Shoon Thaw Dar

Shoon Thaw Dar compilaton

27/07/2025

မင်းတိုးတက်ဖို့လိုအပ်တဲ့
သက်တောင့်သက်သာမဖြစ်စေတဲ့အကျင့် ( 5 )မျိုး

1.ခက်ခဲတယ်ဆိုတဲ့အရာကိုအရင်ဆုံးလုပ်ပါ
-စည်းကမ်းရှိဖို့ကြိုးစားပါ
-ရှောင်ပြေးနေတာတွေရပ်ပီး မင်းရဲ့နေ့ရက်တွေ
ကိုဦးဆောင်ကြည့်ပါ

2.မင်းအားအင်တွေကျစေတဲ့အရာတွေကို
ငြင်းတတ်အောင်လုပ်ပါ
-မင်းအားအင်တွေကိုကာကွယ်ထိန်းသိမ်းထားပါ
-စည်းတားထားတာက သက်တောင့်သက်သာမ
ဖြစ်စေပါဘူး ဒါပေမဲ့ powerful ဖြစ်ပါတယ်

3.မင်းလုပ်မိတဲ့အမှားတွေကိုသုံးသပ်ပါ
-ကိုယ့်ကိုကိုသတိထားမိခြင်းကို အစပျိုးပါ
-အများစုကအဲ့တာကို မလုပ်ကြပါဘူး
Winner တွေက အဲ့တာကိုသေချာလုပ်ကြလို့
အောင်မြင်ကြပါတယ်

4.Discomfort နဲ့အသားကျအောင်လုပ်ပါ
-စိတ်ဓာတ်သန်မာဖို့အမြဲ အဆက်မပြတ်အားထုတ်နေပါ
-ခံစားကြည့်ပါ၊မပြေးပါနဲ့

5.မလုပ်ချင်တော့တဲ့အချိန်မှာတောင်
တက်”ကြွ” လုပ်ဖို့အကျင့်လုပ်ပါ
-တကယ်growth ဖြစ်တယ်ဆိုတာ
အဲ့လိုအချိန်မှသာ မြင်နိုင်တာကြောင့်ပါ

opi.Surrounding

24/06/2025
22/06/2025
21/06/2025

မင်းမှာ ဒီလိုအချက်တွေရှိနေသေးရင်
မင်းမရင့်ကျက်သေးဘူး

1. လူတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို
လိုက်ခံစားနေသေးရင် မင်းမရင့်ကျက်သေးဘူး

2. အမှားနဲ့အမှန် မခွဲခြားနိုင်သေးရင်
မင်းမရင့်ကျက်သေးဘူး

3. လူတိုင်းကို ကိုယ့်လိုထင်ပြီးအယုံအကြည်
လွယ်လွန်းရင် မင်းမရင့်ကျက်သေးဘူး

4. အချစ်ကြောင့် လိုက်ပြီးနာကျင်ခံစား
နေရသေးရင် မင်းမရင့်ကျက်သေးဘူး

5. စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်သေးရင်
မင်းမရင့်ကျက်သေးဘူး

6. လူတွေအပေါ် အကောင်းမြင်စိတ်နဲ့
မေတ္တာတရား မထားနိုင်သေးရင်
မင်းမရင့်ကျက်သေးဘူး

7. တစ်ယောက်တည်းလည်း နေတတ်တဲ့
အကျင့်မရှိသေးရင် မင်းမရင့်ကျက်သေးဘူး

Credit to MEN

07/06/2025
29/05/2025

Relationship တွေမှာ
သတိထားရမယ့် ပန်းနုသွေးခြင်း

အခုပြောပြပေးသွားမှာကတော့
Relationship တစ်ချို့မှာ တွေ့ရတတ်တဲ့
လှည့်စားမှုတစ်မျိုးဖြစ်ပြီး အားလုံးအတွက်
သတိထားနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

တစ်ချို့လူတွေက စိတ်ကုန်လာရင်၊
ပြတ်ချင်လာရင် စိတ်ကုန်ကြောင်း၊
ပြတ်ချင်ကြောင်း ပြောမယ့်အစား
တစ်ခြားရွေးချယ်မှုကို လုပ်တတ်ကြတယ်
အဲ့တာကတော့ ပန်းနုသွေးခြင်းပါပဲ။

ပန်းနုသွေးခြင်းမှာဆို သူ့ဘက်က
အချိုးတွေ စပြောင်းလာမယ်
ကိုယ့်ကိုအဖက်မလုပ်တော့တာ၊
ဂရုမစိုက်တော့တာ၊ လျစ်လျူရှုလာတာပေါ့
ပြီးရင်သူကခံရသူလို ပြုမူပြီး ကိုယ့်ကို
အပြစ်တင်မယ်။

ကိုယ်မှားလို့ ဖြစ်တာ၊ ကိုယ်လိုအပ်လို့ဖြစ်တာ၊
ကိုယ်မကောင်းလိုဖြစ်တာ စသဖြင့်နဲ့ ကိုယ့်ကို
မကောင်းတဲ့ လူတစ်ယောက်အဖြစ်
ဖန်တီးလိမ့်မယ်။

