The beauty of Chin Hills

The beauty of Chin Hills welcome from the highland of CHINLAND

♦ထိုင်း မှာဆန္ဒပြသူတွေကို ရဲက ထိန်းမနိုင်လို့တပ်ကို အကူအညီတောင်းတော့.. ♦ကာချုပ်က ဆန္ဒပြမှုတွေကို နှိမ်နင်းတာတပ်အလုပ် မဟု...
13/08/2026

♦ထိုင်း မှာ
ဆန္ဒပြသူတွေကို ရဲက ထိန်းမနိုင်လို့
တပ်ကို အကူအညီတောင်းတော့..
♦ကာချုပ်က ဆန္ဒပြမှုတွေကို နှိမ်နင်းတာ
တပ်အလုပ် မဟုတ်ဘူး..

♦တပ်က တိုင်းပြည်ကာကွယ်ရေးနဲ့
တော်ဝင်နန်းတော် ကို
ကာကွယ်ရေးသာ အဓိက
ကျန်တာ ဝင်မပါနိုင်ဘူးလို့
တရားဝင် ထုတ်ပြောတယ်။

♦တပ်က သူခိုင်းသလို မလုပ်တော့
ရဲကို ကျည်စစ်တွေနဲ့ ခပ်ကြမ်းကြမ်း
နှိမ်နင်းခိုင်းတော့ ရဲချုပ်ကလည်း
ရဲတွေကို မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်က လွဲပီး
ကျည်အစစ် အသုံးပြုခွင့် မပေးဘူးလို့
ပြောလာပြန်တယ်။

♦အဲ့ဒါတွေ အဆင်မပြေတော့
ဆန္ဒပြသူတွေကို အင်တာနက်က
လှုံ့ဆော်တာမို့ အင်တာနက်ကို
ထိန်းချုပ်ဖို့ လုပ်တာလည်း
တရားရုံးချုပ်က ဥပဒေနဲ့မညီဘူး
ဆိုပြီး ပယ်ချလိုက်ပြန်တယ်။

♦ထိုင်းတွေ တိုးတက်တာလည်း မပြောနဲ့
အမိန့်ပေးတိုင်း လိုက်မရူးတဲ့ လူကြီးတွေရှိနေတယ်။

♦ဒို့ဆီမှာက လုပ်သင့်လား မလုပ်သင့်လား
ကိုယ်ပိုင် ဦးနှောက်နဲ့ မစဉ်းစားရဲဘူး
အထက်အမိန့် ဆိုပီး ရှူးတိုက်တိုင်း
ကိုက်တတ်တဲ့ ကောင်တွေကြောင့်
သူများကို လိုက်မမှီအောင် တို့တိုင်းပြည်က
အရမ်း နစ်နာခဲ့ရပြီ...


#မှန်ကြီးးးးးးးးးး လူရ လူတွေကိုလူလိုဘဲအုပ်ချုပ်တဲ့နိုင်ငံတိုင်းမှာ ဘယ်လောက်ပဲအာဏာသိမ်းပါစေနိုင်ငံဟာလုံးဝမပျက်စီးသွားဘူးဒါအမှန်တရားဘဲရှူးတိုက်တိုင်းကိုက်တဲ့လူတွေမရှိဘူးဘယ်လောက်ပဲရှူးတိုက်နေပါစေစင်းစားညံအပြည့်အဝရှိတဲ့လူစင်စစ်တွေမိုနိုင်ငံဟာပုံမှန်းတိုင်းပဲရှိနေတယ်လက်တွေ့နီးရာဘဲ

ဖလမ်းမျိုးနွယ်စောင့်ရှောက်ရေးအသင်းက CNO နှင့် စစ်ကောင်စီတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဝမ်းမြောက်စွာ ထောက်ခံကြောင်း ...
04/08/2026

ဖလမ်းမျိုးနွယ်စောင့်ရှောက်ရေးအသင်းက CNO နှင့် စစ်ကောင်စီတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဝမ်းမြောက်စွာ ထောက်ခံကြောင်း ထုတ်ပြန်

ဩဂုတ် ၃ ၊ ဆူရ်းဘုန်တိုင်းမ်

ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ အိမ်ပြန်နိုင်ရေးအတွက် ချင်းအမျိုးသားအဖွဲ့အစည်း (CNO) နှင့် စစ်ကောင်စီတို့အကြား ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ဝမ်းမြောက်စွာ သဘောတူထောက်ခံကြောင်း ဖလမ်းမျိုးနွယ်စောင့်ရှောက်ရေးအသင်း (Falam Humhual Pawlpi) က ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် သဘောထား ထုတ်ပြန်လိုက်သည်။

ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေး၊ ပြည်သူများ စိတ်အေးချမ်းသာစွာ မိမိတို့အိမ်သို့ ပြန်နိုင်ရေးနှင့် လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ CNO နှင့် စစ်ကောင်စီ၏ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးမှုသည် တိုင်းပြည်နှင့် လူမျိုးအတွက် အလိုအပ်ဆုံးသော ငြိမ်းချမ်းရေးလမ်းကြောင်းကို လျှောက်လှမ်းခြင်းဖြစ်သဖြင့် ဖလမ်းမျိုးနွယ်စောင့်ရှောက်ရေးအသင်း ဗဟိုကော်မတီအနေဖြင့် ဝမ်းမြောက်စွာ သဘောတူထောက်ခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖလမ်းမျိုးနွယ်စောင့်ရှောက်ရေးအသင်း (Falam Humhual Pawlpi) သည် ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မှတ်ပုံတင်အမှတ် ၂၂၈၇ ဖြင့် တရားဝင်ရပ်တည် ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

CNO/CNDF မှတော်လှန်ပြည်သူသို့ အသိပေးထုတ်ပြန်ချက်
03/08/2026

CNO/CNDF မှ
တော်လှန်ပြည်သူသို့ အသိပေးထုတ်ပြန်ချက်

🚨  #အရေးကြီးအသိပေးချက် // ရေဘေးကယ်ဆယ်ရေးအသင်းများအတွက် စက်သုံးဆီကူညီပေးမည့်အစီအစဉ် 🚨​ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်း...
01/08/2026

🚨 #အရေးကြီးအသိပေးချက် // ရေဘေးကယ်ဆယ်ရေးအသင်းများအတွက် စက်သုံးဆီကူညီပေးမည့်အစီအစဉ် 🚨

​ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့သို့ ရေဘေးကယ်ဆယ်ရေးသွားရောက်ကြမည့် လူမှုကူညီရေးအသင်းများ စက်သုံးဆီထည့်သွင်းရန် အခက်အခဲရှိပါက အောက်ပါအတိုင်း ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

​⛽ ဆီဖြည့်တင်းပေးမည့်နေရာ:

ဟင်္သာတမြို့ (အနီးဆုံး)

​📱 ဆက်သွယ်ရန်ဖုန်းနံပါတ်:

09-666444474 (ဦးကောင်းမင်းဝေ)

​📝 ပေးပို့ရန် လိုအပ်သော အချက်အလက်များ:

၁။ အသင်းအမည်

၂။ အသင်းဥက္ကဋ္ဌ အမည်

၃။ ကယ်ဆယ်ရေး ယာဉ်အမှတ် (ကားနံပါတ်)

​📌 အထူးမေတ္တာရပ်ခံချက်:

လိုင်းအခက်အခဲကြောင့် ဖုန်းဆက်သွယ်ရခက်ခဲပါက ယခု Post အောက်တွင် အကြောင်းကြားပေးပါရန်နှင့် ရှေ့တန်းရောက် ကယ်ဆယ်ရေးအသင်းများနှင့် အဆက်အသွယ်ရရှိသူများအနေဖြင့်လည်း ဤသတင်းအချက်အလက်အား ပြန်လည်မျှဝေ/ပြောပြပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

​🤝 #ဘက်စုံလူမှုကူညီရေးအဖွဲ့ (ပုသိမ်)

ယခုတလော Malaysiaမှာ ဘဏ်အကောင့်အကြောင်းတွေသတင်း တင်ကြတာတွေ့ရတယ်။ကိုယ်တိုင်ဒီနေ့နေ့လည်အား တဲ့အချိန် စီအိုင်အမ်ဘီဘဏ်(ဘူကစ်ဘ...
29/07/2026

ယခုတလော Malaysiaမှာ ဘဏ်အကောင့်အကြောင်းတွေသတင်း တင်ကြတာတွေ့ရတယ်။ကိုယ်တိုင်ဒီနေ့နေ့လည်အား တဲ့အချိန် စီအိုင်အမ်ဘီဘဏ်(ဘူကစ်ဘင်တန်း) ပါပလီဘဏ်( ပူဒူး )ဘဏ်ကိုသွားပြီးကောင်တာမှာအသေးစိတ်မေးမြန်းခဲ့ပါတယ်။

