မဖူး- May Phu Thit

မဖူး- May Phu Thit Learning & Sharing Platform

19/12/2024

‼️ဒီ (၂) ချက်ရှ်ိနေရင် ဝါသနာပါတဲ့ အလုပ်ကို ကူးပြောင်းဖို့ လွယ်တယ်

တခါတလေ ကိုယ်ဝါသနာပါတဲ့ အလုပ်မဟုတ်ရင် အဓိပ္ပါယ်မရှိသလိုခံစားရပြီး ငြီးငွေ့တတ်ကြတာ သဘာဝပါ

ဒီတော့ ...
(၁) Comfort Zone ကနေ ထွက်ပါ

Comfort Zone က ထွက်ပါ ပြောရင် တော်တော်များများ လက်ရှ်ိအလုပ်မှာလဲ သက်သက်သာသာ လုပ်ရတာမဟုတ်ပါဘူးလို့ ဆိုကြတယ် ၊ နောက်ပြီး အချိန်မရှိဘူး ဆိုကြတယ်
ဒီလိုနဲ့ လက်ရှိနေရာမှာ ပိတ်မိနေတတ်ပါတယ်

Comfort Zone က ထွက်တယ်‌ဆိုတာ ကိုယ်မကြိုက်တဲ့ လက်ရှိနေရာကနေ ကိုယ်ရည်ရွယ်ထားတဲ့ နေရာကို ရောက်အောင် ရုန်းထွက်တာဖြစ်ပါတယ်

အဓိက ကိုယ့်လုပ်မယ့် အလုပ်က ဈေးကွက်မှာ လိုအပ်နေသေးလား စမ်းစစ်ဖို့ အရမ်းအရေးကြီးပါတယ်

နောက်တစ်ခု တစ်ခါကြိုးစားပြီးရင် ပြီးသွားတာမျိုးမဟုတ်ပဲ ကိုယ်သတ်မှတ်တဲ့ အတိုင်းအတာ မရောက်မချင်း နေ့စဉ် ကြိုးစားရုန်းကန်နေရမှာ ဖြစ်ပါတယ်

(၂) သတိချပ်ပါ

လက်ရှ်ိ ဝင်ငွေတစ်ခု ရနေတဲ့ အလုပ်ကနေ ချက်ချင်းထွက်ဖို့ ပြင်ဆင်တာမျိုး မလုပ်ဖို့လိုပါမယ်
ကိုယ့်ကို မှီခိုနေတဲ့မိသားစုတွေ ရှိ‌နေနိုင်ပါတယ်၊

နောက်ပြီး ကိုယ်ရောက်ချင်တဲ့ ရည်ရွယ်ချက်‌ ရောက်ဖို့အတွက် ဝင်ငွေတစ်ခုက လိုအပ်နေသေးတာ သတိချပ်ရပါမယ်
ကိုယ့်ရည်မှန်းချက်‌ရောက်ဖို့အတွက် ပန်းတိုင်သေးသေးလေးတွေကနေ စတင်ဖို့ လိုပါမယ်

ဒါဆို လက်ရှ်ိအလုပ်မှာလဲ လုပ်ရတာ အဓိပ္ပါယ်ရှ်ိလာပြီး ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ကူးပြောင်းဖို့ ခြေလှမ်းတွေလည်း ပိုထိရောက်မှာ သေချာပါတယ်။

#မဖူး

‼️အသေးဖွဲလို့ ထင်နေတဲ့အရာအိပ်ချိန်က ဘယ်လောက် အရေးကြီးပါတယ်ပြောပြော ကိုယ့်အနေနဲ့ အသေးဖွဲလို့ ထင်တတ်ကြပါတယ်ညဉ့်နက်မှ အိပ်ပ...
17/12/2024

‼️အသေးဖွဲလို့ ထင်နေတဲ့အရာ

အိပ်ချိန်က ဘယ်လောက် အရေးကြီးပါတယ်ပြောပြော ကိုယ့်အနေနဲ့ အသေးဖွဲလို့ ထင်တတ်ကြပါတယ်

ညဉ့်နက်မှ အိပ်ပြီး မနက်နိုးတဲ့ခါ စိတ်မကြည်ရင် Stress တွေ ပိုဝင်လာကြပါတယ်၊ အခန့်မသင့်ရင် ကြုံတဲ့သူနဲ့လဲ ရန်ဖြစ်နိုင်ပါသေးတယ်

