26/08/2025
ငါ အတန်ရှည် မရှာချင်ဘူးဟေ့
ဒါပေမယ့် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပြီ overseas ကိုအရမ်းအထင်ကြီးတဲ့ လူတစ်ချို့ overseas မှာ အလုပ်လုပ်ရင် ပိုက်ဆံတွေအများကြီးရမယ် ချမ်းသာမယ်ထင်ကြတယ် လုံးဝ တက်တက်စင်အောင်လွှဲတယ်
ငါလည်းအဲ့လိုပဲထင်ခဲ့တာ၂၀၁၅ကနေ စပြီး ခုချိန် ၂၀၂၅ထိ overseas မှာ နေ့ညမအိပ်ဘဲ အလုပ်လုပ်ခဲ့တယ်
စင်ကာပူမှာတုန်းက ချီးကျုံး သေးကျုံး ရေတွေချိုးပေး ဂျီးတွန်းက အစ လုပ်ရတာ
တစ်လမှ ၁၀သိန်းနီးပါး စားမယ်သောက်မယ်ဆို အဲ့ထက်လျှော့တယ်နော် ၂နှစ်ကျော်လုပ်ခဲ့တယ် စိတ်ဓါတ်တွေကျပြီး မြန်မာပြည်ပြန်သွားတယ်
ဂျပန်က လစာကောင်းပါတယ်ဆိုပြီး ရောက်လာပြန်တယ်
စားပွဲထိုးအလုပ် ပန်းကန်ဆေးအလုပ် ကွန်ဗီနီ ဆိုင်မှာ အရောင်းစာသမားအလုပ် စက်ရုံမှာ အသားခြင်းတွေမ အသီးအရွက်ခြင်းကြီးတွေမ ရေခဲအမှတ် 0 အောက် အေးခဲနေတဲ့အအေးခန်းတွေမှာ( လူကချမ်းတုန်နေတာဘဲ) ဗိုက်ကဆာ ဟိုလူကငေါက် ဒီလူကငေါက်နဲ့ လုပ်ခဲ့ရတယ် တစ်ချို့အချိန်တွေဆို လက်တွေတောင် အံသေတယ် ငါ့လက်ချောင်းတွေသာ ဓါတ်ပုံရိုက်ပြချင်တယ်
လက်ဆစ်ကြီးတွေတုတ်လာချက် လက်ညိုးတွေဆို အကြီးကြီးတွေဖြစ်လာတယ်
ခြေထောက်တွေဆို ကြွက်..တက် တစ်နေ့ ၁၀နာရီကျော် မတ်တပ်ရပ်ပြီး လုပ်ရတာကွာ မညောင်းဘဲနေမလား ငါမှာမျက်ရည်နဲ့မျက်ခွက်
ပြီးတော့ hotel အလုပ်မှာ အိမ်သာသန့်ရှင်းရေး လုပ်ရ
အိပ်ယာခင်း အလေးကြီးတွေသိမ်းရ ငါ့မှာ ၂လဘဲလုပ်နိုင်ခဲ့တယ်
ကီလို ၃၀နီးပါးကြီးတွေ မနိုင်မနင်း
မ တင်ရတာ ခါးရောဂါတွေပါ ဖြစ်
အခုအလုပ်ကြတော့ လစာကောင်းတယ်နော် နင်တို့မြင်တာ ကွန်ပျူတာ ကိုင်တာလောက်ဘဲမြင်တာ
ဆားအိတ် ၂၅kg bicarbonate အိတ် ၂၅kg တစ်နေ့ ရေထဲကို အိတ်ဘယ်နှစ်အိတ်ကောက်ထည့်ရတယ်မမြင်ဘူး အစာအိတ် ၂၅kg တွေ
တစ်နေ့ ၁၀အိတ်လောက် လှေကားနဲ့တက် ထည့်နေရတယ်
အလုပ်ပြီးရင် ခါးတွေနာလို့ ဆေးတွေလိမ်း လူတွေက အပေါ်ယံဘဲမြင်တာ
ငါပြောမယ် ခုချိန် ငါ့လက်ထဲပိုက်ဆံဘယ်လောက်ရှိလဲ ဒီ၁၀နှစ် လုပ်လာတဲ့ထဲမှာ ငါ့လာမေး (ရွှေစျေးမတက်ရင်) ငါ့လက်ထဲ သိန်း ၅၀၀ တောင် (မပြည့်) ကလွှဲ ဘာမှမရှိဘူး ၁၀နှစ်နော် လုပ်လာတာ
ခုချိန် ငါ့သူငယ်ချင်းတစ်ချို့ မြန်မာပြည်ကလူကိုကြည့် လုပ်တတ်ကိုင်တတ်တွေ ဟော ကားတွေ အိမ်တွေ လုပ်ငန်းအတည်တကျလေးတွေနဲ့ သူတို့လက်ချောင်းလေးတွေများ လှချက်
အဲ့ဒါကြောင့် အထင်နဲ့အမြင်နဲ့ လက်တွေ့က အကုန်လွှဲတယ်လို့ပြောတာ နိုင်ငံခြားထွက်သွားတဲ့ လူ
80% ကမချမ်းသာလာဘူး ပေါက်လား
ကျွန်သက်ရှည် လာ တာပဲ
အဲ့လောက်ထိ နိုင်ငံခြားကို ဇွတ်အထင်မကြီးနဲ့ ပြန်မလာတော့ဘူးလားလို့ မမေးနဲ့
ပြန်လာချင်တာမှ တစ်ပိုင်းသေ မဟုတ် ၂ပိုင်းပါသေနေပြီ
သတ်မှတ်ချက် ငွေလေးပြည့်ရင် ဘယ်တော့မှ oversea မသွားတော့ဘူးလို့
ဆုံးဖြတ်ပလိုက်တယ် အရင်တုန်းက စောက်တလွှဲ content တွေရေးပြီးလူငယ်တွေကို negative thinking တွေထည့်ခဲ့လို့ ငါအပါအဝင်တော်တော်များများ စောက်တလွှဲတွေဖြစ်ကြတာ
ပုံ
ရင်တွင်းခံစားချက်😵💫