Eden Media & Advertising

နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် စာရေးဆရာဖြစ်သူ ဦးညွန့်သောင်း ခေါ်  မောင်သာချိုသည် ယနေ့ (ဇူလိုင် ၁၀ ရက်) နံနက်ပိုင်းတွင် ရ...
10/07/2025

နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် စာရေးဆရာဖြစ်သူ ဦးညွန့်သောင်း ခေါ် မောင်သာချိုသည် ယနေ့ (ဇူလိုင် ၁၀ ရက်) နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားသည်ဟု ၎င်းနှင့်ရင်းနှီးသော မိတ်ဆွေများပြောကြားချက်များအရ သိရှိရပါသည်

#စာရေးဆရာ မောင်သာချို
#ဓာတ်ပုံ- CJ
#ကွယ်လွန်

MPT က ဝန်ထမ်းများ စည်းလုံးညီညွတ်မှုနှင့် ကျန်းမာကြံ့ခိုင်မှုကို မြှင့်တင်ရန်အတွက် ဒုတိယအကြိမ်မြောက် ‘TeamFit: Unite & Mo...
09/07/2025

MPT က ဝန်ထမ်းများ စည်းလုံးညီညွတ်မှုနှင့် ကျန်းမာကြံ့ခိုင်မှုကို မြှင့်တင်ရန်အတွက် ဒုတိယအကြိမ်မြောက် ‘TeamFit: Unite & Move’ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျင်းပ

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်) – MPT က ‘TeamFit: Unite & Move’ အစီအစဉ်၏ တစ်စိတ် တစ်ပိုင်း အဖြစ် ယမန်နှစ်က အောင်မြင်စွာကျင်းပခဲ့သည့်အပေါ် အခြေခံပြီး ဒုတိယ အကြိမ်မြောက် ဖူဆယ် ဘောလုံး ပြိုင်ပွဲကို ဇူလိုင်လ(၅)ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ် ကစားကွင်း၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲသည် ဝန်ထမ်းများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ကျန်းမာကြံ့ခိုင်မှုနှင့် ကိုယ်စိတ်ကျန်းမာစွာ ရှိမှု၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုကို ခိုင်မာစေရန်နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မှု တိုးတက်စေရန်အတွက် MPT ၏ ဌာနကြီး (၅) ခုမှ ဝန်ထမ်းများအတူတကွပါဝင်ကာ စုစုပေါင်း အသင်း (၈) သင်းဖြင့် ထပ်မံဆောင်ရွက်လိုက်ခြင်း ဖြစ်ပါသည်။

ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာကြံ့ခိုင်စွာရှိမှု နှင့် တက်ကြွသောလူနေမှုပုံစံရှိနေခြင်းက ခိုင်မာကောင်းမွန်သည့် အဖွဲ့အစည်း တစ်ခုအတွက် အရေးကြီးကြောင်း MPT ကကောင်းစွာယုံကြည်ထားပါသည်။ ၎င်းက အပြုသဘော ဆောင်သော လုပ်ငန်းခွင်ကို ပျိုးထောင်ပေးကာ နောက်ဆုံးအနေဖြင့် နိုင်ငံတစ်ဝန်းရှိ တန်ဖိုးထားရသော သုံးစွဲသူ များသို့ ဝန်ဆောင်မှုပေးရာတွင် အကောင်းဆုံးကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်စေမည် ဖြစ်ပါသည်။

