09/06/2025
ဂျပန်နိုင်ငံမှာ တနင်္သာရီဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
ထားဝယ် ၊ ဇွန်လ - ၉ရက်
ဂျပန်နိုင်ငံ၊စိုင်းတမမြို့တွင် တိုကျိုမြို့အခြေစိုက်ဘောလုံးအသင်းများဖြစ်ကြတဲ့ DAWEI FC နှင့် PALAW United'sတို့ ပူးပေါင်းပြီး (08.06.2025)ရက်နေ့က တနင်္သာရီဖလား ရံပုံငွေဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
တနင်္သာရီဖလားဖူဆယ်ဘောလုံးပြိုင်ပွဲအဓိကပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ တနင်္သာရီတိုင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရရှိရေးနှင့် တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နိုင်ရေးအတွက် ပြုလုပ်ခြင်းဖြစ်တယ်လို့ တနင်္သာရီဖလားဖြစ်မြောက်ရေးဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တနင်္သာရီဖလားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပရာတွင် ရံပုံငွေ စုစုပေါင်း ဂျပန်ယန်းငွေ 47သောင်းကျော်လက်ခံရရှိခဲ့ပြီး ထားဝယ်၊ပုလောနှင့်တနင်္သာရီမြို့နယ်ဘက်ရှိ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များထံသို့ ကူညီထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
၎င်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၁၂သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုကို လောင်းလုံး FC က ဆုခူးရရှိခဲ့ပြီး ဒုတိယဆုကို တနင်္သာရီ FC နှင့် တတိယဆုကို ဘုတ်ပြင်း FC တို့မှ ဆူးခူးရရှိခဲ့တယ်လို့ သိရပါတယ်။
Tavoy Media