြွယ်ရွာတွင် မေ ၂၂ ရက်နေ့မှ စ၍ ပြည်သူ့ကာကွယ်ရေ...
28/05/2025

* တောင်ငူမြို့နယ်/ စပါးကြွယ်ရွာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ စပါးကြွယ်ရွာတွင် မေ ၂၂ ရက်နေ့မှ စ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီက ရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့မှုကြောင့် အိမ် ၇၀၀ ကျော် မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

နှစ်ဖက်တိုက်ပွဲများ ပြင်းထန်သည့် မေ ၂၅ ရက်နေ့အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေသည့်အတွက် စပါးကြွယ်ကျေးရွာ အပါအဝင် ကြက်ရိုးပင်၊ ငုံးမင်း၊ တောပု၊ ဇီးပင်သာကျေးရွာ စသည့် ကျေးရွာများမှ ဒေသခံများ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါ စစ်ကောင်စီနှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ထိတွေ့တိုက်ပွဲများကြောင့် မေ ၂၂ ရက်နေ့မှ ယနေ့အချိန်ထိ လူ ၁,၀၀၀ ဦးကျော်ခန့်က နေရပ်မပြန်ရဲသေးပဲ ဆက်လက်တိမ်းရှောင်နေဆဲ ဟု ဒေသခံများ နှင့် စစ်ဘေးရှောင် ကူညီသူများက ပြောဆိုကြသည်။

Photo: Taungoo Rescue


30/03/2025

* တောင်ငူ

တောင်ငူမြို့ အနောက်ဖက် ကညင်‌မြောင်၊ ဇရပ်ကွင်း၊ ဖေါင်ဆိပ်ရွာတွေဘက်ကရွှေတွင်းတူးတဲ့လူတွေ ပိသေတာတွေ ရှိနေတယ်လို့ ကြားသိရပါတယ်။ အခြား အမည်ဖော် ပြတတ်တဲ ရွာ တွေလည်းပါတယ်လို ဒေသခံတစ်ဦး၏ TSRNC ကို ပြောကြားချက်အရ သိရပါတယ်။ "စလှုပ်တော့တောင်‌ပေါ်ကရေတွေဆင်းလာတာ၊ နောက်ကျတော့သဲပြင် ဖြစ်သွားတာ။ အလောင်းတွေမတွေ့သေးတဲ့သူတွေများနေပါတယ်။ အကူညီတွေလည်းမရောက်သေးပါဘူး"

တောင်ငူမြို့ပေါ်မှာတော့ မီးပျက်နေဆဲဖြစ်ပါတယ်

လက်ရှိမှာ သတင်းစုံစမ်းသိရှိရသလောက်တင်ပေးထားတာဖြစ်ပြီး မိမိတို့ လက်လှမ်းမမီသေးတဲ့ တောင်ငူမြို့ အရှေ့ဖက်ကမ်းက သတင်းအခြေအနေ တွေလည်း သိထားတာမျိုးရှိရင် မိမိတို့ Page Comment မှာ အများ မြင်ရအောင် လာရောက် ပြောကြားပေးလို့ရသလို Page Messenger သို့မဟုတ် https://t.me/BagoKarenScout ကို စာရေးသားပေးပို့နိုင်ပါတယ်။


* တောင်ငူ၂၈ ရက်နေ့ နေ့လည် က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တောင်ငူမြို့ ဝေဠုဝန်ရိပ်သာဝန်းအတွင်းက သိမ်ကျောင်းဆောင်ပြိုကျလို့...
29/03/2025

* တောင်ငူ

၂၈ ရက်နေ့ နေ့လည် က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တောင်ငူမြို့ ဝေဠုဝန်ရိပ်သာဝန်းအတွင်းက သိမ်ကျောင်းဆောင်ပြိုကျလို့ ကွယ်လွန်ခဲ့ကြရတဲ့
စစ်ဘေးရှောင် ကလေးငယ် ၆ ဦးပုံ

“မတ်လ ၃၀ ရက်နေ့၊ နေ့လည် ၂ နာရီ”အချိန်တွင် တောင်ငူမြို့ အနောက်သုသာန်သို့
ပို့ဆောင်င်္သဂြိုဟ်မယ်လို့သိရသည်။

