DALLA Channel - News

DALLA Channel - News သတင်းများကိုဝေမျှသွားပါမည်

ထိုင်းအစိုးရ၏ မြန်မာ မူဝါဒ ပြောင်းရန်  ပီတ လင်ဂျရိုရတ် အချက် ငါးချက် ချပြ***********************မြန်မာ နိုင်ငံ အတွင်း မတ...
05/05/2024

ထိုင်းအစိုးရ၏ မြန်မာ မူဝါဒ ပြောင်းရန် ပီတ လင်ဂျရိုရတ် အချက် ငါးချက် ချပြ
***********************

မြန်မာ နိုင်ငံ အတွင်း မတည်ငြိမ်မှု များ တိုး၍ ဖြစ်ပေါ်လာနေသဖြင့် ထိုင်း နိုင်ငံ အကျိုးစီးပွား၊ အာဆီယံ အပေါ် ယုံကြည်မှူ ရလာစေရန် နှင့် ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံ သား ကောင်းကျိုး ချမ်းသာများ ရရှိခံစားစေနိုင်ရန် ထိုင်းသည် အချက် ငါး ချက် ဖြင့် စံနမူ နာ ပြ လုပ်ဆောင်သင့်ပြီဟု နီကီ အေးရှား ရီဗြူး တွင် ရှေ့သို့ချီ ပါတီ ခေါင်းဆောင် ပီတ လင်ဂျာရိုရတ်က အကျယ်တဝင့် ရေးသား ဖေါ်ပြလာခဲ့သည်။ ၎င်းကိုယ်တိုင် ထိုသို့ ရေးလာခြင်းကပင် ထိုင်း အစိုးရ အတွင်း မြန်မာ နှင့် ပတ်သက်၍ ယောက်ယက်ခတ်လာနေပြီ ဆိုသည်က သိသာထင်ရှားလာရသည်။

၎င်းက ရေးသားရာတွင် ပထမဆုံး အနေဖြင့် ထိုင်းအစိုးရသည် မြေပြင်တွင် လျင်မြန်စွာ ရွေ့လျား ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေ ရပ်တည်သွားရမည်ဟု ဆိုသည်။ အာဏာသိမ်းပြီး နောက်ပိုင်း ထိုင်းအစိုးရသည် စစ်ကောင်စီ ဖက်က တဖက်စောင်းနင်း ရပ်တည်လာခဲ့သည်။ ယင်းသည် မည်မျှထိ မှားယွင်းနေသည်ကို တနေ့ထက် တနေ့ ဖြစ်ပေါ်လာနေသော အခြေအနေများက သက်သေ ပြခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ နှင့် ဆက်ဆံရေး ကို ရှု့ဒေါင့် မျိုးစုံ မှ ကြီးကြပ် ဆောင်ရွက်သွားနိုင်ရန် အတွေ့အကြုံ ကြွယ်ဝသည် ဝါရင့် သူ တဦးအား အထူး သံတမန် အဖြစ် ခန့်အပ်သင့်သည်။

မိမိ၏ ရှေ့သို့ချီ ပါတီမှ ထိုင်း ဝန်ကြီးချုပ်နှင့် အထူး သံတမန် တို့ ပူးတွဲ ဦးဆောင်သည့် ဌာနပေါင်းစုံ ပါဝင်မည့် အထူးလုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်း အဆိုပြုခဲ့ပြီး ဖြစ်သည်။ သို့မှသာ နယ်ခြား တဖက်တွင် အမြဲလို ပြောင်းလဲလာနေ‌သော ပကတိ အနေအထားကို လျင်လျင် မြန်မြန် နှင့် အချိန်နှင့် တပြေးညီ တုန့်ပြန် သွားနိုင်မည် ဖြစ်သည်။ အထူးလုပ်ငန်း အဖွဲ့ကိုလည်း မြန်မာ့အရေး ကျွမ်းကျင်သူများ၏ အကြံဉာဏ်များ ဖြင့် ပံ့ပိုးပေးသွားရမည် ဖြစ်သည်။

လက်ရှိ မြန်မာ နှင့် ဆက်ဆံရေးသည် သံတမန် လုပ်ထုံး လုပ်နည်းများ၊ လုံခြုံရေး အေဂျင်စီ များကို အစဉ်အလာအတိုင်း အလွန်အကျွံ အားကိုးအားထား ပြုနေခြင်း နှင့် ဗြူရိုကရေစီ တွင်းကြီးထဲမှ ရုန်းမထွက် နိုင်ခြင်း တို့ကြောင့် နွံနစ် နေဆဲပင် ဖြစ်သည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံ အတွင်း ပြောင်းလဲ ဖြစ်ပေါ်လာနေသော အခြေအနေများ၏ ဘက်ပေါင်းစုံ မှ စိန်ခေါ်လာမှု များကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိ ဖြစ်ခဲ့ရသည်။

ပြီးခဲ့သည့် အပတ်အတွင်း ထိုင်း အစိုးရ အဖွဲ့ အပြောင်း အလဲများ ပြုလုပ်ခဲ့မှု ကြောင့် ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ပန်ပရီ ဖဟီထာ နုကွန် ရာထူးမှ နှုတ်ထွက်သွားသည် အထိ ဖြစ်ခဲ့ရသည်ကို ကြည့်မည်ဆိုက ဝန်ကြီးချုပ် ဆရက်သာ သာဝီဆင် ၏ မြန်မာ အရေး ဖြေရှင်းရန် တာဝန်ခံခဲ့မှု အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။

