Myanmar Home & Decor Agency

Myanmar Home & Decor Agency We are the leading media for architecture, interior design, landscaping and gardening.

We aim to share the general knowledge, information and business matching services as well. Eternity Publishing & Advertising မှ ထုတ်ဝေလျှက်ရှိတဲ့ Myanmar Home & Decor မှာ မိမိရဲ့ အိမ်ကလေးကို အလှဆင်ဖို့  ဘယ်သူတွေက ဘယ်လို ၀န်ဆောင်မှုတွေ ပေးနေသလဲ၊ ကိုယ်တိုင်ဘယ်လိုအလှဆင်နိုင်မလဲ။ နောက်ဆုံးပေါ် နည်းပညာနှင့်ထုတ်ကုန်များ နှင့် အတူ ဆောင်းပါးများ၊ အင်တာဗျူးများကို ဝေေ၀ဆာဆာတင်ပြပေးထားပါတယ်။

စိန်နှင့်မြ ဆိုင်အသစ်လေးမှာ ပရိုမိုးရှင်းလေးရှိပါတယ်https://www.facebook.com/share/p/16GfiipVY2/?mibextid=wwXIfr
12/05/2025

စိန်နှင့်မြ ဆိုင်အသစ်လေးမှာ ပရိုမိုးရှင်းလေးရှိပါတယ်

https://www.facebook.com/share/p/16GfiipVY2/?mibextid=wwXIfr

💁‍♀️စိန်နှင့်မြ Showroom အသစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အထူးလျှေ့ာဈေး Up to 30% Off ဖြင့် ရရှိရန် (၁၉)ရက်ပဲ ကျန်တေ့ာတာမို့ 🛒လိုအပ်တာများ အဆင်ပြေ အလွယ်ကူစွာ Discountချတာ အချိန်မီ ဝယ်ယူရရှိနိုင်ရန်
စိန်နှင့်မြ ချစ်မိတ်ဆွေများ ထပ်မံအသိပေး အကြောင်းကြားအပ်ခြင်းဖြစ်ပါတယ်..
8.4.2025 မှ 31.5.2025 အထိပဲ ရောင်းချပေးမှာဖြစ်လို့ 🚦အမှတ် (၃၀၃/၆) ၊ သံသုမာလမ်း၊ သုဝဏ္ဏ ကျောင်းလမ်းနှင့်စုပေါင်းမှတ်တိုင်ကြားသင်္ဃန်းကျွန်းမြို့နယ် ရန်ကုန် နေရာသို့ အချိန်မီ အမြန်ဆုံးလေး လိုအပ်တာများ
သွားရောက်ဝယ်ယူဖို့မမေ့ကြနဲ့နော်...

Online ကနေ Viber ဖြင့် မှာယူလိုပါက Viber : 09-455552626, 09-455552828 သို့ ဆက်သွယ်မှာ ယူနိုင်ပါတယ်..
Online မှ ဝယ်ယူလိုပါက ကုန်ပစ္စည်းများကို Video Call ဖြင့်လည်းကြည့်ရှုနိုင်သည့်အပြင်
Facebook Messenger မှာလည်း Order တင်နိုင်ပါတယ်..

ဝယ်ယူရရှိနိုင်သောဆိုင်များ
🏡မန္တလေး
( ၁) အမှတ် (၁၄၄)၊ ၃၄လမ်း၊၈၀ x ၈၁လမ်းကြား၊မန္တလေး။
09-951060464,09-951060463
(၂) အမှတ် (၁၁)၊ ၂၆(ဘီ)လမ်း၊ ၇၈ x ၇၉ လမ်းကြား၊ မန္တလေး။
09-402511022,09-951060462
🏡ရန်ကုန်
(၁)အမှတ်(၃၀၃/၆) သံသုမာလမ်း၊သုဝဏ္ဏကျောင်းလမ်းနှင့် စုပေါင်းမှတ်တိုင်ကြား သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့၊ရန်ကုန်။
09-951060470
(၂)အမှတ် B-7၊ အောင်ဆန်းကွင်းမြောက်ဘက်တန်း၊ ရန်ကုန်။
01-8255752,09-951060467
(၃)အမှတ် B-9၊ အောင်ဆန်းကွင်းမြောက်ဘက်တန်း၊ ရန်ကုန်။
09-5011699,09-951060468

📢 ငလျင်အပြီး နံရံကွဲအက်မှုတွေကို ကြည့်ပြီး မိမိအိမ်ရဲ့ အန္တရာယ်ရှိမှုအခြေအနေငလျင်ဖြစ်ပြီးနောက်မှာ အဆောက်အဦအတွင်း ဝင်ကြည့...
30/03/2025

