05/10/2022
နောက်ကွယ်က လက်မည်းကြီးတွေလား လူသတ်မှုနဲ့ သက်ဆိုင်နေသလား
၆.၁၀.၂၀၂၂ ရက်နေ့ နံနက် ၁၀နာရီတွင်
ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌
ခေါ်ယူစစ်ဆေးမည့် ကျူးကျော်မြေ ပြသနာမှာ
၂၀၀၈ခုနှစ်က မီးဘေးအန္တာရာယ်ကြောင့်
မြို့ပြင်သို့ ရွှေ့ပြောင်းရောင်းချရန် ယာယီ
နေရာချပေးခဲ့သည့် မြေနေရာများ မူလပိုင်ရှင် ဦးဟန်ထွန်းမှ မြေလွတ် မြေရိုင်း လုပ်ပိုင်ခွင့် တရားဝင် ရရှိသည့် အချိန်ထိ ဖယ်ရှားရှင်းလင်းခြင်း မပြုသည့် တရားခံများ အပါအဝင် အမည်ပေါက်နေသူများအား ခေါ်ယူစစ်ဆေးမည့် ဖြစ်ကြောင်း သိရှိရပါတယ်။
မူလပိုင်ရှင်မှ မြေလွတ်မြေရိုင်း ဥပဒေ ပုဒ်မ ၂၇ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး ၄င်းပုဒ်မသည် အာမခံ မရဘူးလို့လဲ သတင်းရရှိပါတယ်။
စုံးစမ်းရရှိထားသည့် အချက်အလက်များမှာ
လမ်းနယ် ပေ၂၀ နှင့် ဦးဟန်ထွန်းပိုင်မြေ ၁၀ပေ ပေါင်း ပေ ၃၀ မျက်နှာစာ ပေ ၃၀ ဖြင့် ဆီဆိုင် တစ်ဆိုင်လျှင် ပေ ၃၀ ပတ်လည် နေရာအား ဂွထွေအုပ် တစ်ကွက်လျှင် တစ်သိန်းနှုန်းဖြင့် နေရာ ယာယီ ချပေးထားခဲ့ပါသည်
၄င်း နေရာတွင် ဆီဆိုင် ၁၀ ခန့် ရှိကြောင်း စုံစမ်းသိရှိထားရပြီး ဦးအောင်ဘိုမြင့်+မဖြူတို့သည် နှစ်ကွက်ရယူထားသည်ဟု သိရှိရပါတယ်။
ယာယီ ဆီဆိုင် အမည်စာရင်းမှာ-
၁။ ဦးအောင်ဘိုမြင့်+မဖြူ ၂ ကွက်
၂။ ကိုမိုးပိုင်(ကွယ်လွန်)+ဒေါ်ဝင်းဝင်းအေး
၃။ ဒေါ်အေးကြည်
၄။ ဦးဝင်းကို
၅။ ဒေါ်ဝဝ
၆။ ကိုသူရိန်
၇။
၈။
၉။ အမည်စာရင်းများ ဆက်လက် ဖော်ပြပေးသွားပါမည်။
အမှတ်စဉ် ၁ လူပုဂ္ဂိုလ်များမှာ အခိုင်အမာ အဆောင်အဦ များဆောက်လုပ်ထားရှိပြီး အုတ်တံတိုင်းခြံစည်းရိုးများလည်း ကာရံ ထားရှိကြောင်း သတင်းရရှိပါတယ်။
မူလပိုင်ရှင် ဦးဟန်ထွန်းမှ အမည်စာရင်းပါ အမှတ်စဉ် ၁ နှင့် အမှတ်စဉ် ၂ ဇနီးသည်တို့အား ဂွမြို့မ ရဲစခန်းတွင် မြေလွတ်မြေရိုင်း ဥပဒေ ပုဒ်မ ၂၇ ဖြင့် တရားစွဲဆို အမှုဖွင့်လှစ်ထားကြောင်း သိရှိရပါတယ်။
၄င်းမြေများမှာ မပြောပစလောက် မြေ အတိုင်းအတာများဖြစ်သော်လည်း ဂွမြို့ မျက်နှာဖုံး ဂုဏ်သရေရှိဟု တင်စားခေါ်ဝေါ်ကြသော လူတစ်စုမှ အတင်းအဓမ္မ မည်သည့် အတွက်ကြောင့် လိုချင်နေကြောင်းနှင့် ဆက်စပ်မြေများကို မူလပိုင်ရှင် ဦးဟန်ထွန်းထံမှ စစ်ကောင်စီ ၅၆၃ တပ်မှ ဗိုလ်ကြီးဇင်ဝိုင်း မှ ဝယ်ယူထားတာဖြစ်ကြောင်းနှင့် ဝယ်ယူစဥ် အခါက သိန်း ရာဂဏန်းသာ ပေးဝယ်ထားရသော်လည်း ယခုအခါ မြေကွက်တန်ဖိုးမှာ သိန်းထောင်သောင်းချီ တန်နေပြီ ဖြစ်သည့် အတွက်
ပြန်လည် ရောင်းချမည့် အချိန်တွင် မျက်နှာစာမှ ပိတ်ဆို့နေမှုအပေါ် စာရွက်စာတမ်း အထောက်အထားများ အမြန် ရရှိအောင် ပိုက်ဆံပေး ဆောင်ရွက်ပြီး မူလပိုင်ရှင်ဦးဟန်ထွန်းအား တရားလိုလုပ် တိုင်တန်းခိုင်းပြီး နောက်ကွယ်မှ ထိမ်းချုပ်နေသူမှာ စစ်ကောင်စီ ၅၆၃ တပ်မှဗိုလ်ကြီးဇင်ဝိုင်း ဖြစ်ကြောင်းနှင့် ပြစ်မှုနှင့် သက်ဆိုင်သည့်ဌာနများကိုလည်း ဖိအားပေးထားကြောင်း
၄င်းအနေဖြင့် ဂွမြို့တွင် ထင်တိုင်းကြဲနေသောကြောင့်
၄င်း၏ တပည့်များကို ရက်စက်စွာ ဓားဖြင့် ထိုးသတ်ပြခဲ့ကြောင်း ထုံးဘိုတောင် လူသတ်မှုနဲ့ မြေယာပြသနာများ ဆက်စပ်နေသလား သုံးသပ်တင်ပြလိုက်ရပါသည်။