ကိုယ်တိုင်သွားမေးမြန်းထားချက်များ

၁။ စီအိုင်အမ်ဘီဘဏ်၊ပါပလီဘဏ်ကော (ယူအင် )ကတ်ဖြင့်အသစ်ဖွင့်လှစ်ခြင်းလက်မခံတော့ပါ။

၂။ အကောင့်ရှိပြီးသားဘဏ်တွေကို( HQ)ကနေပိတ်ပါဆိုတဲ့ညွန်ကြားချက်လုံးဝမရှိဘူးလို့ဖြေကြားပေးတယ်။
ဒါကြောင်းလက်ရှိဘဏ်အကောင့်ဖွင့်ထားသူများစိတ် ချစွာအသုံးပြုလို့ရပါတယ်ဆိုတာအသိပေးခြင်တယ်။

၃။ ကိုယ်ကိုင်ဆောင်ထားတဲ့အိုင်ဒီ( ID )ကဒ်သက် တမ်းကုန်ပြီးဘဏ်မှာ (Update )ပြန်မလုပ်သူများကို ဘဏ်ကနေဖုန်းခေါ်တယ်။နောက်ဆုံးဖုန်းခေါ်လို့မရရင်အကောင့်အပိတ်ခံရပါတယ်။
ဒါကြောင်းမိမိကိုင်ဆောင်ထားတဲ့( ID )ကဒ်သက် တမ်းတိုးပြီးရင် ဘဏ်မှာ (ID )ကဒ်ကိုမဖြစ်မနေ Update လုပ်ရမယ်။ ဘဏ်ဆားဗစ်ကောင်တာမှာ ဖောင်ဖြည့်ရမယ်၊လက်မှတ်ထိုးရမယ်၊ ID မိတ္တူ ပေးရတယ်။ လိုအပ်တာဘဏ်ကနေအားလုံးလုပ် ဆောင်ပေးပါတယ်။

၄။ဘဏ်အကောင့်မှာငွေအလွှဲ့အပြောင်းများရင် ( HQ )ကနေမိမိဖွင့်ထားတဲ့ဘဏ်ခွဲကို ဒီလူဟာ ငွေအဝင်၊အထွက်အရမ်းများတယ်၊စစ်ဆေးပါလို့ညွန် ကြားလာချိန်မှာဘဏ်ကနေဖုန်းခေါ်တယ်။

ဘဏ်ထဲငွေအဝင်အထွက်များရတဲ့အကြောင်းပြ ချက်ကိုမေးတယ်။ဖြေရှင်းချက်ကောင်းကောင်း ပေးနိုင်သူတွေကိုတော့ဘဏ်အကောင့်မပိတ်ပဲ၊သတိပေးတယ်။

ဘဏ်ဝန်ထမ်းပြောကြားချက်အရတချို့ကဖုန်းခေါ်တယ်၊ဖြေရှင်းချက်မပေးနိုင်ဘူး၊ တချို့က ဖုန်းလုံးဝမကိုင်ဘူးပြောလို့သိရတယ်။ အဲ့လိုအကောင့် တွေကို (HQ )ဗဟိုကနေပိတ်ပါလို့ညွန်ကြားလာရင် ပိတ်ရတယ်လို့ပြောကြားတယ်။

တချို့ကိုတော့ဖြေရှင်းချက်ကောင်းကောင်းပေးနိုင် လို့ယာယီအသုံးပြုခွင့် (ငွေထုတ်၊သွင်း )ခနပိတ်တာ ရှိတယ်လို့ပြောကြားတယ်။

၅။သူများဘဏ်အကောင့်ကိုင်ဆောင်ထားသူများ (တတိယနိုင်ငံ၊ မြန်မာပြည်ပြန်သွားသူများ )အကောင့်၊ဘဏ်ကဒ်ကိုင်ဆောင်ထားခြင်းအထူးရှောင်ကျဉ်ကြပါ။

ဘဏ်ကဒ်တစ်ခုခုအက်ရာဖြစ်သွားရင်ဘဏ်မှာကျန်တဲ့ ငွေတွေကိုအကောင့်ပိုင်ရှင်လာထုတ်မှသာငွေပြန်ရမယ်။ အကောင့်ပိုင်ရှင်ကိုယ်တိုင်လာမထုတ်နိုင်ရင် ငွေကြေးကိုအစိုးရငွေအဖြစ်ဘဏ်ကသိမ်းခံရမယ်။

#ကျွန်တော်ကိုယ်တိုင်ဘဏ် စီအိုင်အမ်ဘီ၊ပါပလီဘဏ်ကိုသွားမေးမြန်းထားချက်ပါ။အားလုံးပြန် လည်မျှဝေပေးလိုက်ပါတယ်။