MPT-KSGM JO ၏ အမှုဆောင်အရာရှိချုပ်ဌာနကြီးမှ Mr. Mikinori NAITO က “ ‘TeamFit: Unite & Move’ ရဲ့ ဒုတိယအကြိမ်မြောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျွန်တော်တို့ ဆက်လက်ပြီးအောင်အောင်မြင်မြင် ကျင်းပ နိုင်ခဲ့ပြီး စိတ်အားထက်သန်မှုတွေကို မြင်တွေ့ရတဲ့အတွက် အထူးပဲဂုဏ်ယူမိပါတယ်။ ဒီဖူဆယ်ဘောလုံးပြိုင်ပွဲက MPT ကို ခိုင်မာစည်လုံးတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်စေတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေဖြစ်တဲ့ တက်ကြွတဲ့ လုပ်ငန်းခွင်ဓလေ့ကို မြှင့်တင်ပေးနိုင်မှု၊ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးမှု၊ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးမှုကို ခိုင်မာစေမှုတွေကို အမှန်တကယ် ပုံဖော်ပေးနေတာဖြစ်ပါတယ်။ ဒီနေ့ပြိုင်ပွဲမှာ ကျွမ်းကျင်မှု၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုနဲ့ ကြိုးပမ်းမှုအားထုတ်မှု အရည်အသွေးတွေကိုပြသခဲ့ပြီး ချန်ပီယံ ဆုဖလားကို ဆွတ်ခူးသွားခဲ့တဲ့ COO-1 ဖူဆယ်ဘောလုံးအသင်းကို ထပ်မံပြီးဂုဏ်ပြုလိုပါတယ်။ ဒီနှစ်မှာလည်း ကျင်းပတဲ့ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် ဆက်လက်အောင်မြင်အောင် ကူညီထောက်ပံ့ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

MPT သည် “TeamFit:Unite & Move” အစီအစဉ်မှတစ်ဆင့် ယောဂနှင့် Zumba ကဲ့သို့သော ကျန်းမာရေး လုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြင့် ကိုယ်စိတ်ကျန်းမာစွာရှိမှုနှင့်တက်ကြွသော လူနေမှုပုံစံကို မြှင့်တင်ခြင်းတို့ကို အသိအမှတ်ပြုပြီး ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှုကို အလေးထားဆောင်ရွက်လျက်ရှိကာ ယင်းကတစ်ဆင့် တူညီသည့်ရည်ရွယ်ချက်သို့ ရောက်ရှိရန်အတွက် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုကို ပျိုးထောင်ပေးပြီး အဆုံးတွင် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ပေးစေနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ယုံကြည်စိတ်ချရသော အရည်အသွေးမြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန်နှင် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးကူညီနိုင်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

ဝါတွင်း၃လအဓိဌာန် ပုတီးစိပ် ကြမယ် 🙏🏻🙏🏻🙏🏻ဒီနှစ် 2025အတွက် ဝါတွင်း (၃)လ  ရက်ပေါင်း(၉၀)စိပ်ရတဲ့ ကိုးနဝင်းပုတီးစိပ်နည်းလေး စိ...
08/07/2025

ဝါတွင်း၃လအဓိဌာန် ပုတီးစိပ် ကြမယ် 🙏🏻🙏🏻🙏🏻

ဒီနှစ် 2025အတွက်
ဝါတွင်း (၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့
ကိုးနဝင်းပုတီးစိပ်နည်းလေး စိပ်ရမယ့် ရက်လေးတွေပါ🙏🏻

ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိပါ🙏🏻🙏🏻🙏🏻

🌟သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
🌟အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင့်🙏🏻🙏🏻🙏🏻

 #ဒီလိုလူမျိုးရှိတော့ရှိတယ်_ဒါပေမယ့်ရှားတယ် 🥰🥰ဒီနေ့ သူငယ်ချင်းနဲ့ နှစ်ယောက်သား ဂရဘ်တက်စီကို Spirti (စမ်းချောင်း) ကနေ ငှာ...
08/07/2025

