BAGO MYAY Media

BAGO MYAY Media ပဲခူးမြေမီဒီယာသည် အစိုးရနှင့်ပြည်သူတို့၏အကျိုးကိုသာ ရှေ့ရှုပြီးသတင်းများအားတင်ဆက်ပေးသွားမည်

ပဲခူးမြို့ ဥဿာမြို့သစ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ၁၃ စီး သိမ်းဆည်းရမိ၊ အမျိုးသားတစ်ဦး ဖမ်းဆီးအရေးယူပဲခူး ဩဂုတ် ၁၂ပဲခူ...
12/08/2026

ပဲခူးမြို့ ဥဿာမြို့သစ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ၁၃ စီး သိမ်းဆည်းရမိ၊ အမျိုးသားတစ်ဦး ဖမ်းဆီးအရေးယူ

ပဲခူး ဩဂုတ် ၁၂

ပဲခူးမြို့၊ ဥဿာမြို့သစ်(၁)ရပ်ကွက်၊ အနော်ရထာလမ်းရှိ “ကောင်းမြတ်မန်း” အဆင့်မြင့်မှန်လုံ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းဂိတ်တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ သိုဝှက်ထားကြောင်း သတင်းအရ ဩဂုတ် ၈ ရက် မွန်းလွဲပိုင်းက ဝင်ရောက်ရှာဖွေရာ မော်တော်ဆိုင်ကယ် ၁၃ စီးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂိတ်အဆောက်အအုံဘေးရှိ နေအိမ်ဆင်ဝင်အောက်မှ နံပါတ်မပါ Yamaha၊ Suzuki၊ Honda အမျိုးအစား မော်တော်ဆိုင်ကယ်များအပါအဝင် စုစုပေါင်း ၁၃ စီးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်များနှင့်ပတ်သက်၍ လိုင်စင်အထောက်အထားများ မေးမြန်းရာ ပြသနိုင်ခြင်းမရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ယင်းမော်တော်ဆိုင်ကယ်များအား ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ စိစစ်မေးမြန်းခဲ့ရာ အဆိုပါ မော်တော်ဆိုင်ကယ် ၁၃ စီးမှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ယာဉ်များဖြစ်ကြောင်း ပြန်ကြားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ လက်ဝယ်ထားရှိသူ ဂိတ်မှူးအား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

— TPK Desk New

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းခန့်ကျော် ဒေသဖွံ့ဖြိုးရေး ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများရှိ ပြည်သူများနှင...
12/08/2026

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းခန့်ကျော် ဒေသဖွံ့ဖြိုးရေး ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများရှိ ပြည်သူများနှင့် တွေ့ဆုံ

ပဲခူး၊ဩဂုတ်၊၁၂ရက်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းခန့်ကျော် ပဲခူးမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများမှ ပြည်သူများထံသွားရောက်တွေ့ဆုံကာ ‌ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးနှီးနော ဖလှယ် ခဲ့ကြကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှည် ဦးမင်းခန့်ကျော်သည် မနေ့က ဩဂုတ်လ ၁၁ရက်နေ့ နေ့လည်ပိုင်းက ပဲခူးမြို့ ဟင်္သာကုန်းရပ်ကွက် ရွှေဘုံဆင့်ကျောင်းရှိ ဓမ္မပီတိဓမ္မာရုံတွင် ရပ်ကွက်နေ ပြည်သူများနှင့်တွေ့ဆုံကာ ပြည်သူတို့၏ တင်ပြချက်များကို နားထောင်ပေးခဲ့ပြီး ပြန်လည်ရှင်းလင်း ပြောပြပေးခဲ့သည်။

ရပ်ကွက်ရှိပြည်သူတို့တင်ပြချက်များနှင့်ပတ်သက်ပြီး ရပ်ကွက်အတွင်း ဖွံ့ဖြိုးရေးကိစ္စရပ်များအတွက် မိမိအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ပြန်လည်တင်ပြပေးကာ ဆောင်ရွက်ပေးလို့ရသည့် ကိစ္စများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းကလည် ပြည်သူ့လွှတ်တော် ကိုယ်
စားလှယ် ဦးမင်းခန့်‌ကျော်သည် မြို့တွင်းကြီးရပ် ကွက်အုပ်ချုပ်ရေးမှုးရုံး၌ ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံကာ ရပ်ကွက်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား
ညှိနှိုင်း ဆွေးနွေး ခဲ့သေးကြောင်းနှင့်ပြည်သူ့လွှတ်
တော် ကိုယ်စားလှယ် တာဝန်ထမ်းဆောင်ချိန်ကစပြီး ပဲခူးမြို့နယ်အတွင်းရှိ အခြားရပ်ကွက် ကျေးရွာများမှ ပြည်သူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းခန့်ကျော်သည် ရွေးကောက်ပွဲ၌ ပြည်သူတို့ထံ ပေးထားသည့် ကတိ က
ဝတ်များ အတိုင်း ယခုလို ပြည်သူများနှင့်သွားရောက်တွေ့ဆုံတာဖြစ်ပြီး ဒေသတွင်းမှာ ဘာတွေလိုအပ်သလဲ၊ မိမိတို့က ဘာတွေလုပ်ပေးနိုင်လဲ ၊စည်ပင်နဲ့လိုလျှင်စည်
ပင်၊လျှပ်စစ်နဲ့ လိုလျှင် လျှပ်စစ် စသဖြင့် ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ကာ ဒေသဖွံ့ဖြိုးရေး ၊ပြည်သူတို့၏
အခက်အခဲများအတွက် ကွင်းဆင်းလေ့လာ ဆောင်ရွက်
ပေးနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