ဒုတိယ အချက် အနေဖြင့် ထိုင်းအစိုးရ မှ အရပ်သားများအား စစ်ကောင်စီ မှ ဗုံးကြဲ တိုက်ခိုက်နေခြင်းကို လူသိရှင်ကြား ပြတ်ပြတ်သားသား ဆန့်ကျင်သွားသင့်သည်။ ထိုင်းသည် မြန်မာအား လေယာဉ်ဆီ ထောက်ပံ့ပေးနေ‌သော အာဆီယံ နိုင်ငံ အနည်းငယ်ထဲတွင် ပါဝင်နေ၍ ယင်းအား စစ်ကောင်စီ အပေါ် နိုင်ကွက် အဖြစ် သုံးကာ ဖိအားပေးသွားသင့်သည်။

ကရင် နှင့် ကရင်နီ ဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား အမြောက်အမြား သေဆုံးခဲ့ရပြီး ဖြစ်သည်။ ယင်းနှင့် အတူ စစ်ဘေးရှောင်များ ထိုင်းနိုင်ငံ အတွင်းသို့ အလုံးအရင်း နှင့် ဝင်လာနိုင်သည်။ ထိုအခါတွင် နိုင်ငံ အချူပ်အခြာ အာဏာ နှင့် လူထု ဝန်ဆောင်မှု လုပ်ငန်းများ သိသိသာသာ ထိခိုက်လာပေတော့မည်။

တတိယ အချက်သည် ထိုင်း၏ စွမ်းအင် ဖူလုံမှု ရှိရေး သက်ဆိုင်နေသည်။ ထိုင်းသည် သဘာဝ ဓါတ်ငွေ့ လိုအပ်ချက်၏ ၁၆ ရာနှုန်း အတွက် စစ်ကောင်စီ ထံမှ ဝယ်ယူနေရသည်က ပြဿနာ ဖြစ်လာရသည်။

ထိုအရေး အတွက် ရတနာ နှင့် ဇောတိက ဓါတ်ငွေ့ တွင်းများ တာဝန်ယူ ဆောင်ရွက်နေသည့် အစိုးရပိုင် PTTEP အနေဖြင့် စစ်ကောင်စီ လက်အောက်ရှိ MOGE အား ပေးချေခြင်း မပြုပဲ ကြားကာလ ထိန်းသိမ်း စောင့်ရှောက်ထားနိုင်မည့် escrow ငွေစာရင်း တွင် လွှဲပြောင်း အပ်နှံထားနိုင်ရန် စီမံသင့်သည်။ ထိုငွေများ အား စစ်ရေး အတွက် အသုံးမပြုရ ဟူသော စည်းကမ်း ကန့်သတ်ချက်ဖြင့်သာ လွှဲပြောင်း ပေးသင့်သည်။

ရွှေ သဘာဝ ဓါတ်ငွေ့တွင်း မှ ထွက်သမျှ အများစုကို တင်သွင်းနေသည့် တရုတ် အစိုးရပိုင် တရုတ် အမျိုးသား ရေနံ ကုမ္ပဏီသည် အီးယူ၏ အရေးယူ ဒဏ်ခတ်ထားမှု အား လိုက်နာသည့် အနေဖြင့် ပေးစရာ ရှိသည်များကို escrow အကောင့် ထဲ သို့ ထည့်သွင်း ပေးထားသည်၊ ယခုထိလည်း ထိုပုံစံမျိုး ဖြင့် ဓါတ်ငွေ့များ ဆက်၍ တင်သွင်းနိုင်ဆဲပင် ဖြစ်၍ ထိုင်း အနေဖြင့် ထိုသို့ မလုပ်နိုင်ဟု ဆင်ခြေကန်‌ နေ၍ မရပေ။

စတုတ္ထ အချက် အနေဖြင့် ကေအင်ယူ နှင့် တပ် ပေါင်းစု မှ မြဝတီ အား ပြီးခဲ့သည့် လ အတွင်း သိမ်းယူ နိုင်ခဲ့မှု ကြောင့် မြန်မာနိုင်ငံအတွင်းသို့ ကယ်ဆယ်ရေး အကူအညီများ ပေးပို့နိုင်ရေး အတွက် လမ်းကြောင်း ပေါင်းစုံ အသုံးပြုရန် နှင့် သက်ဆိုင်နေသူ အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ရန် လိုအပ်နေပြီ ဆိုသည်ကို အလေးအနက် ညွန်ပြလာခဲ့သည်။

ထိုင်း၏ လူသားချင်း စာနာထောက်ထားမှု ဖြင့် အကူအညီပေးရေးသည် နိုင်ငံရေး နှင့် မသက်ဆိုင်ပဲ ဘက်စုံ ထောင့်စုံမှ လိုလေသေး မရှိ ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။ တရားဝင် အကူအညီ ပေးရေး အစီအစဉ်များအား ကြက်ခြေနီ အဖွဲ့အပြင် တိုင်းရင်းသား အဖွဲ့အစည်းများ၊ အတိုက်အခံ အုပ်စု များပါ တပြိုင်တည်း ပါဝင်လာအောင် အကောင်အထည် ဖေါ်ရန် အလေးအနက် စဉ်းစားသင့်သည်။

