ဓမ္မ

ဓမ္မ တကမ္ဘာလုံးမှာအကောင်းဆုံးစာမျက်နှာPage... Online Media.
(1240)

27/07/2026
27/07/2026

လောကမှာ မပြည့်တဲ့ အိုးတွေက ဘောင်ဘင်ခတ် တတ်ပါတယ်။ အဲ့ဒီလို ဘောင်ဘင်ခတ်ရင်းနဲ့ အိုးထဲက အရာတွေ တဖြည်းဖြည်း ကုန်သွားတတ်ပါတယ်။
လူတချို့က ကိုယ့်ကိုယ်ကိုယ် အတော်ဆုံးပါလို့ ထင်မြင်ပြီး တစ်ဖက်သားကို အထင်သေးတတ်ကြတယ်။ အဲ့ဒီလိုလူမျိုးတွေက ခပ်များများပဲ။ ကိုယ့်ထက် မိုးပျံအောင် တော်တတ်နေသူတွေ တပုံကြီးရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။
လူတချို့က ကိုယ့်ကိုယ်ကိုယ် အချမ်းသာဆုံးပါလို့ မှတ်ထင်ပြီး ဆင်းရဲနွမ်းပါးတဲ့ တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်။ ကိုယ့်ထက် ကျပ်ကျပ်တောက် ချမ်းသာသူတွေ ဒုနဲ့ဒေး ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။
လူတချို့က ကိုယ့်ကိုယ်ကိုယ် ပြည့်စုံလွန်းသူလို့ သတ်မှတ်ပြီး တစ်ဖက်သားကို နှာခေါင်းရှုံ့တတ်ကြတယ်။ ကိုယ့်ထက်ပေါများ ပြည့်လျှံသူတွေ အမြောက်အများ ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။
ဘဝမှာ လူတိုင်းကတော့ သူ့အရည်အချင်းနဲ့သူ ရှိကြပါတယ်။ ကိုယ့်မှာ မရှိတဲ့ အရည်အချင်းတွေ သူ့ဆီမှာ ရှိနိုင်သလို သူ့မှာ မရှိတဲ့ အရည်အချင်းတွေလည်း ကိုယ့်ဆီမှာ ရှိနိုင်ပါတယ်။ ဘာမှ မမြဲတဲ့ လောကကြီးမှာ ဘဝကို ပုံသေ တွက်မထားပါနဲ့။
အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဆိုတာ ခေါင်းနဲ့ ပန်းလိုပဲ အနီးဆုံးမှာ ရှိနေတာမို့ ဘယ်သူ့ကိုမှ အနိမ့်နဲ့ အမြင့် မခွဲခြားတာ ကောင်းပါတယ်။
လောကမှာ အမြဲတမ်း အောင်မြင်နေတဲ့သူ မရှိနိုင်သလို အမြဲတမ်း ရှုံးနိမ့်နေတဲ့သူလည်း မရှိပါဘူး။
ထိုနည်းတူစွာ အမြဲတမ်း ချမ်းသာနေမယ်လို့ ပြောလို့မရသလို အမြဲတမ်း ဆင်းရဲနေမယ်လို့လည်း မထင်လိုက်ပါနဲ့။
ဒါကြောင့် ဘယ်သူ့ ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့ လျှော့မတွက်ပါနဲ့။ မပြည့်တဲ့အိုးလို မဖြစ်ပါစေနဲ့။
ကိုယ်က မပြည့်တဲ့အိုး ဖြစ်နေခဲ့ရင်တောင် ဘောင်ဘင် မခတ်အောင် နေတတ်ရမယ်။ လောကမှာ မပြည့်တဲ့ အိုးတွေက တအားကို ဘောင်ဘင် #တရားတော်များနာယူနိုင်ပါစေ #ပါချုပ်ဆရာတော်ဘုရား #စာပေ

27/07/2026

အမျှဝေတဲ့အခါ ဝတ်ကျေတန်းကျေဘဲ လုပ်မိနေတုန်းလား?

နှုတ်ကသာ အမျှဝေနေပြီး တကယ့်စိတ်ကမပါရင်
သင်ပြုခဲ့တဲ့ ကုသိုလ်တွေ စွမ်းအားလျော့ပါးသွားနိုင်တယ်
ဆိုတာ သင်သိပါသလား...

နှုတ်တိုက်ရွတ်ဆိုရုံနဲ့ ပြီးသွားတဲ့ အလေ့အကျင့်...

ကျွန်မတို့တွေ ဘုရားရှိခိုးပြီးလို့ပဲဖြစ်ဖြစ်၊ အလှူအတန်းတစ်ခုခုလုပ်ပြီးလို့ပဲဖြစ်ဖြစ် "အမျှ.. အမျှ. အမျှ..." လို့ အလွယ်တကူ နှုတ်တိုက်အော်ပြီး ဝေလိုက်တတ်ကြပါတယ်။

တကယ်တော့ စိတ်ထဲမှာ စိတ်ထဲမှာ ဘယ်သူတွေကို
ရည်မှန်းပြီး ဝေနေမှန်း သေချာမသိသလို၊ ကိုယ်ပြုလိုက်တဲ့ ကုသိုလ်အပေါ်မှာ သူတစ်ပါးကို ဝမ်းမြောက်စေချင်တဲ့ မေတ္တာစိတ်အစစ်အမှန်လည်း ကပ်မပါသွားတတ်ကြပါဘူး။

ဒါဟာ နေ့စဉ်ဘဝမှာ ဝတ်ကျေဝတ်ကုန် ဖြစ်သွားတတ်တဲ့ မသိစိတ်ရဲ့ အလေ့အကျင့်ဆိုးတစ်ခု ဖြစ်ပါတယ်။

စိတ်မပါတဲ့ အမျှဝေခြင်းရဲ့ နောက်ကွယ်က အမှန်တရား...

