Maw - Purpose To Profit

Maw - Purpose To Profit Growth your mindset =change your life

Business တစ်ခုကြီးပွားတိုးတက်ဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်(5)ခု  ‼1. ကိုယ့်ရဲ့ product ဒါမှမဟုတ် serviceကစျေးကွက်ကိုဘ...
22/10/2025

Business တစ်ခုကြီးပွားတိုးတက်ဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်(5)ခု ‼

1. ကိုယ့်ရဲ့ product ဒါမှမဟုတ် serviceကစျေးကွက်ကိုဘယ်လို ဖြေရှင်းပေးနိုင်မလဲ၊ ဘယ်သူ​​တေက သင့်ဝန်ဆောင်မှုသို့မဟုတ် ပစ္စည်းကို လိုအပ်နေကြလဲကိုသေချာ သိရှိဖို့လိုအပ်ပါတယ်။

2. ခေတ်မီ နည်းပညာနှင့် ထိရောက်မှု (Adopting Effective Technology & Tools)
လုပ်ငန်းအဆင့်မြှင့်တင်နိုင်ဖို့ AI toolsတေနဲ့ လုပ်ငန်းဆောင်ရွက်နည်းလမ်း​ေတကို အသုံးပြုနိုင်ဖို့လိုအပ်ပါတယ်။ နည်းပညာအကူအညီယူမယ်ဆိုရင် သင့်လုပ်ငန်းတွက်အချိန်ကုန်ကျမှုနည်းပြီးတော့ အရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှုများကို ပေးနိုင်စေမှာဖြစ်ပါတယ်။

3. ငွေပမာဏနှင့် ရင်းနှီးမြှုပ်နှံမှု (Capital and Investment)
ကိုယ့်ရဲ့ လုပ်ငန်းတိုးတက်ဖို့အတွက်ဆိုရင် မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံ မှု
လုပ်နိုင်ဖို့လည်းလိုအပ်ပါတယ်။

4. တစ်ခြားလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (Strategic Partnerships & Networking)
အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဟာ လုပ်ငန်းပူးပေါင်းသူ​ေတ၊ အလုပ်အကိုင်ဆက်ဆံရေးတည်ဆောက်သူတေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်မယ်ဆိုရင်
ပိုပီးတော့ စီးပွားချဲ့ထွင်နိုင်ပီး အခွင့်အလမ်း အသစ်တေရနိုင်ပါတယ်။

5. ဦးဆောင်နိုင်စွမ်း (Strong Leadership & Vision)
ကိုယ့်ရဲ့ လုပ်ငန်းတိုးတက်ဖို့အတွက် မှန်ကန်တဲ့ နည်းဗျူဟာ၊vision၊
mission တေနဲ့ ဦးဆောင် နိုင်စွမ်းရှိဖို့လိုအပ်ပါတယ်။




လူတစ်ယောက်က next level တစ်ခုကိုရောက်ဖို့ဆိုရင်ကိုယ်လိုချင်တဲ့ အရာတေနဲ့ ရင်းနှီးနေဖို့လိုတယ်တဲ့ဒါမှသာ နေရာတစ်ခု မှာတည်မြဲ...
21/10/2025

လူတစ်ယောက်က next level တစ်ခုကိုရောက်ဖို့ဆိုရင်
ကိုယ်လိုချင်တဲ့ အရာတေနဲ့ ရင်းနှီးနေဖို့လိုတယ်တဲ့

ဒါမှသာ နေရာတစ်ခု မှာတည်မြဲနိုင်မယ်တဲ့
လူတော်တော်များများက နေသားကျပီးသားပတ်ဝန်းကျင်မာဘဲ

ပျော်ရွှင်ကြတယ် ဘဝမှာ အသစ်အဆန်းတေလုပ်ရမာကို
ကြောက်တတ်ကြတယ် ဝန်လေးတတ်ကြတယ်

ဒါကြောင့် မို့လဲ မတိုးတက်ကြတာတဲ့
အောင်မြင် တိုးတက်ချင်တယ်ဆိုရင် အိပ်မက်တေ နောက်လိုက်ရဲရမယ်
စိတ်ကူးတေကို ပုံဖော်နိုင်ဖို့လိုတယ်တဲ့

အောင်မြင်ချင်တယ် ဆိုရင် အောင်မြင်နေသူတေရဲ့ ပုံစံအတိုင်းနေပါတဲ့
ကိုယ် လေးစားအားကျရတဲ့သူလို ပြုမူပါတဲ့
ကြိုးစားနေသရွေ့ တစ်နေ့မာ အောင်မြင် လာလိမ့်မယ်