#ပဲခူးမြေမီဒီယာ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းခန့်ကျော် ပဲခူးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ သွားရောက်ကာ စာသင် ကျောင်းများဖ...
12/08/2026

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းခန့်ကျော် ပဲခူးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ သွားရောက်ကာ စာသင် ကျောင်းများဖွံ့ဖြိုးရေး ဆရာဆရာမများနှင့် တွေ့ဆုံ

ပဲခူး၊ဩဂုတ်၊၁၂ရက်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းခန့်ကျော် ပဲခူးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ သွားရောက်ကာ စာသင် ကျောင်းများဖွံ့ဖြိုးရေး ဆရာဆရာမများနှင့် တွေ့ဆုံကာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး အားပေးစကားများပြောကြားကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဦးမင်းခန့်ကျော်သည် ဩဂုတ်လ
(၁၁) ရက်နေ့ မနေ့က နေ့လည် (၁)နာရီအချိန်ခန့်က ပဲခူးမြို့ ဟင်္သာကုန်းရပ်ကွက် အတွင်းရှိ အထက(၉) စာသင်
ကျောင်းသို့ သွားရောက်ပြီးကျောင်းအုပ်ဆရာမကြီး နှင့်တစ်ကွ ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး ကျောင်း၏ လိုအပ်ချက် ကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြပြီး ကျောင်းအတွက်လိုအပ်ရာများ အသုံးပြုနိုင်ရန် အလှူငွေတစ်သိန်းခွဲအား မိမိငွေဖြင့်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဌင်းရပ်ကွက်အတွင်းရှိ အလက(ခွဲ) မွန်စံပြကျောင်းသို့ သွားရောက်ကာ ကျောင်းအုပ်ဆရာကြီး၊ဆရာဆရာမများနှင့် တွေ့ဆုံကာ ကျောင်း၏ လိုအပ်
ချက်များအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အလှူငွေ တစ်သိန်းကျပ်ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းကလည်း ပဲခူးမြို့ မြို့တွင်းကြီး ရပ်
ကွက်တွင်းရှိ မူလွန်ပန်းခြံကုန်းစာသင်ကျောင်းနှင့် အလက(ခွဲ) စိန်ထွန်းကျောင်းများသို့ သွားရောက်ကာ ဆရာ၊ဆရာမများနှင့်တွေ့ဆုံကာ ဆွေးနွေးခဲ့ပြီး အား
ပေးစကားများပြောကြားကာ ကျောင်း၏လိုအပ်ရာတွင်အသုံးပြုနိုင်ရေး အလှူငွေ တစ်သိန်းကျပ်စီ လှူဒါန်းခဲ့
ကြောင်းလည်း သိရသည်။

ပဲခူးမြို့နယ်အတွင်းစာသင်ကျောင်းပေါင်း(၂၃၈)ကျောင်း
ရှိရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းခန့်ကျော်
သည် စာသင်ကျောင်းပေါင်း ၂၀ကျော်သို့ သွားရောက်
ခဲ့ပြီးကြောင်းနှင့်ရွေးကောက်ပွဲမှာ ပြောထားသည့်အတိုင်း မိမိအနေဖြင့် ပညာရေးကဏ္ဍများတွင် ကျောင်းအသီးသီး
၏ လိုအပ်ချက်များ၊ဆရာဆရာမများ၏ လိုအပ်ချက်
များ အား အဓိကထားဆောင် ရွက်‌ပေးနေသူ တစ်ဦး
ဖြစ်ကြောင်း သိရသည်။

#ပဲခူးမြေမီဒီယာ

အမျိုးသမီးပြည်သူ့စစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားခြင်းမရှိ----------------------------------ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုး...
11/08/2026

အမျိုးသမီးပြည်သူ့စစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားခြင်းမရှိ
----------------------------------
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းတွေခေါ်ယူခြင်းမရှိသလို သင်တန်းဖွင့်လှစ်ထားတာလည်းမရှိဘူးလို့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