ဗုဒ္ဓဘာသာမှာ "ပတ္တိဒါနကုသိုလ်" (မိမိပြုတဲ့ ကုသိုလ်ကို သူတစ်ပါးအား ဝေမျှခြင်း) ဆိုတာ စိတ်စေတနာ ထက်သန်မှုအပေါ်မှာ မူတည်ပါတယ်။

မြတ်စွာဘုရားရှင်က
"စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ"
(ရဟန်းတို့... စေတနာကိုသာ ကံဟု ငါဘုရား ဟောတော်မူ၏) လို့ ဟောကြားခဲ့ပါတယ်။

နှုတ်ကသာ ဝေပြီး စိတ်က မေတ္တာမပါရင်၊ ကုသိုလ်မျှော်လင့်စောင့်စားနေတဲ့ ဝေနေယျသတ္တဝါတွေနဲ့ ပြိတ္တာဘုံသားတွေဟာ သာဓုခေါ်ဖို့ အခွင့်အလမ်း ဆုံးရှုံးရတတ်ပါတယ်။

စေတနာမပါတဲ့ ကုသိုလ်ဟာ စွမ်းအားလည်း အားနည်းသွားတတ်ပါတယ်။

ကုသိုလ်ထပ်ဆင့်ပွားမယ့် အမျှဝေနည်း အမှန်...

အမျှဝေတဲ့အခါ နှုတ်ကတင်မဟုတ်ဘဲ စိတ်ထဲကပါ
သေချာအာရုံပြုပါ။ မိမိပြုထားတဲ့ ကုသိုလ်ကို စိတ်ထဲမှာ ပြန်လည်ကြည်နူးပြီး

"ငါ့ရဲ့ ၃၁ ဘုံသား မိဘဆွေမျိုးတွေအားလုံး ငါနဲ့ထပ်တူကုသိုလ်ရစေချင်ပါတယ်" ဆိုတဲ့ မေတ္တာစိတ်အပြည့်နဲ့
ဖြန့်ဝေပေးပါ။

စက္ကန့်အနည်းငယ်လောက် ငြိမ်သက်ပြီး အာရုံပြုရုံနဲ့တင်သင့်ရဲ့ အမျှဝေခြင်းဟာ မေတ္တာဓာတ်တွေ ကူးစက်ပြီး စွမ်းအားအရှိဆုံး ကုသိုလ်တစ်ခုအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

အားလုံးနေ့စဥ် ကုသိုလ်များ ရရှိကြပါစေ 🙏

မူရင်းရေးသားသူအား လေးစားစွာဖြင့်
ကုသိုလ်ယူ မျှဝေပါသည်...


27/07/2026

"နိဗ္ဗာန်ကိုလိုချင်ရင် သံယောဇဉ်ကိုစွန့်နိုင်ရမယ်"
============================
(ကုမာရကဿ ပမယ်တော်ဝတ္ထု )

သတ္တဝါတွေရဲ့ တမလွန်ဘဝ၊ ပစ္စုပ္ပန်ဘဝ၊ အနာဂတ်ဘဝတွေကို အို နာ သေ ကွဲ ဆင်းရဲခြင်းတွေနဲ့ တုပ်နှောင် တတ်တဲ့အတွက် သံယောဇဉ်လို့ ခေါ်ပါတယ်။

သံယောဇဉ်ဆိုတာ လူတွေရဲ့စိတ်ကို ညစ်ညမ်းမှု၊ လောင်ကျွမ်းမှု၊ ဖိစီး နှိပ်စက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။

သံယောဇဉ်ကို မစွန့် သမျှ နတ်ပြည်သို့ရောက်နိုင်သော် လည်း နိဗ္ဗာန်သို့မရောက်နိုင်ပါဘူး။
သံယောဇဉ်ကိုစွန့်မှသာ နိဗ္ဗာန် သို့ရောက်နိုင်ပါတယ်။

သံယောဇဉ် ဆိုလို့ရှိရင်..
လူတွေက ထင်ကြပါတယ်။ ပစ္စည်းသံယောဇဉ်၊
သား သံယောဇဉ်၊သမီး သံယောဇဉ်ဆိုတော့
ပစ္စည်းကိုစွန့်ရမှာလား၊ သားကို စွန့်ရမှာလား၊
သမီးကို စွန့်ရမှာ လား။ဘယ်ဟာမှ စွန့်စရာ
မလိုပါဘူး။ စွန့်ရမှာကကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့
တွယ်တာမှုကို စွန့်ရမှာပါ။

ဒီနေရာမှာ ဓမ္မပဒကလာတဲ့ ကုမာရကဿ ပမယ်တော် ဝတ္ထုကို ထုတ်ပြချင်ပါတယ်။

ရာဇဂြိုဟ်မြို့မှာ သူဌေးသမီး တစ်ဦးရှိပါတယ်။ အရွယ်ရောက်တဲ့ အခါ အိမ်ထောင်သားမွေးမပြုလုပ် လိုဘူး။သာသနာ့ဘောင်ဝင်ရောက် ပြီး ရဟန်းမအဖြစ် ပြုလိုစိတ်ရှိ၏။ မိဘများထံ ခွင့်ပန်သော်လည်း ခွင့် မပြုပဲ မိဘများကအရွယ်မနှောင်း ခင် အိမ်ထောင်ချပေးလိုက်ပါတယ်။

အဲ့ဒီသူဌေးသမီးဟာ အိမ် ထောင်ရက်သားကျသွားသော်လည်း ရဟန်းမ ဖြစ်လိုစိတ် ရှိနေသူဖြစ်နေ လေသည်။ ထိုသို့အိမ်ထောင်ကျ ပြီးမှ အခွင့်သာသောတစ်နေ့တွင် လင် ယောကျာ်းထံ ခွင့်ပန်သောအခါ ခွင့်ပြုချက်ရလေတော့၏။
သို့ဖြင့် ဒေဝဒတ်ဂိုဏ်းအဖွဲ့ အစည်း၌ရဟန်းမအဖြစ်ပြုလေ၏။ လူ့ဘဝတွင် ကိုယ်ဝန် ရှိခဲ့ခြင်းကို မသိခဲ့ရှာသော ထိုရဟန်းမသည် ရဟန်းမအဖြစ်သို့ရောက်ပြီး မကြာမီ မှာပင် ကိုယ်ဝန်ပေါ်လာတော့၏။ဒေဝဒတ်က မစူးစမ်းမဆင်ခြင်ဘဲ လူဝတ်လဲရမည်ဆိုသဖြင့် မြတ်စွာ ဘုရားရှင်ထံသို့ ရောက်ရှိသွားလေ သည်။