ကြီးပွားတိုးတက်အောင်မြင်သူတေ ရဲ့အမူအကျင့် (၅)ခုကို မျှဝေပေးပါမယ် ။

1. Continuous Learning

အောင်မြင်တဲ့ entrepreneur တွေဟာ အမြဲတမ်းသင်ယူနေကြပြီး
နည်းပညာအသစ်၊ စီးပွားရေးအကြောင်းအရာ၊ စျေးကွက်လေ့လာမှုတို့ကို အစဉ်အလာ လေ့လာပီးမဟာဗျူဟာအသစ်တွေ၊ စီးပွားရေးလုပ်ငန်းကို တိုးတက်အောင်အမြဲစီမံနေကြပါတယ်။

2. Risk-taking

စီးပွားရေးမှာ အောင်မြင်တဲ့သူတွေဟာ အန္တရာယ်တွေနဲ့အခက်အခဲတေကို ပြန်လည်သုံးသပ် နိုင်စွမ်းရှိတယ်။ကြိုတင်အဖြေရှာထားကြတယ်။

3. Resilience

အောင်မြင်သူတွေဟာ စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိတယ်။
လုပ်ငန်းတစ်ခုဟာ မအောင်မြင်ခဲ့ဘူးဆိုရင် နည်းလမ်းအသစ်ကိုရှာဖွေနိုင်စွမ်းရှိကြတယ်။

4. အချိန်ကို ထိထိရောက်ရောက် စီမံခန့်ခွဲခြင်း (Time Management)
Entrepreneur တွေဟာ အချိန်ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ကြပါတယ်။ ငွေကြေးနှင့် ပတ်သက်တဲ့ ဦးစားပေးစရာ အချိန်ကိစ္စတွေအပါအဝင်၊ အလုပ်တွေအတွက် အချိန်ကိုသေချာစီမံခန့်ခွဲ နိုင်ကြတယ်။

5. Networking (ဆက်ဆံရေးတည်ဆောက်ခြင်း)

Network ကောင်းရှိတယ်ဆိုရင် ကိုယ့်ရဲ့ business ကိုကြီးထွားစေ
မှာဘဲ ဖြစ်ပါတယ် ။

ဒီ ၅ ချက်ကတော့ အောင်မြင်တဲ့ Entrepreneur တစ်ယောက်မှာ တွေ့ရတဲ့ အလေ့အထတေဘဲ ဖြစ်ပါတယ်။
အောင်မြင်တိုးတက်ချင်တယ်ဆိုရင် ကိုယ့်မာ ဒီအချက်တေ ဖြည့်ထားဖို့
လိုတယ်နော်။



ဘဝ နှင့် စီးပွားအောင်မြင်ဖို့အတွက် ကိုယ့်ရဲ့ mindsetကိုChanging လုပ်သင့်လား ❓ကိုယ့်ရဲ့ ဘဝ ကြီးပွားတိုးတက်ဖို့အတွက် minds...
15/10/2025

ဘဝ နှင့် စီးပွားအောင်မြင်ဖို့အတွက် ကိုယ့်ရဲ့ mindsetကို
Changing လုပ်သင့်လား ❓

ကိုယ့်ရဲ့ ဘဝ ကြီးပွားတိုးတက်ဖို့အတွက် mindset က အရေးပါတဲ့
အရာတစ်ခုပါ။Mindset ကောင်းမှသာ အရာရာကို အောင်မြင်မှု
ရရှိနိုင်မာ ဖြစ်ပါတယ် နော်။ဒါ့ကြောင့် ကိုယ့်မာဘယ်လို mindset
မျိုးရှိသလဲ ❓

မကောင်းတဲ့အတွေးခေါ်တေ က ကိုယ့်ရဲ့ ဘဝကိုနစ်မွန်းစေမှာဖြစ်ပီး
ကောင်းမွန်တဲ့ အတွေးခေါ်တေ ကသာကိုယ့်ရဲ့ဘဝကို တိုးတက်ပြောင်းလဲ
စေမှာ ဖြစ်ပါတယ် ။

ကောင်းမွန်တဲ့ အတွေးခေါ်တေ ရရှိဖို့ဆိုရင်

၁။ကိုယ့်ရဲ့အတွေးတေကို သတိထားပါ။
ကိုယ်က negative သမားလား။positive thinking သမားလား။


