Htoo, The Wanderlust

  • Home
  • Htoo, The Wanderlust

Htoo, The Wanderlust Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo, The Wanderlust, Digital creator, shwedagonpagoda street, .

24/09/2026

DAY 4 at PCA MMR 2026 — a little recap. ✨

ဒီနေ့မှာတော့ Latte Art Competition နှင့်အတူ PCA International မှာ သွားရောက်ယှဉ်ပြိုင်ရမယ့်သူတွေကို ရွေးချယ်ခဲ့ပါတယ်ဗျာ့။

20/09/2026

This is recap from DAY 2 at PCA MMR 2026. ✨

ဒီကနေ့ကတော့ ကော်ဖီချစ်သူတွေအတွက် Brewing Calibration နှင့် KPIC 2026 Roasting Champion ရွေးချယ်တဲ့နေ့ ဖြစ်ခဲ့ပါတယ်။

19/09/2026

ဒီနေ့အတွက်ရော ကော်ဖီ သောက်ပြီးကြပြီလားဗျာ့ …။

ကျွန်တော်နှင့် အတူတူ PCA MMR 2026 ပွဲမှာ လာရောက်လေ့လာရင်း ကော်ဖီအတူတူ သောက်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ဗျာ့။

16/09/2026

ကော်ဖီကြိုက်လားဗျာ့ … ကော်ဖီကြိုက်တယ် ဆိုလို့ရှိရင်
ကျွန်တော်နှင့် အတူတူ PCA MMR 2026 ပွဲမှာ ဆုံကြမယ်နော်။

ကော်ဖီချစ်သူတွေအတွက် PCA MMR 2026 လာပါပြီခင်ဗျာ့ ..။မြန်မာနိုင်ငံမှာ ရှိတဲ့ ကော်ဖီပညာရှင်တွေ၊ ကော်ဖီဝါသနာရှင်တွေကနေပြီးတ...
15/09/2026

ကော်ဖီချစ်သူတွေအတွက် PCA MMR 2026 လာပါပြီခင်ဗျာ့ ..။

မြန်မာနိုင်ငံမှာ ရှိတဲ့ ကော်ဖီပညာရှင်တွေ၊ ကော်ဖီဝါသနာရှင်တွေကနေပြီးတော့ Coffee Roasting Competition , Coffee Brewing Competition & Latte Art Competition ဆိုပြီးတော့ အမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင်သွားကြမယ့် ဒီ ကော်ဖီပြိုင်ပွဲကြီးကို PCA (Professional Coffee Athletics) Myanmar က ဦးစီးကျင်းပသွားမှာ ဖြစ်ပြီး စက်တင်ဘာ (၁၈) ရက်နေ့ကနေ စက်တင်ဘာ (၂၁) ရက်နေ့အထိ Kantharyar Shopping Centre မှာ ပြုလုပ်သွားမှာပါ။

ဒါ့အပြင် မြန်မာနိုင်ငံ အနှံ့အပြားက ကော်ဖီဆိုင်တွေ၊ ကော်ဖီခြံတွေနှင့် ကော်ဖီစက်ရုံတွေကလည်း ဒီပွဲမှာ ဒေသထွက်ကော်ဖီအမျိုးမျိုးကို ပါဝင်ပြသသွားကြမှာမို့ ကျွန်တော့်အနေနှင့်ကတော့ ကော်ဖီတွေကို လိုက်လံမြည်းစမ်းဖို့ ရင်ခုန်နေပါပြီ ခင်ဗျာ့။

𝙎𝙤, 𝙨𝙚𝙚 𝙮𝙤𝙪 𝙩𝙝𝙚𝙧𝙚 𝙖𝙩 𝙩𝙝𝙚 𝙋𝘾𝘼 𝙈𝙈𝙍 𝘾𝙤𝙛𝙛𝙚𝙚 𝘾𝙤𝙢𝙥𝙚𝙩𝙞𝙩𝙞𝙤𝙣.✨

ကျွန်တော်အနေနှင့် ဩဂုတ်လမှာတော့ ခရီးတွေ တောက်လျှောက်သွားဖြစ်သလို တစ်လလုံး ရန်ကုန်အိမ်မှာကို မရှိလိုက်သလိုပါပဲ။ဒါနှင့် ကျ...
14/09/2026