နယ်ခြားဒေသတွင် ကုမ္ပဏီများ ရင်းနှီးမြုပ်နှံလာအောင် ဆွဲဆောင်နိုင်မည့် ဇုံတခု ဖန်တီးသင့်သည်၊ သို့မှသာ ထွက်ပြေးလာသူများ အတွက် အလုပ်အကိုင် အခွင့်အလန်းများ ထွက်ပေါ်လာမည် ဖြစ်သည်။ ထိုဇုံများ တွင် ဝင်ရောက်လုပ်ကိုင်မည့် ကျန်းမာရေး ဝန်ထမ်းများအားလည်း အထူး လိုင်စင်များ ချပေးထားနိုင်မှသာ ထိုင်း ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍအတွက် ဝန်ထုပ်ဝန်ပိုး သက်သာလျော့ပါးသွားမည် ဖြစ်သည်။

တချိန်တည်းတွင် မြန်မာ ဖက်မှ ဝင်ရောက်လာသူများကို ထိုင်း၏ လူမှု စီးပွား ဖွံ့ဖြိုးရေး အတွက် အဓိပ္ပါယ် ရှိရှိ ထည့်ဝင် အသုံးချ နိုင်မည့် လူ့အရင်းအနှီးများ အဖြစ် ရှုမြင်သင့်သည်။ အိုမင်းရင့်ရော် သူများ ရှိလာနေ၍ စီးပွားရေး ပြန်၍ အားအင် ပြည့်ဖြိုးလာရန် လိုအပ်နေပြီ ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေသည့် လက်ရှိ ဒုက္ခသည် စခန်းများကို ပိတ်ပစ်ရန် အချိန်ရောက်လာပြီ ဖြစ်ပြီး နေထိုင်နေသူများကို ထိုင်း အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်စေမည့် နည်းလမ်းများ ဖြင့် ပေါင်းစပ် ပေးသွားရမည်။ ဒုက္ခသည် စခန်းများရှိ ကလေးသူငယ်များ အား စွမ်းရည်ရှိသူများ ဖြစ်လာအောင် ပညာသင်ကြားပေးခြင်း ဖြင့် စတင်ရမည် ဖြစ်သည်။

ကရင် နှင့် ကရင်နီ ဒေသများ စီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် တိုင်းရင်းသား တပ်များ ထိန်းချုပ်ထားသည့် ဒေသများတွင် ကုန်သွယ်ရေး စခန်းများကို ယာယီ သဘောဖြင့် တရားဝင် ဖွင့်လှစ်ပေးသင့်သည်။

မြန်မာဖက်မှ တောင်ယာ မီးရှို့ စိုက်ပျိုး လုပ်ကိုင်နေခြင်းကြောင့် ထိုင်းကောင်းကင်ယံတွင် မီးခိုးလုံးများ ပြည့်နှက်လာနေသည့် ပြဿနာနှင့် စပ်လျှင်း၍ ကရင် အဖွဲ့များ၏ သံလွင် ငြိမ်းချမ်းရေး ပန်းခြံ စီမံကိန်းကို သတိမူသင့်သည်၊ အဆိုပါ စီမံကိန်းသည် ဒေသခံ တိုင်းရင်းသား တို့၏ ခံယူချက်ကို ပညာပေးခြင်း၊ သစ်တောများ မပြုန်းတီးအောင် အကြံဉာဏ်များ ပေးခြင်းတို့ ပြုလုပ်နေကြခြင်း ဖြစ်သည်။

ဘန်ကောက်အနေဖြင့် တောင်ယာ မီးရှို့ ခြင်း မပြုပဲ ထွက်ရှိလာသော လယ်ယာ ထွက်ကုန်များကို ဦးစားပေး ဝယ်ယူသင့်သည်။ ထိုင်း လူမှု အဖွဲ့အစည်းများ နှင့် မြန်မာ တိုင်းရင်းသား ဒေသများ အကြား အတူ ပူးပေါင်း ပံ့ပိုးမှုများ ရှိသင့်သည်။

အာဆီယံ

ပဉ္စမ အချက် အဖြစ် မြန်မာ နှင့် ထိစပ်နေသော နိုင်ငံများ နှင့် အာဆီယံ နိုင်ငံများ၏ အားပေး ထောက်ခံမှု ကို ရယူပြီး ထိုင်းသည် မြန်မာပဋိပက္ခတွင် အဓိက ကျသူများ အကြား ယုံကြည်ရသည့် ကြားဝင် ဖြန်ဖြေသူ အဖြစ် တာဝန်ယူရမည်။ အဓိက ကျသူများ ထဲတွင် ၂၀၁၅ NCA အား လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် မထိုးသည့် အဖွဲ့များလည်း ပါဝင်ရမည်။

ဤသည်က မိမိမှ ချင်းမိုင် ဒိုင်ယာလော့ခ် ခေါ်သည့် ‌ဆွေးနွေးပွဲ ပုံစံမျိုး ဖြင့် ကြားမှ နေ၍ ၎င်းတို့အချင်းချင်း လုံခြုံစိတ်ချစွာ အားလုံး အတူတကွ ‌ဆွေးနွေးသွားနိုင်ရန် ဖန်တီးပေးသင့်သည်။ ဤနေရာတွင် တရုတ် အကူအညီရယူပြီး အဓိက ပါတ်သက်နေသူများ ‌‌‌ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ရောက်လာအောင် သိမ်းသွင်းရပေမည်။