#တချို့ဘဏ်အကောင့်အပိတ်ခံရသူရှိရင်ဘဏ်ကို တိုက်ရိုက်သွားမေးကြပါ။အဖြေတစ်ခုတော့ရလိမ့်
မယ်။
#မှတ်ချက်။ ဘဏ်အကောင့် (Issue )တစ်ခုလိုဟော လာလို့တိုက်ရိုက်သွားစုံစမ်းတာဖြစ်တယ်။
Ai Lwin
29-07-2026

သမိုင်းပညာရှင်တွေထောက်ပြခဲ့တဲ့ဝန်ကြီးများရုံးလုံခြုံရေး။=====================================ချင်းတပ်စောင့်ရင် ဗိုလ်ချုပ...
28/07/2026

သမိုင်းပညာရှင်တွေထောက်ပြခဲ့တဲ့ဝန်ကြီးများရုံးလုံခြုံရေး။
=====================================

ချင်းတပ်စောင့်ရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေ လုကြံမခံရနိုင်ဘူး” လို့ သမိုင်းပညာရှင်တွေနဲ့ သမိုင်းလေ့လာသူအချို့ သုံးသပ်ပြောဆိုခဲ့ကြတာဟာ Chin R***e (ချင်းသေနတ်ကိုင်တပ်ရင်း) ရဲ့ ထူးခြားတဲ့ စည်းကမ်း၊ သစ္စာစောင့်သိမှုနဲ့ စစ်ရေးစွမ်းရည်တွေကြောင့် ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် ဝန်ကြီးများရုံး လုကြံခံရမှုအပေါ် ဒီလိုပြောဆိုရတဲ့ အဓိက အကြောင်းအရင်း ၄ ချက် ရှိပါတယ် -

၁။ သစ္စာစောင့်သိမှုနှင့် တာဝန်ကျေပွန်မှု

ချင်းသေနတ်ကိုင်တပ်ရင်းတွေဟာ တာဝန်ပေးအပ်ခြင်းခံရရင် အထက်လူကြီးရဲ့ အမိန့်ကို အသက်ပေး စောင့်ထိန်းလေ့ရှိပြီး စည်းကမ်း အင်မတန်တင်းကြပ်ပါတယ်။ နှောင်ကြိုး သို့မဟုတ် မျက်နှာသာပေးမှုတွေကြောင့် စည်းကမ်းလျော့ရဲလေ့ မရှိဘဲ စုံစမ်းစစ်ဆေးမှုမရှိဘဲ မသင်္ကာဖွယ် မည်သူ့ကိုမျှ လွယ်လွယ်နဲ့ အဝင်မခံပါဘူး။

၂။ ဂဠုန်ဦးစောတပ်ဖွဲ့၏ လှည့်ကွက်ကို လက်ခံမည်မဟုတ်ခြင်း

လုပ်ကြံသူတွေဟာ စစ်ဝတ်စုံဝတ်ဆင်ပြီး စစ်ကားနဲ့ ဝင်ရောက်လာခဲ့တာကြောင့် ထိုစဉ်က အစောင့်တပ်ဖွဲ့အချို့က သံသယမရှိဘဲ အဝင်ပေးခဲ့တာ ဖြစ်ပါတယ်။ ချင်းတပ်ဖွဲ့တွေသာ ရှိနေရင် အဆင့်မြင့်အမိန့်စာ သို့မဟုတ် စုံစမ်းစစ်ဆေးမှု အတိအကျမရှိဘဲ စစ်ဝတ်စုံဝတ်ထားရုံနဲ့ လွယ်လွယ်ကူကူ အဝင်ခံမှာ မဟုတ်ဘူးလို့ သမိုင်းပညာရှင်တွေက သုံးသပ်ကြပါတယ်။

(ဝှက်တိုက်) နှင့် တုံ့ပြန်တိုက်ခိုက်နိုင်စွမ်း

ချင်းစစ်သည်တော်များဟာ ရုတ်တရက် အန္တရာယ်ကြုံရချိန်မှာ အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်း (Reflex) နဲ့ တိုက်ခိုက်ရေးစွမ်းရည် မြင့်မားတာကြောင့် လုပ်ကြံသူများ ဝင်ရောက်ပစ်ခတ်ချိန်မှာ ချက်ချင်း ပြန်လည်တိုက်ခိုက်ခြေမှုန်းနိုင်ခြေ ပိုများခဲ့ပါတယ်။