မြတ်စွာဘုရားရှင်သည် ရဟန်းမ၏ကိုယ်ဝန်မှာ လူ့ဘဝက ပါလာသောကိုယ်ဝန်ဖြစ်သည်ကို သိတော်မူသော်လည်း အများသူငါ လက်ခံယုံကြည်စေရန် ကောသလ မင်းကြီးနှင့်တကွ အနာထပိဏ် သူဌေး၊ ဝိသာခါကျောင်းအမ စသည့် ထင်ရှားသော ပုဂ္ဂိုလ်များကို ခေါ်ယူ စည်းဝေးစုံစမ်းစေ၍ ဝိနည်းဥပဒေ၌ ဧတဒဂ်ရသူ အရှင်ဥပါလိကို ဆုံးဖြတ်စေ၏။ လူ့ဘဝက ပါလာ သော ကိုယ်ဝန်ဖြစ်၍ ရဟန်းမ ဘဝဖြင့်ပင် ကလေးမွေးစေ၏။ ထိုရဟန်းမက မွေးသည့်ကလေးမှာ သားယောကျာ်းလေးဖြစ်၏။
ထိုကလေးကို ကောသလ မင်းကြီးကမွေးစား၍ နန်းတော်တွင်း ၌ ကြီးပြင်းစေ၏။ အမည်မှာကုမာရ ကဿပဟု အမည်တွင်၏။ ထို သူငယ် ခုနစ်နှစ်သားအရွယ်၌ သာသနာ့ဘောင် ဝင်ရောက်၍ ရှင်သာမဏေပြု၏။ တစ်နေ့တွင် ဇေတဝန်ကျောင်းအနောက်ဘက်၌ ရှိသော အန္ဓဝန်တောအုပ်အတွင်း တရားအားထုတ်နေစဉ် ကဿပ ဘုရားရှင်လက်ထက်က တရား အားထုတ်ဖက်ဖြစ်၍ သုဒ်ဓါဝါသဘုံ၌ ဖြစ်နေသူ အနာဂါမ်အရိယာ ဗြဟ္မာ ကြီးလာရောက်ပြောပြသောတောင်ပို့ ဥပမာ၊ ဝမ္မိကသုတ်ဒေသနာ (ဗြဟ္မာပြောသော ပုံပြင်) ဖြင့် ကုမာရ ကဿပသည် ရဟန္တာအဖြစ်သို့ ရောက်ရှိလေ၏။

ထိုသို့ရဟန္တာဖြစ်သည့်အချိန် တွင် အရှင်ကုမာရကဿပသည် အသက် (၁၂)နှစ်အရွယ် ရှိနေပြီ ဖြစ်၍ အရှင်ကုမာရကဿပသည် ရဟန္တာဖြစ်သွားသော်လည်း မယ်တော်ကြီး (ရဟန်းမ)သည် ကုမာရကဿပကို မွေးဖွားပြီးချိန်မှ စ၍ ခွဲခွာနေရသည့် (၁၂)နှစ်လုံးလုံး သားစိတ် သားသံယောဇဉ်ကို မစွန့် နိုင်သဖြင့် တရားအလုပ်ကို မလုပ် နိုင်။ တမှိုင်မှိုင်တတွေတွေနှင့် နေ့နေ့ ညညပင် မျက်ရည်နှင့်မျက်ခွက် ဖြစ်နေရလေ၏။

တစ်နေ့တွင် ဆွမ်းခံကြွလာ သော အရှင်ကုမာရကဿပကို အဝေးမှ လှမ်းမြင်လိုက်ရသဖြင့် မယ်တော်ကြီး(ရဟန်းမ)သည်အပြေး အလွှားလိုက်၏။ ခလုတ်တိုက်မိပြီး ဟပ်ထိုးလဲကျသွား၏။ ကပျာကယာ ပြန်ထပြီး ဖုန်ခါ ချွေးသံရွှဲရွှဲဖြင့် အပြေးအလွှားလိုက်ပြန်၏။
ထိုသို့ဖြစ်နေသည်ကို အရှင် ကုမာရကဿပ သိတော်မူ၏။ မယ်တော်ကြီးကိုကြည်ကြည်သာသာ ဆက်ဆံလိုက်လျှင် သားသံယောဇဉ် ကို စွန့်မည်မဟုတ်။ မည်သို့မျှ နိဗ္ဗာန် မရောက်နိုင်။မာမာထန်ထန် ဆက်ဆံ မှသာလျှင် သားသံယောဇဉ်ကိုစွန့်ပြီး နိဗ္ဗာန်ရောက်နိုင်မည်ကို သိတော် မူသောကြောင့် အနီးသို့ ရောက်လာ သောမယ်တော်ကြီးကို-
"ခင်ဗျားကြီး ပျာယိပျာယာနဲ့ ဘာဖြစ်နေတာလဲ၊ ခင်ဗျားကြီးပဲ နိဗ္ဗာန်လိုချင်တယ်ဆိုပြီး သာသနာ့ ဘောင်ဝင်လို့ ရဟန်းမ ဝတ်ပြီးတော့ မှ ဒီသံယောဇဉ်လေးကို မဖြတ်နိုင်ဘူးလား"ဟု ခပ်မာမာပြောလိုက်၏။

သားဖြစ်သူက သူထင်သလို ကြည်ကြည်သာသာမဟုတ်၊ မာမာ ထန်ထန်ပြောဆိုခံရသောမယ်တော် ကြီးသည် ချစ်စိတ်ကို နာစိတ်နှင့် ဖျောက်သလို အရှင်ကုမာရကဿပ အပေါ် ချစ်စိတ်သံယောဇဉ်တွေ ပျောက်ကုန်တော့၏။
"ငါ့သား၊ မင်းက မာလှချည် လား၊ ငါ့မှာတော့ (၁၂)နှစ်လုံးလုံး မင်းစိတ်မင်းသံယောဇဉ်နဲ့ တရား အလုပ်မလုပ်နိုင်၊တမှိုင်မှိုင်တတွေတွေ ဖြစ်ပြီး နေ့စဉ်မျက်ရည်နဲ့မျက်ခွက် ဖြစ်ခဲ့ရတယ်။ မင်းက အမေဆိုတဲ့ မိခင်တစ်ယောက်ကို ဂါရဝေါစ တရားမထားဘဲ ကြည်ကြည်သာသာ မပြောဆိုဘူး၊ မာမာထန်ထန် ပြော ရက်တယ်။ ဒီနေ့ကစပြီး မင်းလို သားတစ်ယောက်အတွက်နဲ့ အမေ့ မျက်ရည် ဘယ်တော့မှအကျမခံ တော့ဘူး"