ကိုယ့်ကို မကောင်းတဲ့သူဖြစ်အောင်
လုပ်ပြီးတော့မှ သူကသူလုပ်ချင်တာကို
လုပ်မယ် သူနေချင်သလိုနေလာမယ်။

အများဆုံးတွေ့ရတဲ့ အခြေအနေကတော့
ပန်းနုသွေးခြင်းကို ဖောက်ပြန်ရာမှာ
အသုံးပြုကြတာပါပဲ ကိုယ်ကဂရုမစိုက်လို့
ဖောက်ပြန်တာ၊ ကိုယ်ကနားလည်မပေးလို့
ဖောက်ပြန်တာ၊ ကိုယ်ကပေါ့လျော့လို့
ဖောက်ပြန်တာစသဖြင့် ဆင်ခြေပေးတတ်ကြ
တယ်။

ဒါမျိုးကိုမှ ကိုယ့်ကြောင့်ဖြစ်တာပဲဆိုပြီး
ငြိမ်ခံပြီး မသိချင်ယောင်ဆောင်ပေး
ကြတဲ့သူတွေကလဲ ရှိကြတယ်။

ဒါပေမယ့် တကယ်ကော ကိုယ့်ကြောင့်
ဟုတ်ရဲ့လား သေချာစဉ်းစားကြည့်ပါ
သူကိုယ်တိုင် ရွေးချယ်ထားတဲ့အရာကို
ကိုယ့်ကြောင့်ဖြစ်လာတယ်လို့ မရောထွေး
မိပါစေနဲ့။

ဘာကြောင့်မို့ ပန်းနုသွေးကြတာလဲ
အဖြေကတော့ လူတွေက သူတို့မှားတာ၊
သူတို့မကောင်းတာကို မလိုချင်ကြလို့ပါ
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သူတို့မှန်တယ်၊
ကောင်းတယ်ဆိုတာကိုပဲ လိုချင်ကြတယ်။

မှားတာကို လုပ်နေပေမယ့် မှားတယ်လို့တော့
နာမည်တပ်မခံချင်ကြဘူး မှားတာလုပ်နေ
ရင်တောင်မှ မှန်တဲ့ပုံဖမ်းတာက အနည်းဆုံးတော့
သူတို့ကိုလိပ်ပြာလုံစေ၊ ခံစားရသက်သာစေလို့ပါ
ဒါကြောင့်မို့ပဲ ပန်းနုသွေးကြပါတယ်။

ကိုယ်အခု ဒါမျိုးကြုံနေရသလား
အဖြစ်မှန်ကို မြင်အောင်ကြည့်ပြီး
ဖြတ်ပစ်လိုက်ပါ တစ်ချို့အခြေအနေတွေက
တကယ် ကိုယ်မကောင်းတာကြောင့်လဲ
ဖြစ်နိုင်ပါတယ် မျှတအောင် ကြည့်တတ်
ကြပါစေ။

Credit to Steven .TDM

21/05/2025
17/05/2025

ဘယ်လိုမျိုး Move On နိုင်အောင်လုပ်မလဲ?

၁။ လက်ရှိခံစားချက်ကို လက်ခံပါ
သင်နာကျင်နေတယ်ဆိုတာကို လက်ခံလိုက်ပါ
ခံစားချက်တွေကို ဖိအားပေးပြီး
ဖုံးကွယ်ဖို့မလိုပါဘူး။

၂။ မတူညီတဲ့အရာတွေလုပ်ပါ
ကိုယ်ဝါသနာပါရာစတင်လုပ်ဆောင်ပါ
အားကစားလုပ်ပါ၊ စာအုပ်ဖတ်ပါ၊
သူငယ်ချင်းသစ်တွေရှာဖွေပါ။

၃။ အမှတ်တရတွေကို မကြာခဏ
ပြန်မမှတ်မိစေဖို့ ကြိုးစားပါ၊
တစ်ခါတစ်လေ Social Media တွေကို
ခနတာအသုံးမပြုတာကလဲ အကျိုးရှိပါတယ်။

၄။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးပါ၊ ကိုယ့်အချိန်ကို
အတတ်နိုင်ဆုံးအကျိုးရှိစွာအသုံးပြုပါ၊ Gym သွားတာဖြစ်ဖြစ်၊ Meditation လုပ်တာဖြစ်ဖြစ်
မကြာခနလုပ်ပေးပါ။

၅။ အနာဂတ်အတွက် ရည်မှန်းချက်အသစ်တွေ
ထားပါ အတိတ်အပေါ်မတွယ်ကြည့်ပဲ
ကိုယ့်ဘဝကိုပိုမိုတိုးတက်အောင်
ရည်မှန်းချက်သစ်တွေပေးပြီး ရှေ့ဆက်ပါ။

၆။ သူမင်းဆီကို ဘယ်တော့မှပြန်လာမှာ
မဟုတ်တော့ဘူးဆိုတာ သိထားပါ။

A

Address

Bago

Website

Alerts

Be the first to know and let us send you an email when Shoon Thaw Dar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share