
15/07/2025
မိန်းကလေးတစ်ယောက် ...
စကားတွေ အများကြီး ပြောနေတုန်းမှာ
တန်ဖိုးထားဖို့ သတိရပေးပါ ။
နားငြီးလိုက်တာ ... နားပူလိုက်တာဆိုတဲ့
စကားလုံးတွေနဲ့
ပြောနေတဲ့စကားလုံး တန့်သွားအောင်
ခဏခဏ မလုပ်ပါနဲ့ ။
မင်းနဲ့ ပတ်သက်ပြီး
စကားတွေ အများကြီး ပြောနေတဲ့
မိန်းကလေးကလေ
ပုံမှန်ဆို တိတ်ဆိတ်နေတတ်လွန်းလို့
စကားမှ ပြောတတ်ရဲ့လားလို့ မေးယူရလောက်တဲ့အထိကို
စကားနည်းပါတယ် ။
သူ ... စိတ်မှ မပါရင်
အင်း တစ်လုံးတောင်
ပြန်မပြောတတ်တဲ့ လူစားမျိုးမို့
သူမက ..
အကြောင်းအရာတွေ အများကြီးကို
စကားလုံးတွေ ဖောင်ဖွဲ့ပြိး
ပြောနေတယ်ဆိုတာ
တကယ်တမ်းကျတော့ ...
ဝေးမသွားချင်တဲ့ ဆန္ဒတွေ အများကြီးပါတယ် ။
သူ့ စကားလုံးတွေ နောက်မှာ
ငါ့ကို ချစ်ရင် ဆိုတဲ့ မျှော်လင့်ချက်လေးတွေလည်း
ရှိတတ်သလို
တစ်နေ့ကျရင်ဆိုတဲ့ အိပ်မက်လေးတွေနဲ့
ကပ်ပါလာတတ်တာမို့
ချစ်တဲ့စိတ်လေးနဲ့
နားထောင် တတ်စေချင်တယ် ။
သူ့ စိတ်ထဲမှာ ရှိမနေတဲ့
လူတစ်ယောက်အတွက်
စကားတွေအများကြီး ပြောပြီး
လေကုန်ခံမှာမဟုတ်သလို
တစ်ခါပြောလို့ ပြောင်းလဲမလာတဲ့လူတစ်ယောက်အတွက်
အထပ်ထပ်အခါခါ ပြောရင်း
ရန်ဖြစ်နေမှာ မဟုတ်ဘူး ။
မိန်းကလေးတစ်ယောက်
စကားတွေ အများပြောနေတုန်းမှာ
တန်ဖိုးထားဖို့ သတိရပါ ...
ဘာကြောင့်လဲဆိုတော့
အဲ့ဒီမိန်းကလေး
တိတ်ဆိတ်သွားတဲ့နေ့ကျရင်
အဲ့ဒီတုန်းက စကားသံလေးတွေကို
ပြန်သတိရနေမိလိမ့်မယ် ။
ဘယ်တော့မှ အဲ့ဒီနေ့ရက်တွေကို မရောက်စေနဲ့ ။
အဲ့ဒီနေ့ရက်တွေမှာဆိုရင် ...
သိပ်ကို နာကျင်ရတာ
အရင်တုန်းကလို စကားတွေအများကြီးပြောနေရင်
သိပ်ကောင်းမှာဆိုပြီး
ပြန်လွမ်းရတာ ။
#ကျေးကို