📢 ငလျင်အပြီး နံရံကွဲအက်မှုတွေကို ကြည့်ပြီး မိမိအိမ်ရဲ့ အန္တရာယ်ရှိမှုအခြေအနေ

ငလျင်ဖြစ်ပြီးနောက်မှာ အဆောက်အဦအတွင်း ဝင်ကြည့်ရာမှာ သတိထားရမယ့် အချက်တွေကို သိထားတယ်ဆိုရင် ဖြစ်လာမည့်ဘေးအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ နံရံကွဲအက်မှု (Wall Cracks) အနေနဲ့ အဓိက သုံးမျိုးရှိပြီး ကိုယ့်ရဲ့နေအိမ်/အဆောက်အဦမှာပါရှိလားဆိုတာကို သေချာပြန်လည်စစ်ဆေးကြည့်ပါ။ အောက်မှာရေးထားတဲ့အချက်အလက်တွေမှာ အရေးပေါ်အခြေအနေမှာ စစ်ဆေးရုံလောက်အတွက်ဘဲ တိကျမှုရှိနိုင်ပါတယ်။ ပြန်ပြင်ဖို့လိုအပ်တာမျိုးဆိုရင် ကျွမ်းကျင် Structure Engineer များနှင့် တိုင်ပင်သင့်ပါတယ်



🛑 အန္တရာယ်ရှိသောအခြေအနေ (Severe Damage - Immediate Danger)

✅ Diagonal Cracks (ထောင့်ဖြတ်အက်ကွဲခြင်း)

• အက်ကွဲကြောင်းများဟာ နံရံတစ်ဖက်ကနေနောက်ဖက်ထိကျော်ထွက်နေပြီး၊ ထောက်တန်း Load-bearing wallတွင်ရှိနေခြင်း
• ကြမ်းခင်းနဲ့ ထိစပ်နေတဲ့ နံရံအောက်ခြေမှာ အက်ကွဲကြောင်းဟာ 5mm နှင့်အထက် တွေ့ရှိရခြင်း မျိုးဆိုလျှင် အန္တရာယ်ကြီးပါတယ်။
• အက်ကွဲကြောင်းများကို ကြည့်ရာမှာ နံရံနှစ်ဖက်လုံးဖြစ်နေတာလားဆိုတာ သေချာစစ်ဆေးပါ။

🚨 ထောင့်ဖြတ်အက်ကွဲကြောင်းများဖြစ်နေပါက နေအိမ်ထဲမှာပြန်လည်နေထိုင်ဖို့မသင့်တော်ပါ။



⚠️ အလယ်အလတ်အန္တရာယ်ရှိသောအခြေအနေ (Moderate Damage - Caution Required)

✅ Vertical & Horizontal Cracks (ထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်း)

• အက်ကွဲကြောင်းဟာ - ၃-၅ မီလီမီတာအထိ ကျယ်ပြီး plaster များ ကွာကျလာခြင်း
• နံရံနှင့် ကြမ်းခင်း များတွင်များပြားသော Fine Cracks ပါရှိနေခြင်း

ဒီလိုအခြေအနေကိုထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်းလို့ခေါ်ပါတယ်။

📌 ကိုယ့်ရဲ့အိမ်ဟာ ထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်း အခြေအနေရှိပါက အဆောက်အဦအတွင်းပြန်လည်နေထိုငဖို့အတွက် လုံးလုံးစိတ်ချရသော အခြေအနေမဟုတ်ပါ။


✅ အန္တရာယ်သိပ်မရှိသော အခြေအနေ (Minor Damage - Low Risk)

✅ Hairline Cracks (အလွှာသေးသေးလေးများကွဲအက်မှုဖြစ်ခြင်း)

• အက်ကွဲကြောင်းမှာ ၁ မီလီမီတာနှင့်အောက်ဖြစ်ပြီး နံရံ၏အပေါ်မျက်နှာပြင်တွင်သာရှိနေခြင်း

📌 ယခုလိုအခြေအနေမျိူးဆိုပါက စိုးရိမ်စရာအများကြီးမရှိပါဘူး။ နံရံများကို Replastering & Repainting ဖြင့် ပြန်လည်ပြုပြင်နိုင်ပါတယ်။



🏃‍♂️ အရေးပေါ်မှာ ဘာလုပ်မလဲ?