၂။အရာရာကို အကောင်းဖက်က တွေးနိုင်အောင်ကြိုးစားပါ။
အခက်အခဲ တွေကို အခွင့်အလမ်း အဖြစ်ဖန်တီးယူလိုက်ပါ။

၃။အမှားတေကနေ သင်ခန်းစာယူ နိုင်အောင်ကြိုးစားပါ ။ထပ်ပီးမမှားအောင် လေ့ကျင့်ပါ ။

၄။ အောင်မြင်မှု ရရှိဖို့အတွက် စိတ်ရှည်ပါ ။
Business အောင်မြင်မှုတွေရဲ့ အချက်တစ်ခုက patience ဖြစ်ပါတယ်။ short-term ရလဒ်အတွက် ဘဲမကြည့်ပါနဲ့။
Long-term အမြတ်အစွန်းကို ရရှိရန် focus ချထားပြီး
နေ့စဉ် consistent effort ပေးပါ။

၅။စည်းကမ်းရှိသူတစ်ယောက်ဖြစ်ပါစေ။

၆။အောင်မြင်မှုနဲ့ ရည်ရွယ်ချက်ကို ရိုးရှင်းစွာ သတ်မှတ်ပါ
Business ရဲ့ ရည်ရွယ်ချက်ရှင်းလင်းမှုဟာ mindset ပြောင်းလဲရာမှာ အထောက်အကူဖြစ်ပါတယ်။ ဘယ်အရာကို ဦးတည်မှန်း မသိတဲ့ အခါမှာ directionless ဖြစ်တတ်ပါတယ်။ သင့်ရဲ့ goal တွေကို သေချာသတ်မှတ်ပြီး ဘယ်လိုနည်းလမ်းတွေကို အလိုရှိလဲဆိုတာကို clarity ရရှိအောင် လိုက်နာပါ။

၇။ Personal development နှင့် business development တွေကို လေ့လာပါ။ ဘယ်လိုနည်းလမ်းအသစ်တွေ၊ tools တွေ၊ skills တွေကို အသုံးပြုပြီး တိုးတက်မှုပြုလုပ်မှာလဲဆိုတာကို သေချာစဉ်းစားပါ။

Growth mindset ရရှိဖို့အတွက် continuous learningလိုအပ် ပါတယ်။

New challenges ကို လက်ခံပြီး အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် လမ်းတွေရှာပါ။



ကိုယ်ရဲ့အိပ်မက်တေကို အကောင်အထည်ဖေါ်နိုင်ဖို့ လုပ်ဆောင်ရမဲ့အရာ (၅)ခု ‼၁။ရှင်းလင်းပီးတော့ တိကျသေချာတဲ့ ပန်းတိုင်တစ်ခု သတ်မ...
14/10/2025

ကိုယ်ရဲ့အိပ်မက်တေကို အကောင်အထည်ဖေါ်နိုင်ဖို့ လုပ်ဆောင်ရမဲ့
အရာ (၅)ခု ‼

၁။ရှင်းလင်းပီးတော့ တိကျသေချာတဲ့ ပန်းတိုင်တစ်ခု သတ်မှတ်ထားပါ။

၂။အဲ့ဒီပန်းတိုင်ကို ရရှိနိုင်ဖို့အတွက် လုပ်ဆောင်ရမဲ့ အရာတေကို
သေချာ plan ဆွဲပါ။

၃။နေ့စဥ်လုပ်ဆောင်ရမဲ့အရာတေအတွက် To do list ရေးပါ။

၄။အခက်ခဲတေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြိုးစားကျော်ဖြတ်နိုင်မဲ့
နည်းလမ်းရှာဖွေပါ။

၅။အောင်မြင်မှုသေးသေးလေးတေကအစ ကိုယ့်ကို ကိုယ်ချီးကျူးပေးပါ။
ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ရှိအောင်အမြဲ ကြိုးစားပေးပါ။


ကိုယ့်ရဲ့ တစ်နေ့တာ ကို အကောင်းဆုံး ဘယ်လိုဖြတ်သန်းမလဲ❓တစ်နေ့ မှာ personal development အတွက်အချိန်ဘယ်လောက် ပေးဖြစ်သလဲ⁉ကိုယ...
04/10/2025

