22/07/2026
ထိုင်းကို မလာခင်ကတော့
အလုပ်တွေကြိုးစားမယ်၊ ပိုက်ဆံစုမယ်၊ ကိုယ်ရယ်ရွယ်ထားတဲ့ အရင်းအနှီးတွေရရင် မြန်မာနိင်ငံကို ပြန်မယ် ဘာညာနဲ့ စိတ်ကူးထားတာပဲ။☺️
ထိုင်းစရောက်တာနဲ့ အလုပ်လုပ်ဖို့အတွက် အလုပ် စမတ်ကြေး(အလုပ်ရဖို့ အလုပ်သွင်းခ)လားတော့မသိဘူး အဲ့ဒိ အလုပ်စမတ်ကြေး
- အလုပ်တစ်ခုနဲ့ တစ်ခုကမတူတော့ သေချာတော့ပြေားမရဘူး
ထားပါဦး ( ထိုင်းဘတ်ငွေ 3000 )🤨
ထိုင်းမှာ တရားဝင်နေထိုင်ခွင့်မရှိသေးတာရယ် တရားဝင် အလုပ်လုပ်ခွင့် မရှိသေးတာရယ်ကြောင့် ရဲအဖမ်းမခံရအောင် ရဲကြေး ဒီကအခေါ် ပလိပ်ကြေးပေါ့
- အဲ့ဒိ ပလိပ်ကြေးကလဲ တစ်လကို ပုံမှန် (ထိုင်းဘတ်ငွေ 1000 )🙂
ဒါတောင် အခန်းဖိုးဘာညာမပါသေးဘူးနော် အခန်းပေးတယ်ပဲထားဦး။
ဟော အလုပ်လေးရပြီဆိုတော့ မပြီးသေးဘူး
- တရားဝင်နေထိုင်ခွင့်ရအောင် တရားဝင် အလုပ်လုပ်ခွင့်ရအောင် ဘတ်ရိုက်ရမယ်ဆိုတော့ ဘတ်ဖိုးက ထားလိုက်ပါဦး ( ထိုင်းဘတ် 10000 )🫠
အဲ့တာကလဲ ခုပိုက်ဆံပေး ခုတန်းရတာမျိုးမဟုတ်တော့ ဘတ်ရဖို့စောင့်အုန်း ၅လ ၆လ ( ကျနော်ကိုယ်တိုင်လဲ ရောက်တာမကြာသေးတော့ အတိအကျမသိဘူးရယ် )။
- ဟော ဘတ်ရပါပြီတဲ့ ရတဲ့ဘတ်က သက်တမ်းကုန်တော့မှာဆိုတော့ ဘတ်သက်တန်းတိုးဖို့ နောက်ထိုး ( ထိုင်းဘတ် 10000 လား 10000ကျော်လားမသိ ထပ်ပေးရအုန်းမယ် )😫
ထိုင်းကိုစတက်လာတုန်းကလဲ ပိုက်ဆံရှိလို့တက်လာတာ မဟုတ်တော့
ဟိုလူ့စီက အတိုးနဲ့ယူ ဒီလူ့စီက အတိုးနဲ့ယူ ထိုင်းကိုလာတဲ့အကြွေးကမကြေသေးတဲ့အပြင် ဒီရောက်တော့လဲ ဘာကြေး၊ညာကြေး၊ဘာဖိုး၊ညာဖိုးတွေက တစ်ခါထပ်ကုန်။😑
ရောက်ခါစ တစ်နှစ်လောက်ကတော့ ကြက်ဥနဲ့ မာမားခေါက်ဆွဲကို မမုန်းတမ်းစားနေရတာပဲ ဒါတောင်အလုပ်မကောင်းလို့ ပိုက်ဆံအထွက်နည်းရင် ကြက်ဥနဲ့မာမားတောင် နှပ်မမှန်ဘူး🥹