■ ကိုရင် ရှင်ခေမာ ( ခ ) မောင်ကျော်မျိုးသူ
အသက် ( ၆ ) နှစ် ၊

■ မောင်အောင်သက် - အသက် ( ၉ ) နှစ်

■ မရွှေပိုးအိမ် - အသက် ( ၁၃ ) နှစ်

■ မကြယ်စင်ချို - အသက် ( ၉ ) နှစ်

■ မဆုမြတ်ဝင်း - အသက် ( ၉ ) နှစ်

■ မအေမီမီကို - အသက် ( ၇ ) နှစ်

Photo - KoZawWinChit

#တောင်ငူငလျင် #စစ်ဘေးရှောင်

* တောင်ငူ/ ငလျင်မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ခပေါင်းဆည်ကျိုးသည်မှာ ကောလာဟလ ဖြစ်သည်ဟုသိရ...
28/03/2025

* တောင်ငူ/ ငလျင်

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ခပေါင်းဆည်ကျိုးသည်မှာ ကောလာဟလ ဖြစ်သည်ဟုသိရပြီး အက်သွားတာသာဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်တွေအရ သိရပါတယ်။

အခြား ထိခိုက်ပျက်စီးမှုသတင်းတွေထဲမှာတော့
မဇ္ဈိမသတင်းဌာန မှာတင်ထားတဲ့ စစ်ဘေးရှောင်များ နေထိုင်ရာ ဝေဠုဝန်ဘုန်းကြီးကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျသွားသဖြင့် စစ််ဘေးရှောင် ကလေး ၂၀ ခန့် ပိတ်မိနေလို့ ကယ်ထုတ်နေကြတဲ့သတင်းရှိပါမယ်။

Mizzima ... https://www.facebook.com/share/p/18xNqVhPty/

အခြား ရှိသေးရင်လည်း Comment မှာ လင့်လေးတွေ ဝိုင်းကူရှယ်ပေးလို့ရပါတယ်။

ဓါတ်ပုံ- Kyaw Thu Ya & တောင်ငူသတင်းစုံ✅

Website Link >>> https://bur.mizzima.com/2025/03/28/50851

#ငလျှင်
#စစ်ဘေးရှောင်
#ပြည်တွင်းသတင်း
#မဇ္ဈိမသတင်းဌာန

21/03/2025

* ရန်ကုန်-မန္တလေး အမြန်လမ်း

တောင်ငူခရိုင် လမ်းပိုင်းသာမက ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် တိုက်ပွဲဖော်ဆောင်မှုတွေ ခပ်စိတ်စိတ်ကြားနေရတဲ့အတွက် မဖြစ်မနေကိစ္စကြောင့် သွားလာရမည့် ပြည်သူများအနေဖြင့် အထူးသတိထားသွားလာကြဖို့ အထူးသတိပေးလိုပါတယ်။


* ဖြူးမြို့နယ်၂၀၂၅ ခုနှစ် မတ်လ ၉ ရက်နေ့က ပဲခူးဒေသ (အရှေ့ခြမ်း)၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အုတ်ဖြတ်လမ်းပေါ်ရှိ ဝဲကြီးရွ...
12/03/2025

* ဖြူးမြို့နယ်

၂၀၂၅ ခုနှစ် မတ်လ ၉ ရက်နေ့က ပဲခူးဒေသ (အရှေ့ခြမ်း)၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အုတ်ဖြတ်လမ်းပေါ်ရှိ ဝဲကြီးရွာအနောက်ထိပ်တွင်ရောက်ရှိလာသော စကစနှင့် ဖြူးမြို့နယ်ပကဖရဲဘော်များသည် ညနေ ၃ နာရီမှစတင်၍ အချိန် ၁၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PhyuTownship People's Defense Organization - ဖြူးမြို့နယ် ပကဖ ၏ တရားဝင်ထုတ်ပြန်ကြေညာချက်အရ သိရသည်။

စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးသွားသည်ဟု မြေပြင်သတင်းများအရသိရပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟုဆိုသည်။

ထို့နောက် မြို့ချောင်းရွာ အုတ်ဖြတ်လမ်းပေါ်၌ မြေပြင်တိုက်ခိုက်ရေးရဲဘော်များနှင့် ညနေ ၃နာရီ ခွဲ မှ စတင်ကာ ၁၅မိနစ်ကြာထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး မြေပြင်သတင်းများအရ တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကြောင်း သိရသည်။

ထိုနေ့ညနေ ၆နာရီခန့် အချိန်တွငိ အုတ်ဖြတ်လမ်းပေါ်ရှိ မြို့ချောင်းရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖြူးမြို့နယ်ပကဖ Droneအဖွဲ့မှ 1.5Kg ဗုံးသီးနှစ်လုံးဖြင့် တစ်ကြိမ်၊ ညနေ(၆)နာရီ(၂၈)မိနစ်အချိန်တွင် 2.5Kg ဗုံးသီးနှစ်လုံး ဖြင့် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ကြဲချခဲ့သည်ဟု ဆိုထားပြီး စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးသလို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။