1️⃣ ကိုယ့်ရဲ့အဆောက်အဦနံရံများမှာ ထောင့်ဖြတ်ကွဲမှုအခြေအနေတွင်ရှိပါက အိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းကို ရှောင်ရှားပါ။

2️⃣ နံရံများထိခိုက်မှုအခြေအနေများကို ဓာတ်ပုံရိုက်ထားပါ – နောက်ပိုင်းပြန်လည်ပြင်ဆင်ချိန်မှာ အင်ဂျင်နီယာများအတွက် များစွာအသုံးဝင်နိုင်ပါတယ်။

: SoeMoeAung

🔗

လေ့လာနိုင်ဖို့https://www.facebook.com/share/p/15zRZ2PXPd/?mibextid=wwXIfr
29/03/2025

လေ့လာနိုင်ဖို့

https://www.facebook.com/share/p/15zRZ2PXPd/?mibextid=wwXIfr

ငလျင်နဲ့ architecture သင်ခန်းစာ

▪️မနေ့ကဖြစ်ခဲ့တဲ့ ဖြစ်နေဆဲ ငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်အတွက် အင်မတန်ဝမ်းနည်းမိပါတယ်။ အဝေးကနေမို့လို့ ကူညီနိုင်တာ ငွေကြေးကလွဲ တစ်စုံတစ်ရာမျှမရှိဘူး။ သို့သော် တတ်ကျွမ်းတဲ့အရာလေးနဲ့ စာလေးရေးခွင့်ပြုပါ။

▪️ငလျင်က လူတွေကို တိုက်ရိုက်မသတ်ပါဘူး။ အဆောက်အဦးပြိုလဲမှုကသာ သတ်တာပါ။ အဆောက်အဦးတွေ တည်ဆောက်တဲ့အခါမှာ အများစုက အပေါ်ယံ အလှအပတွေ၊ မြေပိုင်ဆိုင်မှု အကျယ်အဝန်းတွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။

▪️ဖန်သားတွေနဲ့ တည်ဆောက်ထားတာလား၊ ကျွန်းသစ်တွေနဲ့ ထွင်းထုထားတာလားဆိုတာကို စိတ်ဝင်စားကြသလို၊ တိုက်ခန်းဝယ်မယ်ဆိုရင်လည်း မီးဘေး၊ ရေဘေးကို ဘယ်လို ကာကွယ်နိုင်မလဲဆိုတာထက် အခန်းရဲ့ မြင်ကွင်းကောင်းလား၊ ဘယ်လောက်အထပ်မြင့်လဲဆိုတာကို ပိုပြီး အာရုံစိုက်မိတတ်ပါတယ်။

▪️အပေါ်ယံလှပမှုက အဓိကဖြစ်နေတယ်။ တခြားအရေးကြီးတဲ့အချက်တွေကိုတော့ လျစ်လျူရှုထားကြတယ်။ ရေတိုပဲကြည့်ကြတယ်ပေါ့ဗျာ။

📌၁။ အဆောက်အဦးတွေက ဘာဖြစ်လို့အရေးပါတာလဲ။

▪️ငလျင်ဆိုတာအမှန်တော့ သဘာဝဖြစ်ရပ်တစ်ခုပါ။ တကယ့်အန္တရာယ်အစစ်က အဆောက်အဦးတွေနဲ့ ပြိုလဲလာတဲ့ပစ္စည်းတွေ။ အဆောက်အဦးတစ်ခု ဘယ်လိုဒီဇိုင်းဆွဲထားလဲ၊ ဘာmaterialsတွေ အသုံးပြုထားလဲ၊ ဘယ်လောက်ထိခိုင်ခိုင်မာမာတည်ဆောက်ထားလဲကသာ အစိတ်စိတ်အမွှာမွှာပျက်စီးသွားတဲ့အဆောက်အဦးတစ်ခုနဲ့ လူတွေအချိန်မီတိမ်ရှောင်လို့ရနိုင်တဲ့အဆောက်အဦးတစ်ခုကို ကွာခြားစေတာပါ။

▪️ငလျင်တွေကို တားဆီးဖို့ မဖြစ်နိုင်ပါဘူး။ သို့သော် ပိုမိုကောင်းမွန်တဲ့အဆောက်အဦးတွေကို တည်ဆောက်လို့ရနိုင်ပါတယ်။လူတွေက သဘာဝဘေးအန္တရာယ်တွေကျရောက်တဲ့အခါ ကြောက်လန့်ကြတယ်။ ဝမ်းနည်းကြတယ်။ ပြင်ဆင်ကြတယ်။ အထုတ်ပြင်ကြ သိမ်းကြနဲ့ပေါ့။ သို့သော် ခဏကြာတော့ ပုံမှန်အတိုင်းပဲဖြစ်ကုန်ကြတယ်။

▪️သာမန်မိသားစုတစ်စုမှာ တော်ရုံသူအနေနဲ့ ဘေးအန္တရာယ်တွေကို အာရုံစိုက်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ "အခက်မသင့်လို့ ဖြစ်တာပဲလေ" ဆိုတဲ့ အတွေးနဲ့ လျစ်လျူရှုထားတတ်ကြပါတယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်တချို့ကို ပြင်ဆင်ပြီး ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ပါတယ်။

📌 ၂။ မိသားစုများအတွက် ကြိုတင်ပြင်ဆင်မှု အလေ့အကျင့်များ:

၁။ သင့်အိမ်က အရေးပေါ်လှေကားကို ရှင်းလင်းပါ။

▪️သင်သာ လူနေထူထပ်တဲ့နေရာတစ်ခုက တိုက်ခန်းတစ်ခန်းမှာနေတယ်ဆိုရင်တော့ သင်နောက်ဖေးကိုဝင်ပါ။ တိုက်ခန်းရဲ့အနောက် မြောင်းတွေရှိတဲ့ဘက်လှမ်းကြည့်ပါ။ အင်မတန်မှ အော်ဂလီဆန်စရာကောင်းမှာပါ။ နောက်ဖေးလှေကားဆိုရင်လဲ အဝတ်လှမ်းတဲ့သူကလှမ်း အပေါက်ပိတ်တဲ့သူကပိတ်နဲ့ ရှုပ်ပွနေမှာပါ။

▪️အမှန်တော့ ဒီလိုမျိုးအလေ့အကျင့်လေးတွေကို ပြင်ဆင်ဖို့ လွယ်ကူပါတယ်။ သို့သော် လူတိုင်းပါဝင်နိုင်ဖို့ခက်ခဲတယ်။ ဒီအတွက် အကောင်းဆုံးကတော့ မိမိတစ်ကိုယ်စာ စတင်ကြိုးစားကြည့်ပါ။

▪️အိမ်ရဲ့အဝင်အထွက်လမ်းတွေအကုန်လုံးကို ရှင်းလင်းထားပါ။ သော့ခတ်ထားသည်ရှိသော် သော့များကို နီးစပ်ရာထားထားပါ။ အိမ်သူအိမ်သားအကုန်လုံးကို အသိပေးထားပါ။

၂။ အိမ်သူအိမ်သားများနဲ့အလေ့အကျင့်လုပ်ထားပါ။

▪️အရေးပေါ်တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အစီအစဉ်တစ်ခုကို အတူတကွ ရေးဆွဲပါ။ ကလေးငယ်တွေပါအပါအဝင် ဘေးပတ်ဝန်းကျင်နဲ့ ရင်းနီးကျွမ်းဝင်နေပါစေ။

▪️အိမ်ထဲမှာဆိုရင် ဘယ်နေရာတွေက လုံခြုံတဲ့နေရာတွေလဲ (ဥပမာ - စားပွဲအောက်၊ နံရံထောင့်) ဆိုတာ သတ်မှတ်ထားပါ။
အိမ်ပြင်မှာဆိုရင် ဘယ်နေရာမှာ စုဝေးကြမလဲဆိုတာ သတ်မှတ်ထားပါ။ (ဥပမာ - အိမ်ရှေ့က ခြံဝင်းထဲမှာရှိတဲ့ သစ်ပင်အောက်)
အကြောင်းတစ်ခုခုကြောင့် အဆက်အသွယ်ပြတ်ခဲ့သည်ရှိသော် နေရာတစ်ခုခုမှာ ပြန်ဆုံတွေ့ကြမလဲဆိုတာကို သတ်မှတ်ထားပါ။

၃။ အိမ်ရဲ့ကြံ့ခိုင်မှု။

▪️အမြဲတစ်စေစစ်ဆေးနေပါ။ အိမ်ရဲ့ အုတ်မြစ်၊ နံရံ၊ ခေါင်မိုးတွေကို ပုံမှန် စစ်ဆေးပြီး အားနည်းနေတဲ့ အပိုင်းတွေကို ပြုပြင်ထားရင်တော့ ငလျင်ဒဏ်ကို ပိုခံနိုင်ရည်ရှိစေနိုင်ပါတယ်။

📌 ၃။ Safety: ခိုင်မာတဲ့အဆောက်အဦးတစ်ခုဘယ်လိုတည်ဆောက်ရမလဲ။

💡၁။ ခိုင်မာတဲ့foundation

▪️သစ်ပင်အကြီးကြီးတစ်ပင်မှာ ခိုင်မာတဲ့အမြစ်တွေရှိဖို့လိုအပ်တယ်။ အဆောက်အဦးတိုင်းကလဲ မြေကြီးထဲခိုင်မြဲနေစေဖို့ Foundationကောင်းကောင်းလိုအပ်ပါတယ်။ အောက်ခြေကနေစ အပေါ်အထိ အဆောက်အဦးတစ်ခုလုံးက သေသေချာချာပေါင်းစည်းထားနိုင်ဖို့လိုအပ်တယ်။ မြေသားက ပျော့နေတယ်။ Foundationကိုလဲ တိမ်တိမ်လေးပဲ တူးထားမယ်ဆိုရင်တော့ ထိုအဆောက်အဦးက ပိုမိုလှုပ်ခတ်နေမှာပါ။

