Today Z

Today Z အများအတွက်သာ Online Media.
(1239)

29/12/2024

မနက်ဖြန် ဒီဇင်ဘာ ၃၀ ရက်နေ့ ညမှစ၍ ၅ ရက်ခန့် အအေးလှိုင်းဖြတ်ပါမယ်။ နွေးနွေးထွေးထွေးနေကြပါခင်ဗျာ။

29/12/2024

ကိုရီးယားလေယာဉ်မီးလောင်ပြီး နာရီပိုင်းအကြာမှာ ကနေဒါလေယာဉ်ဟာလည်း Halifax လေဆိပ်သို့ဆင်းသက်စဉ် ပြေးလမ်းချော်၍ ဂီယာကျိုးပဲ့ပြီး မီးလောင်ပေမယ့် ထိခိုက်မှုမရှိခဲ့

29/12/2024

လေယာဉ်မီးလောင်မှု၌
လိုက်ပါသူ (181) ဦးမှာ ခရီးသည် (1)ဦးနှင့် ဝန်ထမ်း(1)ဦးတို့ကို အမြီးပိုင်းမှအချိန်မီဆွဲထုတ် ကယ်တင်နိုင်ပြီး
(179)ဦး‌ သေဆုံးခဲ့ဟုသိရ😥

ကိုရင်လေး (19-12-2024) ကတည်းက ပျောက်သွားလို့ပါ တွေ့ရင်ဆက်သွယ်ပေးကြပါအုံးရှင့် ကျေးဇူးပြု၍
29/12/2024

ကိုရင်လေး (19-12-2024) ကတည်းက ပျောက်သွားလို့ပါ
တွေ့ရင်ဆက်သွယ်ပေးကြပါအုံးရှင့် ကျေးဇူးပြု၍

29/12/2024

* သုပ္ပဗုဒ္ဓ၏ ရန်ငြိုး *
•••••••••••••

သက္ကတိုင်း ဒေဝဒဟမြို့ကို အုပ်ချုပ်သော သုပ္ပဗုဒ္ဓ သာကီဝင် မင်းကြီးမှာ သားတော် ဒေဝဒတ်နှင့် သမီးတော် ယသောဓရာဟူ၍ သားသမီးနှစ်ယောက် ထွန်းကားခဲ့သည် သမီးတော် ယသောဓရာ အရွယ်ရောက်လာသောအခါ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားနှင့် လက်ဆက်၍ ရာဟုလာဟူသော သားတော်တစ်ယောက် ဖွားမြင်သည်။

သိဒ္ဓတ္ထမင်းသားမှာ 'မကြာမီ စကြာမင်း ဖြစ်လိမ့်မည်'ဟု သကျမင်းမျိုး မင်းနွယ်တို့လောက၌ သတင်းပြေးလျက်ရှိရာ သုပ္ပဗုဒ္ဓ မင်းကြီးသည် စကြာမင်း၏ ယောက္ခမဟူသော ဘွဲ့ကို ရရှိရန် မျှော်လင့်တကြီး ရှိခဲ့ပေသည်။
သို့သော် သိဒ္ဓတ္ထမင်းသားကား ဆွေတော် မျိုးတော်များ မျှော်လင့်သကဲ့သို့ စကြာမင်း ဖြစ်မလာခဲ့။ ကြင်ယာတော် ယသောဓရာကို သားတစ်ယောက်နှင့်ပစ်ပြီး တောထွက်သွားရာ 'ဗုဒ္ဓဂေါတမ'ဟူသော ဘွဲ့အမည်ဖြင့် မဇ္ဈိမဒေသ တစ်ဝန်းလုံးတွင် ထင်ပေါ်ကျော်ကြားလာခဲ့ပေသည်။

ဤသို့ သိဒ္ဓတ္ထမင်းသား ဗုဒ္ဓအဖြစ်သို့ ရောက်သောအခါ သာကီဝင်မင်းမျိုးမှ မြောက်မြားစွာသော မင်းညီမင်းသားတို့သည် ဗုဒ္ဓထံသို့ လိုက်၍ ရဟန်းပြုကြလေသည်။ ရဟန်းပြုကြသူများတွင် သုပ္ပဗုဒ္ဓ မင်းကြီး၏ သားတော် ဒေဝဒတ်မင်းသားလည်း တစ်ဦးအပါအဝင် ဖြစ်ပေသည်။