#ဒီလိုလူမျိုးရှိတော့ရှိတယ်_ဒါပေမယ့်ရှားတယ် 🥰🥰

ဒီနေ့ သူငယ်ချင်းနဲ့ နှစ်ယောက်သား ဂရဘ်တက်စီကို Spirti (စမ်းချောင်း) ကနေ ငှားပြီးစီးခဲ့ပါတယ်။ ဖြစ်ချင်တော့ သူငယ်ချင်းရဲ့ ဖုန်းအားကကုန်နေလို့ တက်စီကားသမားဦးလေးကြီးက ဖုန်းအားသွင်းကြိုးတူရင် သွင်းလို့ရပါတယ်လို့ ပြောတော့ ဖုန်းအားသွင်းပြီး ခုံပေါ် ခဏတင်ထားပြီး ခရီးဆက်ခဲ့ကြပါတယ်။
ဒီလိုနဲ့ အချိန်ကြာတော့ နှစ်ယောက်သားဆင်းတဲ့နေရာလည်း ရောက်ရော ကားပေါ်က ဆင်းခဲ့ကြပါတယ်။ (တက်စီပေါ်မှာ ဖုန်းအားသွင်းထားတာ လုံးဝလုံးဝနစ်ယောက်သား သတိမရခဲ့ပါဘူး) ကားပေါ်ကလည်း ဆင်းပြီး ခဏနေမှ သတိရပြီး (ဟဲ့နင့်ဖုန်းရောဆိုမှ) နှစ်ယောက်သား သတိရပြီး ခြေတွေလက်တွေပါ တုန်ပြီး ဘာလုပ်ရမှန်းမသိတော့တဲ့ အချိန်‌၊ အော်လို့လည်းမရ လိုက်လို့လည်း မမီတော့တဲ့ ခြေနေတခုရောက်ခဲ့ပါတယ်။
လမ်းဘေးကွမ်းယာဆိုင်က ဘာဖြစ်လည်း လှမ်းမေးတော့ ကားပေါ်မှာဖုန်းပါသွားလို့လည်း ပြောလိုက်ရော သူတို့လည်း အနားရောက်လာပြီး ဖုန်းခေါ်ပေးပါတယ်။ ဖုန်းတောင် မဝင်သေးပါဘူး။ ကားသမားဦးလေးကြီးက ကားဟွန်းတီးပြီး ကားပေါ်မှာ ဖုန်းပါသွားလို့ ပြန်လာပေးတာတဲ့။
ကျေးဇူးအများကြီးတင်ပါတယ်။ ဦးလေးကြီးလည်း စိတ်ကောင်းစေတနာကောင်းလို့ ဒီထက်မက စီးပွားရေးတွေ အဆင်ပြေတိုးတက်ပြီး လုပ်ကိုင်သမျှ စစရာရာအဆင်ပြေပါစေ။
အခုလိုခေတ်ထဲမှာ တန်ဖိုးကြီးတဲ့ဖုန်းတလုံး သူများနောက်ပါသွားတာကို ကလိမ်မကျပဲစေတနာအရင်းအမှန်နဲ့ပြန်လာပေးခဲ့တဲ့ ဦးလေးကြီးပါ။ မြန်မာပြည်သူပြည်သား အချင်းချင်း တယောက်ကို တယောက်ကူညီရိုင်းပင်းရင်း တူတူလက်တွဲသွားကျဖို့တိုက်တွန်းအပ်ပါတယ်။







Full-scene AI Imagine Master ဆိုတဲ့အတိုင်း နေ့အချိန်ရော ညအချိန်အတွက်ပါ ပြီးပြည့်စုံတဲ့ နောက်ဆုံးပေါ် Photography နည်းပညာ...
07/07/2025

Full-scene AI Imagine Master ဆိုတဲ့အတိုင်း နေ့အချိန်ရော ညအချိန်အတွက်ပါ ပြီးပြည့်စုံတဲ့ နောက်ဆုံးပေါ် Photography နည်းပညာနဲ့ ထွက်ရှိလာတော့မဲ့ OPPO Reno14 Series 5G