အပစ်အခတ် ရပ်စဲရေး နှင့် အကြမ်းဖက်မှု များ အလွန် ကာလတွင် မြန်မာသည် မည်သို့သော ပုံစံမျိုးဖြင့် ထွက်ပေါ်လာမည် ဆိုသည် အပေါ် ရှင်းလင်း ပြတ်သားသော မျှော်မှန်းထားသည်များ ရှိရမည်၊ ထိုအထဲတွင် စီးပွားရေး တိုးတက် ဖွံ့ဖြိုးလာရေး၊ အလုပ်ဖြစ်မည့် ဖက်ဒရယ် ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေး နှင့် မည်သို့ မည်ပုံ အာဏာခွဲဝေ သွားရေး တို့ ပါရှိရမည် ဖြစ်သည်။

လိုအပ်သည်များကို ပံ့ပိုးပေးသွားနိုင်ရန် ထိုင်း၊ အာဆီယံ နှင့် နိုင်ငံတကာ အနေဖြင့် အသင့် ရှိနေရပေမည်။ အာဆီယံသည် ကမ္ဘောဒီယားတွင် ၁၉၉၇ အာဏာသိမ်း အပြီး ရွေးကောက်ပွဲ ဖြစ်မြောက်လာအောင် တွန်းအားပေးခဲ့သည် "အပြုသဘော ဝင်ရောက် ပတ်သက်ခြင်း" ဆိုသည့် ချည်းကပ်မှု မျိုး ပြန်လည် ကျင့်သုံးသင့်သည်။ တချိန်တည်းမှာပင် မြန်မာ နှင့် ပတ်သက်၍ "ဆုတ်သာတက်သာ ရှိမည့် ထိတွေ့ဆက်ဆံမှုမျိုး" အား ဒေသတွင်း လုပ်ငန်း ယန္တရား အတွက် အခြေခံ သဘောတရားအဖြစ် ချမှတ်ထားသင့်သည်။

သို့မှသာ အာဆီယံ၏ ကျောက်သားကျောက်ဆိုင်ပမာ ခံယူထားသည့် ပြည်တွင်းရေး ဝင်မစွက် မူဝါဒ ဖြင့် ကန့်သတ် ခံထားရမှု များကို ကျော်လွှားနိုင်ပေလိမ့်မည်။ ထိုသို့ ကန့်သတ်ခံထားရမှုကြောင့် အာဆီယံ ၏ ယုံကြည်ခံရမှု နှင့် သမာသမတ် ရှိမှု ကို ထိခိုက်ခဲ့ရသည်။

နိဂုံးချုပ်ရမည် ဆိုလျှင် မြန်မာ၏ ပြဿနာ မျိုးစုံကို ဖြေရှင်းနိုင်ရေး အတွက် အရေးအကြီးဆုံးသည် နိုင်ငံရေး တည်ကြည်မှု၊ သမာဓိ တရားနှင့် မိမိတို့ ခံယူထားမှု များ ပြောင်းလဲလိုသည့် သတ္တိရှိနေဖို့ပင် ဖြစ်သည်။ ထိုအရည်အသွေးများသည် လက်ရှိ ထိုင်း နှင့် အာဆီယံ ခေါင်းဆောင်များ အကြားတွင် အရေးတကြီး လိုအပ်‌နေသည့် အရာများပင် ဖြစ်သည်။ ထိုအကြောင်းများ‌ ကြောင့်လည်း ချည်းကပ်မှု အသစ် အတွက် နောက်ဆုတ် မနေသင့်ပေ။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

29/06/2023

စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာတာ။

စစ်ကောင်စီဘက်က မြေပြင်တိုက်ပွဲမှာ-
#ပိုင်မှလုပ်တဲ့ဗျူဟာစနစ်ကျင့်သုံးလာတာကို
(25.6.23)နေ့ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာမှာ PDFစခန်းတစ်ခု စီးနင်းခံရပြီး တော်လှန်ရေးသမား(17)ဦး အသက်စွန့်ခဲ့ရတာတွေကြည့်ခြင်းအားဖြစ်သိရနိုင်ပါတယ်။
နောက်တစ်ချက်(28.6.23)နေ့ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းပေါ်က စဉ့်ကိုင်နဲ့တလိုင်းကျွန်းရွာအနီး စခစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF (14)ဦး အသက်စွန့်ခဲ့ရတယ်။ဒါတွေဟာ စစ်ကောင်စီဘက်က ပိုင်မှလုပ်တဲ့နည်ူဗျူဟာစနစ်ကို ကျင့်သုံးလာတာကို တွေရပါတယ်။

Dead bodyတွေကြည့်ရသလောက် တပြိုင်နက်ထဲ စုပြုံချေမှုန်းခံရတဲ့ အနေအထားပဲ။နောက်တစ်ချက်က နမခတိုင်းမှူးကို နေပြည်တော်ခေါ်ယူပြီးနောက် ကစထမှူး တေဇာကျော်ကိုယ်တိုင် နမခဇုန်ကို ဆင်းပြီး ကိုင်တွယ်နေတယ်ဆိုတဲ့ သတင်းလည်း ကြားသိရတယ်။
(ကစထမှူးဆိုတာ စစ်တိုင်းမှူးသုံး၊လေးဦးရဲ့အထက်က အမိန့်ပေးနေတဲ့ commander ပါပဲ။ ကစထ(1)မှာ နမခ၊ လပခနဲ့ မပခ စစ်တိုင်းမှူးသုံးဦးကို ကစထမှူး ဒုဗမကတေဇာကျော်က ကိုင်ထားတယ်)။