ဒေဝဒတ်မင်းသားသည် ရဟန်းပြုပြီးနောက် စောစောပိုင်းကာလတွင် ဗုဒ္ဓ၏ အဆုံးအမကို လေးစားစွာ လိုက်နာကျင့်ကြံသဖြင့် ဈာန်ဘိညာဉ်တန်ခိုးများကိုပင် ရရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင်မူ ထင်ပေါ်ကျော်ကြားမှုကို လိုလားသောစိတ်ဖြင့် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် အဇာတသတ်နှင့် ပူးပေါင်းကာ ဗုဒ္ဓအား ရန်ပြုခဲ့သည်။

မသိမလိမ္မာသော ရဟန်းငယ်ငါးရာကို သွေးဆောင် ခေါ်ယူသွားပြီး ဗုဒ္ဓနှင့် စင်ပြိုင် သံဃဂိုဏ်းကြီးတစ်ခုကိုပင် တည်ထောင်ရန် ကြိုးပမ်းခဲ့သည် သို့သော် သူ၏ ကြိုးပမ်းချက်မှာ မအောင်မြင်ဘဲ နောက်ဆုံးတွင် အရှင်လတ်လတ် မြေမျို၍ ဘဝ ဇာတ်သိမ်းခဲ့ရလေသည်။

သုပ္ပဗုဒ္ဓ မင်းကြီးကား သိဒ္ဓတ္ထမင်းသားက
သမီးတော် ယသောဓရာကို စွန့်ပစ်သွားသည့်
အခါ စကြာမင်း၏ ယောက္ခမဖြစ်ရန် မျှော်လင့်ချက် ပျက်သွားသဖြင့် အတော်ပင် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။

ထို့နောက် သားတော် ဒေဝဒတ်နှင့် ဗုဒ္ဓတို့ အဆင်မပြေဖြစ်နေသည့်သတင်းကို ကြားရပြန်လျှင် ဗုဒ္ဓအပေါ်၌ နာကျည်း မုန်းတီးသည့်စိတ် ပိုမိုပြင်းထန်လာလေသည်။ ယင်းသို့သော အခြေအနေကြောင့် သုပ္ပဗုဒ္ဓသည် မိမိ၏ တူအရင်းခေါက်ခေါက် ဖြစ်ရုံသာမက သမက်တော်ဟောင်းလည်း ဖြစ်သော ဗုဒ္ဓရှင်တော်မြတ်ကို ရန်သူဟု သတ်မှတ်လျက် တုံ့ပြန် လက်စားချေရန် အခွင့်အလှမ်းကို ရှာကြံနေလေသည်။

အခါတစ်ပါး၌ ဗုဒ္ဓသည် ကပိလဝတ်ပြည်သို့ ကြွလာ၍ နိဂြောဓာရုံကျောင်း၌ သီတင်းသုံးတော်မူ၏ ထိုအချိန်တွင် သုပ္ပဗုဒ္ဓသည်လည်း ကပိလဝတ်ပြည်သို့ ရောက်နေခိုက်ဖြစ်၍ ဗုဒ္ဓအား အနှောင့်အယှက်ပေးရန် နည်းလမ်းတစ်ခိုကို စဉ်းစားမိလေသည်။

တစ်ခုသော နံနက်ခင်းတွင် ဗုဒ္ဓရှင်တော်မြတ်သည် ရဟန်းပရိသတ်မြောက်မြားစွာနှင့်အတူ ကပိလဝတ်ပြည်သို့ ဆွမ်းခံ ကြွလာတော်မူသည် ဆွေတော်မျိုးတော်များနှင့်တကွ ကပိလဝတ် မြို့သူမြို့သားတို့သည် ဆွမ်းလောင်းလှူရန်အတွက် တလှုပ်လှုပ်တရွရွဖြင့် ပြင်ဆင်စီမံနေကြသည်။