၄။ သမိုင်းဝင် တည်ငြိမ်မှုပေးနိုင်ခဲ့သည့် သာဓကများ

လွတ်လပ်ရေးရပြီးစ ခေတ်ပြိုင်သမိုင်းမှာလည်း ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲအပါအဝင် အရေးကြုံချိန်တိုင်းမှာ ချင်းသေနတ်ကိုင်တပ်ရင်း (Chin R***es) ဟာ ပြည်ထောင်စုစနစ် ပျက်စီးမသွားအောင်နှင့် အစိုးရရုံးစိုက်ရာ မြို့တော်ကို ခိုင်မာစွာ ကာကွယ်ပေးနိုင်ခဲ့တဲ့ သမိုင်းဝင် သစ္စာရှိတပ်ဖွဲ့ ဖြစ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

အနှစ်ချုပ်အားဖြင့် -

ဒီပြောဆိုချက်ဟာ လုပ်ကြံသူတွေရဲ့ "ဟန်ပြစစ်ဝတ်စုံ" နည်းဗျူဟာကို ချင်းတပ်ဖွဲ့တွေရဲ့ တင်းကြပ်တဲ့ စည်းကမ်းနဲ့ တည်ကြည်မှုက ဖောက်ထွက်ခွင့်ပေးမှာ မဟုတ်ဘူးဆိုတဲ့ သမိုင်းဝင် အချက်အလက်များအပေါ် အခြေခံပြီး သုံးသပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

#မြန်မာ့သမိုင်း #ဗိုလ်ချုပ်အောင်ဆန်း ***es
The beautiful of chin

ချင်းပြည်ကောင်စီ ဒုတိယသက်တမ်း တတိယအကြိမ်အစည်းအဝေးပြီးဆုံး၊ တော်လှန်ရေးအင်အားစုများကို စည်းလုံးညီညွတ်ရန် တိုက်တွန်း======...
27/07/2026

ချင်းပြည်ကောင်စီ ဒုတိယသက်တမ်း တတိယအကြိမ်အစည်းအဝေးပြီးဆုံး၊ တော်လှန်ရေးအင်အားစုများကို စည်းလုံးညီညွတ်ရန် တိုက်တွန်း
=========
CBN Daily News: July 27,2026

ချင်းပြည် (Chinland) ကောင်စီရဲ့ ဒုတိယသက်တမ်း၊ တတိယအကြိမ် ကောင်စီအစည်းအဝေးကို သုံးရက်ကြာ ကျင်းပခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကာ ပြည်သူ့တော်လှန်ရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဇူလိုင် ၂၃ ရက်ကနေ ၂၅ ရက်အထိ ကျင်းပခဲ့တဲ့ အစည်းအဝေးကို လွှတ်တော်အစုအဖွဲ့၊ မြို့နယ်နဲ့ ဒေသအစုအဖွဲ့တွေ၊ ချင်းအမျိုးသားတပ်ဦး (CNF) အစုအဖွဲ့တို့က ကောင်စီဝင်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး ကောင်စီနဲ့ ဥပဒေပြု၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ရဲ့ လုပ်ငန်းအစီရင်ခံစာတွေ၊ ဒေသန္တရအစိုးရတွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ဆွေးနွေးအတည်ပြုခဲ့တယ်လို့ ဇူလိုင် ၂၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစည်းအဝေးအတွင်း စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ခဲ့သလို ချင်းပြည်ကောင်စီနဲ့ မဏ္ဍိုင်သုံးရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းရေး၊ ချင်းပြည်အစိုးရနဲ့ ဒေသန္တရအစိုးရတွေကြား ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ချင်းပြည်အစိုးရရဲ့ တပ်ဖွဲ့ ပိုမိုခိုင်မာအားကောင်းရေးနဲ့ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်မှာ စစ်ကောင်စီဟာ သူတို့ဖွဲ့စည်းထားတဲ့ အစိုးရကို နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလာစေဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေသလို ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်ပြီး အရပ်သားပြည်သူတွေကို ပိုမိုတိုက်ခိုက်လာတာ၊ တော်လှန်ရေးအင်အားစုတွေကို သီးခြားစီ တွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းတာတွေကို အထူးသတိထားရမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အမှန်တကယ် ဖြေရှင်းလိုတယ်ဆိုရင် အရပ်သားပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ စစ်ဘေးသင့်ပြည်သူတွေဆီ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ လွတ်လပ်စွာရောက်ရှိခွင့်ပြုဖို့၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေ ရပ်ဆိုင်းဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်တယ်လို့လည်း တောင်းဆိုထားပါတယ်။