အဲဒါကြောင့် မှော်ဘီ ရကသ (၄) မှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားတယ်လို့ ထွက်ပေါ်နေတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာ မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရတဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနဲ့ အရာရှိသင်တန်းတွေကိုပဲ ဖွင့်လှစ်ထားတယ်လို့ ဒေါက်တာခိုင်ခိုင်စိုးရဲ့ ပြောကြားချက်အရ သိရပါတယ်။

တောင်ငူမြို့တွင် WY စိတ်ကြွရူးသွပ်ဆေး အပြား ( ၁၀၀) ဖမ်းဆီးရမိ@@@@@@@@@@@@@@@@@@@@@@@တောင်ငူ သတင်း စာမျက်နှာတောင်ငူ သြဂုတ...
10/08/2026

တောင်ငူမြို့တွင် WY စိတ်ကြွရူးသွပ်ဆေး အပြား ( ၁၀၀) ဖမ်းဆီးရမိ
@@@@@@@@@@@@@@@@@@@@@@@
တောင်ငူ သတင်း စာမျက်နှာ
တောင်ငူ သြဂုတ် ၁၀

တောင်ငူမြို့တွင် သြဂုတ်လ( ၇ )ရက် ၊ ညနေ ( ၆ )ဝန်းကျင်တွင် ထီးလှိုင် - ကန်ရိုးလမ်း ( ဂျပန်လမ်း) မပေါ်တွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေး အပြား ( ၁၀၀) ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

တာဝန်ရှိသူများသည် သက်သေများ နှင့်အတူ သတင်းအရ
စောင့်ဆိုင်းနေစဥ် ထီးလှိုင် ဘက်မှ ကန်ရိုးကျေးရွာဘက်သို့ ဂျပန်လမ်းအတိုင်း Honda 110. ဆိုင်ကယ်အမျိုးအစားဖြင့် မောင်းနှင်လာသော အေးမင်းဦး( ခ) သွာဟစ် ၊ စျေးကွက်သစ်ရပ် ၊ သာဂရမြို့ နေသူအား ရပ်တန့်စစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ ရပ်တန့်စစ်ဆေးခဲ့ရာ ၄င်းဝတ်ဆင်ထားသော ဂျင်းဘောင်ဘီ အပြာရောင် ဝဲဘက် အိတ်ကပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော WY စာတန်းပါ ဆေး အပြား( ၁၀၀) အား ရှာဖမ်းသိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဆေးပြားများအား မည်သည့်နေရာမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးခဲ့ရာ တောင်ငူမြို့ ထီးလှိုင်တံတား နှင့် လေးလမ်းမောင်းသံလမ်းကြား လမ်းမပေါ်တွင် အစ်ကို အမည်ရှိ အမျိုးသား တဦးမှ တပြားလျှင် ၆၅၀ ကျပ်ဖြင့် ရောင်းချသွားကြောင်း စစ်ဆေးပေါ်ခဲ့ကြောင်းသိရသည်။

WY စာတန်း စိတ်ကြွရူးသွပ်ဆေးပြား အပြား ( ၁၀၀) အား လက်ဝယ်တွေ့ရှိသူ အေးမင်းဦး ( ခ) ဆွာဟစ် အား တောင်ငူမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ( က) ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည် ။

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ  Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခံရမှု...
10/08/2026

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊
ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍
တရားခံများအား ၁၂ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
*******************************

9.8.2026

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊
ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင် ပိုင်ရှင်အား ဩဂုတ်လ ၆ ရက်နေ့တွင် ပြန်ပေးဆွဲခံရမှု
ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏
နေ့မအားညမနား ကြိုးပမ်းဆောင်ရွက်မှုကြောင့်
၁၂ နာရီအချိန်အကြာ ဩဂုတ်လ ၇ ရက်နေ့တွင်
တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း
သိရှိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး လိုအပ်သည့်စိစစ်မှုများ
ဆောင်ရွက်ခဲ့ပြီး ဩဂုတ်လ ၇ရက်နေ့ နံနက် ၄နာရီခွဲချိန်ခန့်တွင် ပြန်ပေးဆွဲမှုဖြစ်စဉ်တွင်ပါဝင်သူ တရားခံများ
ဖြစ်ကြသည့် မူဒူးဂါး(ခ) ဝင်းကိုအောင်(ဘ)ဦးလှမြင့်(ခ)
ဦးဘာစန်း(ဟိန္ဒူ၊ဗုဒ္ဓ)နှင့် ဂင်ဒို(ခ) လင်းလင်း (ဘ)
ဦးမောင်မောင် (ဟိန္ဒူ၊ ဗုဒ္ဓ) တို့ နှစ်ဦးအား တာမွေမြို့နယ်၊ စက်စန်းဟိုတယ် အနီးတွင်ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်
တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ အဆိုပါနေ့ နံနက် ၅ နာရီခန့်တွင် မျိုးမင်းဦး(ခ) မျိုးကြီး (ဘ) ဦးအုန်းမြနှင့် အောင်သူ(ခ) အောင်သူဦး (ဘ)ဦးဝင်းလှိုင် တို့နှစ်ဦးအား သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးတွင်အသွား၆လက်မခန့်ရှိ ဓားတစ်ချောင်း၊ လှံစွပ်တစ်ချောင်း၊ လက်ထိပ်တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေရာ တစ်ဝိုက်အား လိုအပ်သည့်ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ပြန်ပေးဆွဲခံရသူ ဦးအောင်မြင့် (ခ) ဆူပရာမန်းနီး အား ၎င်းအနီးရှိ အိမ်ပျက်အတွင်းမှ အသက်ရှင်လျက်ပြန်လည် ရှာဖွေ တွေ့ရှိကယ်တင်နိုင်ခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့သည့် တရားခံ စုစုပေါင်း ၉ ဦးတို့အား တည်ဆဲဥပဒေများနှင့် အညီထိရောက် ပြင်းထန်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