ကိုယ့်ရဲ့ တစ်နေ့တာ ကို အကောင်းဆုံး ဘယ်လိုဖြတ်သန်းမလဲ❓

တစ်နေ့ မှာ personal development အတွက်
အချိန်ဘယ်လောက် ပေးဖြစ်သလဲ⁉

ကိုယ့်ရဲ့ income အတွက် အချိန်ဘယ်လောက်ပေးရသလဲ

စိတ်အေးချမ်းဖို့ အတွက် meditation လုပ်တာ
Breathing exercise လုပ်တာ မျိုးရောရှိရဲ့လား

တစ်ရက်တာမှာ ကုသိုလ် ပညာ ဥစ္စာ တစ်ခုခုရမယ်ဆိုရင်
အဲ့တစ်ရက်တာက ကိုယ့်အတွက် အကျိုးရှိပါသတဲ့

ဒါ့ကြောင့် ကိုယ့်ရဲ့တစ်နေ့တာ ကိုအကောင်းဆုံးဖြစ်အောင်
ကြိုးစား နေထိုင်ကြည့်ကြမယ်နော်

မော်ကတော့ အားနေတဲ့အချိန်တေမှာ ကိုယ့်အတွက်အကျိုးရှိစေမဲ့အရာ
တစ်ခု မဟုတ် တစ်ခု လုပ်နေလိုက်တယ်

မိတ်ဆွေတို့လဲ အကောင်းဆုံး ကြိုးစားကြည့်ကြပါနော်...


အခက်ခဲ ကြုံလာလို့စိတ်အားမငယ်လိုက်ပါနဲ့လေတိုက်တိုင်း လဲကျရအောင်ယိုင်နဲ့နဲ့ သစ်ပင်မှ မဟုတ်တာအခက်ခဲကို ကြံ့ကြံ့ခံ ရင်ဆိုင်န...
04/10/2025

အခက်ခဲ ကြုံလာလို့စိတ်အားမငယ်လိုက်ပါနဲ့
လေတိုက်တိုင်း လဲကျရအောင်
ယိုင်နဲ့နဲ့ သစ်ပင်မှ မဟုတ်တာ

အခက်ခဲကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တဲ့သူအဖြစ်
ကြိုးစားကြည့်လိုက်ပါ



ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့အတွက် နေ့စဉ်လုပ်ဆောင်သင့်တဲ့  အချက် (၅) ချက်✅ ၁။ အားလပ်ချိန်မှာ လေ့ကျင့်ခန်း ပြုလုပ်ပါနေ့စဉ...
20/09/2025

ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့အတွက်
နေ့စဉ်လုပ်ဆောင်သင့်တဲ့ အချက် (၅) ချက်

✅ ၁။ အားလပ်ချိန်မှာ လေ့ကျင့်ခန်း ပြုလုပ်ပါ

နေ့စဉ် နာရီ ဝက် ၁ နာရီခန့် လမ်းလျှောက်တာ၊ ပြေးတာ၊ push-up, sit-up, yoga, ပေါင်းစပ်လေ့ကျင့်ခန်း (HIIT) စတဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။

ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ကိုယ်ခန္ဓာအားကောင်းလာမယ်၊ သွေးလည်ပတ်မှုကောင်းလာမယ်၊ ကိုယ်လုပ်နေတဲ့အရာတေ ပေါ်မှာ
အာရုံစူးစိုက်မှု အားကောင်းလာပါမယ်။

✅ ၂။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စနစ်တကျ စားသုံးပါ

ဟင်းသီးဟင်းရွက်၊ အသီးအရွက်၊ ပရိုတိန်း (ဥပမာ – ငါး၊ ကြက်ဥ၊ ပဲ)၊ အာဟာရပြည့်ဝတဲ့အစားအစာတွေနဲ့ စားဖို့လိုပါတယ်။

အဆီများ၊ သကြားများ၊ ဆားများပါသော အစားအစာတွေကို လျှော့စားပေးပါ။

✅ ၃။ ရေကိုလုံလောက်အောင်သောက်ပါ

နေ့စဉ် ရေ ၈-၁၀ ခွက် (၂ လီတာခန့်) သောက်ဖို့ တိုက်တွန်းပါတယ်။

ရေဓာတ်အားနဲမှုကိုကာကွယ်ပေးပြီး ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာပါ အရေးပါပါတယ်။

✅ ၄။ လုံလောက်တဲ့အိပ်စက်ချိန်ထားပေးပါ

ပုံမှန်တစ်ရက်လျှင်၇-၈ နာရီခန့်အိပ်စက်ရန် လိုအပ်ပါတယ်။

အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်ပုံမှန်ဖြစ်စေခြင်းက hormone balance
ဖြစ်စေပီး ကိုယ့်ရဲ့ အလုပ်မှာ စိတ်အားထက်သန်မှု ရှိစေပါတယ်။