ချင်းပြည်ကောင်စီကတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့ CDM လှုပ်ရှားမှုရဲ့ ရည်မှန်းချက်တွေကို အလေးထားပြီး အကြမ်းဖက်စစ်အုပ်စုကို တရားဝင်မှုရရှိစေမယ့် လုပ်ရပ်တွေကို ရှောင်ရှားကာ ခေတ်စနစ်ပြောင်းလဲရေးကို ဦးတည်တဲ့ ပြည်သူ့တော်လှန်ရေးတာဝန်တွေကို စည်းလုံးညီညွတ်စွာ ဆက်လက်ထမ်းဆောင်သွားကြဖို့ တိုက်တွန်းထားပါတယ်။

Crd ©

26/07/2026

UN card ရှိသူ လျှောက်ထားဆဲသူ အားလုံး ဒီအချက်၅ချက်ကိုသိထားပါ

လက်ရှိအဖမ်းအဆီးများနေလို့ လိုအပ်မယ်ထင်ပါတယ်

တစ်ချိန်ချိန်မှာ လိုအပ်လာနိုင်ပါတယ် Save ထားနိုင်ပါတယ်

၁။ တရားရုံးကို အသိပေးပါ

UNHCR နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ UNHCR ကတ်၊ သို့မဟုတ် UNHCR တွင် စာရင်းသွင်းထားကြောင်း အထောက်အထားတစ်ခုခု ရှိပါက တရားရုံးတွင် ပြသပါ။

ပြောရမည့် စာကြောင်း

“ကျွန်တော်/ကျွန်မမှာ UNHCR စာရွက်စာတမ်း ရှိပါတယ်။”

၂။ UNHCR နှင့် ဆက်သွယ်ခွင့် တောင်းဆိုပါ

UNHCR ကို ဆက်သွယ်ရန် လိုအပ်ကြောင်း တရားသူကြီးအား အသိပေးပြီး ဆက်သွယ်ခွင့် တောင်းဆိုပါ။

ပြောရမည့် စာကြောင်း

“ကျွန်တော်/ကျွန်မ UNHCR ကို ဆက်သွယ်ဖို့ လိုပါတယ်။”

၃။ ဘာသာပြန် (Interpreter) တောင်းဆိုပါ

အင်္ဂလိပ်ဘာသာ သို့မဟုတ် မလေးဘာသာကို ကောင်းစွာ မနားလည်ပါက ဘာသာပြန်ပေးသူ တောင်းဆိုပါ။

ပြောရမည့် စာကြောင်း

“UNHCR… ဘာသာပြန်ပေးသူ လိုပါတယ်။”

အရေးကြီးသော သတိပြုရန်

* ဘာသာပြန် မရောက်မချင်း မိမိ နားမလည်သည့် မေးခွန်းများကို မဖြေဆိုပါနှင့်။
* နားလည်ကြောင်း သို့မဟုတ် နားမလည်ကြောင်း ခေါင်းညိတ်ခြင်း၊ ခေါင်းခါခြင်း မပြုလုပ်ပါနှင့်။

၄။ မိမိ၏ အခြေအနေကို ရှင်းလင်းစွာ ပြောပါ

မိမိသည် UNHCR တွင် စာရင်းသွင်းထားသော ဒုက္ခသည် (Refugee) သို့မဟုတ် ခိုလှုံခွင့်ရှာဖွေသူ (Asylum Seeker) ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောပါ။

ပြောရမည့် စာကြောင်း

“ကျွန်တော်/ကျွန်မသည် UNHCR တွင် စာရင်းသွင်းထားသော ဒုက္ခသည် / ခိုလှုံခွင့်ရှာဖွေသူ ဖြစ်ပါသည်။”

၅။ ဥပဒေအကူအညီ (Lawyer) တောင်းဆိုပါ

ဥပဒေရေးရာ အကူအညီရရှိရန် ရှေ့နေနှင့် တွေ့ဆုံခွင့် တောင်းဆိုပါ။

ပြောရမည့် စာကြောင်း

“ကျွန်တော်/ကျွန်မ ဥပဒေအကူအညီ လိုအပ်ပါသည်။”

သတိပြုရန်

* မိမိ၏ UNHCR ကတ် သို့မဟုတ် စာရွက်စာတမ်းများကို တတ်နိုင်သမျှ အမြဲဆောင်ထားပါ။
* မိမိ နားမလည်သည့် စာရွက်စာတမ်းများကို အလျင်စလို လက်မှတ်မထိုးပါနှင့်။
* စိတ်တည်ငြိမ်စွာ ပြောဆိုပြီး UNHCR နှင့် ဆက်သွယ်ခွင့်၊ ဘာသာပြန်နှင့် ဥပဒေအကူအညီတို့ကို တောင်းဆိုပါ။