အိပ်ချိန်နောက်ကျတတ်သူတွေကို ကြည့်လိုက်ရင် အချိန်တော်တော်တော်များများမှာ စိတ်ဓါတ်ကျနေတတ်ကြပါတယ်၊
ဒီတော့ အိပ်ချိန်သတ်မှတ်ထားဖို့ အရမ်းအရေးကြီးပါတယ်

သတ်မှတ်ထားတဲ့ချိန်မှာ အိပ်မယ်ဆိုရင် မနက်နိုးတဲ့ခါ စိတ်ကြည်လင်ပြီး ကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ လက်ရှိထက် ပိုကောင်းလာပါလိမ့်မယ်။

#မဖူး

16/12/2024

‼️ပိုပျော်ရွှင်ဖို့ ဒီအတိုင်း ချစ်ကြည့်ပါ

လူ‌တွေက ကိုယ်ချစ်တဲ့သူတွေကို တိုးတက်စေချင်တယ်၊ အောင်မြင်စေချင်တယ်၊ ပညာတွေ အများကြီးတတ်စေချင်ကြပါတယ်

ဒါနဲ့ ကိုယ့်ကိုယ်ကိုလဲ အဲလိုချစ်တတ်ပြီလား ပြန်စစ်ကြပါမယ် ...

❗ ကိုယ့်ကိုယ်ကို ဘေးလူတယောက်အနေနဲ့ မြင်ကြည့်မယ်ဆိုရင် ဘာတွေ အကြံပေးချင်လဲ၊ ဘာတွေ ဖြစ်စေချင်လဲ၊ ဘာ‌ တွေပြင်စေချင်လဲ

🔥 ဒါဆို ကိုယ့်ကိုယ်ကို ဘယ်လောက် ပစ်စလက်ခပ်နေ‌ နေခဲ့သလဲ ဆိုတာ သိသွားပါလိမ့်မယ်

ကိုယ့်ကိုယ်ကိုတော့ လူတိုင်းချစ်ကြပါလိမ့်မယ်၊ ဒါပေမယ့် ချစ်ပုံချစ်နည်းတော့ မတူကြပါဘူး

ဒီတော့
♦️ကိုယ့်ကိုယ်ကို ဂရုစိုက်တာ
♦️ကိုယ့်ကိုယ်ကို အချိန်ပေးတာ
♦️ကိုယ့်ကိုယ်ကို အရှိ အရှိတိုင်းလက်ခံတာ
♦️ အတိတ်က ကိုယ်ဆိုတဲ့သူကို ခွင့်လွှတ်ပေးတာ
♦️ဘဝကို ပိုကောင်းလာအောင်ကြိုးစားတာတွေ လုပ်ကြည့်ပါ

မချစ်တတ်သေးဘူးထင်ရင် ပိုပြီးချစ်တတ်အောင် ကြိုးစားပါ

‼️ကိုယ်ကိုယ်တိုင် မပျော်ရွှင်ပဲ သူများကို ပျော်ရွှင်အောင် လုပ်ပေးဖို့ ခက်ခဲပါတယ်

ဒီတော့ ကိုယ့်ကိုယ်ကို ချစ်ပါ၊ ချစ်တဲ့နေရာမှာလဲ သေချာစနစ်တကျ ချစ်ကြည့်ပါ
ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုတွေ သိသိသာသာ တိုးတက်လာပါလိမ့်မယ်။

#မဖူး

15/12/2024

‼️ရောင်းစရာမရှိ‌‌သေးလဲ ဆိုရှယ်မီဒီယာကို ကိုယ်ရော အသုံးချလို့ရလား ⁉️

‼️နောင်တနဲ့ ပူဆွေးမှုတွေ မလိုချင်သူများအတွက်🔥 အတွေးထဲမှာ ဘာတွေလုပ်မယ်ဆိုပြီး အများကြီးတွေးဖြစ်တဲ့သူတွေရှိလား ??ဒီတော့ .....
12/12/2024

‼️နောင်တနဲ့ ပူဆွေးမှုတွေ မလိုချင်သူများအတွက်

🔥 အတွေးထဲမှာ ဘာတွေလုပ်မယ်ဆိုပြီး အများကြီးတွေးဖြစ်တဲ့သူတွေရှိလား ??

