19/09/2025
နေအိမ်မီးရှို့ခံရသူများအား ထောက်ပံ့ကူညီခြင်း
ကျွန်တော်တို့ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ဥဩစစ်ကြောင်း ထား၀ယ်မြို့နယ် )သည် ပြည်တွင်းပြည်ပက တော်လှန်ပြည်သူများနှင့် ဒေသခံများ ပူးပေါင်း၍ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် မီးလောင်ဆုံးရှုံးခဲ့ရသည့် သရက်ချောင်းမြို့နယ်၊ မိုးရွှေကုန်းကျေးရွာနှင့် စော်ဖျားကျေးရွာတို့ရှိ ပြည်သူအချို့ကိုသွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
ထောက်ပံ့ငွေစုစုပေါင်း 118,68000ကျပ် (တစ်ရာတစ်ဆယ့်ရှစ်သိန်းခြောက်သောင်းရှစ်ထောင်ကျပ်)ကို နေအိမ်စုစုပေါင်း ၈၆လုံးကို အချိုးကျ ခွဲဝေလှူပေးခဲ့ပါသည်။
အကြမ်းဖက်စစ်ကော်မရှင်တပ်က သြဂုတ်လ ၁၂ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် မိုးရွှေကုန်းကျေးရွာတွင် နေအိမ် ၂၀ လုံးနှင့် စော်ဖျားကျေးရွာတွင် နေအိမ် ၆၆လုံး စုစုပေါင်း အပြစ်မဲ့ပြည်သူများ၏ နေအိမ် ၈၆လုံး မီးလောင်ပြာကျခဲ့ရပါသည်။
#ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
#ဥသြစစ်ကြောင်း
#ဥသြဆေးအဖွဲ့