ထိုအချိန်တွင် ဗုဒ္ဓ ကြွလာမည့် လမ်းမတစ်နေရာ၌ သုပ္ပဗုဒ္ဓသည် သူ့နောက်လိုက်သားများနှင့်အတူ မဏ္ဍပ်ကြီးထိုး၍ သေသောက်ပွဲကြီးတစ်ခုကို ခမ်းနားစွာ ကျင်းပနေသည်။ ဗုဒ္ဓနှင့် ရဟန်းသံဃာများ ကြွလာမည့် လမ်းမဝယ် ဆူညံစွာ သောက်စားမူးယစ်နေသော မြင်ကွင်းကား လွန်စွာပင် အရုပ်ဆိုးလှသည်။

ထိုမြင်ကွင်းကို မြင်တွေ့ကြသည့် မြို့သူမြို့သားအချို့တို့သည် သုပ္ပဗုဒ္ဓမင်းကြီးထံ ချဉ်းကပ်၍ သတိပေးစကား ပြောကြသည် "အရှင်မင်းကြီး၊ ဗုဒ္ဓနှင့် ရဟန်းသံဃာများ မကြာခင် ဆွမ်းခံကြွလာပါတော့မယ်၊ သေသောက်ပွဲကြီးကို အမြန်ရုပ်သိမ်းပါလော့" သုပ္ပဗုဒ္ဓကား ထိုသူတို့၏ စကားကို ဂရုမစိုက်ချေ။

"သိဒ္ဓတ္ထဟာ ငါ့တူပါကွယ်၊ ငါက သူ့အတွက် လမ်းဖယ်ပေးဖို့ မလိုပါဘူး၊ သူ့ဟာသူ အခြားလမ်းက သွားပါလိမ့်မယ်"

ဤသို့ ပြန်ပြောကာ သေသောက်ပွဲကို အရှိန်မပျက် ဆက်လက်ပြုလုပ်၍ နေလေသည် ဗုဒ္ဓနှင့် သံဃာတန်းကြီး နီးလာသောအခါ မြို့သူမြို့သားများက နောက်တစ်ကြိမ် လာ၍ သတိပေးကြပြန်သည် သို့သော် သုပ္ပဗုဒ္ဓကား လုံးဝ မဖြုံချေ ဗုဒ္ဓရှင်တော်မြတ်သည် မြို့တော်လမ်းမကြီးအတိုင်း ကြွလာ၍ သေသောက်ပွဲကြီးကို မြင်သောအခါ အနည်းငယ် ပြုံးတော်မူပြီး ရှေ့သို့ ခရီးမဆက်တော့ဘဲ နောက်ကြောင်း ပြန်ကြွတော်မူလေသည်။

သုပ္ပဗုဒ္ဓကား "ငါ အနိုင်ရပြီ"ဟူသော သဘောဖြင့် ကျေနပ်ပျော်ရွှင်၍ မဆုံးအောင် ရှိလေသည် သို့သော် "ဂေါတမဟာ ငါ့အကြောင်း ဘာများ ပြောဦးမလဲ"ဟု တွေးမိသဖြင့် သူ၏ အတွင်းလူ တစ်ယောက်ကို ဗုဒ္ဓနောက်သို့ လိုက်၍ နားထောင်ရန် စေလွှတ်လိုက်သည် ကျောင်းတော်သို့ ရောက်သောအခါ ရှင်အာနန္ဒာက ဗုဒ္ဓအား မေးလျှောက်လေသည်။

"ဦးရီးတော် သုပ္ပဗုဒ္ဓကို တွေ့မြင်စဉ်က ဗုဒ္ဓရှင်တော်မြတ် ပြုံးတော်မူသည်မှာ ဘာအကြောင်းကြောင့်ပါလဲ ဘုရား"