ဒီတော့ ...
(၁) က်ိုယ့်ကို မေးခွန်းမေးဖို့လိုပါမယ်

♦️ ဦးနှောက်ထဲမှာ ဘာတွေလုပ်မယ်ဆ်ိုပြီး တွေးတာက အိမ်မက်သက်သက်ပဲ ဖြစ်ပါတယ်

♦️ အဓိကအကြောင်းရင်းက ကိုယ့်ပန်းတိုင် ကိုယ့်ရည်မှန်းချက်ကို မသိကြတာများပါတယ်

♦️ ပန်းတိုင်မရှိပဲ စဉ်းစားတဲ့အလုပ်က ဘာမှ အကျိုးမရှ်ိပါဘူး

‼️ဒီတော့ ကိုယ်ဘာဖြစ်ချင်တာလဲ၊ ဘာလိုချင်တာလဲ၊ ဘာရချင်တာလဲ ဆိုတဲ့‌မေးခွန်းကို အချိန်ပေးပြီး ကိုယ့်ကိုယ်ကို သေချာမေးပါ

(၂) ပုံရိပ်မြင်‌ယောင်ပါ

♦️ ဦးနှောက်က စဉ်းစားတဲ့အရာတွေကို စာရွက်ပေါ်မှာ သံသယကင်းကင်း ချရေးပါ။ မဖြစ်နိုင်ဘူးတွေ မတွေးဖို့လိုပါမယ်၊ ဒါတွေက အများကြီးထဲကမှ ဖြစ်နိုင်ချေများတဲ့အရာတွေပါ

♦️ အဲအရာတွေ တော်တော်များများက လုပ်နိုင်မယ်၊ ရနိုင်မယ်ဆိုပြီး သတိပေးနေတဲ့ အရာတွေပါ

♦️ ဒီအရာတွေအောင်မြင်ရင် သင်နဲ့သင့်မိသားစုပျော်ရွှင်မယ်ဆိုပြီး မြင်ယောင်ဖို့၊ စဉ်းစားဖို့၊ Plan ချဖို့၊ ကြိုးစားကြည့်ဖို့တွေ လိုပါမယ်။

#မဖူး

11/12/2024

‼️ ငွေရင်းပြီး အရှုံးမပေါ်ချင်ရင် ဒီနည်းသုံး

‼️ဒီ (၁) ချက် သတိမထားရင် ကိုယ့်ကို ပြန်ဒုက္ခပေးမှာ သေချာတယ်❗ဘဝမှာ ကိုယ်လုပ်မယ်ဆိုပြီး မလုပ်ဖြစ်သေးတဲ့အရာတွေ ရှ်ိလား ...-...
10/12/2024

‼️ဒီ (၁) ချက် သတိမထားရင် ကိုယ့်ကို ပြန်ဒုက္ခပေးမှာ သေချာတယ်

❗ဘဝမှာ ကိုယ်လုပ်မယ်ဆိုပြီး မလုပ်ဖြစ်သေးတဲ့အရာတွေ ရှ်ိလား ...

- ကျန်းမာရေးအတွက် လုပ်ရမယ့်အလုပ်ကို မလုပ်သေးပဲထားရင် ရောဂါဖြစ်လာပြီး အဲဒါက ကိုယ့်ကို ဒုက္ခပေးမှာပါ

- ပညာရေးအတွက်၊ စီးပွားရေးအတွက်၊ ကုသိုလ်‌ရေးအတွက်လည်း အဲဒီလိုပဲ

- နောက်ထပ် အရေးကြီးတဲ့ မိမိကိုယ်ကိုယ် တိုးတက်ရေးအတွက်

♦️အဲဒီအရာတွေမှာ ကိုယ်လုပ်ရမယ့် အလုပ်ကို မလုပ်ပဲထားရင်
အဲဒီအရာက ကိုယ့်ကို ပြန်ဒုက္ခပေးမှာပဲ ဖြစ်တယ်

♦️ကိုယ်ရော ဘဝမှာ လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး မလုပ်ဖြစ်သေးတဲ့အရာတွေက ဘာတွေလဲ -? ဘယ်တော့လုပ်မှာလဲ ⁉️
အချိန်မဆွဲပဲ လုပ်စရာရှိတာ ချက်ချင်းသာလုပ်လိုက်ပါ။

#မဖူး

09/12/2024

‼️ဝေဖန်မှုတွေကို အချိန်မကုန်ပဲ ဖြေရှင်းနည်း

ကိုယ်လုပ်တဲ့အရာကို ဝေဖန်တာ ကြုံတဲ့အခါ ...