ကျွန်တော်အနေနှင့် ဩဂုတ်လမှာတော့ ခရီးတွေ တောက်လျှောက်သွားဖြစ်သလို တစ်လလုံး ရန်ကုန်အိမ်မှာကို မရှိလိုက်သလိုပါပဲ။

ဒါနှင့် ကျွန်တော့်ရဲ့ လအလိုက် အမှတ်တရတစ်ချို့ကို အခုလိုလေးတွေ လုပ်ဖြစ်နေသလို တစ်ပုံချင်းစီမှာ စာလေးတွေ ပါပါတယ်ဗျာ့။

𝘼𝙪𝙜𝙪𝙨𝙩 𝙨𝙡𝙞𝙥𝙥𝙚𝙙 𝙖𝙬𝙖𝙮 𝙞𝙣𝙩𝙤 𝙖 𝙢𝙤𝙢𝙚𝙣𝙩 𝙞𝙣 𝙩𝙞𝙢𝙚. ✨

ကျွန်တော်နှင့် ZORA-Ion Supply Drink နှင့် ပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့အပတ်က မေးခွန်းလေးတွေ မေးခဲ့တာကနေ အဖြေမှန်တဲ့သူတွေ...
08/09/2026

ကျွန်တော်နှင့် ZORA-Ion Supply Drink နှင့် ပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့အပတ်က မေးခွန်းလေးတွေ မေးခဲ့တာကနေ အဖြေမှန်တဲ့သူတွေထဲကနေပြီးတော့ ဆုလက်ဆောင် ရရှိသူ (၅) ဦးကို Comment Picker နှင့် ပြန်လည် ရွေးချယ်ပေးထားပါတယ် ခင်ဗျာ့။

ဆုလက်ဆောင်အနေနှင့်က တစ်ဦးကို (၅) သောင်းစီ ပေးအပ်သွားမှာ ဖြစ်ပြီးတော့ လက်ဆောင်ရတဲ့သူတွေ အနေနှင့် ကျွန်တော့်ရဲ့ Chatbox မှာ လက်ဆောင်လက်ခံရယူမယ့် ဖုန်းနံပါတ်နှင့် အမည်ရင်းကို လာရောက် ပြောကြားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ့။

မေးခွန်းလေးတွေကို စာအရှည်ကြီးတွေနှင့် အများကြီး ဝိုင်းဝန်းပြီး ဖြေကြားပေးလို့လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ့ …။

07/09/2026

ကျွန်တော် ဒီနှစ် မွေးနေ့ကိုလည်း ဘုရားသွား အလှူလုပ် ကောင်းမှုကုသိုလ်ပြုရင်းပဲ အေးအေးချမ်းချမ်း ဖြတ်သန်းဖြစ်ခဲ့ပါတယ်ဗျာ့။

𝙃𝙚𝙧𝙚’𝙨 𝙖 𝙡𝙞𝙩𝙩𝙡𝙚 𝙗𝙞𝙧𝙩𝙝𝙙𝙖𝙮 𝙫𝙡𝙤𝙜 𝙛𝙧𝙤𝙢 𝘾𝙝𝙖𝙥𝙩𝙚𝙧 34. ✨

ကျွန်တော်တို့ ခရီးသွားတဲ့အခါ ဓာတ်ပုံလှလှလေးတွေ ရဖို့ဆိုရင် အဝတ်အစား ဝတ်တတ်ဖို့ကလည်း အရေးကြီးတယ်လို့ ဆိုရမှာပေါ့။𝙃𝙚𝙧𝙚 𝙖𝙧𝙚...
03/09/2026

ကျွန်တော်တို့ ခရီးသွားတဲ့အခါ ဓာတ်ပုံလှလှလေးတွေ ရဖို့ဆိုရင် အဝတ်အစား ဝတ်တတ်ဖို့ကလည်း အရေးကြီးတယ်လို့ ဆိုရမှာပေါ့။

𝙃𝙚𝙧𝙚 𝙖𝙧𝙚 𝙬𝙝𝙖𝙩 𝙄 𝙙𝙧𝙚𝙨𝙨𝙚𝙙 𝙛𝙤𝙧 𝙎𝙄𝙉𝙂𝘼𝙋𝙊𝙍𝙀 .. 🇸🇬

Address

Shwedagonpagoda Street

Website

Alerts

Be the first to know and let us send you an email when Htoo, The Wanderlust posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htoo, The Wanderlust:

Shortcuts

  • Want your business to be the top-listed media company?

Share