သင့်မိတ်ဆွေများဆီကိုလည်း Like & Share လုပ်ပေးဖို့မမေ့ပါနဲ့အုံး
Naing Tam

ချင်းပြည်ကိုတက်လာသမျှကားတွေကို ပစ္စည်းတွေအကုန်ဖောက်စစ် ပိုက်ဆံတွေတောင်းသေနတ်နဲ့ထောက် ဓားထောက်ပြီး ငွေညှစ်နေပြီးတော့အပြော...
26/07/2026

ချင်းပြည်ကိုတက်လာသမျှကားတွေကို
ပစ္စည်းတွေအကုန်ဖောက်စစ် ပိုက်ဆံတွေတောင်း
သေနတ်နဲ့ထောက် ဓားထောက်ပြီး ငွေညှစ်နေပြီးတော့
အပြောအဆိုက ခွေးထက်မိုက်ရိုင်းနေတဲ့
မကွေးတိုင်း ဂန့်ဂေါအပိုင် လုံဟော(Lunghau)လမ်းခွဲက
ပကဖဦးကျော်ရဲ့ဂိတ်ကို ဘယ်လိုလုပ်ကြမှာလဲ

မကွေးတိုင်းဖက်ဒရယ်ယူနစ်အစိုးရကလည်း မသိချင်ယောင်ဆောင်ပေးနေတာလား ?
ဒါက ပကဖတွေမို့ လွင်ကိုလတ်နဲ့ဆိုင်တာလား?

CNAတွေ CDF Hakhaတွေ CDF Senthangတွေကလည်း
အဲ့ဂိတ်ကိုဝင်ပြီး မုန့်ဝင်စား ရေဝင်သောက် ဝင်ထိုင်ပြီး
ဟီးဟီးဟားဟားဝင်လုပ်တာကလွဲရင် ဘာမှမတတ်နိုင်ကြဘူးလား !

ဟမ်...
စစ်ကောင်စီထက်ဆိုးနေတဲ့ဂိတ်နော်
ဟားခါးကိုတက်လာတဲ့ပြည်သူမှန်သမျှကို လူပါး၀နေတာ
အဲ့ဒါကို ဒီအတိုင်းကြည့်နေကြသလား?

Šရမ်းတာ၀န်မဲ့ကြတယ်
L33ပဲလို့ !

တနင်္ဂနွေနေ့ မနက်စောစောစီးစီး
ကျက်သရေယုတ်လိုက်တာ

ပြောပေါင်းလည်းများလှပြီ
ကိုယ်မေကိုယ်loeတွေရေ

တော်ရုံတန်ရုံပဲကောင်းတော့တယ်

Dr.C

ရုပ်ရှင်မင်းသားတွေနဲ့ ဇာတ်မင်းသားတွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ ပေါက်ကိုယ်တော် တိုက်တွန်းဇူလိုင် ၂၄၊ ၂၀၂၆။မေရီ/People's S...
24/07/2026

ရုပ်ရှင်မင်းသားတွေနဲ့ ဇာတ်မင်းသားတွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ ပေါက်ကိုယ်တော် တိုက်တွန်း

ဇူလိုင် ၂၄၊ ၂၀၂၆။မေရီ/People's Spring

ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဇာတ်မင်းသားတွေကို စစ်မှုထမ်းခိုင်းဖို့ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။

သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က Tiktok ကနေ စစ်မှုထမ်းကိစ္စ ပြောဆိုရာမှာ အနုပညာရှင်တွေကို စစ်မှုထမ်းခိုင်းဖို့ ထည့်သွင်း တိုက်တွန်းခဲ့တာပါ။

စစ်မှုထမ်းတွေဟာ အောက်ခြေက လူငမွဲတွေသာပါနေပြီး ရုပ်ရှင်လောကက လူငယ်တွေ တစ်ဦးမျှ စစ်မှုထမ်း မပါဘူးလို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

"ရုပ်ရှင်လောကက အားကောင်းမောင်းသန် ရုပ်ရှင်မင်းသားလူငယ်တစ်ယောက်မှ မပါဘူး။ သူများနိုင်ငံတွေမှာဆို ကြည့်လိုက်ပါဦး။ အဲဒီရုပ်ရှင်လောက၊ ရုပ်ရှင်မင်းသားမင်းသမီးတွေက ပြောရလို့ရှိရင် သာကူးတွေ၊ သာပေါင်းညာစားတွေလို့ပဲ ပြောရမှာ။"လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