ဒါ့အပြင် ပုလဲနယ်အနောက်ခြမ်းက Air Strike တိုက်ခိုက်မှု၊ ဟားခါးမြို့နယ် သီးမစ်လွင်ပြင်စစ်ဆင်ရေးတို့ကိုပါ သုံးသပ်ရရင် ဖက်စစ်တပ်အနေနဲ့ နမခဇုန်မှာ ဗျူဟာအပြောင်းအလဲလုပ်နေပြီဆိုတာ ထင်ရှားတယ်။

#အကြပ်အတည်း

ဖက်စစ်တပ်ရဲ့ ယခုချိန်မှာကြုံနေရတဲ့အကြပ်အတည်းကတော့ human resources နည်းပါးနေခြင်းဖြစ်တယ်။

ဒါကြောင့်မို့ လက်လွှတ်သင့်တဲ့ရှေ့တန်းကင်းစခန်းတချို့ကို ဖြုတ်ပြီး အဓိကကျတဲ့ ဗျူဟာနေရာတွေမှာ အင်အားစုစည်းကာ ပြန်ထိုင်တယ်။ တပ်ပြောင်း၊တပ်ရွှေ့နဲ့ မဖြစ်မနေလုပ်ရမယ့် မြေပြင်စစ်ဆင်ရေးတွေကလွဲလို့ ထိုးစစ်ကြီးတွေ မလုပ်တော့ဘဲ အထိုင်နေရာတွေကပဲ ခံစစ်ပြင်တယ်။

စစ်ကိုင်းဇုန်မှာ သူတို့အဓိကတည်ဆောက်နေတာက သတင်းကွန်ရက်ပဲ။ သတင်းကို သေချာခိုင်အောင်လိုက်တယ်။ အရင်ကလို အနံ့လောက်ရရုံနဲ့ စစ်ဆင်ရေးမလုပ်သေးဘူး၊ လွှတ်ထားတယ်၊ မျှောထားတယ်၊ လေ့လာတယ်၊ ပိုင်ပြီဆိုမှ ဝင်ဝုန်းတယ်။ အမြန်ပြန်ဆုတ်တယ်။

ပြောရရင် လူအင်အားနည်းပါးမှုနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဗျူဟာ၊ ပိုင်မှ လုပ်တဲ့ဗျူဟာ ပါပဲ။

#ကိုယ့်သတင်းလုံဖို့လို

ရန်သူ့သတင်းရဖို့နဲ့ မိမိသတင်းလုံဖို့ဆိုတာ စစ်ပွဲရဲ့အသက်သွေးကြောဖြစ်တယ်ဆိုတာ အတော်များများသိရှိကြပြီးဖြစ်ပေမယ့် လက်တွေ့ကျင့်သုံးမှုနည်းနေတာက ပြဿနာပဲ ဖြစ်မယ်ထင်တယ်။

ကိုယ့်သတင်းလုံဖို့ဆိုရင် ဘာတွေလုပ်ရမလဲ။ သူတို့ ကိုယ့်သတင်းရနိုင်မယ့် နည်းလမ်းနှစ်မျိုးရှိတယ်။ မြေပြင်ထောက်လှမ်းခြင်းနဲ့ နည်းပညာအကူအညီရယူထောက်လှမ်းခြင်း။

Air Strike အတော်များများက နည်းပညာနဲ့သတင်းထောက်လှမ်းရယူပြီး တိုက်ခိုက်တာလို့ ယူဆမိတယ်။ အဓိကက ဖုန်းတွေကတဆင့် ထောက်လှမ်းတာ၊ အဲဒီနည်းပညာမျိုး အစ္စရေးစစ်တပ်မှာသုံးတာ ဖတ်ဖူးတယ်။

တနေရာထဲမှာ active ဖြစ်နေတဲ့ဖုန်းတွေ စုပြုံနေတာမျိုးကို တာဝါတိုင် source တွေကနေ ခြေရာခံတဲ့ နည်းပညာပဲ။ အဲလိုစုပြီဆိုတာနဲ့ စုတဲ့နေရာကို ငှက်နဲ့သွားထုတော့တာပဲ။

မြေပြင်သတင်းထောက်လှမ်းတာကတော့ ပျူ/ဒလန်တွေကို သုံးတာဖြစ်နိုင်သလို ကိုယ့်ဖက်ကပေါ့လျော့လို့ ကိုယ့်သတင်းအလွယ်တကူပေါက်ကြားတာလည်း ဖြစ်နိုင်တယ်။

Social media ကို လက်လွတ်စပယ်သုံးတာ၊ စစ်ဆင်ရေးကို အလှူလှည့်သလိုသွားတာ၊ တပ်စခန်းမှာမနေဘဲ မလိုအပ်ဘဲ ရပ်ရွာထဲမှာ အချိန်ဖြုန်းတာမျိုးက PDFတွေ အထူးရှောင်ကျဉ်သင့်တယ်လို့ မြင်မိတယ်။

