Willow Summer II

Willow Summer II We provide trusted premium accounts and profiles for music and movie streaming

Hello helloAdmin ခုရက်ပိုင်း ခရီးရောက်နေတာနဲ့ အလုပ်များနေတာနဲ့ ရောပြီး ဘာမှ reply မလုပ်နိုင်ဖြစ်နေလို့၊ မေ့နေ့တာ အဖတ်မလု...
03/09/2026

Hello hello

Admin ခုရက်ပိုင်း ခရီးရောက်နေတာနဲ့ အလုပ်များနေတာနဲ့ ရောပြီး ဘာမှ reply မလုပ်နိုင်ဖြစ်နေလို့၊ မေ့နေ့တာ အဖတ်မလုပ်တာမဟုတ်ပါဘူးနော်။

I will be back tomorrow peeps 🐬

Personally, Daemon with a dragon >>>>> Jon Snow 🐉House of the dragon ကိုကြည့်လို့မဝသေးဘူး။ Matt Smith ကိုအရမ်းသဘောကျတာပဲ...
12/08/2026

Personally, Daemon with a dragon >>>>> Jon Snow 🐉

House of the dragon ကိုကြည့်လို့မဝသေးဘူး။
Matt Smith ကိုအရမ်းသဘောကျတာပဲ 😘
စစ်တိုက်ရင်လည်း dragon ပေါ်ကနေ အမိန့်ပေးတာပဲလုပ်မနေပဲ သူကဦးဆောင်ပြီး စဝင်တာနော်

Daemon aura အရမ်းကောင်းလို့ သူရဲ့နဂါး Caraxes ကိုပါ crush နေပါပြီ 🔥

Have you guys watched the last episode??
Aura fuming is real 💓

Peak cinema moment in Myanmar movie 🍉Admin ခုတလော  မြန်မာရုပ်ရှင်တွေမကြည့်ဖြစ်နေတာ မောင့်မူပိုင်ရှင် အသစ်တင်ထားတာတောင်မသ...
09/08/2026

Peak cinema moment in Myanmar movie 🍉

Admin ခုတလော မြန်မာရုပ်ရှင်တွေမကြည့်ဖြစ်နေတာ မောင့်မူပိုင်ရှင် အသစ်တင်ထားတာတောင်မသိလိုက်ဘူး။ အရင်တင်ထားတာက သီချင်းတွေအကုန်ဖြတ်ထားတော့ ကြည့်ရတာ လုံးဝ mood မလာ။ အခုအသစ်တင်ထားတဲ့ထဲမှာ သီချင်းတွေတီးလုံးတွေအကုန်ပါပြီး ကြည်တောက်။

ဒွေးရဲ့ အရက်မူးပြီးဆိုတဲ့ မူပိုင်ရှင်မကြီးမမခိုင် ဆိုတဲ့ဟာတောင်ပြန်ပါတယ်။ အဲ့သီချင်းကလည်း တော်တော်ပေါက်သွားခဲ့တာနော်။

အရင်က MWD, MRTV တို့ကပြန်ပြရင် မိသားစုလိုကိညဘက်ကြီးစုကြည့်ရတာ အရမ်းသတိရသွားတာ။

မှတ်မိတာတော့ သူတို့သုံးယောက်စုံတဲ့အခန်းကြီးက အဲ့တုန်းက တကယ်ကို ဇာတ်ရှိန်တွေတက်တဲ့အခန်းကြီး ဖြစ်ခဲ့တာ။ နိုင်ငံခြားကားတွေ၊ Korea ကားတွေခုလို အဲ့တုန်းက မကြည့်ရတော့ မြန်မာကားကောင်းကောင်းတွေဆို အရမ်းသဘောကျတာ။

နှစ်တွေအကြာကြီးနေမှပြန်ကြည့်ရတာ တကယ်ကို nostalgic ဖြစ်ပြီး အိမ်ကိုလည်းအရမ်းသတိရ။ ခုထွက်တဲ့ movie တွေလည်း quality content ပိုပါလာပြီဆိုပေမယ့် ဘာလို့လဲမသိဘူး၊ ငယ်ငယ်တုန်းက ရုပ်ရှင်ကားကြီးတွေကိုပိုကြိုက် 🍂