သာမန်ထက် ပိုမိုတောက်ပတဲ့ AI Flash Photography နည်းပညာနဲ့ အတူ အံ့အားသင့်စေမဲ့ OPPO Reno14 Series 5G ဟာ မြန်မာနိုင်ငံဈေးကွက်ထဲကို မကြာခင် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ OPPO က သုံးစွဲသူအများစု အကြိုက်တွေ့စေမဲ့ OPPO Reno Series တွေထဲကမှ Full-scene AI Imagine Master ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နေ့အချိန်အတွက်ရော ၊ ညအချိန်အတွက်ပါ ပြီးပြည့်စုံလောက်အောင် ကောင်းမွန်ဆန်းသစ်တဲ့ Photography နည်းပညာတွေ နဲ့ AI လုပ်ဆောင်ချက်များစွာ ပါရှိတဲ့ OPPO Reno14 Series 5G ကို မြန်မာနိုင်ငံဈေးကွက်သို့ မကြာခင် မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

OPPO Reno14 Series 5G အနေနဲ့ OPPO Reno14 Pro 5G ၊ OPPO Reno14 5G နဲ့ OPPO Reno14 F 5G တို့ ထွက်ရှိလာမှာဖြစ်ပြီး OPPO ရဲ့ နောက်ဆုံးပေါ် AI Flash Photography နည်းပညာနဲ့ ထူးခြားဆန်းသစ်တဲ့ Iridescent Mermaid Design တို့ကို ပေါင်းစပ်ကာ AI Livephoto 2.0၊ AI Editor၊ IP69 အဆင့်အထိ ခံနိုင်ရည် စသဖြင့် ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်သာမက ယခင်က သုံးစွဲသူတွေ ကြိုက်နှစ်သက်ကြတဲ့ OPPO Find X8 က Telephoto Camera ကိုပါ ယခု OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G တို့မှာ ထည့်သွင်းပေးလာတာကြောင့် သုံးစွဲသူတွေအနေနဲ့ Flagship Technology ကို ထိတွေ့ခံစားနိုင်တော့မှာဖြစ်ပါတယ်။

ထူးခြားကောင်းမွန်တဲ့ အနုပညာ လက်ရာ နဲ့ ခေတ်သစ်အလှအပတို့ကို အတောက်ပဆုံး ပေါင်းစည်းထားတဲ့ OPPO Reno14 Series 5G ရဲ့ ဒီဇိုင်း

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO က OPPO Reno Series တွေရဲ့ ဒီဇိုင်းတွေကို လူငယ်ဆန်ပြီး ပိုပြီးဆန်းသစ်တောက်ပတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတာကြောင့် OPPO Reno14 Series 5G မှာဆိုရင် ယခု နှစ်ပိုင်းတွေမှာ ပိုပြီး ရေပန်းစားထင်ရှားလာတဲ့ Mermaidcore ဒီဇိုင်းကို ထည့်သွင်းကာ Iridescent Mermaid Design ပုံစံနဲ့ အသက်သွင်းဖန်တီးလာတာဖြစ်ပါတယ်။
OPPO Reno14 Pro 5G နှင့် OPPO Reno14 5G နှစ်မျိုးလုံးမှာဆိုရင် One-piece Sculpted Glass နဲ့ အတူ Aerospace-grade Aluminium ကို ပူးတွဲထည့်သွင်းအသုံးပြုထားတဲ့အတွက် ခံနိုင်ရည်အားဖြင့် သာမန်ထက်ပိုမိုမာကြောတဲ့ ခံနိုင်ရည်ကို ရရှိမှာဖြစ်ပါတယ်။ OPPO Reno14 Series 5G မှာဆိုရင် IP66, IP68 နှင့် IP69 အဆင့်အမီ ဖုန်မှုန့်နှင့်ရေစိုခံနိုင်မှု သတ်မှတ်ချက်တွေအတိုင်း တည်ဆောက်ထားတဲ့အပြင် Platinum-grade anti-corrosion coating ဖြင့် ထိန်းသိမ်းထားတဲ့ USB interface ပါရှိတာကြောင့် အဆိုးရွားဆုံးအခြေအနေတွေမှာတောင် အကြာရှည်ဆုံး ခံနိုင်စွမ်းရှိစေမှာဖြစ်ပါတယ်။