စစ်ဆင်ရေးတစ်ခေါက်ပြန်ရင် အမေ့အိမ်တခေါက်ပြန်လိုက်ရမှ၊ ရည်းစားနဲ့ တခါတွေ့လိုက်ရမှ ဆိုတာမျိုးက လူငယ်တွေမို့ နားလည်ပေးရပေမယ့် မိမိအသက်အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်နေတယ်ဆိုတာ သတိချပ်စေချင်လှတယ်။

တပ် အထိုင်ချတဲ့အခါ ကင်းမပြတ်လပ်စေဖို့(အထူးသဖြင့် မနက်ဝေလီဝေလင်းနဲ့ အစာစားနားချိန်မျိုးဟာ ကင်းပေါ့တတ်လို့ အလစ်ဝင်တိုက်ခံရနိုင်ချေ အများဆုံးအချိန်တွေ ပါပဲ)၊ လှုပ်ရှားတဲ့အခါ ကိုယ်ဖျောက်လျှို့ဝှက်ဖို့တွေက အရမ်းသတိထားရမယ့်ကိစ္စရပ်တွေလို့ စေတနာဖြင့် သတိပေးအပ်ပါတယ်။

အနှစ်ချုပ် ပြောရရင် နမခဇုန်မှာ ဖက်စစ်တွေဗျူဟာအပြောင်းအလဲလုပ်လာတာ သေချာပါတယ်။

အပြောင်းအလဲဆိုပေမယ့် အသစ်အဆန်းလို့တော့မမြင်မိ၊ မိမိရဲ့ပေါ့လျော့မှု၊ သတိအလစ်ကို ချောင်းမြောင်းပြီး ပိုင်မှ ဝင်သုတ်တဲ့ တန်ပြန်ပြောက်ကျားဗျူဟာ သာ ဖြစ်တယ်လို့ နားလည်ရပါတယ်။ ။

စိုးဝင်းဆွေ(HPD)
ပြည်သူ့သားကောင်းတွေ ထာဝရဘေးကင်းကြပါစေ💪💪💪

🚨မိုးလေဝသ အရေးပေါ် ထုတ်ပြန် ကြေညာချက် (၁၀.၅.၂၀၂၃)▪(၁၀-၅-၂၀၂၃)ရက်နေ့ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင...
10/05/2023

🚨မိုးလေဝသ အရေးပေါ် ထုတ်ပြန် ကြေညာချက် (၁၀.၅.၂၀၂၃)

▪(၁၀-၅-၂၀၂၃)ရက်နေ့ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းအဆင့်မှ အားကောင်း သော မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အနောက် တောင်ဘက် မိုင်(၆၅၀)ခန့်တွင် တည်ရှိနေပါသည်။ အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် ယနေ့ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(MOCHA အမည်ပေး နိုင်သော အဆင့်)အဆင့်သို့ ရောက် ရှိနိုင်ပါသည်။
▪ခန့်မှန်းချက်များအရ မေလ(၁၂)ရက်နှင့် (၁၄)ရက်အတွင်း အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး MOCHA အဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။ လေတိုက် နှုန်းမှာ မုန်တိုင်းဗဟိုချက်အနီးတွင် (၉၆)မိုင်မှ မိုင်(၁၁၀)ခန့်အထိ တိုက်ခတ် နိုင်ပါသည်။

🚨လက်ရှိခန့်မှန်းထားသော မုန်တိုင်းလမ်းကြောင်းအရ ဘေးအန္တရာယ် ကျရောက် နိုင်သော ဇုံများ
⚡ဇုံ(၁) အန္တရာယ်အများဆုံးဇုံ
ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း(မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင် မြို့နယ်) စစ်တွေခရိုင် (စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်)
⚡ဇုံ(၂)ဒုတိယအန္တရာယ်အများဆုံးဇုံ
ကျောက်ဖြူခရိုင် (ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲ မြို့နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်)
⚡ဇုံ(၃) တတိယအန္တရာယ်အများဆုံးဇုံ
သံတွဲခရိုင်(ကျိန္တလီမြို့နယ်ခွဲ၊ ဂွမြို့နယ်)၊ ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ (ရွှေသောင်ယံ မြို့နယ်ခွဲ၊ ငရုပ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာမြို့နယ် ကမ်းခြေ ဒေသများ)

🚨သတိပြုရန်
📣အန္တရာယ်ဇုံ(၃)ခုလုံးတွင် တူညီစွာကြုံတွေ့ရမည့်အခြေအနေမှာ လေပြင်းတိုက်ခတ်ခြင်း၊ လှိုင်းကြီးခြင်းနှင့် မိုးသက်လေပြင်း ကျရောက်ခြင်း၊ မြေပြိုခြင်းနှင့် ရေလွှမ်းခြင်း စသည့် အန္တရာယ်များကြုံတွေ့နိုင်သည့်အတွက် အထူးသတိပြု နေထိုင်ကြပါရန် နှိုးဆော်အပ် ပါသည်။
📣သဘာဝဘေးနှင့်ပတ်သက်သောသတင်းများကို အများပြည်သူ အထိတ်တလန့် ဖြစ်စေ ရန် ချဲ့ကား ရေးသားခြင်းများ မပြုကြဘဲ တတ်နိုင်သမျှ တိကျမှန်ကန်သည့် ထုတ်ပြန် ချက်များကို ကြည့်ရှု နားထောင်၍ တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။
📣ထို့အပြင် ဘေးအန္တရာယ်၏ အတိုင်းအဆနှင့် အခြေအနေပေါ်မူတည်၍ ပြောင်းလဲနိုင်မှု ကိုလည်း ဉာဏ်မျက်စိ၊ ဉာဏ်နားဖြင့် သတိပြုသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