✅ ၅။ စိတ်ဖိစီးမှု လျှော့ချဖို့ လေ့ကျင့်ပါ

Meditation, mindfulness, လုပ်ပေးခြင်းက စိတ်ဖိစီး မှုကို
လျော့ကျစေပါတယ်

စိတ်ကျန်းမာရေးက ကိုယ်ကျန်းမာရေးနဲ့ ထပ်တူအကျိုးသက်ရောက်မှုရှိလို့
အမြဲ စိတ်ချမ်းသာ အောင်ကြိုးစားပါနော်



စီးပွားရေးမှာ နောက်မကျဖို့ အချက် ၅ချက်-၁. နည်းပညာကို လိုက်လျောညီထွေ စွာအသုံးချနိုင်ခြင်း AI၊ အင်တာနက်၊ ဒစ်ဂျစ်တယ်စနစ်မျာ...
18/09/2025

စီးပွားရေးမှာ နောက်မကျဖို့ အချက် ၅ချက်-

၁. နည်းပညာကို လိုက်လျောညီထွေ စွာအသုံးချနိုင်ခြင်း
AI၊ အင်တာနက်၊ ဒစ်ဂျစ်တယ်စနစ်များကို လုပ်ငန်းမှာ အသုံးပြုရမည်။

၂. စဉ်ဆက်မပြတ် သင်ယူခြင်း
ဈေးကွက်၊ ဖောက်သည်၊ ယှဉ်ပြိုင်သူများအကြောင်း အမြဲလေ့လာ​ရမည်။ဝန်ထမ်းများကို သင်တန်းပေးရမည်။

၃. ဖောက်သည်ဗဟိုပြု ဖောက်သည်လိုအပ်ချက်ကို နားလည်ပြီး မျှော်လင့်ချက်ထက် ကောင်းတဲ့ ဝန်ဆောင်မှုပေးရမည်။

၄. ပြောင်းလဲမှုကို လျင်မြန်စွာ လက်ခံခြင်း
ဈေးကွက်ပြောင်းလဲမှုတွေကို မြန်မြန်သိပြီး လုပ်ငန်းဗျူဟာကို အချိန်မီ ပြောင်းရမည်။

၅. ဆန်းသစ်တီထွင်ခြင်း
ထုတ်ကုန်သစ်၊ ဝန်ဆောင်မှုသစ်တွေကို အမြဲတမ်း စဉ်းစားပြီး ဝန်ထမ်းတွေရဲ့ တီထွင်စွမ်းကို အားပေးရမည်။

ဒီ ၅ချက်လိုက်နာမှသာ စီးပွားရေးမှာ ရှေ့ဆက်နိုင်မာဖြစ်ပီး နောက်ကျမကျန်ခဲ့မှာ ဖြစ်ပါတယ်နော်...

#သင့်စီးပွားရေးအတွက်တိုင်ပင်ပါ

ကိုယ့်ကိုယ်ကို ကျေနပ်အားရမှုမရှိဘဲ စိတ်ပျက်အားငယ်နေပီလား❓ဒါဆိုရင်တော့ သင့်ရဲ့အတွေးတေ သင့်ရဲ့ ခံယူချက်တေကိုပြုပြင်ပြောင်း...
18/09/2025

ကိုယ့်ကိုယ်ကို ကျေနပ်အားရမှုမရှိဘဲ စိတ်ပျက်အားငယ်နေပီလား❓

ဒါဆိုရင်တော့ သင့်ရဲ့အတွေးတေ သင့်ရဲ့ ခံယူချက်တေကို
ပြုပြင်ပြောင်းလဲ ဖို့ လိုအပ်နေပါပီနော်

ဒီနေ့ကနေ စပီးတော့ အကောင်းဆုံး ကြိုးစားတည်ဆောက် လိုက်ပါ
လူတိုင်း မှာ ကိုယ်လိုချင်တဲ့ ဘဝကို ပုံဖော်ခွင့်ရှိပါတယ်

သင့်ရဲ့ ဘဝအောင်မြင်တိုးတက်ဖို့အတွက် သင်ကိုယ်တိုင်
ပြုပြင်ပြောင်းလဲရမည့် အချက် ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်