"အာနန္ဒာ၊ ဦးရီးတော် သုပ္ပဗုဒ္ဓသည် ငါဘုရားနှင့် ရဟန်းသံဃာတို့အား လမ်းပိတ်ဆို့ခဲ့ခြင်းမှာ အလွန်ကြီးလေးသော အပြစ်တစ်ခုဖြစ်၏ ဦးရီးတော်သည် နောက် ခုနစ်ရက်မြောက်သောနေ့တွင် မိမိနေထိုင်ရာ နန်းပြသာဒ်ဆောင် ခြေရင်းရှိ စင်္ကြဦး၌ မြေမျိုခြင်း ခံရလိမ့်မည်၊ ဤအကြောင်းကို မြင်၍ ငါဘုရား ပြုံးခြင်းဖြစ်ပေသည်"

သုပ္ပဗုဒ္ဓ၏ လူယုံတော်သည် ဤမိန့်ကြားချက်ကို ကြားရလျှင် ပြန်လာခဲ့ပြီး သူ့သခင်အား အစီရင်ခံလေသည်။ ဗုဒ္ဓ၏ မိန့်ကြားချက်တို့သည် မှန်ကန်မှု ရှိတတ်ကြောင်း သုပ္ပဗုဒ္ဓ စဉ်းစားမိ၏။ သို့သော် ဤတစ်ကြိမ်တွင်မူ သူပြောသည့်အတိုင်း မမှန်နိုင်၊ မမှန်အောင်လည်း ငါလုပ်မည်ဟု စဉ်းစားဆုံးဖြတ်လိုက်၏။

ထို့နောက် သူသည် ဘုံခုနစ်ဆင့်ရှိသော ပြဿဒ်ဆောင်ပေါ်သို့ တက်၍ သူ စားသောက်သုံးစွဲရန် ပစ္စည်းပရိဘောဂများကိုလည်း အလုံအလောက်ယူထားသည်။ ထို့ပြင် တံခါးခုနစ်လုံးကို မင်းတုပ်သော့တို့ဖြင့် အခိုင်အမာ ပိတ်စေပြီး လှေကားများကိုလည်း ဖြုတ်ထားစေသည်။ တံခါးတစ်ခုစီတွင် အလွန်သန်မာအားကောင်းသော ယောက်ျား နှစ်ယောက်စီ တာဝန်ချထားကာ သူ သတိမေ့လျော့၍ အောက်ဆင်းမည် လုပ်ပါက တားဆီးကြရန် မှာထားလေသည်။

သုပ္ပဗုဒ္ဓသည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်ပေါ်သို့တက်၍ အစောင့်အကြပ်များဖြင့် နေသည်ဟူသော သတင်းကို တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ရှင်အာနန္ဒာ ကြားသိလျှင် ဗုဒ္ဓအား လျှောက်ကြားလေသည်။

ထိုအခါ ဗုဒ္ဓက -
"အာနန္ဒာ...ကောင်းကင်ကို ပျံတက်နေသူသည်လည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်ထဲ၌ ခရီးသွားနေသူသည်လည်းကောင်း၊ လိုဏ်ခေါင်းထဲ၌ ဝင်နေသူသည်လည်းကောင်း သေခြင်းမှ မလွတ်နိုင်၊ ဤလောက၌ သေမင်းရန်မှ လွတ်နိုင်မည့်နေရာဟူ၍ တစ်လက်မမျှ မရှိပေ"ဟု မိန့်ကြားတော်မူသည်။
ခုနစ်ရက်မြောက်သောနေ့၌ သုပ္ပဗုဒ္ဓမင်းကြီး၏ မင်္ဂလာစီးတော်မြင်းသည် အထိတ်တလန့်ဖြစ်ပြီး မြင်းဇောင်း အကာအရံတို့ကို ကန်ကျောက်ခုန်ပေါက်နေလေသည်။