OPPO Reno14 Pro 5G ကို Opal White နဲ့ Titanium Grey နှစ်ရောင် ၊ OPPO Reno14 5G ကို Opal White နဲ့ Luminous Green နှစ်ရောင်၊ Reno14 F 5G ကို Opal Blue နဲ့ Luminous Green နှစ်ရောင်ဆိုပြီး အသီးသီး ထွက်ရှိလာမှာဖြစ်ပါတယ်။

ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား အမှောင်ဆုံးအချိန်တွေမှာတောင် ကောင်းမွန်တဲ့ ပုံရိပ်တွေကို ရရှိစေနိုင်မဲ့ အလင်းအားအကောင်းဆုံး Flash

OPPO Reno14 Series မှာဆိုရင် OPPO အနေနဲ့ AI Flash Photography ကို စတင် မိတ်ဆက်လာမှာဖြစ်သလို OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G နှစ်မျိုးလုံးမှာဆိုရင် နည်းပညာတိုးတက်မှုမြင့်မားတဲ့ Triple-Flash System ကို ထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။ Main Camera နဲ့ Ultra-wide Camera တို့မှာဆိုရင် Dual Flash Units ပါဝင်တဲ့အတွက် အနီးကပ်အလင်းဖြန့်ပေးတဲ့အခါမှာလဲ ပိုပြီး ထူးခြားစွာ အလင်းလက်ဆုံး တောက်ပတဲ့ အလင်းရောင်စွမ်းဆောင်ရည်ရှိမှာဖြစ်ပါတယ်။ OPPO Reno14 F 5G မှာ ဆိုရင်လဲ အနီးကပ်အားဖြင့် အလင်းဖြန့်မှုအတွက် တိကျတဲ့ Dual-flash System ပါဝင်ပြီး၊ ယခင်မျိုးဆက်ထက် ၂ ဆ ပိုမိုတောက်ပတဲ့ အလင်းစွမ်းအားနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက Flash Unit အနေနဲ့ ပြန်ကြည့်မယ်ဆိုရင်လဲ စျေးကွက်အတွင်းမှာ ပထမဦးဆုံးအသုံးပြုထားကာ တိကျတဲ့ Focus Flash ဖြစ်သလို Telephoto Camera အတွက်ပါ ပြင်ဆင်ကာ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒီ Flash System ဟာဆိုရင် ဓာတ်ပုံရရှိတဲ့အခါမှာ အလင်းအား တောက်ပမှု ၁၀ ဆအထိ မြင့်တက်လာနိုင်ခြင်းကြောင့် အနီးကပ်ဆွဲချိန်ကြည့်ရင်တောင် မိမိဖမ်းယူမဲ့ ပုံရိပ်ကို ပေါ်လွင်အောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။

OPPO Reno14 Pro 5G မှာဆိုရင် Ultra-Clear Low-Light Camera System ကို ထည့်သွင်းထားပြီး၊ 50MP ကင်မရာသုံးလုံး ဖြင့် ဖန်တီးထားသောကြောင့် Ultra-wide မှ Wide အထိ ရိုက်ကူးနိုင်မှာဖြစ်သလို ၊ 3.5x periscope Telephoto မှ တစ်ဆင့် အလင်းနည်းတဲ့ အချိန်တွေမှာတောင် အကြည်လင်ဆုံး ဓာတ်ပုံများကို ရိုက်ကူးနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ ဒါအပြင် OPPO Reno14 Pro 5G မှာ တင်သာမက OPPO Reno14 5G မှာပါ OPPO Reno14 Pro 5G နဲ့ တူညီတဲ့ 50MP 3.5x Telephoto Camera ပါဝင်လာတဲ့အတွက် Portrait နှင့် Zoom ရိုက်ကူးမှုအမျိုးမျိုးအတွက် အရည်အသွေးမြင့်တဲ့ ပုံရိပ်အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