ဒါ့ကြောင့် ရုပ်ရှင်အနုပညာရှင်တွေကိုပါ စစ်မှုထမ်းဆင့်ခေါ်ဖို့ အာဏာသိမ်းစစ်တ​ပ်ကို ပေါက်ကိုယ်တော်​က တိုက်တွန်းပြောပါတယ်။

"ဘယ်လူကြီးက သတ္တိရှိပြီး ဆင့်ခေါ်တာလုပ်ရဲလဲ။ သာဓုအကြိမ်ကြိမ်ခေါ်မယ်ဗျာ။ ခင်လှိုင့်သားနေရဲတို့၊ သားနှစ်ယောက်ရှိတယ်ဗျာ။ ခေါ်စမ်း။ ကိုကိုဦးသားတွေ ခေါ်စမ်း။ ...ရုပ်ရှင်မှာ အားကောင်းမောင်းသန် အများကြီးပါ။ ဘယ်လူကြီးဆင့်ခေါ်ရဲလဲ။ ခေါ်ရဲတဲ့လူကြီး ကျုပ်ပြောစမ်းပါဗျာ။ ခေါ်လိုက်စမ်း။ ချီးကျူးမယ်ဗျာ။"လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

အလားတူ ဇာတ်သဘင်လောကက ဇာတ်မင်းသားတွေကိုလည်း စစ်မှုထမ်းဆင့်ခေါ်ဖို့ ပေါက်ကိုယ်တော်က ထပ်မံတိုက်တွန်းပါတယ်။

"စမ်းရေမိုးကတော့ စစ်မှုထမ်းလိုက်ရတယ်။ အောင်ဇမ္ဗူကတော့ စစ်မှုထမ်းလိုက်ရတယ်။ သူရဝင်းထွဋ်ကတော့ စစ်မှုထမ်းလိုက်ရတယ်။ ခင်လှိုင် သားနေရဲတောင်မှ စစ်မှုထမ်းလိုက်ရတယ်။ အာ ငါတို့လည်း ဘာကောင်မို့ ထမ်းရမှာပဲ အဲပုံစံဖြစ်သွားလိမ့်မယ်။"လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

ရုပ်ရှင်မင်းသား၊ မင်းသမီးတွေဟာ ရာထူးကြီးတဲ့သူတွေရဲ့နောက်ခံနဲ့ အခွင့်ထူးတွေ ရယူနေကြပြီး ကုန်ဝယ်ယူခွင့်ပါမစ်တွေလည်း ရရှိနေတယ်လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။ စစ်တပ်ထောက်ခံတဲ့ ပေါက်ကိုယ်တော်ဟာ လိုအပ်ရင် ၎င်းကိုယ်တိုင်ပေါ်တာဆွဲပေးမယ်ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။

စစ်တပ်က ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာဆိုရင် ကွန်ဒိုမှာနေထိုင်သူတွေကအစ စစ်မှုထမ်းဆင့်ခေါ်နေပြီ ဖြစ်ပါတယ်။ ဒေသအသီးသီးမှာလည်း စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်က သေဆုံးမှုများလာပြီး စစ်သားလိုအပ်ချက်ကြောင့် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ရက်စပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်တပ်က အသက်သွင်းခဲ့ပါတယ်။

အပတ်စဉ် တစ်ခုကို လူဦးရေ ၅,၀၀၀ နှုန်းနဲ့ အဓမ္မ တပ်သားသစ်စုဆောင်းနေရာ လက်ရှိမှာ အပတ်စဉ် (၂၈) အထိရောက်နေပြီဖြစ်ပါတယ်။

မြန်မာပြည်တွင်းကလူငယ်တွေဟာ လမ်းမတွေမှာအတင်းအဓမ္မ ဖမ်းဆီးခံနေရတာနဲ့ နေအိမ်ပေါ် တွေအထိပေါ်တာဆွဲခံနေရတာ နေ့စဉ်နဲ့အမျှ ဖြစ်နေပါတယ်။

လူငယ်တွေအနေနဲ့ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ရှောင်ရှားနိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးချက်တွေ မကြာခဏ ထုတ်ပြန်နေပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#လူထုနွေဦး *sSpring #စစ်မှုထမ်းဥပဒေ #ပေါက်ကိုယ်တော် #အနုပညာရှင်များ #မြန်မာ့သတင်း

Address

Boyoke Road
Haka

Website

Alerts

Be the first to know and let us send you an email when The beauty of Chin Hills posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The beauty of Chin Hills:

Shortcuts

Share