Healthy Beauty Lifestyle Sharing By MyatLay

Healthy Beauty Lifestyle Sharing By MyatLay 🍀Knowledge Sharing🍀

31/08/2026

နေတတ်အောင်နေပါ
အဆင်ပြေပြေ မပြေပြေ လူမသိစေနဲ့ "
🍂.........................🍂..........................🍂
နေတတ်အောင်နေပါ
မနေတတ်ရင် အပူဟပ်တယ်။
အနေမတတ်တော့ အပူတွေမရပ်တော့ဘူးပေါ့
ကိုယ်မဆိုင်လဲ ဖြစ်တဲ့ကိစ္စဆို
သွားမဆိုင်ပါနဲ့။
ကိုယ်မပါလဲ ဖြစ်တဲ့ကိစ္စဆို
သွားပြီး ဝင်မပါနဲ့။
ကိုယ်မသိရလဲ ဖြစ်တဲ့ကိစ္စဆို
မသိချင်ပါနဲ့။
သိချင်ရင် မေးလာလိမ့်မယ်
လိုအပ်ရင် ပြောလာလိမ့်မယ်
တွေ့ချင်ရင် ရောက်လာလိမ့်မယ်
ကြားချင်ရင် ဆက်သွယ်လာလိမ့်မယ်
အရေးပါရင် အရာသွင်းပါလိမ့်မယ်။
အမြဲရှိနေမပေးချင်နဲ့
အတင်းဝင် ဖြေရှင်းမပေးချင်နဲ့
မဆိုင်ဘူးထင်ရင် အရမ်းလည်းစိတ်မဝင်စားနဲ့
ဘာဖြစ်လို့လည်းဆိုတော့ ပင်ပန်းရတယ်။
နောက်ပြီးတော့
လိုတာထက်ပိုရင် ဘယ်ဟာမှမကောင်းဘူး
အနေသာချင်တယ်ဆိုရင်
တစ်ချို့ကိစ္စတွေမှာ အသာနေလိုက်ပါ။
ဒါကြောင့် နေတတ်အောင်နေ
နောက်တစ်ခုက
ရှိလဲ လူမသိစေနဲ့
မရှိလဲ လူမသိစေနဲ့
ပျော်နေလဲ လူမသိစေနဲ့
မပျော်နေလဲ လူမသိစေနဲ့
အဆင်ပြေလဲ လူမသိစေနဲ့
အဆင်မပြေလဲ လူမသိစေနဲ့
အများနဲ့နေရလဲ သိုသိုသိပ်သိပ်နေ
တစ်ယောက်တည်းနေရလဲ သိုသိုသိပ်သိပ်နေ။
အထီးကျန်နေရင်တောင်
အထီးကျန်မှုနဲ့ အသားကျအောင်နေလိုက်
အထီးကျန်နေတယ်ဆိုပြီး အဖော်မရှာနဲ့
လိုက်မရောနဲ့ စိတ်အားငယ်မနေနဲ့
စိတ်ကို မအားအောင်ထား တစ်ခုခုလုပ်နေ။
အများနဲ့နေရတာထက်
တစ်ခါတလေ တစ်ယောက်တည်းနေရတာက
ပိုလွတ်လပ်တယ်
ပိုအေးချမ်းတယ်
ပိုအလုပ်ပြီးတယ်
ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မြင်နိုင်တယ်
အဆင်ပြေပြေ မပြေပြေ လူမသိစေနဲ့။
ကိုယ့်စိတ်အတတ်အကျကို
သတိနဲ့စောင့်ကြည့်ပြီး
တကယ်အေးချမ်းရာအစစ်ဟာ
ငါ့အတွက်ဘာဖြစ်မလဲဆိုတာတွေးပြီး
နေတတ်အောင်နေပါ။
Healthy Beauty Lifestyle Sharing By MyatLay