သုပ္ပဗုဒ္ဓသည် ပြာသာဒ်ပေါ်မှ နေ၍ စီးတော်မြင်း၏ မြည်ဟည်းသံကို ကြားလျှင် တံခါးပေါက်ရှိရာသို့ ချက်ချင်း ထပြေးရာ တံခါးပေါက်သည် အလိုအလျှောက် ပွင့်သွားလေ၏ ဖြုတ်ထားသည့် လှေကားသည်လည်း မူလနေရာသို့ အလိုအလျှောက် ရောက်ရှိလာ၏။ တံခါးပေါက်နားတွင် တာဝန်ချထားသော ယောက်ျားနှစ်ယောက်တို့သည်လည်း မင်းကြီးကို တားဆီးရမည့်အစား အောက်သို့ အတင်းတွန်း၍ ပို့နေကြလေသည်။ ပြာသာဒ်၏ အောက်ထပ်တို့၌လည်း ဤနည်းတူပင် ဖြစ်လေရာ မင်းကြီးသည် တစ်ခဏအတွင်း၌ပင် စင်္ကြံဦးသို့ ရောက်ရှိသွားလေ၏ ယင်းသို့ ရောက်ရှိသည်နှင့်တစ်ပြိုက်နက်မှာပင် ထိုနေရာ၌ မြေကြီးကွဲအက်၍ အထဲသို့ နစ်ဝင်သွားလေသည်။

ဓမ္မစရိယ ဦးမောင်မောင်လေး
ဗုဒ္ဓ၏ ကိုယ်တွေ့ဝထ္ထုများ(ပေါင်းချုပ်)

အရှင်ဝိသုတ (ရေစကြို)
Crd, Pyae Sone- Taungoou.
༺❈❈❈༻ ༺❈❈❈༻ ༺❈❈❈༻

29/12/2024

#မိနစ်ဝက်၃ကြိမ်နဲ့နာရီဝက်၃ကြိမ်
(အသက်၄၀ကျော်သူများ ပိုပြီး သတိထားသင့်တယ်)
👀👂👀👂👀👂👀👂👀👂👀👂👀
လူတချို့ရုတ်တရက် သေဆုံးကြတယ် ဆိုတဲ့သတင်းတွေ ခနခနကြားနေရလို့ ဆရာဝန်တယောက်က "မိနစ်ဝက်၃ကြိမ်နဲ့နာရီဝက်၃ကြိမ်"ဆိုတဲ့ဆောင်းပါးလေးတပုဒ်ရေးဖို့ ဆုံးဖြတ်လိုက်တယ်။

တကယ်ဆို..
မိနစ်ဝက်၃ကြိမ်ဆိုတာ တပြားမှ ကုန်စရာမလိုပဲ သတိလေးရှိပေးရုံနဲ့ ရုတ်တရက်သေဆုံးမှုကို ကာကွယ်ပေးနိုင်မှာပါ။
တချို့လူတွေ...
"မနက်ပိုင်းတွေ့လိုက်သေးတယ်၊အကောင်းကြီးပဲ ညကဆုံးသွားပြီ"
ဆိုတာ ဘာကြောင့် ရုတ်တရက်သေဆုံးသွားရတာလဲ...?
တကယ်တော့..
ညဘက် ဆီးထသွားရာမှာ ကုတင်ပေါ်ကနေ အထမြန်လို့ ဦးဏှောက်ဆီ သွေးအလျင်အမြန်မပို့နိုင်တာရယ်၊
ဦးဏှောက်သွေးကြောပြတ်ပြီး မူးလဲသေဆုံးကြရတာတွေလဲ ပါ ပါတယ်။
တချို့ဆို..
နေ့လည်ကမှ နှလုံးခုန်နှုန်းစစ်တာ အကောင်းကြီးပဲ၊ညကျမှ သေသွားကြတယ်ဆိုတာ နိုးတာနဲ့ ကုတင်ပေါ်ကနေ "ဆတ်ကနဲ"ထလိုက်မိတာကြောင့် သွေးပေါင်ချိန်ကျပြီးနှလုံးသွေးကြောပိတ်၊နှလုံးရပ်သွားတာ ကြောင့်လဲဖြစ်နိုင်ပါတယ်။
ဆရာဝန်ပြောတဲ့ "မိနစ်ဝက်၃ကြိမ်"ဆိုတာ..