© Moe 2025. All Rights Reserved

💡၂။ အားဖြည့်တည်ဆောက်ခြင်း (Reinforcement):

▪️အဆောက်အဦးတွေမှာ သံချောင်းတွေ (Reinforcement bars) နဲ့ ကွန်ကရစ်တွေကို ပေါင်းစပ် အသုံးပြုခြင်းအားဖြင့် အင်မတန် ခိုင်ခံ့တဲ့ တည်ဆောက်မှုကို ရရှိနိုင်ပါတယ်။ သံချောင်းတွေက အဆောက်အဦးကို ဆွဲဆန့်အားနဲ့ ဖိအားတွေကို ခံနိုင်ရည်ရှိစေပြီး ကွန်ကရစ်ကတော့ အဲဒီသံချောင်းတွေကို တစ်စုတစ်စည်းတည်း ထိန်းထားပေးပါတယ်။

💡၃။ ချိတ်ဆက်မှုများ (Connections):

▪️အဆောက်အဦးတစ်ခုမှာပါဝင်တဲ့ အစိတ်အပိုင်းတွေအားလုံးဟာ တစ်ခုနဲ့တစ်ခု ခိုင်ခိုင်မာမာ ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ ငလျင်လှုပ်တဲ့အခါ အဲဒီ့ချိတ်ဆက်မှုတွေ မပြတ်တောက်သွားမှသာ အဆောက်အဦးတစ်ခုလုံး တည်မြဲနိုင်မှာပါ။

💡၄။ လိုက်လျောညီထွေရှိမှု (Ductility)

▪️ငလျင်လှုပ်တဲ့အခါ အဆောက်အဦးဟာ တင်းမာပြီး မလှုပ်ရှားနိုင်ဘူးဆိုရင် အလွယ်တကူ ပျက်စီးသွားနိုင်ပါတယ်။ လိုက်လျောညီထွေရှိတဲ့ အဆောက်အဦးတွေကတော့ ငလျင်ရဲ့ စွမ်းအင်ကို စုပ်ယူပြီး အနည်းငယ် ကိုင်းညွတ်နိုင်တဲ့အတွက် ပိုပြီး ခံနိုင်ရည်ရှိပါတယ်။ ပြတ်ရွှေ့ကြောနဲ့နီးကပ်နေတဲ့နေရာဒေသတိုင်းလိုလို ထည့်သွင်းစဥ်းစားသင့်ပါတယ်။

💡၅။ ပုံသဏ္ဍာန်နှင့် ညီမျှမှု (Shape and Symmetry):

▪️ပုံသဏ္ဍာန် မမှန်ကန်တဲ့၊ မညီမျှတဲ့ အဆောက်အဦးတွေဟာ ငလျင်လှုပ်တဲ့အခါ ပိုပြီး လှုပ်ခတ်ပြီး ပျက်စီးနိုင်ခြေ ပိုများပါတယ်။ ဥပမာ - တစ်ဖက်က အင်မတန်လေးလံနေပြီး တစ်ဖက်က ပေါ့ပါးနေတာမျိုး။

▪️ကျနော်မှာချင်တာကတော့ အဆောက်အဦးဆောက်လုပ်တဲ့သူတိုင်းက ငွေကြေးအကုန်အကျခံပြီး အကောင်းဆုံးconstruction၊ အတော်ဆုံး Architect၊ အစိစပ်ဆုံးစစ်ဆေးသူတွေနဲ့ တည်ဆောက်နိုင်မှာမဟုတ်ဘူး။ အများစုက သာမန်ဝန်ထမ်းလစာထပ်မပိုတဲ့လုပ်အားခနဲ့ မနည်းရှင်သန်နေကြရတဲ့သူတွေ။ သူတို့အနေနဲ့ ဘယ်လောက်ပဲ ကြိုးစားလုပ်ကိုင်ပေးချင်ပါစေ အသိအမှတ်ပြုခံရမှာလဲမဟုတ်၊ ငွေလဲပိုရမှာလဲမဟုတ်။ အချောင်လိုက်တဲ့သူ၊ ရေသာခိုမယ့်သူရှိချင်ရှိမယ်။

▪️အလုပ်ရှင်ဘက်ကလဲ အမြတ်အစွန်းစားဖို့ကလွဲ clientဘက်ကို ငဲ့ကြည့်ပေးဖို့ ရှိမယ်မထင်ဘူး။Clientဘက်ကလဲ ငွေကြေးအကုန်အကျနည်းဖို့ရယ် အကျိုးမထိခိုက်ဖို့ရယ်ကလွဲ ဘာမှ ကြိုးစားကြမယ်မထင်ဘူး။