ထိုသို့ပြောဆိုလျက် မယ်တော်ကြီးသည် ကျောင်းသို့ပြန်လာပြီး ကမ္မဋ္ဌာန်းဆောင်အတွင်းသို့ ဝင်၍ သတိ ဝီရိယ ဥာဏ်ပညာဖြင့် ခန္ဓာ အရှိနှင့် ဥာဏ်အသိကိုက်ညီစေရန် ရှုမှတ်လိုက်သည့်အတွက် ထိုနေ့မှာ ပင် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်သို့ ဆိုက်ရောက်တော့၏။

ဓမ္မမိတ်ဆွေအပေါင်းတို့လည်း မိမိတို့ကို (၃၁)ဘုံဘဝသံသရာမှ လွတ်ထွက်မသွားအောင် ချည်နှောင် တတ်သည့် သံယောဇဉ်ကြိုးများကို ဖြတ်နိုင်အောင် ကြိုးစားအားထုတ် နိုင်ကြပါစေကုန်သတည်း။

🙏🙏🙏အပ်ပမာဒနေ သမ်ပာဒထေ🙏🙏🙏
(ကူးယူမျှဝေ ဓမ္မဒါနပြုပါသည်)

ဓမ္မဒါနအဖြစ်ပြန်လည်မျှဝေပါသည်
#ထွန်းထွန်း ဧရာဝတီ

27/07/2026

ကျွန်တော်တို့နဲ့ အလွှာ (Dimension) မတူတဲ့ နေရာတစ်ခုမှာ မျက်စိနဲ့မမြင်ရပေမယ့် တကယ်ရှိနေပြီး ကျွန်တော်တို့ရဲ့ဘဝကို နောက်ကွယ်ကနေ ခြယ်လှယ်နိုင်တဲ့ နာမ်လောကသားတွေ ရှိတယ်။

ဧရာမ အရိပ်မည်းကြီးတွေလို ကြောက်မက်ဖွယ် သတ္တဝါကြီးတွေပေါ့။

သူတို့မှာ ကျွန်တော်တို့လို ရုပ်ခန္ဓာကိုယ် မရှိဘူး။

နာမ်ခန္ဓာကိုယ်ပဲရှိတယ်။

ဒါပေမယ့် ရေဘဝဲတွေ ၊ ရေခူတွေ လိုပဲ သူတို့ဆီကနေ ဖြာထွက်နေတဲ့ မရေမတွက်နိုင်တဲ့ "စွမ်းအင်ကြိုးတန်း (Energy Cords)" တွေ ရှိတယ်။

အဲဒီကြိုးတန်းတွေဟာ လောကနှစ်ခုကြားကနေ ဖြတ်သန်းပြီး...

လူသားတွေရဲ့ ဦးနှောက်၊ စိတ် (Mind) နဲ့ မဖြေရှင်းရသေးတဲ့ စိတ်ဒဏ်ရာ (Trauma) တွေ ရှိနေတဲ့ နေရာတွေဆီကို တိတ်တဆိတ် လာချိတ်ဆက်ထားကြတယ်။

ဘာလို့ အဲဒီနေရာတွေကိုပဲ ရွေးချယ်ပြီး ချိတ်ဆက်ထားတာလဲဆိုတော့ အဲဒီနေရာတွေက စွမ်းအင်အများဆုံး ယိုစိမ့်ထွက်နိုင်တဲ့ နေရာတွေ ဖြစ်နေလို့ပါ။

ဒါဆို သူတို့ဘာအတွက် ဒီလို လာချိတ်ဆက်ထားတာလဲ ❓

အဖြေက ရိုးရှင်းပါတယ်။ "အစာ" လိုချင်လို့ပါ။

သူတို့ဟာ ကျွန်တော်တို့လို ထမင်းစား၊ ရေသောက်ပြီး အသက်ရှင်ကြတာ မဟုတ်ဘူး။

သူတို့ရဲ့ အဓိက အသက်ဆက်စရာ အစားအစာဟာ...

လူတွေဆီက ထွက်လာတဲ့ "Negative Energy (အနုတ်လက္ခဏာဆောင်တဲ့ စွမ်းအင်)"တွေပဲ ဖြစ်တယ်။

ဒေါသ၊ အမုန်းတရား၊ ဝမ်းနည်းပူဆွေးမှု၊ ကြောက်ရွံ့မှု၊ သွေးပျက်မှု၊ နဲ့ လွန်ကဲတဲ့ နာကျင်မှု...

ဒီလို လေးလံပူလောင်တဲ့ စွမ်းအင် (Low Frequency Energy) တွေကို စုပ်ယူစားသောက်ပြီး သူတို့ ရှင်သန်ကြရတာပါ။

သူတို့က ကျွန်တော်တို့ကို အဆိုးမြင်စိတ်တွေ ဝင်လာအောင် လုပ်နိုင်ပြီဆိုတာနဲ့ သူတို့အတွက် ပွဲတော်တည်လို့ ရသွားပါပြီ။

ဒီနေရာမှာ အဆိုးဆုံးက သူတို့ဟာ ခုနက ချိတ်ဆက်ထားတဲ့ စွမ်းအင်ကြိုးတန်းတွေကနေ တစ်ဆင့် လူတွေရဲ့ စိတ်ထဲကို...

မကောင်းတဲ့ အတွေးတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ ရက်စက်ချင်တဲ့ စိတ်တွေ ကို တိတ်တဆိတ် ထည့်သွင်းပေးတာပါပဲ။

ဒါပေမယ့် အဲဒီအတွေးဟာ သူတို့ရဲ့အသံနဲ့ မလာပါဘူး။

ကျွန်တော်တို့ရဲ့ခေါင်းထဲကနေ ကိုယ့်ရဲ့ ကိုယ်ပိုင်အသံလို ဟန်ဆောင်ပြီး လာပါတယ်။

ဒါကြောင့်ပဲ ကျွန်တော်တို့က အဲဒီအတွေးတွေကို "ငါ့အတွေး" လို့ ထင်သွားကြတယ်။

ဒါကပဲ သူတို့ရဲ့ အကြီးမားဆုံး လှည့်စားမှု ဖြစ်ပါတယ်။

သူတို့က ကိုယ့်ရဲ့အတွေးတွေလို ဟန်ဆောင်ပြီး... ကိုယ့်ရဲ့စိတ်ကို ကိုယ့်လက်နဲ့ ပြန်ဖျက်ဆီးအောင် လုပ်တာပါ။
...