Sunday ပိတ်ရက်လေးမှာကြည့်ဖို့ မြန်မာကားကောင်းလေးကို လက်တို့လိုက်ပြီနော် 😘

The White Lotus 🪷 Admin ရဲ့အကြိုက်ဆုံး နဲ့ ခဏခဏပြန်ပြန်ကြည့်ဖြစ်တဲ့ series တွေထဲမှာ The White Lotus ကအမြဲပါတယ်။ admin ရဲ...
11/07/2026

The White Lotus 🪷

Admin ရဲ့အကြိုက်ဆုံး နဲ့ ခဏခဏပြန်ပြန်ကြည့်ဖြစ်တဲ့ series တွေထဲမှာ The White Lotus ကအမြဲပါတယ်။ admin ရဲ့ညီမလေးစကြည့်ခိုင်းတုန်းက season one ပဲရှိသေးတယ်။ အစကတော့ ကြည့်နေကြဇာတ်လမ်းလိုတွေ မဟုတ်တော့ နားမလည်ပေမယ့် episode 1 မပြီးခင်လောက်တင် သူတို့ပြချင်တဲ့ content ကိုမိပြီး အရမ်းကြိုက်သွားတာ။

Season တိုင်းမှာပါတဲ့ cast တွေကလည်း တကယ်ကိုသရုပ်ဆောင်ကောင်းပြီး power dynamic တွေ၊ upper and middle class ရဲ့ dark humour တွေပြနိုင်တာ။

Upper class တွေကလည်း ဘယ်တော့မှသူတို့ရဲ့ supremacy complex ကိုမစွန့်လွှတ်နိုငိသလို၊ middle class people တွေကလည်း တကယ့် elite တွေကြား ဘယ်လိုမှဝင်မဆန့်နိုင်တာကို fast paced plot တွေ၊ လူတွေရဲ့ ဖုံးကွယ်ထားတဲ့ dark side
တွေ နဲ့ တကယ့် luxury vacation spot မှာရိုက်ထားတာ။

Emmy award တွေလည်း နှစ်တိုင်းရသလို၊ season တစ်ခုပြီးတိုင်း critic တွေ ပြန်လည်ဆွေးနွေးရအောင်ကို တွေးစရာတွေကော၊ entertainment ကော အပြည့်အဝပေးနိုင်တာမလို့ မကြည့်ရသေးရင် ကြည့်ကြည့်နော်။

Season တစ်ခုချင်းရဲ့ cast list ကိုကြည့်တာနဲ့တငိ အချိန်ပေးရတာတန်မှန်းသိသွားမှာ တကယ်တကယ် 💓

Photos crd

My rockstar baddie couple is back🐉 HOTD season 3 ကအရမ်းအရမ်းအရမ်းမိုက်တာပဲကွယ်။ dragon တွေလည်း အဝကို ကြည့်ရတာ။ Plot and ...
29/06/2026

My rockstar baddie couple is back🐉

HOTD season 3 ကအရမ်းအရမ်းအရမ်းမိုက်တာပဲကွယ်။ dragon တွေလည်း အဝကို ကြည့်ရတာ။
Plot and pace ကလည်း season 2 လို နှေးနှေးပျင်းပျင်းကြီးမဟုတ်ဘူး။

ဝက်သားဒုတ်ထိုးအခန်းတွေလည်း တစ်ခန်းပြီးတစ်ခန်း ⚔️

Matt Smith ကတော့ အသက်ကြီးလာတာ တစ်ချို့အခန်းတွေသိသာပေမယ့် overall တော့ကြည့်ကောင်းပြီး Daemon vibe အပြည့်ရသေးတယ်။ 💓

Emma D’Arcy ရဲ့ acting ကိုဘာလို့ ဝေဖန်ကြလည်းတော့မသိဘူး။ admin တော့အစတည်းကသဘောကျတယ်။ Oilvia Cook ကတော့အရမ်းးးလှ 🦖