31/08/2026

-: လူ့လောကမှာ နားလည်မှုထက်
အကဲဖြတ်မှုက ပိုမြန်တတ်ပါတယ်။
မျက်ရည်စ ကို မြင်ရင်
အားနည်းတယ်လို့ ပြောဖို့ လွယ်ပေမယ့်
အဲ့လို
မျက်ရည်ကျစေတဲ့ အကြောင်းတရားကို
တော့
ဘယ်သူမှ မမြင်ကြပါဘူး။
ကိုယ်တိုင် မကြုံဖူးတဲ့ နာကျင်မှုကို
"ဒီလောက်လေးပဲ" လို့ ပြောတတ်ကြတယ်။
ကိုယ်တိုင် မရှုံးဖူးတဲ့သူက "ပြန်စလို့ရတာပဲ"
လို့ အလွယ်တကူ အကြံပေးတတ်တယ်။
ကိုယ်တိုင် မဆုံးရှုံးဖူးတဲ့သူက "မေ့လိုက်ပါ"
လို့ ပေါ့ပေါ့လေးပြောနိုင်တယ်။
မြှားတစ်စင်းရဲ့ နာကျင်မှုကို သိတာက
မြှားစူးဖူးတဲ့ ရင်ဘတ်ပဲ ဖြစ်ပါတယ်။
လူတိုင်းမှာ ကိုယ်တိုင်ထမ်းထားရတဲ့ ဝန်တစ်ခုစီ၊ ကိုယ်တိုင်သိမ်းထားရတဲ့ ဒဏ်ရာတစ်ခုစီ ရှိတယ်။
မမြင်ရတဲ့ အက်ကွဲရာတွေ ရှိပါတယ်။
ဒါကြောင့် မိမိမခံစားဖူးတဲ့ ဝေဒနာကို အလွယ်တကူ မဆုံးဖြတ်ပါနဲ့ ။
လူတွေကို မဆုံးဖြတ်ခင် နားလည်ဖို့ ကြိုးစားပါ။
စာနာမှုဆိုတာ လူသားဆန်မှုရဲ့ အလှဆုံး
ပုံစံဖြစ်လို့ပါပဲ ။

crd...
Healthy Beauty Lifestyle Sharing By MyatLay

#ရိပ်ငြိမ်

MyatLay Healthy & Beautyပျော်ရွှင်ခြင်းကို..လူတွေက "ရှိခြင်း" လို့ အဓိပ္ပာယ် ဖွင့်ကြတယ်။ကားရှိ၊ အိမ်ရှိ၊ ပိုက်ဆံရှိ၊ နာမ...
29/08/2026

MyatLay Healthy & Beauty

ပျော်ရွှင်ခြင်းကို..
လူတွေက "ရှိခြင်း" လို့ အဓိပ္ပာယ် ဖွင့်ကြတယ်။
ကားရှိ၊ အိမ်ရှိ၊ ပိုက်ဆံရှိ၊ နာမည်ရှိ၊
အာဏာရှိ၊ ရာထူးရှိတာက ပျော်ရွှင်ခြင်းပေါ့။

တကယ်တမ်းမှာ ပျော်ရွှင်ခြင်းက...
"မရှိခြင်း" ဖြစ်တယ်။
အဖျားအနာမရှိ၊ စိုးရိမ်ပူပန်မှုမရှိ၊
ဘေးဥပါဒ်မရှိ၊ ဆင်းရဲဒုက္ခမရှိ၊
ချုပ်နှောင်မှုမရှိတာကမှ....
ပျော်ရွှင်ခြင်းဖြစ်တယ်။

#နိုင်းနိုင်းစနေ

29/08/2026
Tips
25/07/2026

Tips

24/07/2026

sunscreen အာနိသင်ပြည့်ပြည့်ဝဝလိုချင်ရင်၊ sunscreen ကို ဘာနဲ့မှ ရောမွှေပြီးမသုံးနဲ့။

ဒါက မျက်နှာလိမ်းတဲ့ sunscreen မှ မဟုတ်ဘူး။ ခန္ဓာကိုယ်လိမ်းတဲ့ sunscreen ရော အကုန်ပါတယ်။
"လိမ်းတဲ့ sunscreen က ပျစ်လို့ ကျဲတဲ့ lotion နဲ့ ရောမွှေသုံးလိုက်တယ်။ အဲ့ဒါဆို ကျဲကျဲလေးနဲ့ လိမ်းလို့ပိုကောင်းသွားတယ်ဆိုပြီး" လိမ်းနေကြသူများရှိလို့ ဒီ content ကို ရေးလိုက်ပါတယ်။