(၁) ကိုယ့်လုပ်တဲ့အရာကို သုံးသပ်ကြည့်ပါ
ကိုယ်လုပ်တဲ့ အရာသည် ကိုယ့်ဘဝတိုးတက်ရေးနဲ့ သက်ဆိုင်ရမယ်၊ ဥပဒေနဲ့ ညီရမယ်၊ ဘာသာတရားအဆုံးမတွေနဲ့ ညီရမယ်၊ ကိုယ်နေတဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ညီရမယ်

ဒါဆိုရင် ဆက်လုပ်ပါ

(၂) ဝေဖန်မှုကို လျစ်လျူရှုပါ
ဝေဖန်မှုတွေကြောင့် ဘာမှ ဆက်မလုပ်ဖြစ်ဘူးဆိုရင် လူတွေအသုံးပြုတဲ့အရာတွေ ပေါ်ပေါက်လာစရာတောင် မရှ်ိပါဘူး၊ ထိပ်ဆုံးက လူတွေဆိုတာလည်း ဖြစ်လာစရာအကြောင်းမရှ်ိပါဘူး

အဲတော့ လုပ်စရာရှ်ိတာ ဆက်လုပ်ပါ
ဝေဖန်တဲ့သူတွေကိုလဲ သူတို့အလုပ် သူတို့လုပ်တာမို့ လွှတ်ထားပေးလိုက်ပါ

#မဖူး

လူတွေရဲ့ လိုအင်ဆန္ဒတွေနဲ့ တောင်းဆုတွေက ပြည့်မလိုလိုနဲ့ တကယ်ပြည့်တယ်ဆိုတာမရှိပါဘူး 😅ပြည့်မယ့်နေ့ကို မစောင့်‌နေပဲကိုယ့်တစ်...
09/12/2024

လူတွေရဲ့ လိုအင်ဆန္ဒတွေနဲ့
တောင်းဆုတွေက ပြည့်မလိုလိုနဲ့
တကယ်ပြည့်တယ်ဆိုတာမရှိပါဘူး 😅

ပြည့်မယ့်နေ့ကို မစောင့်‌နေပဲ
ကိုယ့်တစ်နေ့တာအတွက် အကောင်းဆုံး Energy နဲ့ဖြတ်သန်းပါ
ပျော်ရွှင်မှုက ကိုယ်တိုင်ပဲ ဖန်တီးယူရတာ 😍

Morning 🌄🌄

08/12/2024

‼️ လူတွေပြောနေတဲ့ Mindset ဆိုတာဘာလဲ ⁉️

♦️လူတစ်ယောက်က အခြေနေ တစ်ခုခုပေါ်မှာ
- မြင်တဲ့အမြင်
- တုန့်ပြန်မှု
- အယူအဆ
အဲဒီအရာတွေ အကုန်လုံးကို Mindset လို့ပြောပါတယ်

♦️ကိုယ်က ဆိုင်ရှင်တစ်‌ယောက်ဆိုရင် ဈေးဝယ်တစ်ယောက် အပေါ် ဘယ်လိုသဘောထားလဲ ၊ ဘယ်လိုမြင်လဲ၊ ဘယ်လိုခံယူချက် ရှိလဲ ??

♦️အဲဒီအပေါ်မှာ ကိုယ်က ဘယ်လိုတုန့်ပြန်ပေးလဲ

အဲဒီအရာတွေ အကုန်လုံးက Mindset ပါ
ကိုယ်ရော Mindset ကို ဘယ်လို သဘောပေါက်လဲ မန့်မှာ မန့်ခဲ့နိုင်ပါတယ်နော်
ကျေးဇူးတင်ပါတယ် 🖤

#မဖူး

23/11/2024

ကိုယ့်မှာ ပြောပလောက်အောင် အရည်အချင်းတွေ မရှိသေးဘူး ၊ ဝင်ငွေစီးကြောင်းလည်း မကြမ်းသေးဘူး ၊ အရည်အသွေးပြည့်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ အသိုင်းအဝိုင်း Network လည်း မရှိသေးဘူး ဆိုရင်