ရုတ်တရက် အကြောင်းမဲ့ ဒေါသတွေ အကြီးအကျယ် ထွက်လာတာ...

လူအချင်းချင်း အကြောင်းမဲ့ သတ်ဖြတ်ချင်လာတာ၊ ရက်စက်ချင်တာ...

လောကကြီးမှာ ဆက်မနေချင်လောက်အောင် စိတ်ဓာတ်တွေ အောက်ဆုံးထိ ထိုးကျသွားတာ...

"ငါ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး"၊ "ငါနဲ့ မတန်ပါဘူး" လို့ ကိုယ့်ကိုယ်ကိုယ် အထင်သေးလာတာ...

သေသေချာချာ မှတ်ထားပါ။

ဒါတွေဟာ ကျွန်တော်တို့ရဲ့ ပင်ကိုယ်စိတ် အစစ်အမှန် မဟုတ်ပါဘူး။

အဲဒီ နာမ်လောကသားတွေက ကျွန်တော်တို့ဆီကနေ Negative Energy တွေ ထွက်လာအောင် နောက်ကွယ်ကနေ "ခလုပ်နှိပ်" ပေးလိုက်တာ ဖြစ်ပါတယ်။

လူတွေ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြ၊ စစ်ပွဲတွေဖြစ်ကြ၊ ရက်ရက်စက်စက် သတ်ဖြတ်ကြတဲ့ အချိန်မှာ...

လူ့လောကကြီး တစ်ခုလုံးဟာ နာကျင်မှုတွေ၊ အမုန်းတရားတွေ (Massive Negative Energy) နဲ့ ပြည့်နှက်သွားပါတယ်။

အဲဒီအချိန်ဟာ ကျွန်တော်တို့ လူသားတွေအတွက် ကပ်ဘေးကြီး ဆိုက်နေတဲ့ အချိန်ဖြစ်ပေမယ့်...

မမြင်ရတဲ့ လောကက အဲဒီ သတ္တဝါကြီးတွေ အတွက်ကတော့ အကြီးအကျယ် ပွဲတော်တည်ပြီး စားသောက်နေကြတဲ့ ဧရာမ ဘူဖေး (Buffet) စားသောက်ပွဲကြီး ဖြစ်နေပါတယ်။

ဒါပေမယ့်... သူတို့ဟာ အဲဒီဘူဖေးကြီး ရောက်လာတာကို ထိုင်စောင့်နေကြတဲ့ သတ္တဝါတွေ မဟုတ်ပါဘူး။

အစာရဖို့အတွက် ဘယ်လိုအခြေအနေတွေကို ဖန်တီးရမလဲဆိုတာ သိရှိနားလည်ပြီး၊ အဲဒီအခြေအနေတွေကို ကိုယ်တိုင် ဖန်တီးနိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက သူတို့မှာလည်း သူတို့အဆင့်နဲ့သူ ဉာဏ်ရည်ရှိကြတယ်။

ဘာက ကျွန်တော်တို့ရဲ့ စွမ်းအင် (Frequency) ကို မြင့်တက်စေမလဲ၊ ဘာက ကျဆင်းစေမလဲဆိုတာ သူတို့ ကောင်းကောင်းသိတယ်။

ဒါပေမယ့် သူတို့က အဲဒီလို လူတွေရဲ့ အမုန်းတရားနဲ့ နာကျင်မှုတွေကို စားသုံးရုံနဲ့ သူတို့ကျေနပ်သွားတာ မဟုတ်ပါဘူး။

သူတို့အတွက် အကောင်းဆုံး အစာက... လူတစ်ယောက်ရဲ့ စိတ်ကို အချိန်ကြာကြာ အမှောင်ထဲမှာ ထားနိုင်ခြင်းပါ။

ဘာကြောင့်လဲဆိုတော့... လူတစ်ယောက်ဟာ ပိုပြီး ကြောက်လာလေလေ၊ ပိုပြီး ဒေါသထွက်လာလေလေ၊ ပိုပြီး အားလျော့လာလေလေ... အဲဒီစွမ်းအင်တွေ ပိုပြီး ထွက်လာလေလေ ဖြစ်လို့ပါ။

ဒါကြောင့် သူတို့ဟာ လူတွေကို ရန်ဖြစ်အောင်လုပ်ရုံနဲ့ မရပ်ပါဘူး။

လူတစ်ယောက်က သူ့ဘဝကို ပြန်တည်ဆောက်တော့မယ်ဆိုတဲ့အချိန်မှာတောင်... အဲဒီလူကို ပြန်ပြီး နောက်ဆွဲထားဖို့ ကြိုးစားကြပါတယ်။

ကျွန်တော်တို့ဟာ ကိုယ့်အတွက်ဖြစ်ဖြစ်၊ သူများအတွက်ဖြစ်ဖြစ် စွမ်းအင်မြင့်တက်စေမယ့် ကောင်းမွန်တဲ့ အလုပ်တစ်ခုကို စလုပ်တော့မယ်ဆိုပါစို့။

ဥပမာ - ကျွန်တော်တို့ လေ့ကျင့်ခန်းလုပ်ဖို့ ပြင်နေတယ်။ ဒါမှမဟုတ် အရေးကြီးတဲ့ ကောင်းတဲ့အလုပ်တစ်ခုကို အာရုံစိုက်လုပ်တော့မယ်။

အဲဒီအချိန်မှာ... "အာ... မလုပ်ချင်တော့ပါဘူး"၊ "ဒီနေ့တော့ နားလိုက်ပါမယ်" ဆိုတဲ့ ဆင်ခြေတွေ၊ ပျင်းရိတဲ့စိတ်တွေ အလုံးအရင်းနဲ့ ဝင်လာတတ်ပါတယ်။

တစ်ခါတလေ ခန္ဓာကိုယ်ကြီး ရုတ်တရက် လေးလံထိုင်းမှိုင်းသွားပြီး တကယ်ပဲ နေမကောင်းသလိုလို ခံစားလာရတတ်ပါတယ်။

သူတို့က ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာကိုယ်ပေါ်မှာပါ လွှမ်းမိုးပြီး ဆန့်ကျင်ဘက် တုံ့ပြန်မှုတွေ (Resistance) ဖန်တီးပစ်လိုက်တာပါ။

ဒီလို ဆန့်ကျင်ချင်တဲ့စိတ်တွေ ဝင်လာတာဟာ ကျွန်တော်တို့အတွက်တော့ စမ်းသပ်မှုတစ်ခု ပါပဲ။

အထူးသဖြင့်... ကျွန်တော်တို့ဘဝကို တကယ်တိုးတက်စေမယ့် အလုပ်တစ်ခုကို စလုပ်တော့မယ့်အချိန်မှာ ပေါ်လာတဲ့ Resistance တွေက ပိုပြီး ထူးဆန်းပါတယ်။

မနေ့ကအထိ မလုပ်ချင်ခဲ့တဲ့ အရာမဟုတ်ဘဲ...