(၁)အိပ်ယာနိုးရင် ချက်ချင်းမထပဲ မိနစ်ဝက်လောက် ကုတင်ပေါ်မှာ မှိန်းနေပါ။

(၂)ထပြီဆိုရင်လဲ ကုတင်ပေါ်မှာ မိနစ်ဝက်လောက် ထိုင်နေပေးပါ။

(၃)ပြီးတော့..ကုတင်ပေါ်ကနေ ခြေတောက်၂ဘက် ခြေဆင်း ချပြီး မိနစ်ဝက် ဆက်ထိုင်ပါ၊ပြီးမှ ထသွားပါ။

နေ့စဉ် အိပ်ယာထရင် ဒီ၃ချက် ဂရုစိုက်ပေးရုံနဲ့ ရုတ်တရက် ဦးဏှောက်သွေးကြောပိတ်တာ မဖြစ်နိုင်ဘူး။နှလုံးရပ်ပြီး ရုတ်တရက် မသေနိုင်ဘူး။ရုတ်တရက်လေဖြတ်တာလဲ ဖြစ်နိုင်ခြေ နဲသွားမှာပါ။

ကျွန်တော် ပထမဆုံးဟောပြောပွဲမှာ ဒီကိစ္စပြောဖြစ်တော့..
အဖိုးအိုတယောက်က..
"အခုလိုသာ စောစောသိခဲ့ရင် လွန်ခဲ့တဲ့၂နှစ်လောက်က ညဘက် ဆီးထသွားတာ ဆတ်ကနံ ထမိလို့ ခေါင်းမူးလဲကျရာကနေ ၈လလောက်ကုတင်ပေါ်မှာ ကျောဘက်အပူဖုတွေပေါက်ပြီး ဒုက္ခရောက်ခဲ့ရတယ်" လို့..ပြောရှာတယ်။

နောက်တခုက..."နာရီဝက်၃ကြိမ်"

(၁)မနက်အိပ်ယာထရင် နာရီဝက်လောက် အပျော့စားလေ့ကျင့်ခန်းလေးတွေ လုပ်ဖို့ မမေ့ပါနဲ့။
လမ်းထွက်လျေက်မယ်ဆိုလဲ တနေ့ (တမိုင်ခွဲ)ထက်မပိုတဲ့ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုကိုပဲ လုပ်ပါ။

(၂)နေ့လည်ကို နာရီဝက်လောက် အိပ်ပေးပါ။အသက်ကြီးတဲ့လူတွေဆို ပိုလုပ်သင့်တယ်။သူတို့က စောစောအိပ်ပြီး စောစောထတတ်တော့ နေ့လည်မှာ နာရီဝက်လောက် မဖြစ်မနေ အိပ်ပြီး အားပြန်ဖြည့်ပါ။

(၃)ညဘက် ၆နာရီ ကနေ ရနာရီထိ နာရီဝက်လောက် လမ်းလျောက်ပေးခြင်းဖြင့် နှလုံးသွေးကြောပိတ်တာကို ကာကွယ်စေနိုင်ပြီး၊သွေးတိုးဖြစ်နိုင်ခြေကိုလဲ လျော့ချပေးနိုင်ပါလိမ့်မယ်။

(ဒီဆောင်းပါးလေးကို အသက်၄၀ကျော်တဲ့သင့်မိတ်ဆွေတွေကို မျှဝေပေးနိုင်ပါတယ်)
Htwe San Ko

29/12/2024

ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ…(လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ)

စာရေးဆရာမ လှိုင်း(တောင်ကြီး)ရဲ့
လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ။

ဒူးနာပျောက်တဲ့ဆေးနည်း

ပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့
ဒူးနာနေတ ဲ့မိတ်ဆွေတွေလုပ်ကြည့်စေချင်ပါတယ်
ကျမညာဖက်ဒူးကတစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေရတယ် …

ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ် …
ခဏသက်သာတယ်ပြန်ဖြစ်ရော …
ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း
လုပ်ကြည့်မယ်ဆိုပြီး ပြန်လုပ်ကြည့်တာ
ခုတော့ပျောက်သွားလို့ ရန်ကုန်မှာချော်လဲလို့ရတဲ့
ဒဏ်ရာနာနေတာကြောင့်ခုပြန်လုပ်ထားပါတယ်….