#ဖြူး
#ပကဖ

Photo - ဖြူးမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့ ဒုတိယအကြိမ် မွမ်းမံသင်တန်းဆင်းနေစဉ်

* ဖြူးမြို့နယ်ဖြူးတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်စီးနင်းသဖြင့် ကျောင်းထိုင်ဆရာတော် ၁ ပါး ပျံလွန်တော်မူခဲ့ကြောင်းဘသိရသည်။ ပ...
08/03/2025

* ဖြူးမြို့နယ်

ဖြူးတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်စီးနင်းသဖြင့် ကျောင်းထိုင်ဆရာတော် ၁ ပါး ပျံလွန်တော်မူခဲ့ကြောင်းဘသိရသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အောက်ခုံကျေးရွာကို မတ် ၇ ရက်နေ့ ညနေ ၆ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့လို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ဒေသခံ ၂ ယောက်လည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်ဖော်ပြပါ DVB website URL မှနေတစ်ဆင့် သတင်းအပြည့်အစုံ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://burmese.dvb.no/archives/693896

#ဖြူး #ပဲခူး

01/01/2025

နှစ်သစ်ဆုမွန်ကောင်း

တော်လှန်ပြည်သူများ နှင့် ကိုယ်ချင်းစာတရား နှလုံးသွင်းထားသည့် ဒေသခံပြည်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် သဘာဝဘေး စစ်အာဏာရှင်စနစ်ဆိုး ဘေးကနေ ဘေးကင်းလုံခြုံကြစေဖို့ TSRNC မှ အစဥ် မျှော်လင့်ပါတယ်။

ရဲဘော်များ ဘေးကင်းကြပါစေ
နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်ပါစေ
ပိုစည်းရုံးကြမှ ရပါမယ်
အသွားအလာဂရုစိုက်ကြဖို့လည်း အထူးမှာလိုပါတယ်၊

၂၀၂၄-၂၀၂၅
TSRNC

15/12/2024

* အုတ်တွင်းမြို့/တောင်ငူမြို့နယ်

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် ကျွဲပွဲရဲစခန်းအပိုင် ဇီးဖြူသောင်အုပ်စုလမ်းမပေါ်‌ရှိ ကျောင်းစုတံတားထိတ်မှာ ဒီဇင်ဘာ (၁၄)ရက်နေ့ညက စစ်ကားများနဲ့ လာရောက်စုဝေးပြီး လက်နက်ကြီးပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

စစ်တောင်းမြစ်ဘက်ကို လက်နက်ကြီး (၃) ကြိမ်ပစ်ခက်ခဲ့ပြီး တစ်လုံးက သောင်ပြင်ပေါ်ကျရောက်ပေါက်ကွဲခဲ့ကာ လယ်သမားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။

ကျန် (၂) လုံးကတော့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဘုရားခွင် ‌ရွာပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ်တချို့ ပျက်ဆီးခဲ့ကြတယ်လို့ ဒေသခံများ၏ ပြောကြားချင်အရ သိရသည်။

‌ပြီးခဲ့တဲ့ (၁) ပတ်လောက်ကလည်း အဲ့ဒီနေရာကပဲ လာရောက်ပစ်ခက်ခဲ့မှုကြောင့် နှလုံးရောဂါသည်တစ်ဦး ထိတ်လန့်သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့ (၂)ရက်ကလည်း အုတ်တွင်းမြို့အထွက်မှာ ပျူစောထီးနဲ့ စစ်တပ်တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ကြကာ သူငယ်ချင်း(၂)ယောက်အပါအဝင် လူငယ် (၆)ဦးကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။

ပေါ်တာဆွဲဖမ်းဆီးမှုသတင်းတွေကြောင့် ရွာတွေအကုန်လုံးစိုးရိမ်နေကြရပြီး ‌မြို့ပေါ်တက်ဆေးကုဖို့နဲ့ ဈေးဝယ်ဖို့တွေအထိပါ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံများရင်ဖွင့်ကြပါသည်။

#၁၅ဒီဇင်ဘာ၂၀၂၅
#အုတ်တွင်း #ကျွဲပွဲ #ဇီးဖြူသောင်ကျေးရွာ

Address

Taungoo
Bago

Website

Alerts

Be the first to know and let us send you an email when Taungoo Spring Revolution News Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taungoo Spring Revolution News Collection:

Share