Credit.MOHADM

ယတြာလည်း မကယ်နိုင် တော့၊ ဘန်ကီမွန်း၏ ကြေညာချက် ထုတ်ပြီ*********************ဘန်ကီမွန်း၏ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့...
26/04/2023

ယတြာလည်း မကယ်နိုင် တော့၊ ဘန်ကီမွန်း၏ ကြေညာချက် ထုတ်ပြီ
*********************

ဘန်ကီမွန်း၏ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ် အပေါ် The Elders အဖွဲ့ မှ ဧပြီလ ၂၅ ရက်နေ့ နေ့စွဲ ဖြင့် ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ ကြေညာချက် အပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်သည်။

The Elders အဖွဲ့၏ ဒုဥက္ကဌ နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဟောင်းလည်း ဖြစ်သူ ဘန်ကီမွန်းသည် မြန်မာသို့ ဧပြီ ၂၃-၂၄ ရက်နေ့တွင် ရောက်ရှိခဲ့သည်။ သူ၏ ခရီးစဉ်သည် အကြမ်းဖက်မှု များ အဆုံးသတ်ရေး နှင့် ငြိမ်းချမ်းပြီး ဒီမိုကရေစီ နည်းအရ အားလုံး ပါဝင်နိုင်မည့် တရားဝင် အစိုးရမျိုး ထူထောင်နိုင်ရေး လမ်းကြောင်းကို ရှာဖွေနိုင်ရန် အတွက် ဖြစ်သည်။

သူသည် မြန်မာ စစ်ခေါင်းဆောင်များ နှင့် သမ္မတဟောင်း သိန်းစိန် တို့အား တွေ့ဆုံခဲ့ပြီး အခြေအနေများကို ဆွေးနွေးကာ တည်တံ့ ခိုင်မြဲသော အဖြေတခု ပိုင်ပိုင်နိုင်နိုင် ရရှိရေး အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ အပါအဝင် အဖွဲ့အားလုံး ပါဝင် နိုင်ရေး သည် အရေးကြီးကြောင်းကို အလေးအနက် ပြောဆိုခဲ့သည်။

“စစ်တပ်အား အကြမ်းဖက်နေမှုများ ချက်ချင်းလက်ငင်း ရပ်စဲပေးရန် နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးနှင့် အပြုသဘော ဆောင်မည့် ဆွေးနွေးမှုများ စတင်ရေး အား တိုက်တွန်းရန် မြန်မာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်” ဟု ဘန်ကီမွန်းက ပြောပြသည်။

“ကျွန်တော် တွေ့ဆုံခဲ့မှုများသည် နည်းလမ်းများ ရှာဖွေ ဖေါ်ထုတ်ရန် အတွက် ဖြစ်သည်။ ကျွန်တော် အနေဖြင့် မြန်မာ ပြည်သူများ အား သူတို့ နှင့် ထိုက်တန်သည့် ငြိမ်းချမ်းရေး၊ ကြွယ်ဝ ချမ်းသာရေး နှင့် လွတ်လပ်ခွင့် များ ရရှိရန် ကူညီနိုင်သမျှ အလုံးစုံ ကြိုးပမ်းသွားမည် ဖြစ်သည်။”

ပြီးခဲ့သည့် ခရီးစဉ်သည် မြန်မာ စစ်တပ်၏ ဖိတ်ကြားချက် ကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်တွင် တွေ့ဆုံခဲ့မှု များတွင် အာဆီယံ အဖွဲ့၏ အချက် ငါးချက် နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ကုလ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အား အကောင်အထည် ဖေါ်ရေးတွင် တိုးတက်မှု များ ရှိအောင် ပြုလုပ်ရေးသည် အဆောတလျှင် လိုအပ်နေကြောင်း အလေးအနက် ပြောဆိုခဲ့သည်။

သူသည် မြန်မာ စစ်တပ်၏ တရားလက်လွတ် ဖမ်းဆီးခဲ့သူများ ချက်ချင်း လွှတ်ပေးရန်၊ အပြုသဘော ဆောင်မည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် နှင့် သက်ဆိုင်သည့် အဖွဲ့အစည်း အားလုံး မှ အစွမ်းကုန် ချုပ်တည်းပေးရန် နိုင်ငံတကာ၏ တောင်းဆိုနေမှု များ အား ထောက်ခံ ပြောဆိုခဲ့သည်။

ဘန်ကီမွန်းသည် မကြာမီက စစ်ကိုင်းတိုင်း အတွင်း လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီးများ နှင့် ကလေး သူငယ်များ အပါအဝင် ခန့်မှန်းခြေ အရပ်သား ၁၆၀ ခန့် သေဆုံးခဲ့မှု အပေါ် နိုင်ငံတကာ မှ ပြင်းထန်စွာ ရှုတ်ချခဲ့မှု အားလည်း ထပ်လောင်း ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတ သည့် အခြေအနေများ ရှိမှသာ ကျင်းပရမည် ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေများ ကြားတွင် ရွေးကောက်ပွဲ လုပ်မည်ဆိုက အကြမ်းဖက်မှုများ နှင့် သဘောထား ကွဲပြားမှု များ တိုးပွားလာအောင် ပြုရာ ရောက်မည် ဇြစ်ကြောင်း၊ ထွက်ပေါ်လာသော ရလဒ်များကို မြန်မာပြည်သူများ၊ အာဆီယံ နှင့် နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ် လည်း ပြုမည် မဟုတ်ကြောင်းတို့ကို သတိပေးခဲ့သည်။