ဒီနေ့မှ စလုပ်တော့မယ်ဆိုတဲ့အချိန်မှာ ရုတ်တရက်

"မလုပ်ချင်တော့ဘူး"

"နောက်နေ့မှလုပ်မယ်"

"ငါလုပ်လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူး"

ဆိုတဲ့ အသံတွေက ရုတ်တရက် ပေါ်လာပါတယ်။

တကယ်လို့ အဲဒီနေရာမှာ ကျွန်တော်တို့သာ မကောင်းတဲ့အလုပ်၊ မှားယွင်းတဲ့ အလုပ်တစ်ခုကို လုပ်နေတာဆိုရင် ဒီလောက် ပြင်းထန်တဲ့ ဆန့်ကျင်ချင်စိတ်တွေ ပေါ်လာမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီး၊ ကျွန်တော်တို့ရဲ့ ဘဝကို မြှင့်တင်ပေးမယ့် အလုပ်ကို လုပ်တော့မယ်ဆိုတာ သေချာနေလို့သာ သူတို့က အပြင်းအထန် လာတားဆီးနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်... သူတို့ရဲ့ အစွမ်းက အကန့်အသတ်မရှိတာမဟုတ်ပါဘူး။

သူတို့ဟာ ကျွန်တော်တို့ရဲ့ အတွေးတွေကို လွှမ်းမိုးနိုင်ကောင်း လွှမ်းမိုးနိုင်ပါလိမ့်မယ်။

ဒါပေမယ့်... ကျွန်တော်တို့က အဲဒီအတွေးကို အမှန်တရားလို့ မယုံတော့တဲ့အချိန်မှာ သူတို့ရဲ့ အာဏာက စတင်ပြီး ပျောက်ကွယ်လာပါတယ်။

ဒါဆိုသူတို့ကို ဘယ်လို နှိမ်နင်းမလဲ ❓

သူတို့က သွေးစုပ်ဖုတ်ကောင် (Vampires) တွေနဲ့ တူပါတယ်။

အမှောင်ထုနဲ့ အဆိုးမြင်စွမ်းအင်ကိုပဲ စားသုံးနိုင်ပြီး၊ အလင်းရောင်နဲ့တူတဲ့ မြင့်မားတဲ့ စွမ်းအင်ကြိမ်နှုန်း (High Frequency) ထဲမှာ သူတို့ လုံးဝ အတူတွဲပြီး မနေနိုင်ပါဘူး။

ဒါကြောင့် သူတို့ကို တိုက်ထုတ်ဖို့ နည်းလမ်းက ရှုပ်ထွေးခက်ခဲမနေပါဘူး။

ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ပြန်ပြီး ကိုယ့်လက်ထဲ ပြန်ယူရပါမယ်။

ပျင်းရိလေးလံနေတဲ့စိတ်ကို ဂရုမစိုက်ဘဲ ဇွတ်တွန်းထွက်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်း (Cardio) တွေ လုပ်ပစ်လိုက်ပါ။

ရေအေးအေးနဲ့ ရေချိုးပစ်လိုက်ပါ။

အစာရှောင်ခြင်း (Fasting) လုပ်ပါ။

ကိုယ့်ရဲ့ သတိ (Mindfulness) ကို အပြည့်အဝ ကပ်ထားပါ။

ဒီလို လုပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေရဲ့ လှုပ်ရှားမှုက လျင်မြန်တက်ကြွသွားပြီး ကျွန်တော်တို့ရဲ့ Frequency ဟာ အမြင့် ရောက်သွားပါလိမ့်မယ်။

အဲဒီအချိန်မှာ အဲဒီ ကောင်တွေဟာ ကျွန်တော်တို့နဲ့ ဆက်ပြီး ချိတ်ဆက်မနေနိုင်တော့ဘဲ ထွက်ပြေးသွားပါတော့တယ်။

ဒါကြောင့်...

နောက်တစ်ခါ ကိုယ့်စိတ်ထဲမှာ ရုတ်တရက် အကြောင်းမဲ့ ဒေါသတွေ ထွက်လာတိုင်း...

လွန်ကဲစွာ ဝမ်းနည်း ကြောက်ရွံ့လာတိုင်း...

ကောင်းတဲ့အလုပ်တစ်ခု လုပ်ဖို့ ပြင်နေချိန်မှာ ဆင်ခြေတွေပေးပြီး ပျင်းရိလေးလံလာတိုင်း...

ခဏလေး ရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။

"ဒါ ငါ့ရဲ့ တကယ့် အတွေးအစစ်အမှန်ပဲလား...

ဒါမှမဟုတ် မမြင်ရတဲ့ တစ်ကောင်ကောင်က ငါ့ဆီက Energy ကို စားချင်လို့ ငါ့ကိုယ်ပိုင်အသံလို ဟန်ဆောင်ပြီး ခေါင်းထဲ အတွေးလာထည့်ပေးနေတာလား ❓"

--
မှတ်ချက်။ ။

ဒီအကြောင်းအရာတွေဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ တွေးခေါ်မှုတွေသာ ဖြစ်တဲ့အတွက် လက်တွေ့ သက်သေပြဖို့တော့ ခက်ခဲပါလိမ့်မယ်။

ဒါကြောင့် ဒီအကြောင်းအရာတွေဟာ ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ မကိုက်ညီဘူးဆိုရင် လွတ်လွတ်လပ်လပ် ကျော်သွားနိုင်ပါတယ်။

မကြိုက်ဘူးဆိုရင်လည်း . လုပ်ထားနိုင်ပါတယ်။

ဒါတွေကို ယုံဖို့လည်း မလိုပါဘူး။

မယုံဖို့လည်း မလိုပါဘူး။

ဖတ်ပါ။

စဉ်းစားပါ။

ပြီးရင် ကိုယ်တိုင် ဆုံးဖြတ်ပါ။

Credit.