ခုတော့အပိုင်းတိုင်းမျှော်နေရပြီ။ Timothee Chalamet ပေါက်စ Jace လေးမပါတော့တာတော့ တကယ်စိတ်မကောင်းဘူး 🥺

Photo crd

Voicemail for Isabelle 📱🌮🍃ခုလောလောဆယ် အသစ်ထွက်ထားတဲ့ rom com ထဲမှာ plot, acting, casting, and soundtrack ကောင်းတာလေးရှာန...
24/06/2026

Voicemail for Isabelle 📱🌮🍃

ခုလောလောဆယ် အသစ်ထွက်ထားတဲ့ rom com ထဲမှာ plot, acting, casting, and soundtrack ကောင်းတာလေးရှာနေရင် ဒီရုပ်ရှင်လေးကကြည့်ကိုကြည့်သင့်ပါတယ်။

လူတွေမှာ ဘာမှဖုံးကွယ်စရာမလိုပဲ ရင်ဖွင့်စရာလူတစ်ယောက်တော့ရှိသင့်တယ်လို့ admin တော့ ယုံကြည်တယ်။ မဟုတ်ရင် စိတ်ပျက်စရာတွေများတဲ့ လောကကြီးမှာ ဘယ်လိုမှ cope လုပ်ဖို့မလွယ်ဘူး။ အဲ့ရင်ဖွင့်လို့ရတဲ့လူက မိသားစု၊ သူငယ်ချင်း၊ ကိုယ့်ရဲ့ partner ဘယ်သူမဆိုဖြစ်နိုင်တယ်။

ကိုယ့်ရဲ့ circle လေးထဲက ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးထားရရင် အဲ့နေရာလေးကဘယ်တော့မှ heal မဖြစ်ဘူးလို့ ခံစားရတယ်။ မသိချင်ယောင်ဆောင်နေကြပြီး ဘဝကိုရှေ့ဆက်လိုက်တာပဲရှိတယ်။ သူတို့က ကိုယ်ကလုံးဝမမေ့မချင်း ကိုယ်နဲ့ရှိနေပြီးတော့ သံသရာတစ်ကွေ့ကွေ့မှာ ပြန်တွေ့မှာလို့လည်းယုံတယ်။

ခုရုပ်ရှင်လေးက အဲ့အပိုင်းလေးကို ညီအမသံယောဇဉ်နဲ့ ဇာတ်လမ်းရှင်းရှင်းလေးလုပ်ထားပေမယ့် ငိုလိုက်ရတာ နှာတောင်စေးတယ်။

Rom com အပိုင်းလေးကလည်း ခုနောက်ပိုင်းထွက်ထားတဲ့ ရုပ်ရှင်အများစုလို့ အတင်းလုပ်ယူထားတဲ့ Chemistry တွေနဲ့ အီလည်လည်ကြီးမဖြစ်ဘူး။ ( Sydney Sweeny and Glen Coe ရဲ့ Anyone But You ဆို plot ကလည်းမကောင်း၊ chemistry ကလည်း တစ်စက်မှမမိ )

ခုကားလေးက ဟိုးးးအရင် 1990-2000 လောက်မှာထွက်ခဲ့တဲ့ Rom Com vibe လေးပြန်ရလိုက်တာ အရမ်းကြိုက်တာပဲ။
But admin ရဲ့ all time fav တွေဖြစ်တဲ့
- how to lose a guy in 10 days
- When Harry meets Sally
- You’ve got a mail
- Notting Hill
- Bridget Jones Diary
- 13 going to 30 တို့ကိုတော့ မမှီဘူးပေါ့နော်။

ဒါပေမယ့် 2020 နောက်ပိုင်းထွက်တဲ့ Rom Com ထဲမှာတော့ Top 3 ပါကိုပါတယ်လို့ အမှတ်ပြည့်ပေးလိုက်ပါတယ်။

မကြည့်ရသေးရင် tissue ဆောင်ပြီးကြည့်ကြည့်ပါလို့။

Photos crd

Hello hello တို့တွေရဲ့ House of the dragon season 3 ကြီး ပြန်လာပါပြီ။ Season 2 မှာဇာတ်လမ်းက အီစီကလီဖြစ်ခဲ့သမျှ အတိုးချပြ...
22/06/2026