အလုပ်သင့်ဆုံးက ကိုယ့်ရဲ့ အပြုအမူ စရိုက် Manners ကောင်းအောင် အားထုတ်ခြင်းပါ ။

Manner ကောင်းခြင်းက သင့်ကို လူကောင်းတွေနဲ့ ပိုနီးစပ်စေသလို

မကောင်းပြန်ရင်လည်း
လူကောင်းတွေနဲ့ သင့်ကိုဝေးကွာစေပြီး

အရည်အသွေး မကောင်းတဲ့လူတွေနဲ့ပဲ တွေ့ရတတ်ပါတယ် ။

မျက်လုံးထဲ မြင်အောင် နေ့စဥ် ဘဝက Manners တွေ အကြောင်း ပြောပြပါမယ် ။

- သင့်အနေနဲ့ လူသစ်တွေနဲ့ စတွေ့တဲ့အခါ ချိုသာပြေပြစ် နှိမ့်ချစွာနေလား ၊ မျက်နှာထား တည်ကြီးနဲ့ ရုပ်ရှင်ထဲက အဓိကဇာတ်ကောင်လို သူခေါ်မှ ကိုယ်ခေါ်မယ်ဆိုတဲ့ အထာကြီးနဲ့ နေလား

- သင့်အနေနဲ့ စိတ်ထဲမှာ ခံစားချက်လေး မကောင်းတာနဲ့ပဲ သင် မလိုတဲ့သူတွေ ၊ လက်တွဲဖော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ အပေါ် စောင်းမြောင်းပြောတဲ့ အမူအရာတွေ လုပ်လား (ပိုစ့်တွေရေးတာ ၊ စောင်းပြောတဲ့ ကပ်ပရှင်တွေနဲ့ ရှယ်တာ)

- သင် ချိန်းဆိုတဲ့နေရာကို နောက်ကျမှ ရောက်တတ်သလား ၊ အချိန်မှီ ရောက်တတ်သလား ၊ နောက်ကျတော့မယ်ဆိုရင် အစော ကြိုအသိပေးတာမျိုး လုပ်တတ်သလား

- အရက်ဝိုင်းမှာ သူများ ဆေးလိပ် ၊ မီးခြစ် ခွင့်မတောင်းပဲ ယူသုံးလား ၊ သေချာ ခွင့်တောင်းပြီးမှ သောက်တာ ၊ ယူသုံးတာ လုပ်လား

- ရုပ်ရှင်ရုံထဲ ၊ တီဗီရှေ့မှာ ဖြတ်လျောက်ရင် ခေါင်းငုံ ကိုယ်ညွှတ် မြန်မြန်သွားတာမျိုး လုပ်သလား ၊ ထောင်ထောင်မတ်မတ် မပြီးမစီးနိုင် လုပ်သလား

- အမှိုက်သရိုက် အပြင်လွှတ်ခနဲ ပစ်သလား ၊ မပစ်သလား

- တံတွေးထွေးရရင် ပစ်ခနဲ ထွေးသလား ၊ အမှိုက်ပုံးထိ or မြေပြင်နားထိ ကပ်ပြီး ပါးစပ်ကို လက်တဖက်နဲ့ အုပ်ပြီး သေချာ ထွေးလား

- သွားကြားညှပ်ရင် ဒီတိုင်း လက်ကြီးနဲ့ နှိုက်သလား ၊ တဖက်လက်နဲ့ ပါးစပ်ကို ဖုံးပြီး တဖက်နဲ့ နှိုက်လား

- စကားများတဲ့အခါ သူများပြောပြထားတဲ့ အားနည်းချက် ၊ လျို့ဝှက်ချက်တွေကို ယူသုံးပြီး စကားနိုင်အောင် လုပ်သလား ၊ ပုံမှန်အတိုင်းပဲ ချေပပြောဆိုသလား

- စကားဝိုင်းမှာ ကိုယ့်အကြောင်းသာ ပြောလိုပြီး သူများ အကြောင်းဆို စိတ်မဝင်စားသလို ၊ အရေးမပါသလို ပုံစံမျိုး လုပ်တတ်လား ၊

- စေတနာပဲ ဆိုပြီး သူများ ကြိုက်မကြိုက်သိတဲ့ ဟင်းလျာ အတင်းထိုးပေးတတ်လား ၊ မေးပြီးမှ ထည့်ပေးတာမျိုး လုပ်လား

- (သူစိမ်းတွေနဲ့) အပြင်မှာ စကားဟာသပြောတဲ့အခါ ဘောင်လွန်တဲ့ ခွဲခြားရေးဟာသတွေ ပြောသလား ၊
ထိန်းသလား

- မှားမှန်းသိတဲ့အခါ မှားတဲ့အကြောင်း ဝန်ခံ တောင်းပန်တာမျိုး လုပ်သလား ၊ ရူးချင်ယောင်ဆောင်ပြီး မဖြစ်ခဲ့သလို လုပ်လား