၁။ စိတ်ကူး​ေတကို ပြောင်းလဲခြင်း (Mindset Change)
- အပျက်သဘော အတွေးများကို အပြုသဘော ရှုမြင်ချက်များအဖြစ် ပြောင်းလဲပြီး "မဖြစ်နိုင်ဘူး" မဟုတ်ပဲ "ဘယ်လို လုပ်မလဲ" ဆိုပြီး တွေးခေါ်နိုင်ရန် လေ့ကျင့်ပါ။

၂။ ကိုယ့်ကိုယ်ကို စည်းကမ်းရှိအောင် လေ့ကျင့်ခြင်း (Self-Discipline)
- နံနက်စော​ေစာထခြင်း၊ နေ့စဉ်အစီအစဉ်များ မကျန်ရစ်အောင် လုပ်ဆောင်ခြင်း၊ ကတိတစ်ခုပေးလျှင် မိမိကိုယ်တိုင်ကို ရာနှုန်းပြည့် တာဝန်ခံခြင်းတွေ လေ့ကျင့်ပါ။

၃။ အဆက်မပြတ် ကိုယ့်ကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း (Continuous Learning)
- တစ်နေ့တာ အသစ်တစ်ခုခု သင်ယူခြင်း၊ စာဖတ်ခြင်း၊ အတတ်ပညာသစ်များ ရယူခြင်းကို အလေ့အထ ဖြစ်အောင် လုပ်ပါ။

၄။ စိုးရိမ်ပူပန်ခြင်းကို ချုပ်ကိုင်နိုင်ခြင်း (Fear Management)
- အနာဂတ်ကို စိုးရိမ်ခြင်း၊ လူအများ၏ အမြင်ကို စိတ်ပူခြင်းတြေကို ရပ်တန့်ပြီး လက်ရှိအချိန်တွင် တိကျသော ရည်မှန်းချက်နှင့် လုပ်ဆောင်နိုင်သည့် အရာများကိုသာ အာရုံစိုက်ပါ။

၅။ ဆက်ဆံရေး အရည်အသွေး မြှင့်တင်ခြင်း (Relationship Building)
- အခြားသူများကို နားလည်နိုင်စွမ်း တိုးတက်စေခြင်း၊ ကူညီပေးတတ်ခြင်း၊ ကောင်းသော စကားပြောဆိုမှုများ လေ့ကျင့်ခြင်းဖြင့် ပတ်ဝန်းကျင်ရှိသူများနှင့် အကျိုးရှိသော ဆက်ဆံရေး ဖွဲ့စည်းပါ။

ဒီအရာတေက တဖြည်းဖြည်းနဲ့ သင့်ကိုယ်သင် ယုံကြည်မှု မြင့်မားလာစေပါလိမ့်မယ်...




တစ်နေ့တစ်နေ့ ဖုန်းနဲ့ လူနဲ့ မခွာဘဲ ဖြစ်နေပါသလား❓ဖုန်းသုံးရင်းအချိန်သာကုန်သွားတယ် ဘာတစ်ခုမှ အကျိုးမရှိဘူးလို့ခံစားနေရပါသလ...
18/09/2025

တစ်နေ့တစ်နေ့ ဖုန်းနဲ့ လူနဲ့ မခွာဘဲ ဖြစ်နေပါသလား❓

ဖုန်းသုံးရင်းအချိန်သာကုန်သွားတယ် ဘာတစ်ခုမှ အကျိုးမရှိဘူးလို့
ခံစားနေရပါသလား

ဒါဆိုရင်တော့ social media ကို ဘာ့ကြောင့်သုံးရတယ်ဆိုတဲ့
ရည်ရွယ်ချက် ကို အရင်ဆုံး စဥ်းစားပါ

Content creator တစ်ယောက်ဆိုရင် တော့ အရင်ဆုံး content
ရေးပီး postတင်ပီးမှ ကျန်တာဆက်လုပ်ပါ