ဒီမိုကရေစီ နှင့် အရပ်ဖက် အုပ်ချုပ်ရေး သို့ အပြည့်အဝ အသွင်ကူးပြောင်းရေး များ ဖြစ်ပေါ်လာရေးသည် ပြီးခဲ့သည့် ဆယ်စုနှစ် တလျှောက်လုံး The Elders အဖွဲ့ မှ မြန်မာ နှင့် ထိတွေ့ လုပ်ကိုင်ခဲ့ရသည့် အဓိက အကြောင်းပင် ဖြစ်သည်။ ဘန်ကီမွန်းသည် ကုလ အထွေထွေ အတွင်းရေးမှုး ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကပင် မြန်မာ နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း များကို ပုဂ္ဂိုလ်ရေး အရ ထောက်ခံခဲ့သည့် သမိုင်းကြောင်း ရှိသူလည်း ဖြစ်သည်။

“အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့် ပိုမို ကျယ်ပြန့်သော နိုင်ငံတကာ အသိုက်အဝန်း သည် မြန်မာပြည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ ရရှိရေး အား နိုင်ငံတကာ၏ အလေးအနက် ထား စိုးရိမ်မှု သည့် အဓိက အကြောင်းရင်း ဖြစ်သည့် အားလျှော်စွာ ထို့အတွက် ညီညွတ်မှု နှင့် အခိုင်အမာ ဆုံးဖြတ်ထားပြီး ဖြစ်သည်ကို ပြသရန် လိုအပ်သည်။ စိတ်ရှည် ဇွဲရှိမှု ဖြင့်သာ လက်ရှိ အကျပ်အတည်း မှ ရုန်းထွက်ပြီး ရှေ့သို့ သွားနိုင်မည့် လမ်းကြောင်းကို ရှာဖွေနိုင်မည်ဟု ကျွန်တော် ယုံကြည်သည်။ စစ်တပ် အနေဖြင့် ပထမ ခြေလှမ်း ကို လှမ်းရမည် ဖြစ်သည်” ဟု ဘန်ကီမွန်း က ပြောသည်။

*************************
မင်းအောင်လှိုင် အဖို့က လှုပ်လေ မြုပ်လေ ဖြစ်နေသည်ကို အထင်အရှား တွေ့လာနေရသည်။ သူ့အပေါ် စာနာ နားလည် မည်ဟု ယူဆသူတိုင်းကို ဖိတ်‌ခေါ်လေ့ ရှိသော်လည်း သူထင်သလို ဖြစ်မလာသည်မှာ CNN သတင်းထောက်၊ ဘီလ် ရစ်ချတ်ဆန် တို့ မှ စ၍ တွေ့ကြုံလာခဲ့ရပြီ ဖြစ်သည်။ ကမ္ဘာပတ်နေသူများအား သူ၏ ဝါးလုံးခေါင်းထဲမှ ထိုင်၍ အဘယ်သို့များ လှည့်စား၍ ရနိုင်ပါအံ့နည်း။

ဘန်ကီမွန်းအား သူ၏ ယတြာ အစွမ်း ပြ နိုင်အောင် သူနှင့် မတွေ့ဆုံမီ တွင် နေပြည်တော်ရှိ သူတည်ထား ကိုးကွယ်နေသော ဗုဒ္ဓဆင်းတုတော် ကို ကမ္ဘာ အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်ကြီး အဖြစ် ဦးတိုက်ခိုင်းခဲ့သည်။ သို့သော် ဘန်ကီမွန်း၏ ပြင်းထန်သော စကားလုံးများ ဖြင့် ထွက်လာသော ကြေညာချက်ကြောင့် ရည်ရွယ်သည့် အတိုင်း ဖြစ်မလာခဲ့ပေ။

မင်းအောင်လှိုင်သည် ရည်မှန်းချက် ကြီးသည်၊ ဖြစ်အောင်လုပ်နိုင်စွမ်း ရှိသည့် အာဏာ နှင့် အရင်းအမြစ်များလည်း ရှိနေသည်၊ သို့သော် လက်ရှိ သူရင်ဆိုင်နေရသော ပြဿနာကြီးက မည်သို့မျှ ဖန်တီးယူ၍ မရ၊ မည်သည့် ယတြာ နှင့် မျှ ပံ့ပိုးပေး၍ မရသော စွမ်းဆောင်ရည် Talent နှင့် ဉာဏ် အမျှော်အမြင် Intelligence ကင်းမဲ့နေခြင်းပင် ဖြစ်ပေတော့သည်။

ရလဒ် အဖြစ် ၎င်းကို ထောက်ခံသူများ နေ့စဉ်နှင့် အမျှ အသက်များ ပေးဆပ်နေရပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

Address

Dalla

Alerts

Be the first to know and let us send you an email when DALLA Channel - News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share