ခြေသလုံးပုံပါနေလို့ကန်တော့ပါရှင်….
ရှားစောင်းလက်ပတ် လက်တစ်ဝါးစာကို
ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ …ပြီးရင်မီးနွေးနွေးလေးကင်ပါ
အပူခံနိုင်သလောက်ကင်ပြီးရင်
ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ …..

ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ပုံပါအတိုင်း ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ အပြင်မှာပြန်ကပ်ထားပါ ….ပြီးရင် ကြွပ်ကြွပ်ကြိုးနဲ့မလျှော့မတင်းစီးပြီးထားပါ သွားစရာမရှိရင်တော့ နေလည်လဲလုပ်ထားလို့ရပါတယ် …..

ညအိပ်ရာဝင်လုပ်ထားရင် ပိုကောင်းတယ် တစ်ညလုံးစည်းပြီးအိပ်လိုက် မနက်ကျတော့ပြန်ဖြေ နောက်ရက်ညအိပ်ရာဝင်တစ်ခါထပ်လုပ် အနာပေါ်မူတည်ပြီးပျောက်ပါမယ် …..ကျမတော့ ၃ ရက်ဆက်လုပ်တာနဲ့ခုပျောက်သွားပြီ …..

ခုတော့ချော်လဲထားတဲ့ ဘယ်ဖက်ဒူးကဒဏ်ကိုပြန်လုပ်ထားတာပါ ….ခြေဖနောင့်နာရင်လဲ ဒီအတိုင်းပဲလုပ် ခုထိပြန်မနာတော့ပါဘူး….. ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ ….လုပ်ကြည့်ကြပါနော်…..

ဒူးနာခြင်းမှကင်ဝေးကြပါစေ…..။
လေးစားလျှက်🙏
မေတ္တာဖြင့်....
#ဝင်းသီဟကျော်

29/12/2024

🇨🇭 သွေးမတိုးဖို့ ဘာလုပ်မလဲ.?
=======================
( #ဆရာကြီး_ဦးရန်အောင်)

- ၀မ်းမှန်ဖို့ အသီးအနှံတွေကို ဦးစားပေး စားပါ ၊

- အစာကြေဖို့ ခက်ခဲတဲ့ အစာတွေကို ရှောင်ပါ ၊

- ကြေလွယ်တဲ့ အစာတွေကို စားပါ ၊

သွေ:မတိုးချင်သူဟာ
+++++++++++++++
- ၀မ်းမှန်စေတဲ့ အစာတွေကို အာရုံပြုစားပါ ၊
- ၀မ်းမှန်ပါစေ ၊ မမှန်က ၀မ်းချူပေးပါ ၊

◾ စားရန်

- သွေ:မတိုးလိုသူဟာ ချဉ်ချို အရသာ ကို ဦးစားပေးစားရပါ့မယ် ၊
( သင်္ဘောသီးမှည့် ၊ ဘာလီသီး ၊ သရက်သီးမှည့် ၊ စပ်စ်သီး ၊ ပန်းသီး )

- ထမင်းဟင်းလျာ စားတဲ့အခါမွာ ကြေလွယ်၊ ကျက်လွယ်တဲ့ အစာ အာဟာရကို စားပေးပါ ၊

- အထူးသဖြင့် သွေ:တိုးသမားဟာ ပဲကတ္တီပါ ( ပဲနီပြား )ပြုတ်ကို ကြက်သွန်နီ ၊ ဆီစိမ်းဆမ်းပြီး စားပါ ၊ သွေ:တိုးရောဂါ ကို အဟန့်အတားဖြစ်ဖို့ သိပ္ကို အားကိုးရပါတယ် ။

◾ အကျိုးထူး

ဒီလို နေထိုင် ပြုမူလုပ်ဆောင်မယ်ဆိုရင် အထက်ကိုဆန်တဲ့ လေတွေ အောက်ကို စုန်လာမယ် ။ လေစုန်ရင် သွေ:တွေရဲ့ လှုပ်ရှားလှည့်ပတ်မှု အရှိန်အဟုန်ဟာ ကေမာက္ကမ မဖြစ်တော့ဘဲ အချိုးအစား ပြန်ညီလာရင် သွေ:တိုးတာ သိသိသာသာ သက်သာမယ် လို့ ပြောချင်ပါတယ် ။

