28/04/2020
Unicode
မေလ ၄ ရက်နေ့မှာ စီးရီးအေအသင်းများ တစ်ဦးချင်း လေ့ကျင့်ခန်း စတင်မည်
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown လုပ်ထးခြင်းကို ပထမအဆင့် ဖြေလျှော့မယ်လို ကြေညာခဲ့ပြီးနောက် စီးရီးအေအသင်းများဟာ မေလ ၄ ရက်နေ့မျာ တစ်ဦးချင်း လေ့ကျင့်ခန်းပြုလုပ်ဖို့နဲ့ မေလ ၁၈ ရက်နေ့မှာ အသင်းလိုက် လေ့ကျင့်ခန်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် စီးရီးအေပြိုင်ပွဲကို မေလ ၂၇ ရက်နေ့နဲ့ ဇွန်လ ၂ ရက်နေ့အတွင်း ပြန်လည် စတင်နိုင်ဖွယ်ရှိပြီး သြဂုတ်လ အစောပိုင်းမှာ ရာသီကို အဆုံးဖွယ်ရှိပါတယ်။
လက်ရှိအချိန်မှာတော့ စီးရီးအေရာသီကို မေလမှာစင်မလဲဆိုတာ တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆၆၄၄ ဦးအထိရှိပြီး ဥရောပတိုက်မှာ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ခဲ့ပြီး စီးရီးအေပြိုင်ပွဲကို တစ်လ ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်က ကစားသမားတွေကို မေလမှာ ဆေးစစ်မှုတွေပြုလုပ်ဖို့ မျှော်လင့်ထားပြီး လေ့ကျင့်ခန်းပြန်ဆင်းဖို့ ခွင့်ပြုမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကစားသမားများအဖွဲ့အစည်းက ပြိုင်ပွဲကို စောလျင်စွာ ကျင်းပပါက ကစားသမားတွေကို ရောဂါကူးစက်မှာကို စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။
စီးရီးအေမှာ ကစားသမားအချို့ ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် မတ်လ ၉ ရက်နေ့ကတည်းက ပြိုင်ပွဲကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။
Zawgyi
ေမလ ၄ ရက္ေန႔မွာ စီးရီးေအအသင္းမ်ား တစ္ဦးခ်င္း ေလ့က်င့္ခန္း စတင္မည္
အီတလီႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ Lockdown လုပ္ထးျခင္းကို ပထမအဆင့္ ေျဖေလွ်ာ့မယ္လို ေၾကညာခဲ့ၿပီးေနာက္ စီးရီးေအအသင္းမ်ားဟာ ေမလ ၄ ရက္ေန႔မ်ာ တစ္ဦးခ်င္း ေလ့က်င့္ခန္းျပဳလုပ္ဖို႔နဲ႔ ေမလ ၁၈ ရက္ေန႔မွာ အသင္းလိုက္ ေလ့က်င့္ခန္းျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ စီးရီးေအၿပိဳင္ပြဲကို ေမလ ၂၇ ရက္ေန႔နဲ႔ ဇြန္လ ၂ ရက္ေန႔အတြင္း ျပန္လည္ စတင္ႏိုင္ဖြယ္ရွိၿပီး ၾသဂုတ္လ အေစာပိုင္းမွာ ရာသီကို အဆုံးဖြယ္ရွိပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ စီးရီးေအရာသီကို ေမလမွာစင္မလဲဆိုတာ တရားဝင္ထုတ္ျပန္ခဲ့ျခင္း မရွိေသးပါဘူး။
အီတလီႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၆၆၄၄ ဦးအထိရွိၿပီး ဥေရာပတိုက္မွာ ကူးစက္မႈအမ်ားဆုံးႏိုင္ငံျဖစ္ခဲ့ၿပီး စီးရီးေအၿပိဳင္ပြဲကို တစ္လ ရပ္နားခဲ့ရတာ ျဖစ္ပါတယ္။
အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္က ကစားသမားေတြကို ေမလမွာ ေဆးစစ္မႈေတြျပဳလုပ္ဖို႔ ေမွ်ာ္လင့္ထားၿပီး ေလ့က်င့္ခန္းျပန္ဆင္းဖို႔ ခြင့္ျပဳမွာ ျဖစ္ပါတယ္။
ကမာၻ႔ကစားသမားမ်ားအဖြဲ႕အစည္းက ၿပိဳင္ပြဲကို ေစာလ်င္စြာ က်င္းပပါက ကစားသမားေတြကို ေရာဂါကူးစက္မွာကို စိုးရိမ္ေၾကာင္း ေျပာဆိုထားပါတယ္။
စီးရီးေအမွာ ကစားသမားအခ်ိဳ႕ ေရာဂါပိုးကူးစက္ခံခဲ့ရတာေၾကာင့္ မတ္လ ၉ ရက္ေန႔ကတည္းက ၿပိဳင္ပြဲကို ရပ္ဆိုင္းခဲ့တာျဖစ္ပါတယ္။