ဒီကြားထဲအလုပ်အဆင်မပြေလို့ အလုပ်ပြောင်းချင်ရင် ကားခ၊အခန်းခ၊အလုပ်စမတ်ခ တွေက တစ်ခါထပ်ကုန်ဦးမယ်။🥹
အဲ့လိုမှန်းသာ အစကတည်းက သိခဲ့ရင် မလာပါဘူး ထိုင်းကို🥹
အဲ့ဒိမှာ အရေးကြီးတာကတော့ 🙋🏻♂️
(ကိုယ်တိုင်က အရက်တွေ၊မူယစ်ဆေးတွေ မလုပ်တဲ့သူဆိုတော့
အဲ့အကြောင်းတော့ မသိဘူး)
🙅🏻♂️ *လောင်းကစားလုံးဝမလုပ်မိစေနဲ့*🙅🏻♂️
ဒီတစ်ခါလောက်စမ်းလောင်းကြည့်အုန်းမယ်။ ရတယ်ဟ မဆိုးဘူး။😁
နောက်နေ့ သွားလောင်းအုန်းမယ်ကွာ ရှုံးတယ်။😅
ဘာဖြစ်လဲ ဘတ်၁၀၀/၂၀၀ ။ ရပါတယ် ဒီလောက်ကတော့ ထပ်လိုက်မယ်ကွာ။ ဒီလိုနဲ့ တစ်ရက် နည်းနည်း နည်းနည်းနဲ့ နောက်ကျ တစ်ဖြည်းဖြည်းသိသာလာတာ ကိုယ့်အိပ်ကပ်ထဲ သုံးစရာ တစ်ဘတ် တောင်မကျန်တော့ဘူး။🥹
အဲ့တာနဲ့ ဟိုက အတိုးနဲ့ချေး၊ ဒီက အတိုးနဲ့ချေး။ ထပ်လိုက် ထပ်ကုန်။🥹
လောင်းကစားကတော့ သိတဲ့အတိုင်းပဲ နိင်တလှည့်ရှုံးတစ်လှည့်ဆိုပေမဲ့ ကိုယ့်လောဘနဲ့ကိုယ် နောက်ဆုံးကျ မွဲတဲ့ ဘူတာပဲဆိုက်တာပါပဲ။
အရင်ကဆို ကိုယ့်လုပ်ခလေးနဲ့ လိုချင်တာလေးဝယ် စားချင်တာလေးဝယ်စားနိင်သေးတယ် ။
လောင်းကစားကို အစလုပ်မိတာ နောက်ဆုံး တစ်ဘတ်စေ့တောင် သုံးစရာမကျန်တဲ့အပြင် အကြွေးတွေက လည်ပင်းနစ်လို့နေရော🥹
#အစမလုပ်ကြပါနဲ့လောင်းကစားကို ကိုယ်တိုင်ကြုံခဲ့ရလို့
ကိုယ့်လို ဒုက္ခ မဖြစ်စေချင်လို့ ပြေားတဲ့စကားပါ။🙏🏻
ခုဒီစာကိုဖတ်နေတဲ့သူတွေလဲ ကိုယ်ကြုံခဲ့ရသမျှ မြိုသိပ်ထားရသမျှနဲ့ ခက်ခဲခဲ့ရသမျှအတွေ့အကြုံတွေရှိရင်လဲ ကောမန့်မှာ ဝင်ရေးပေးခဲ့ပါ။🤗
#ကျနော်ကိုယ်တိုင်ကလဲရောက်တာမကြာသေးတော့ သိသလောက်ကိုပြေားပြတာပါ စာထဲမှာအမှားပါရင်လဲ ခွင့်လွှတ်သည်းခံ ဖတ်ပေးပါ။😊
#ဘာရယ်မဟုတ်ပါဘူး #ကိုယ်တွေ့အကြောင်းအရာ #ထိုင်းရောက်ရွှေမြန်မာ #ရည်ရွယ်ချက်ရည်မှန်းချက် တွေကိုမမေ့ပါနဲ့🤗