C r d

လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ဒေသများကို အလျင်အမြန်ကွင်းဆင်းကြည့်ရှုပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြ...
10/08/2026

လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ဒေသများကို အလျင်အမြန်ကွင်းဆင်းကြည့်ရှုပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နေဟု နိုင်ငံတော် သမ္မတ ပြော

ရန်ကုန်၊ ဩဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ဒေသများကို အလျင်အမြန်ကွင်းဆင်းကြည့်ရှုပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဩဂုတ်လ ၈ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက ပေးအပ်လှူဒါန်းပွဲအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ရေကြီးရေလျှံမှုစတင်ဖြစ်ပွားချိန်ကတည်းက ဘေးသင့်သူများကို ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးရေး၊ စားရေရိက္ခာများ ထောက်ပံ့ပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ မြစ်ရေတိုက်စားပြိုကျမှုက ကာကွယ်ရေးတို့ကို အရှိန်အဟုန်မြှင့် တာဝန်ယူဆောင်ရွက်နေသည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် သဘာဝဘေးဒဏ်များကို ကာကွယ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်‌ ရေးလုပ်ငန်းများကို စနစ်တကျဆန်းစစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက ပေးအပ်လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၂၃ ဒသမ ၃၂၄ ဘီလီယံကျော်ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

ရာမညတိုမ်း(တိုမ်း)-သတင်းအေဂျင်စီ

Yarmanya Times

၉-၈-၂၀၂၆ ၊ ၁၆:၁၀နာရီခန့် ၊ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၄၀/၃-၄၀/၄အကြား(ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့) (အသွားလမ်...
10/08/2026

၉-၈-၂၀၂၆ ၊ ၁၆:၁၀နာရီခန့် ၊ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၄၀/၃-၄၀/၄အကြား(ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့) (အသွားလမ်း)တွင် ဆိုင်ကယ်ကို တစ်ဦးတည်းမောင်းနှင်လာသည့် 70ယ/1008 Wave၊ နက်ပြာရောင်ဆိုင်ကယ်သည် လမ်းအရှေ့ဘက်မှ အနောက်ဘက်သို့ လမ်းဖြတ်ကူးစဉ် ယာဉ်မောင်းပါ ကျား (၂)ဦး မ(၂)ဦး စုစုပေါင်း (၄)ဦး လိုက်ပါလာသည့် BAIC BEIJING အမျိုးအစား၊ အဖြူရောင်EVယာဉ်မှ တိုက်မိခဲ့သော ယာဉ်မတော်တဆမှုဖြစ်ပွါးခဲ့ပါသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူအားလုံးထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း ဆိုင်ကယ်စီးသူမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါသည်။ အမြန်လမ်းမကြီးများ ဥပဒေအရ အမြန်လမ်းပေါ်တွင်လမ်းလျှောက်သူ/လမ်းဖြတ်ကူးသူ/မော်တော်ဆိုင်ကယ်/စက်ဘီး/ထော်လာဂျီ/သုံးဘီးယာဉ်များ ကျွဲ/နွားလှည်းများမှာသွားလာ ခွင့်မရှိကြောင်းနှင့် အမြန်လမ်းပေါ်၌အဆိုပါ လူ/ယာဉ်/လှည်းများကြောင့် မတော်တဆမှု ဖြစ်ပွားပါက အဆိုပါယာဉ်/လှည်း မောင်းနှင်သူ/လမ်းလျှောက်သူသာအရေးယူခံရမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

>>>> #အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့

Address

Hinthargone Quarter Bago
Bago
007007

Website

Alerts

Be the first to know and let us send you an email when BAGO MYAY Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share