မူလတင်ပြသူရဲ့ကုသိုလ်သာ။

27/07/2026

စေတနာဆိုတာ ဘာလဲ။
စေတနာဆိုတာ တိုက်တွန်း နှိုးဆော်တတ်တဲ့ သဘောလေးကို စေတနာလို့ ပြောတာ။ ကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အပြော၊ ကောင်းတဲ့ အတွေးတွေကို လုပ်ဖြစ်၊ ပြောဖြစ်၊ တွေးဖြစ်သွားအောင် အဲဒီအတွင်းကနေ တိုက်တွန်း နှိုးဆော်နေတဲ့ သဘောလေး ရှိတယ်။ အဲဒါ စေတနာပဲ။ ကောင်းတဲ့စေတနာပေါ့။

အဲဒီစေတနာက ကောင်းတဲ့အလုပ်၊ ကောင်း တဲ့အပြော၊ ကောင်းတဲ့အတွေးတွေကို လုပ်ဖြစ်၊ ပြောဖြစ်၊ တွေးဖြစ်အောင် တိုက်တွန်းတဲ့အတွက်ကြောင့် သူ့ကို “ကုသိုလ်ကံ”လို့ ခေါ်တယ်။ သူ့မှာ ချမ်းသာ သုခမျိုးစုံနဲ့ ဘဝကောင်းတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည် သတ္တိအပြည့် ရှိတယ်။

မကောင်းတဲ့ အပြော၊ မကောင်းတဲ့ အလုပ်၊ မကောင်းတဲ့အတွေးတွေကို လုပ်ဖြစ်၊ ပြောဖြစ်၊ တွေးဖြစ်သွားအောင် အတွင်းကနေ တိုက်တွန်း နှိုးဆော်တဲ့ စေတနာလည်း ရှိတယ်။

အဲဒီ စေတနာကိုတော့ “အကုသိုလ်ကံ”လို့ ပြောတယ်။ ဆင်းရဲ ဒုက္ခမျိုးစုံနဲ့ မကောင်းတဲ့ဘဝမျိုးကို ဖန်တီးနိုင်တဲ့ စွမ်းရည်သတ္တိအပြည့်ရှိတယ်။

ကုသိုလ်ကံ၊ အကုသိုလ်ကံလို့ ပြောရင် အဲဒီ “မြင့်မြတ်တဲ့စေတနာ” နှင့် “ယုတ်ညံ့တဲ့စေတနာ”ထိမြင်အောင် စဉ်းစားတတ်ရမယ်။

ဒီ စေတနာက တစ်မျိုးမဟုတ် တစ်မျိုး ဖြစ်နေမှာ။ အကောင်းမဟုတ်ရင် အဆိုး၊ အဆိုး မဟုတ်ရင် အကောင်း ဖြစ်နေမှာ။
အဲဒီစေတနာရဲ့ စွမ်းရည်သတ္တိကို ကောင်းကောင်း နားလည်ပြီးတော့ စဉ်းစားတတ်တာကို “ယောနိသော မနသိကာရ”။

အဲဒီ အတွေးကောင်းသာ ရှိမယ်ဆိုရင်
တော် ရုံတန်ရုံ အကုသိုလ် မဖြစ်တော့ဘူး။
မကောင်းတဲ့ စိတ်တွေဖြစ်ရင် ငါ ဒုက္ခရောက်မှာပဲ။ ကောင်းတဲ့ စိတ်တွေကမှ ချမ်းသာစေမှာ။

အဲဒီလို ဆိုလို့ရှိရင် မကောင်းတာက ဖြစ်ဖို့ သိပ်မလွယ်ဘူး။ ကောင်းတာ ဖြစ်ဖို့အတွက် အရမ်း လွယ်ကူသွားတယ်။ ဒါကြောင့် အခြေခံ ယောနိသော မနသိကာရကို ခိုင်မာအောင် ကြိုးစားရမယ်။

တရားနိဒါန်းအစလေးက ဒီသဘောကို ပြော တာ။ ရုပ်က ပြင်ဖို့ မလွယ်ဘူး။ ဘယ်လောက်ပြင်ပြင် ပြီးရင် သွားမှာပဲ။ စိတ်ကတော့ အရည်အသွေး တက်လာအောင် လုပ်လို့ရတယ်။ ပိုကောင်းလာအောင် လုပ်လို့ ရတယ်။ စိတ်ကို ဆုံးမချင်တယ်၊ စိတ်ကို အရည်အသွေး ရှိချင်တယ်ဆိုရင် ဘာနဲ့ လုပ်မလဲ။ ယောနိသော မနသိကာရနဲ့ လုပ်ရမှာ။

#အရှင်ဉတ္တမ ( သစ္စာရွှေစည်)

🙏✨ ဤပို့စ်ကို ဖတ်ရှုရသော ဓမ္မမိတ်ဆွေများအားလုံး ကောင်းသောတရားအသိဉာဏ်များ တိုးပွားပြီး ကုသိုလ်၊ပညာ၊ဥစ္စာ တစ်ခုခု ရရှိကြ၍ ကိုယ်စိတ်နလုံးငြိမ်းအေးနိုင်ကြပါစေ။

27/07/2026

❝ ဗုဒ္ဓါနုဿတိဘာဝနာ ❞

ဗုဒ္ဓါနုဿတိဘာဝနာဟာဘာဝနာတရားတွေထဲမှာ …
အမြင့်ဆုံး အသာဆုံး အမြတ်ဆုံး
ဘာ၀နာဖြစ်ပါတယ်။

ဗုဒ္ဓါနုဿတိကို ပွားများသူရဲ့စိတ်ဟာ
လိုတရနိုင်ပါတယ်လို့…
သုဘူတိအပဒါန်မှာ မိန့်တော်မူပါတယ်။

(ဆောင်)

ငါ၏စိတ်တွင်၊ လောဘဝက
ဝလာလောဘ၊ အနိုင်ရအောင်
လောဘကင်းစင်၊ ဘုရားရှင်ကို
ငါလျှင်ကြည်ညိုမိပါ၏။