ကိုယ် လုပ်စရာ ရှိတာ အရင်ဆုံး လုပ်ပီးမှ ကျန်တဲ့အရာတေလုပ်ဖို့
အကြံပေးပါရစေ

Social Media အသုံးပြုမှု လမ်းညွှန် လေးကိုမျှဝေပေးပါရစေ

Social Media ၏ အကျိုးကျေးဇူးများ

**ဆက်သွယ်ရေး** - မိသားစု၊ သူငယ်ချင်းများနှင့် အမြဲတမ်း ဆက်သွယ်နိုင်သည်

**အသိပညာ** - နောက်ဆုံးပေါ် သတင်းများ၊ ပညာရေးဆိုင်ရာ အကြောင်းအရာများ သင်ယူနိုင်သည်

**အလုပ်အကိုင်** - အလုပ်အခွင့်အလမ်းများ၊ networking များ ရရှိနိုင်သည်

**ဖန်တီးမှု** - ကိုယ်ပိုင်အရည်အချင်းများ ပြသနိုင်သည်

**အားပေးမှု** - အခက်အခဲကာလများတွင် လူမှုအဖွဲ့အစည်းမှ အကူအညီ ရရှိနိုင်သည်

Social Media ၏ ဆိုးကျိုးများ

**အချိန်အလဟသ** - အရေးကြီးသော လုပ်ငန်းများအတွက် အချိန်မရှိခြင်း

**စိတ်ပိုင်းဆိုင်ရာ** - စိတ်ဓာတ်ကျခြင်း၊ နှိုင်းယှဉ်မှုကြောင့် ကိုယ့်ကိုယ်ကို နိမ့်မြင်ခြင်း

**လုံခြုံရေး** - ကိုယ်ရေးကိုယ်တာ အချက်အလက် ထိခိုက်ခြင်း

**လူမှုဆက်ဆံရေး** - တိုက်ရိုက်စကားပြောခွင့် လျော့နည်းခြင်း

**မှားယွင်းသော သတင်း** - အတည်မပြုနိုင်သော သတင်းများ ပျံ့နှံ့ခြင်း

Social media ကို အကျိုးရှိရှိ အသုံးပြုနည်းများ

# # # အချိန်စီမံခန့်ခွဲမှု
- တစ်နေ့လျှင် သတ်မှတ်ချိန်အတွင်းသာ အသုံးပြုပါ
- အိပ်ရာဝင်မည့် ၁ နာရီကြိုတင် ပိတ်လိုက်ပါ

# # # ရည်ရွယ်ချက်ရှိရှိ အသုံးပြုပါ
- သတင်းရယူရန်၊ သင်ယူရန်၊ မိတ်ဆက်ရန် တိကျသော ရည်ရွယ်ချက်ဖြင့်
- ရည်ရွယ်ချက်မရှိလျှင် အသုံးမပြုသင့်ပါ

# # # အရည်အသွေးရှိ Content ရွေးချယ်ပါ
- ပညာရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ Pages များကို Follow လုပ်ပါ
- အကျိုးမရှိသော Content များကို Unfollow လုပ်ပါ

# # # လုံခြုံမှုကို ဦးစားပေးပါ
- Privacy Settings များကို သေချာစစ်ဆေးပါ
- မသိသူများထံမှ Friend Request များကို သတိထားပါ

# # # အပြုသဘော Content များ ဖန်တီးပါ
- အခြားသူများကို အားပေးမှု၊ ပညာပေးမှု ဖြစ်စေမည့် အကြောင်းအရာများ မျှဝေပါ
- အငြင်းပွားဖွယ် အကြောင်းအရာများကို ရှောင်ကြဉ်ပါ

# # # Digital Detox လုပ်ပါ
- တစ်ပတ်လျှင် တစ်ရက် Social Media မသုံးပဲ နားပါ
- တကယ့်ဘဝကို အာရုံစိုက်မည့် အချိန်များ ဖန်တီးပါ

# # # သတင်းအချက်အလက် စစ်ဆေးပါ
- မျှဝေမည့် အကြောင်းအရာများကို အတည်ပြုပြီးမှ မျှဝေပါ
- Fake News ပျံ့နှံ့ခြင်းကို ရှောင်ကြဉ်ပါ

# # ဝင်ငွေရရှိနိုင်သော နည်းလမ်းများ

**Content Creation** - YouTube, TikTok မှာ အရည်အသွေးရှိသော Content ဖန်တီးပြီး ကြော်ငြာဝင်ငွေရယူပါ

**Affiliate Marketing** - ကုမ္ပဏီများ၏ ကုန်ပစ္စည်းများကို မိတ်ဆက်ပေးပြီး Commission ရယူပါ

**Online Course** - မိမိ၏ ကျွမ်းကျင်မှုများကို အသုံးပြုပြီး Digital Products ရောင်းချပါ

**Social Media Management** - အခြားလုပ်ငန်းများအတွက် Account များ စီမံခန့်ခွဲပေးပါ

**Live Streaming** - ပုံမှန် Live လုပ်ပြီး Virtual Gifts များ လက်ခံပါ

Social Media ကောင်းစွာ အသုံးပြုလျှင် အကျိုးများစွာရရှိနိုင်သော်လည်း မသေချာလျှင် ဆိုးကျိုးများ ရင်ဆိုင်ရနိုင်သည်။