-sceneAIImagineMaster

ကျောင်းသူ အယောက် ၇၀၀ ကျော် အပျော် Camp ထွက်နေတုန်း ညသန်းခေါင် မြစ်ရေတက်လာလို့ လူရာနဲ့ချီ ရေထဲမျောပါပျောက်ဆုံး 😭အမေရိက Te...
06/07/2025

ကျောင်းသူ အယောက် ၇၀၀ ကျော် အပျော် Camp ထွက်နေတုန်း ညသန်းခေါင် မြစ်ရေတက်လာလို့ လူရာနဲ့ချီ ရေထဲမျောပါပျောက်ဆုံး 😭

အမေရိက Texas ပြည်နယ် Kerr County မှာ အပျော် Camp လေးတစ်ခု ပြုလုပ်နေတုန်း ဇူလိုင်လ ၄ ရက်နေ့ ညသန်းခေါင်အချိန် ရုတ်တရက် ရေကြီးရေလျံခဲ့ပါတယ်။

မိန်းကလေးကျောင်းသူဦးရေ ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

စုစုပေါင်း မိန်းကလေး ၇၅၀ နီးပါး ရှိနေတဲ့ အဆိုပါ Camp မှာ ညအိပ်ချိန်ကြီး ရုတ်တရက်ရေကြီးခဲ့တဲ့အတွက် Camp အိမ်တွေ ရေထဲမျောပါပြီး မိန်းကလေးတွေ ကအဆိုပါ အိမ်ထဲမှာ ပါသွားကြတာပါ။

Guadalupe မြစ်ဟာ ပုံမှန်အချိန်မှာဆိုရင် စမ်းချောင်းသဖွယ် စီးဆင်းနေပြီး အနီးအနားမှာ ရေတံခွန်လေးတွေနဲ့ သာယာတာကြောင့် အပန်းဖြေ camp ထွက်ကြသူတွေ ပေါများတဲ့ မြစ်ကမ်းပါးတစ်ခုပါ။

အဆိုပါမြစ်ရဲ့ ရေစီးနှုန်းမြန်ဆန်မှုကြောင့် ၄၅မိနစ်အတွင်း ကုန်းမြေမြင်နေရတဲ့နေရာတွေအားလုံးက ရေပြင်ဖြစ်သွားခဲ့ရတာပါ။

တာဝန်ရှိသူတွေက သစ်ပင်တွေပေါ်မှာ ကျန်နေသူတွေကို ရဟတ်ယာဥ် ၁၄ စီးအပါအဝင် အသက်ကယ်လှေတွေ ကားတွေနဲ့ ကျန်ရှိတဲ့ သူတွေကို မိဘတွေဆီ ကယ်ဆယ်ပို့ဆောင်ပေး ဆက်သွယ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ မြစ်ရဲ့ အနီးအနားမှာ လူနေအိမ်တွေလည်း ရှိတာဖြစ်ပြီး လူနေအိမ်တွေက လူ ၁၀၀ နီးပါးလည်း အဆက်အသွယ်မရ ပျောက်ဆုံးနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် Camp အုပ်စုကမဟုတ်ပဲ အဆိုပါမြစ်မှာ တစ်ဦးချင်း ဖြစ်စေ သူငယ်ချင်းအုပ်စုလိုက်ဖြစ်စေ အခြား Camp ထွက်နေတဲ့သူတွေလည်း ပျောက်ဆုံးစာရင်းမှာ ကြေငြာထားတာကို တွေ့ရှိတာဖြစ်လို့ ပျောက်ဆုံးသူဦးရေက ပိုတိုးလာနိုင်ခြေလည်း ရှိနေတာပါ။

ဒါပေမယ့် မိသားစုဝင်တွေကိုတော့ တာဝန်ရှိသူတွေက ပျောက်ဆုံးနေသူတွေဟာ ဝိုင်ဖိုင်မရ လမ်းအဆင်မပြေလို့သာ မဆက်သွယ်နိုင်ပဲ အန္တရာယ် ကင်းတဲ့နေရာ သို့မဟုတ် သစ်ပင်ပေါ်မှာ ရှိနေတာလည်း ဖြစ်နိုင်တာမို့ အတတ်နိုင်ဆုံး ရှာဖွေကယ်ဆယ်ရေးပြုလုပ်ပေးသွားပါမယ်လို့ ဆိုထားပါတယ်။