မျက်နှာနေနေ၊ ခန္ဓာကိုယ်နေနေ Sunscreen ကို အခြားပစ္စည်းနဲ့ smoothie ဖျော်သလို ရောမွှေသုံးတာက ကိုယ့် sunscreen ရဲ့ကာကွယ်နိုင်စွမ်းအာနိသင်ကို ကိုယ့်ဘာသာ ဖျက်စီးနေတာပဲ။ အဲလိုရောမွှေလိုက်ရင် ဒီ sunscreen ရဲ့ကာကွယ်နိုင်စွမ်းက ကမောက်ကမဖြစ်ပြီး၊ protection လုံးဝလျော့သွားတယ်။ ပျက်သွားတယ်။ လိမ်းတဲ့အခါမှာလည်း sunscreen တွေက ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့ patchy application ဖြစ်ပြီး ကာကွယ်နိုင်စွမ်းမရှိတော့ဘူး။ sunscreen ဆိုတာက အသားအရေပေါ်မှာ အလွှာညီညီ(even layer) လေး ဖုံးပြီး UV rays တွေကို ကာကွယ်ပေးတာပါ။ နဂိုကတည်းက လိမ်းပြီး ၂-၃ နာရီကြာရင် even layer ကြား gaps တွေဖြစ်ပြီး UV ဖောက်နိုင်လို့ reapply လုပ်ခိုင်းနေကြတာ။ ပြီးတော့ အများစုက လုံလောက်တဲ့ပမာဏလိမ်းကြတာမဟုတ်ဘူး။ အဲ့ဒါကိုမှ ရောပါလိမ်းရင် ဘာမှကျန်မှာမဟုတ်တော့ဘူး။

မျက်နှာလိမ်းတဲ့ sunscreen ကိုလည်း အချိန်ကုန်သက်သာအောင် တစ်ခါထဲ မိတ်ကပ်တွေ၊ bb cream တွေနဲ့ ရောပြီးလုံးဝ မသုံးသင့်သလို၊ body sunscreen ကို texture ထူပျစ်ပြီး ဆွဲရခက်လို့ ကျဲတဲ့ lotion လေးနဲ့ရောမွှေလိမ်းလိုက်တာမျိုးလည်း လုံးဝမလုပ်သင့်ဘူး။

ရောမွှေသုံးတယ်ဆိုတဲ့ နေရာမှာ တစ်ချို့က ဘယ်လိုမျိုးကို ရောမွှေသုံးတာလဲ နားမလည်တာရှိတယ်။ ပုံမှန်အတိုင်း တစ်ခုပြီးမှ တစ်ခု၊တစ်လွှာပြီးမှ တစ်လွှာ တစ်ဆင့်ချင်းလိမ်းတာကို ရောမွှေသုံးတယ်၊ mix လုပ်တယ်လို့ မခေါ်ဘူး။ ပျင်းလို့၊ အချိန်ကုန်သက်သာအောင် တစ်ခါထဲလက်ထဲ sunscreen ထည့်၊ lotion ထည့်၊ ဟိုနည်းနည်း၊ဒီနည်းနည်းနဲ့ အားလုံးကို ရောမွှေ mix လုပ်သုံးတာမျိုးကို ရောမွှေသုံးတယ်လို့ ခေါ်ပါတယ်။

Let’s care with
Juliee,
ပုံတွေနဲ့စာသားများအား ပြန်လည်ကူးယူတင်တာ ဆင်တူရိုးမှားပုံတွေစာတွေ copy တာမျိုးလုံးဝမှခွင့်မပြု။

Address

Ahlone Township
Dawei

Alerts

Be the first to know and let us send you an email when Healthy Beauty Lifestyle Sharing By MyatLay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Healthy Beauty Lifestyle Sharing By MyatLay:

Shortcuts

Share