▪️အကြံပေးချင်တာကတော့ ဘက်တွေအကုန်လုံး တစ်ဦးနဲ့တစ်ဦးပေါင်းစည်းပြီးကြိုးစားကြဖို့ပါ။ ကိုယ်လုပ်နေကြအရာထပ် နည်းနည်းလေးပိုလုပ်ပေးလိုက်။ ဘာမှတော့ ပြန်ရဖို့မျှော်လင့်မထားကြနဲ့။ လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့။

📌 ၄။ အဆုံး

▪️ဒါကြောင့်မို့ ငလျင်ဆိုတဲ့ သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲလို့ မရနိုင်ပေမယ့် ပိုမိုကောင်းမွန်တဲ့ အဆောက်အဦးတွေကို တည်ဆောက်ခြင်း၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ခြင်းနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ငလျင်ဘေးရဲ့ ဆိုးကျိုးတွေကို လျှော့ချနိုင်ပါတယ်။

▪️အဆောက်အဦးဆောက်တယ်ဆိုတာ ကိုယ့်ရဲ့နေရာလေးတစ်ခုကို မိုးလုံဖို့ လေလုံဖို့ ကိုယ့်ကို ကာကွယ်နိုင်ဖို့ပါ။ အလှအပဆိုတာ အပေါ်ယံအရေးပါမှုသာ ဖြစ်တယ်ဆိုတာကို သိရှိဖို့ နောက်မကျသေးပါဘူး။ ငလျင်ကိုတော့ ကျွန်တော်တို့ မတားဆီးနိုင်ပေမယ့် လုံခြုံတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ အားလုံး ဝိုင်းဝန်း ကြိုးစားသွားနိုင်ပါတယ်။

(ပြီးတော့လေ ဖြည့်စွက်ပြောပြချင်တာက အိမ်တွေပြို၊ နံရံတွေအက်၊ မြေကြီးတွေကွဲနဲ့ တစ်ခုခုဖြစ်နေပြီ ဖြစ်ထားပြီဆိုတာမျိုး ခံစားမိတာနဲ့ ကျွမ်းကျင်သူတစ်ဦးဦးနဲ့ မျက်မြင်ကိုယ်တွေ့တိုင်ပင်စေချင်ပါတယ်။ အပြင်ပန်းပုံသဏ္ဍာန်က သိသာချင်မှသိသာမယ်။

ပါးစပ်ပြောနဲ့တင်အဆုံးမသတ်စေချင်ဘူး။ အဆောက်အဦးတစ်ခုချင်းစီတိုင်းမှာ မတူညီတဲ့ ဆောက်လုပ်ထားတဲ့ပုံစံတွေ သက်တမ်းတွေ အခြေအနေမျိုးစုံတည်ရှိနိုင်တာမို့ အလျှင်အမြန်သာစစ်ဆေးစေချင်ပါတယ်။)

Be safe everyone! https://www.facebook.com/share/p/18QZK7mwkY/?mibextid=wwXIfr
28/03/2025

Be safe everyone!

https://www.facebook.com/share/p/18QZK7mwkY/?mibextid=wwXIfr

⚠️မြေငလျင်နှင့် စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်မှု ( Psychological First Aid ) ⚠️

ဒီနေ့ စစ်ကိုင်း၊မန္တလေးအနီးတဝိုက်မှအခြေပြုပြီး ပြင်းထန်ငလျင် လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံ စစ်ကိုင်း၊မန္တလေး၊ အောင်ပန်း နှင့် အခြားသောမြို့နယ် အပါအဝင် ၊ထိုင်းနိုင်ငံမှာလည်း ထိခိုက်ဆုံးရှုံးမှုတွေအလွန်များပါတယ် ။ ဒီအခြေအနေတွေမှာတော့ အရင်ဆုံးအသက်အန္တရာယ်ဘေးကင်းလုံခြုံရေးအတွက် လိုအပ်တဲ့ကာကွယ်စောင့်ရှောက်မှု၊ ရွှေ့ပြောင်းမှုတွေပြုလုပ်ပြီးရင်တော့ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသူတွေအတွက်ကို စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှုလိုအပ်လျှင်ပေးဖို့လိုပါတယ် ။