လူမှုကွန်ယက်မှာတော့ မိဘတွေရဲ့အိမ် ရေထဲမျောသွားလို့ ရှာဖွေနေသူတွေ မိသားစုလိုက် ညတွင်းချင်း အိမ်အလုံးလိုက် မနက်မှာ မရှိတော့တဲ့ အကြောင်းတွေ Camp သွားနေတဲ့ သမီးငယ်လေးတွေကို တွေ့ရင်အကြောင်းကြားဖို့ အကူညီတောင်းခံမှုတွေ အများအပြားရှိနေတာကို တွေ့ရပါတယ်။

လက်ရှိအချိန်ထိတော့ tay ဆုံးသူအဖြစ် ပြောနိုင်သူက ၂၄ ဦးဝန်းကျင်အထိ ရှိထားတယ်လို့ သိရပါတယ်။





 #ချစ်ရသူနဲ့မဂ်လာသတင်းကြားနေရပြီးခုထိကြော်ငြာတွေမပျက်လက်ခံရိုက်ကူးနေတဲ့ဟိန်း‌ဝေယံတို့စုံတွဲလေး 💚🤎   #ဟိန်းဝေယံ    #စိုးပ...
05/07/2025

#ချစ်ရသူနဲ့မဂ်လာသတင်းကြားနေရပြီးခုထိကြော်ငြာတွေမပျက်လက်ခံရိုက်ကူးနေတဲ့ဟိန်း‌ဝေယံတို့စုံတွဲလေး 💚🤎

#ဟိန်းဝေယံ
#စိုးပြည့်သဇင်


သမီးလေး မိုဂျီနဲ့အတူ အရင်လို အောင်မြင်မှုတွေ ရရှိလာတဲ့  သရုပ်ဆောင် ကျော်ထက် တို့ ဇနီးမောင်နှံ    #မိုဂျီ
05/07/2025

သမီးလေး မိုဂျီနဲ့အတူ အရင်လို အောင်မြင်မှုတွေ ရရှိလာတဲ့ သရုပ်ဆောင် ကျော်ထက် တို့ ဇနီးမောင်နှံ

#မိုဂျီ

05/07/2025

ရန်သူတစ်ရာ စီးချင်းထိုးနိုင်တယ် ...အချစ်မှာ ရင်မဆိုင်ရဲ တဲ့သူကြီး 😁





နိုင်ငံကျော်မင်းသမီး Moe Hay Ko နဲ့ စကားလက်ဆုံပြောခွင့်ရသွားလို့ ရှက်နေတဲ့ 😁🤎 Joshua “ The Fearless “ Van
04/07/2025

နိုင်ငံကျော်မင်းသမီး Moe Hay Ko နဲ့ စကားလက်ဆုံပြောခွင့်ရသွားလို့ ရှက်နေတဲ့ 😁🤎 Joshua “ The Fearless “ Van





ယနေ့မှာပဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ပိုးမမှီသာရဲ့ မိခင်    #မိခင်ကွယ်လွန်
04/07/2025

ယနေ့မှာပဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ပိုးမမှီသာရဲ့ မိခင်


#မိခင်ကွယ်လွန်


ဘန်ကောက်မှာ ရေကူးသွားရင်း ချော်လဲမိလို့ နှခေါင်းထိခိုက်ဒဏ်ရသွားတာတဲ့ နေဆန်း   #နေဆန်း
03/07/2025

ဘန်ကောက်မှာ ရေကူးသွားရင်း ချော်လဲမိလို့ နှခေါင်းထိခိုက်ဒဏ်ရသွားတာတဲ့ နေဆန်း


#နေဆန်း

Address

Dagon

Website

Alerts

Be the first to know and let us send you an email when Eden Media & Advertising posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share