05/08/2025
အသက် ၈ နှစ်အရွယ် ပျောက်ဆုံးနေတဲ့ မိန်းကလေးဟာ ချောင်းထဲမှာ ရုပ်အလေ-ာင်းသာ ပြန်တွေ့
သြဂုတ် ၅
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ နမ့်လွတ် အာခါရွာအနီးမှာ ကလေးရုပ်အလေ-ာင်းတခု မယ်ဟုတ်ချောင်းထဲ တွေ့ရှိခဲ့ရာက ဇူလိုင်လ ၃၀ ရက်နေ့က ပျောက်ဆုံးသွားတဲ့ မိန်းကလေးရုပ်အလေ-ာင်းဖြစ်နေခဲ့တယ်လို့ သိရပါတယ်။
မယ်ဟုတ် ချောင်းထဲမှာ တွေ့ခဲ့ကြတဲ့ ရုပ်အလေ-ာင်းဟာ ဟောင်လိတ် ဝမ်ဟောင် ရပ်ကွက်က လွန်ခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ကတိုင် ပျောက်ဆုံးနေတဲ့ အသက် ၈ နှစ်အရွယ်မိန်းကလေး ဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့ နေလယ်ပိုင်းကတည်းက ကစားဖို့ထွက်သွားပြီး ညနေပိုင်းမှာ ပြန်မလာတာကြောင့် မိခင်က လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ရှိခဲ့ဘဲ လူပျောက်ကြေညာထားသူဖြစ်တယ်လို့ သိရပါတယ်။
"ကလေးအမေအဝတ်ဖွတ်နေတုန်း ကလေးက သူ့ငယ်ချင်းတွေဆီ ဆော့ဖို့သွားမယ်ဆိုပြီး သွားတာ။ ၂ နာရီလောက်ထွက်သွားတာ ပြန်မလာလို့ရှာပေမယ့် မတွေ့လို့ ပရဟိတအဖွဲ့တွေနဲ့ လိုင်းပေါ်တင်ပြီး လူပျောက်အကူအညီတောင်းထားတာ လကုန်ကတည်းကပေါ့ " လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ နမ့်လွတ် အာခါရွာအနီး မယ်ဟုတ်ချောင်းမှ မယ်ခေါင်မြစ်သို့ စီးဆင်းတဲ့ ချောင်းဆုံအနီးမှာ တွေ့ခဲ့တာဖြစ်ပြီး အလောင်းကိုစစ်ဆေးရာမှ မုဒိမ်းကျင့် သတ်ဖြတ်တဲ့ လက္ခဏာတွေနဲ့ တွေ့ခဲ့ရတာလို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ပတ်သတ်ပြီး ဟောင်လိတ်နယ်မြေ ရဲစခန်းက သံသယရှိတဲ့ အမျိုးသားကို စစ်ဆေးရာက အမှုမှန် ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
"ကလေးကို မုန့်ဝယ်ကျွေးမယ်ဆိုပြီး အဓမ္မကျင့်ဖို့လုပ်တာမှာ ကလေးက ငိုလို့ လည်ပင်းကိုညှစ်ပြီး ခြိမ်းခြောက်ရာက လက်လွန်သွားတာလို့ ရဲ စခန်းမှာ ထွက်ဆိုတယ်ပြောတယ် " လို့ ဖြစ်စဉ်ကို ကြားသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရဲ စခန်းက လက်တလောမှာ တရားခံကို အလိုမတူဘဲ အဓမ္မပြုကျင့်မှုနဲ့ တရားခံကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပြီး ဟောင်းလိတ်နယ်မြေ ရဲစခန်းက ဒီနေ့ နေ့လယ်ပိုင်းမှာ အမှုတည်ဆောက် နေတယ်လို့ သိရပါတယ်။
#တာချီလိတ်
#မယ်ဟုတ်ချောင်း
#အဓမ္မပြုကျင့်