ငါ၏စိတ်တွင်၊ ဒေါဝက
ဝလာဒေါသ၊ အနိုင်ရအောင်
ဒေါသကင်းစင်၊ ဘုရားရှင်ကို
ငါလျှင်ကြည်ညိုမိပါ၏။

ငါ၏စိတ်တွင်၊ မောဟဝက
ဝလာမောဟ၊ အနိုင်ရအောင်
မောဟကင်းစင်၊ ဘုရားရှင်ကို
ငါလျှင်ကြည်ညိုမိပါ၏။

ငါ၏စိတ်တွင်၊ မာနဝက
ဝလာမာန၊ အနိုင်ရအောင်
မာနကင်းစင်၊ ဘုရားရှင်ကို
ငါလျှင်ကြည်ညိုမိပါ၏။

( တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက မင်းကွန်းဆရာတော်ဘုရားကြီး )

27/07/2026

“ကိုယ့်လောကနဲ့ ကိုယ်ပါပဲ”
~~~~~~~~~~~~~~~~~~~
#လိုချင်တာတွေ မဲနေသမျှ၊
မလိုချင်တာတွေလည်း တွဲနေဦးမှာပဲ။

#တွယ်တာမှုတွေနဲ့ စွဲနေသမျှ
ပယ်ခွာမှုတွေနဲ့ ခွဲနေရဦးမှာပါပဲ။

#ပိုင်ဆိုင်မှုတွေနဲ့ ပြုံးနေသမျှ
ပျက်ဆီးမှုတွေနဲ့ ဆုံးနေရဦးမှာပါပဲ။

#အကောင်းအဆိုး အလုပ်တွေ ရှိနေသမျှ
အကြောင်းအကျိုး အထုပ်တွေလည်း ရှိနေဦးမှာပဲ။

#ကိုယ့်သံသရာ အဆက်ပြတ်ဖို့အတွက်
ကိုယ့်ကံကိုပဲ ကိုယ်ဖြတ်ကြရာမှာပါပဲပေါ့။

မနာပဒါယီ အရှင်ဝိစိတ္တ
(ကိုရီးယားဆရာတော်)“ကိုယ့်လောကနဲ့ ကိုယ်ပါပဲ”
~~~~~~~~~~~~~~~~~~~
#လိုချင်တာတွေ မဲနေသမျှ၊
မလိုချင်တာတွေလည်း တွဲနေဦးမှာပဲ။

#တွယ်တာမှုတွေနဲ့ စွဲနေသမျှ
ပယ်ခွာမှုတွေနဲ့ ခွဲနေရဦးမှာပါပဲ။

#ပိုင်ဆိုင်မှုတွေနဲ့ ပြုံးနေသမျှ
ပျက်ဆီးမှုတွေနဲ့ ဆုံးနေရဦးမှာပါပဲ။

#အကောင်းအဆိုး အလုပ်တွေ ရှိနေသမျှ
အကြောင်းအကျိုး အထုပ်တွေလည်း ရှိနေဦးမှာပဲ။

#ကိုယ့်သံသရာ အဆက်ပြတ်ဖို့အတွက်
ကိုယ့်ကံကိုပဲ ကိုယ်ဖြတ်ကြရာမှာပါပဲပေါ့။

မနာပဒါယီ အရှင်ဝိစိတ္တ
(ကိုရီးယားဆရာတော်)🙏🙏🙏

27/07/2026

🙏🙏 သင့်ကို အကြောင်းပြုပြီး သူများ စိတ်မဆင်းရဲစေနှင့်။

#တရား #တန်ဖိုး #မင်းကွန်းဆရာတော်ဘုရား

27/07/2026

🔸ဆေးဖြစ်စေနိုင်တဲ့ နေ့စဉ် အမူအကျင့်များ-

၁ ။ စောစော အိပ်ရာဝင်ခြင်း။
ည ၁၀ နာရီ မတိုင်ခင် အိပ်ရာဝင်တာက …ဆေး

၂ ။ လမ်းလျှောက်ထွက်ခြင်း။
သဘာဝပတ်ဝန်းကျင်ရှိရာနေရာမှာ လမ်းလျှောက်ထွက်တာက..ဆေး

၃ ။ ရေဓာတ်ပြည့်ဝခြင်း။
ဗိုက်ထဲမှာ အစာမရှိတဲ့အချိန်မှာ ရေ ၅၀၀ မီလီမီတာသောက်တာက …ဆေး

၄ ။ ကော်ဖီသောက်ချိန်။
မနက် ၈ နာရီနောက်ပိုင်းမှ ကော်ဖီသောက်တာက …ဆေး

၅ ။ ပန်းသီးရှာလကာရည်။
နေ့လယ်စာ ဒါမှမဟုတ် ညစာ မစားခင် စားပွဲဇွန်း တစ်ဇွန်းစာပန်းသီးရှာလကာရည်ကို ရေနဲ့ အတူသောက်တာက …ဆေး

၆ ။ ဘုရားရှိခိုးခြင်း။
နေ့စဉ် ဘုရားရှိခိုးတာက …ဆေး

၇ ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကိုသာစားသုံးခြင်း။
သကြား၊ အယ်လ်ကိုဟော၊ နို့ထွက်ပစ္စည်းနဲ့
ဂလူတင်ကို ရှောင်တာက …ဆေး

၈ ။ အကောင်းမြင်ခြင်း။
သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူတွေ ရှိနေတာက…ဆေး
မကောင်းမြင်တတ်သူတွေနဲ့ ဝေးရာမှာနေပါ။

၉ ။ အသက်ပြင်းပြင်းရှူခြင်း။
နေ့စဉ် ၅ မိနစ်ခန့် အသက်ပြင်းပြင်းရှူတာက …ဆေး

၁၀ ။ မနက်ခင်းနေရောင်ခြည်ခံယူခြင်း။
အနည်းဆုံး မိနစ် ၂၀ ခန့် မနက်ခင်းနေရောင်ခြည်နဲ့ ထိတွေ့တာက…ဆေး

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ

*လေးစားစွာဖြင့်-
-ဒေါက်တာခင်မိုးမိုး(Good Health Journal)

Address

Hmawbi

Alerts

Be the first to know and let us send you an email when ဓမ္မ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဓမ္မ:

Shortcuts

Share