
23/06/2025
🌸မိုးက တစိမ်စိမ့် ရွာနေတဲ့အခါ
စိတ်ကပါ အလိုလိုနေရင်း
ချစ်ခင်သူတွေကို သတိရလာမိတာပဲ
🌸ဘယ်လိုလူတွေကို သတိရလာစေလဲဆို
အထူးသဖြင့် ကျတော်တို့ရဲ့ ဘဝမှာ
ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့သူတွေ
ဘယ်တော့မှ ပြန်မရနိုင်တော့မယ့်
ပျော်ရွှင်ခဲ့ရတဲ့အဖြစ်အပျက်တွေ
အစားထိုးမရတဲ့ အမှတ်တရနေ့ရက်တွေနဲ့
🌸နောက်ပြီး ကျနော်တို့နားမှာ ရှိနေပေမယ့်
ဘဝထဲ ဘယ်တော့မှ ရောက်မလာနိုင်တော့မယ့်
သူတွေကို သတိရ တမ်းတမိတာပါပဲ …။
- ရေချယ်
🌿
🌹22.6.2025🌹
🌹R🌹
#ကဗျာ
#လွမ်း
#မိုး