⭕️စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသူတွေမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့
🔺ငို၊ ဝမ်းနည်း၊ စိတ်ဓာတ်ကျ၊ ပူဆွေး
🔺အိပ်မပျော်၊ အိပ်မက်ဆိုးမက်ခြင်း
🔺စိတ်ရှုပ်ထွေး၊ စိတ်ဆိုး၊ ဒေါသထွက်ခြင်း
🔺အခြားသူများကို တုံ့ပြန်မှုမရှိခြင်း ၊ စကားလုံးဝမပြောတော့ခြင်း
🔺စဉ်းစားမရဖြစ်ခြင်း ( မိမိနာမည် ၊ နေရပ်လိပ်စာ၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကိုပင် မမှတ်မိခြင်း )
🔺မိမိကိုယ်ကို သို့ မိမိတို့ ၏ ကလေးများကို မစောင့်ရှောက်နိုင်တော့ခြင်း
🔺အပြစ်ရှိသည်ဟု ခံစားနေရခြင်း ( မိမိသာရှင်ကျန်ခဲ့ပြီး တခြားသူတွေကို မကူညီ/ မကယ်တင်ခဲ့မိခြင်း )
🔺ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ ( ဥပမာ - တုန်ရီနေခြင်း၊ ခေါင်းကိုက် ခြင်း၊ အလွန်ပင်ပန်းခြင်း၊ စားချင်စိတ်မရှိခြင်း ၊ ကြွက်သားများနာကျင်ကိုက်ခဲနေခြင်း ) စသည်တို့ ခံစားရပါတယ်။

💁🏻‍♀️စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှု ( Psychological First Aid )ကိုဘယ်သူတွေပေးလို့ရလဲ?

💡စိတ်ကျန်းမာရေးဆရာဝန် ၊ စိတ်ပညာရှင်များမှပေးရမယ်မဟုတ်ပါ။ လူတိုင်းပေးလို့ရပါတယ် -စေတနာ့ဝန်ထမ်းများ၊ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများ၊ပြည်သုလူထုများ ဘေးကင်းလုံခြုံမှုရှိသည့်မည်သည့်နေရာမှာမဆို
ကိုယ်တိုင်ပေးလို့ရပါတယ် ။

စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှု (PFA) ကိုဘယ်လိုပေးရမလဲ❓

စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှုမှာ အဓိကအားဖြင့် အချက်(၄)ချက်ပါဝင်ပါတယ် ။
🌱Prepare ( ပြင်ဆင်ပါ )
🌱Look ( ကြည့်ပါ )
🌱Listen ( နားထောင်ပါ )
🌱Link ( ချိတ်ဆက်ပါ )

🌱Prepare ( ပြင်ဆင်ပါ )
▫️ဖြစ်ရပ်ဆိုးနှင့်ပတ်သက်၍ လေ့လာပါ။
▫️ရနိုင်သမျှသော ဝန်ဆောင်မှုများနှင့် ပံ့ပိုးမှုများအကြောင်း လေ့လာပါ။
▫️ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးပြဿနာများကိုလေ့လာပါ ။

🌱Look ( ကြည့်ပါ )
▫️ဘေးကင်းလုံခြုံရေးအတွက် စစ်ဆေးပါ။
▫️အခြေခံ လိုအပ်ချက်များကိုအရေးတကြီးလိုအပ်နေကြောင်း သိသာနေသည့်လူများကို စစ်ဆေးပါ။
▫️ဆိုးဆိုးရွားရွား သောကဖိစီးနေသော တန်ပြန်တုံ့ပြန်မှုရှိသူများကို စစ်ဆေးပါ။

🌱Listen ( နားထောင်ပါ )
▫️ပံ့ပိုးမှုလိုအပ်နေသူများကို ချဉ်းကပ်ပါ။
▫️လူများ ၏ လိုအပ်ချက်များနှင့် ပြဿနာများကို မေးမြန်းပါ။သို့သော် လူများအား၎င်းတို့ ၏ အကြောင်းများကိုအတင်းအကြပ် မပြောခိုင်းဖို့လိုအပ်ပါတယ်။
▫️လူအများ ပြောပြသည်ကို နားထောင်ပြီး ၎င်းတို့ စိတ်တည်ငြိမ်သွားစေရန် ကူညီပေးပါ။
▫️နားထောင်တဲ့နေရာမှာလည်း ဝေဖန်ကဲ့ရဲ့မှုတွေမပါပဲ ထိရောက်စွာနားထောင်ပေးဖို့လိုပါတယ် ။
👀မျက်လုံး - အားရုံစူးစိုက်မှု အပြည့်အဝပေးခြင်း။
👂နား - ပြဿနာများကို အမှန်တကယ် နားထောင်ပေးခြင်း။
❤️နှလုံးသား - ဂရုတစိုက်နားထောင်ပြီး လေးစားမှုရှိကြောင်းပြခြင်း။

🌱Link ( ချိတ်ဆက်ပါ )
▫️လူများ ၏ အခြေခံလိုအပ်ချက်များနှင့် ဝန်ဆောင်မှုများရရှိစေရန် ကူညီပေးပါ။
▫️လူအများအား ပြဿနာ ဖြေရှင်းနိုင်အောင် ကူညီပေးပါ။
▫️မှန်ကန်တဲ့ သတင်းအချက်အလက်များ ပေးပါ။
▫️လူအများအား သူတို့ချစ်ခင်သူများ၊ လူမှုအကူအညီများနှင့် ချိတ်ဆက်ပေးပါ။