သတိရှိရှိ၊ ရည်ရွယ်ချက်ရှိရှိ အသုံးပြုပြီး ကိုယ့်ဘဝအတွက် ဝင်ငွေ
လမ်းကြောင်းများစွာ ဖန်တီး တည်ဆောက်နိုင်ကြပါစေရှင်။




Social media သုံးရင်း အချိန်တေထိုင် ဖြုန်းနေတုန်းဘဲလား❓ဒီနေ့ခေတ်ကြီးမှာ social media သုံးရင်း အချိန်ကုန်နေသူထက်Social me...
16/09/2025

Social media သုံးရင်း အချိန်တေထိုင် ဖြုန်းနေတုန်းဘဲလား❓

ဒီနေ့ခေတ်ကြီးမှာ social media သုံးရင်း အချိန်ကုန်နေသူထက်
Social media သုံးရင်း ငွေရှာနေတဲ့သူကပိုများနေပီနော်

သင်ရော social media သုံးပီး ငွေရှာ နိုင်နေပီလား ‼

Social media ကနေ income တစ်ခု ရှိထားဖို့တော့လိုနေပီနော်
Social media ကနေ ဝင်ငွေ ဘယ်လိုရှာကြမလဲ

ဒါဆိုရင် social media ကနေ ဝင်ငွေ ရနိုင်မဲ့ နည်းလမ်း(၅)ခုကို
မျှဝေပေး သွားမယ်။

၁။ Content Creation နှင့် Monetization

- YouTube, TikTok, Instagram တွေမှာ အရည်အသွေးရှိတဲ့ ဗီဒီယို၊ ပုံများ၊ စာများ ဖန်တီးပြီး အမြင်ရသူများ များလာသောအခါ ကြော်ငြာဝင်ငွေ၊ sponsorship များမှ ငွေရနိုင်ပါတယ်။

၂။ Affiliate Marketing လုပ်ခြင်း

- တခြားကုမ္ပဏီများရဲ့ ကုန်ပစ္စည်းများကို မိမိ social media မှာ မိတ်ဆက်ပြီး ရောင်းချပေးခြင်းဖြင့် commission ရရှိနိုင်ပါတယ်။

၃။ Online Course နှင့် Digital Products ရောင်းခြင်း

- မိမိရဲ့ ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး e-book၊ သင်တန်းများ၊ template များ ဖန်တီးပြီး online ရောင်းချနိုင်ပါတယ်။

၄။ Social Media Management Services ပေးခြင်း

- အခြား လုပ်ငန်းများအတွက် page၊ Instagram Account များကို စီမံခန့်ခွဲပေးခြင်းဖြင့် လစဉ် ဝင်ငွေရရှိနိုင်ပါတယ်။

၅။ Live Streaming နှင့် Virtual Gifts

Facebook Live, TikTok Live မှာ ပုံမှန် stream လုပ်ပြီး ပရိသတ်များထံမှ virtual gifts၊ donations များ လက်ခံယူခြင်းဖြင့် ဝင်ငွေရနိုင်ပါတယ်။

ကဲ...အခုနည်းလမ်းတေကို သိသွားပီဆိုတော့ ဘယ်ကနေစတင် ရမလဲ

ကိုယ်အားသာတဲ့အရာ ကိုယ်ရေရှည်လုပ်ကိုင် နိုင်မဲ့အရာတေနဲ့ စတင်လို့
ရတယ်နော်။

တကယ်လို့ ဘယ်ကနေစတင်ရမှန်းမသိဘူး အခက်ခဲ ဖြစ်နေတယ်ဆိုရင်
ဆုံးဖြတ်ချက် တေ ပြတ်သားမှု မရှိဝေ ဝါးနေတယ် ဆိုရင်တော့

သင့်ရဲ့ အားသာချက် တေ ကိုဆွဲထုတ်ပေးပီး သင့်ရဲ့ လုပ်နိုင်စွမ်းတေ ကို
မြှင့်တင်ပေးမဲ့ One on One Coaching Program လေးရှိပါတယ် ။

ပထမဆုံး (၅)ဦးကို အခမဲ့ ဆွေးနွေးပေးသွားမှာမို့ comment box
မှာ FC လို့မန့်ခဲ့ပါ ‼

ကြိုးစားသူတိုင်းအတွက် အခွင့်အရေး ရှိပါတယ်


Address

Chauk
44289

Website

Alerts

Be the first to know and let us send you an email when Maw - Purpose To Profit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share