Hello hello

တို့တွေရဲ့ House of the dragon season 3 ကြီး ပြန်လာပါပြီ။

Season 2 မှာဇာတ်လမ်းက အီစီကလီဖြစ်ခဲ့သမျှ အတိုးချပြီး battte scene တွေ၊ dragon တွေပါလာပါစေ။

Daemon and Aemond ရဲ့ “The Battle above r the Gods Eye” ကိုအရမ်းကြည့်ချင်နေပြီ။

Hello helloAdmin ခရီးရောက်နေလို့ page လေးကို လုံးဝမကြည့်နိုင်တာ၊ ဒီရက်ပိုင်းအတွင်း reply တွေဖြည်းဖြည်းချင်းပြန်သွားမယ်နေ...
17/06/2026

Hello hello

Admin ခရီးရောက်နေလို့ page လေးကို လုံးဝမကြည့်နိုင်တာ၊ ဒီရက်ပိုင်းအတွင်း reply တွေဖြည်းဖြည်းချင်းပြန်သွားမယ်နော်။

Thanks for being patient all the time.
Mwahh Mwahh

Sharing is caring 🍼My favourite these days 🥟🥟Admin ခုတလော ဟိုးးအရင်တုန်းက မြန်မာသီချင်းလေးတွေနားထောင်နေတာ အရမ်းကြိုက်နေတ...
10/05/2026

Sharing is caring 🍼

My favourite these days 🥟🥟

Admin ခုတလော ဟိုးးအရင်တုန်းက မြန်မာသီချင်းလေးတွေနားထောင်နေတာ အရမ်းကြိုက်နေတာ၊ အကုန်အနှစ်တွေပဲ။

အဲ့ထဲက Jason Ace and Su Hlaing တို့ cover ဆိုထားတဲ့ အပြုံးတုရဲ့အမုန်း ဆိုတဲ့သီချင်းက on repeat ဖြစ်နေပြီ။

ပြီးတော့လေ အိမ်ရဲ့ အဝေးမှာရောက်နေပြီး မြန်မာ့လက်ဖက်ရည် ပေါ့ဆိမ့် အရသာအစစ်လေးရချင်ရင် ရုပ်သေး လက်ဖက်ရည်ထုတ်လေးတွေအရမ်းကောင်း။
လက်ဖက်ခြောက်အစစ်ကို ဆိုးဆေးမပါပဲလုပ်ထားတာ၊ နှပ်ပြီးတော့တော့ သောက်ရတယ်။
Readymade tea mix အရသာလို ချိုရဲရဲကြီးလုံးဝမဟုတ်ဘူး။
( ပိုက်ဆံတစ်ပြားမှမရပါဘူးနော် ကြော်ငြာထင်မှာစိုးလို့ )

Do you know?Yumi cells မှာ Season 3 က အပိုင်း 8 ပိုင်းပဲပါလို့ အားမရဖြစ်နေကြတာ admin လည်းတူတူပါပဲနော်။Webtoon မှာ Woong ...
06/05/2026

Do you know?

Yumi cells မှာ Season 3 က အပိုင်း 8 ပိုင်းပဲပါလို့ အားမရဖြစ်နေကြတာ admin လည်းတူတူပါပဲနော်။

Webtoon မှာ Woong က အပိုင်း 200 နီးပါရှိပြီး
Babi က 130 လောက်ရှိပါတယ်။

Soonrok လေးကတော့ အပိုင်း 70 ပဲရှိပြီး သူ့ရဲ့ romantic အကွက်တွေတော်တော်များများကို series က Babi ကိုပေးထားခဲ့တာပါ။ အဲ့တော့ ပိုပိုတိုသွားတာပေါ့။

Anyway, I love this drama a lottttt 💓

Photos crd

Address

Yangon Airport Road, Myanmar
Burma

Telephone

+959254508796

Website

Alerts

Be the first to know and let us send you an email when Willow Summer II posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Willow Summer II:

Shortcuts

Share