🌿စိတ်ပိုင်းဆိုင်ရာ ကနဦး ကူညီစောင့်ရှောက်မှုပေးမယ့်သူရဲ့ ပထမဆုံးနှင့်နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးကတော့ မိမိကိုယ်မိမိ ဘေးကင်းလုံခြုံစေဖို့နဲ့ ကာကွယ်ဂရုစိုက်ပေးနိုင်ဖို့ဖြစ်ပါတယ် ။ဒါကြောင့် မိမိရဲ့ ကိုယ်၊စိတ်ကျန်းမာရေးကိုလည်း အရင်ဆုံးစမ်းစစ်ဖို့လည်း အရေးကြီးပါတယ် ။

🌿အားလုံး ကိုယ်၊စိတ်ဘေးကင်းလုံခြုံနိုင်စေဖို့လည်း ဆုတောင်းလိုက်ရပါတယ်။

🖤Ref: Psychological First Aid : Guide for field Workers

🌱Mind Diary🌱
Mental Health Clinic
📌Have questions about Mind Diary’s services
☎️ DM us for more information—we’re here to help🌱

For your information https://www.facebook.com/share/p/16D9BPkf4U/?mibextid=wwXIfr
28/03/2025

For your information

https://www.facebook.com/share/p/16D9BPkf4U/?mibextid=wwXIfr

ငလျင်လှုပ်ပြီးနောက် အဆောက်အအုံတွေမှာ အက်ကွဲကြောင်းတွေပေါ်တဲ့အခါ အက်ကွဲကြောင်းပုံစံအလိုက် နောက်တခေါက်ငလျင်လှုပ်ရင်ပြိုကျဖို့high risk ဖြစ်လားlow risk ဖြစ်လားဆိုတာ။

Horizontal နဲ့ Diagonal အက်ကြောင်းတွေကတော့ အန္တရာယ်များတယ်တဲ့

12/09/2024
Baan Lae Suan Fair Midyear 2024 ထိုင်းနိုင်ငံ၏ အကြီးမားဆုံး အိမ်နှင့် ဥယျာဉ်ပြပွဲ=======သြဂုတ် ၂ ရက်မှ ၁၁ ရက်အထိ ထိုင်းန...
31/07/2024

Baan Lae Suan Fair Midyear 2024
ထိုင်းနိုင်ငံ၏ အကြီးမားဆုံး အိမ်နှင့် ဥယျာဉ်ပြပွဲ
=======
သြဂုတ် ၂ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ BITEC Bangna တွင်
“CRAZY LITTLE THINGS CALLED HOME” ခေါင်းစဉ်ဖြင့် Baan Lae Suan Fair Midyear 2024 တွင် သင့်ရဲ့ နှလုံးသားထဲက အိမ်လေးအတွက် ပြပွဲဇုံများမှာ ပရိဘောဂ၊ အိမ်အလှဆင်ပစ္စည်း၊ ပန်းပင်၊ ပျိုးပင်များနှင့် မြေယာဥယျာဉ် အလှဆင်ခြင်းတွက် ဆက်စပ်ပစ္စည်းများ၊ အနုပညာနှင့် လက်မှုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အိမ်မွေးတိရစ္ဆာန်သုံးပစ္စည်းများ၊ စခန်းချပစ္စည်းများ (Camping Gear) နှင့် အထူးခင်းကျင်းပြသထားသော Baan Lae Suan Flea Market တို့တွင် ရှားပါးခေတ်ဟောင်းအသုံးအဆောင်ပစ္စည်းများကို သင့်စိတ်ကြိုက်လေ့လာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပြပွဲကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ပြပွဲတက်ရောက်ဖို့အတွက် https://cooll.ink/BS-Midyear2024-expat-Brumese/ မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

မနက် ၁၀:ဝဝ မှ ည ၉း၀၀ နာရီ အထိ ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။

14/07/2024
10/07/2024

Address

5/46(A2), Aung Zeya Street (Via Highland Avenue Road), Mayangone Tsp
Dagon
11061

Alerts

Be the first to know and let us send you an email when Myanmar Home & Decor Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Home & Decor Agency:

Share

Category

Myanmar Home & Decor Magazine ကို ဘယ်မှာရနိုင်ပါလဲ

အိမ်အလှဆင်ခြင်းဆောင်းပါးများပါဝင်သော Myanmar Home & Decor Magazine ကို City Mart, Ocean , Safari Book Store နှင့် အခြားသော စာအုပ်ဆိုင်များတွင် ၀ယ်ယူနိုင်ပါသည်။

အွန်လိုင်းစနစ်ဖြင့် ဖတ်ရှုလိုသူများအတွက် WE Distribution နှင့် WunZinn Bookstore များတွင်လည်း ဖတ်ရှုနိုင်ပါသည်။