- ဘေရှင်းခါနီး ပျောက်သွားတာမျိုး လုပ်လား ၊ ရိုးရိုးသားသား ပါသလောက် ကြိုပြောပြီး ဝင်ဖြည့်ပေးတာမျိုး လုပ်လား

- ရင်းနှီးတဲ့သူတွေဆီက ပစ္စည်း ဝန်ဆောင်မှုတွေ ဝယ်တဲ့အခါ လျော့စျေးတွေ ၊ အထူးအခွင့်အရေးတွေ တောင်းတတ်လား ၊ ပုံမှန် ကာစတန်မာ အများသူငါလိုပဲ သေချာ full price နဲ့ အားပေး ဝယ်ယူတာမျိုး လုပ်တတ်လား

ယောက်ျားလေးဘော်ဒါတွေကြားထဲ Bro code တွေဆိုရင်လည်း

- ကိုယ့်သူငယ်ချင်းရဲ့ ကောင်မလေးကို friend request သွားအပ်တာ ၊ မလိုအပ်ပဲ စကားပြောတာမျိုး လုပ်လား ၊ ထိန်းလား

- ကိုယ့်သူငယ်ချင်းရဲ့ နာမည်ကို သူ့ကွယ်ရာမှာ ကာကွယ်ပေးသလား ၊ သူများ စော်ကားနေတာ ဒီအတိုင်း ထိုင်ကြည့်နေလား

စတဲ့အပြင် အများကြီး အများကြီး ရှိပါသေးတယ် ။

ဒါက ကျနော် စဥ်းစားမိသလောက်ပါ ။

ဒါတွေ ပြောရင် တချို့လူတွေနဲ့ ဘာမှအားမထုတ်လိုတဲ့သူတွေက အတင်း ရောချပြီး

“စိတ်ကောင်းရှိဖို့ကသာ အဓိကပါကွာ” လို့

စာတစ်ကြောင်းနဲ့ အလွယ်ပြောမှာ သိပါတယ် ။

စိတ်ကောင်းရှိပြီး အပြုအမူ စုတ်ပြတ်လို့
သူများအပေါ် ၊ လုပ်ဖော်ကိုင်ဖက်တွေ အပေါ် ၊
သူငယ်ချင်းတွေ အပေါ် ၊ ကိုယ်ပိုင် မိသားစုဝင်တွေ အပေါ် စိတ်ဒုက္ခရောက်စေတာတွေ အများကြီး ရှိပါတယ် ။

ဒါ့ကြောင့် သိစေလိုတာက စိတ်ကောင်း ရှိတာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး ။

ပိုတိုးတက်လိုစိတ် ရှိပါ ။

မသိတာတွေဆို သင်ပါ ၊ ဖြည့်ပါ ။

ကိုယ့်အနေနဲ့ ဒါမျိုး အပြုအမူ စရိုက်ကောင်းတွေကို သေချာ သိချင် လေ့လာချင်ရင် အပြုအမူ manners တကယ်ကောင်းတဲ့သူတွေကြားထဲ နေပြီး လေ့လာတာ ၊ သတိထားကြည့်တာက
သင့်အနေနဲ့ လက်တွေ့ တက်ရောက်ဖို့ အလွယ်ကူဆုံး ၊ အထိရောက်ဆုံး နည်းလမ်းပဲ ဖြစ်တယ် ။

Sharing

ဘာဝါသနာပါမှန်းလည်း မသိ၊ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိတဲ့အခါဒါတွေကို လုပ်ပါ...(၁) ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ၊(၂) စောစ...
18/06/2024

ဘာဝါသနာပါမှန်းလည်း မသိ၊
ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိတဲ့အခါ
ဒါတွေကို လုပ်ပါ...

(၁) ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ၊
(၂) စောစောအိပ် စောစောထပါ၊
(၃) အစာကို အချိန်မှန် စားပါ၊
(၄) စာအုပ်ကောင်း များများဖတ်ပါ။

ဒါတွေကို လုပ်လို့
ဘယ်တော့မှ နောင်တရမှာ မဟုတ်သလို
ဘယ်တော့မှလည်း မှားသွားတယ်ဆိုတာ မရှိပါဘူး။

💌

#နိုင်းနိုင်းစနေ

Address

Gyobingauk

Telephone

+959941566096

Website

Alerts

Be the first to know and let us send you an email when မဖူး- May Phu Thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မဖူး- May Phu Thit:

Share