◾ ရှောင်ရန်

- လေကိုချုပ်စေမယ့် အစာ

- အဆီ၊ အစေး များတဲ့ အစာ ၊

- ပြုပြင်ဖန်တီးထားတဲ့ ယို ၊ စည်သွတ်ဘူး ၊ ဆေ:သကြား၊ ဓါတုပစ္စည်းပါတဲ့ ဖျော်ရည် ၊ ကြော်၊ လှော် ၊ကင် ထားတဲ့ အစာ တွေ၊

- အသားချည်း စားသုံးတာ တွေကို ရှောင်ရပါ့မယ် ။

◾ လေ့ကျင့်ခန်းလုပ်ပါ

- ချွေးမညီမျှရင် သွေ:တိုးတတ်တာကြောင့် ချွေးထွက်မှန်ဖို့ လိုအပ်ပါတယ် ။ချွှေးထွက်မယ့် လေ့ကျင့်ခန်းကို နေ့စဉ် မှန်မှန် လုပ်ပေးပါ။

- ချွေးထွက်အောင် လမ်းလျှောက်ပါ ။

◾ အကြံပေး တိုက်တွန်းချက်

- လေများများ အောက်ကိုစုန်ဖို့ ကြိုးစားပါ ၊

- ၀မ်း ( ဓာတ် )မှန်မှန်သွားအောင် ပြုမူနေထိုင်ပါ ၊

- ဆီး မှန်မှန် သြားပါ ၊

- ချွေးများများ နဲ့ ညီညီ ထွက်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ် ။

◾ လေတွေ အောက်ကိုစုန်အောင် ဘယ်လိုလုပ်ရမလဲ

မြန်မာ့တိုင်းရင်းဆေ:ပညာမှာ သွေ:တိုးတာဟာ လေပူတိုးလို့ ဖြစ်တာပါ ။
လေရဲ့ သေဘာတရားက ပူရင် ပေါ့ပြီး အထက်ကိုဆန်တက်တယ် ၊ဒါ့ကြောင့် ပူတဲ့ စပ်တဲ့ အစာတွေကိုရှောင်ရမယ် ။
အောက်ကိုစုန်ဖို့ မွာ လေချည်း စုန် လို့လည်း သိပ်မပြည့်စုံဘူး ။ ဆီး ၊ ၀မ်း ၊ သွေ: ၊ လေ အားလုံး ညီညီမျှမျှ စုန်ဖို့ လိုပါတယ် ။
ဒီတော့ အချဉ် နဲ့ အခါး ကို မျှစားရင် လေက အောက်ကိုလည်စေပါတယ် ။

◾ လေမချုပ်ဖို့ ( လေသက်ဖို့ )

- ပဲကတ္တီပါပြုတ် ကို စားပါ ၊

- ဆောင်းအကူးမှာ သလဲသီး စားပါ ၊

- အိမ်ရှင်မတွေ အနေနဲ့ ပဲဟင်းနဲ့တွဲလို့ သရက်ချဉ်သုပ် ( ကြက်သွန်နီစိမ်း ၊ဆီ တို့ဖြင့် သုပ် )
စားရင် လေမချုပ်ဘဲ လေ က အောက်ကို စုန်ပါလိမ့်မယ် ။

- လေသက်ဖို့ တစ်ချို့က လျှက်ဆား စားလို့ ရလား မေးကြတယ် ၊ မငန်တဲ့ နွယ်ချို များ တဲ့ လျှက်ဆားကို စားနှိုင်ပါတယ် ၊

- ၀မ်း ( ဓာတ် )မှန်ဖို့ ပြုပြင်နေထိုင်ပါ

- ဒိန်ချဉ် ၊ ထမင်းစားတဲ့အခါ မန်ကျည်းသီးမှည့်ပါတဲ့ ချဉ်ရေဟင်း ၊ မန်ကျည်းဖျော်ရည် ၊ခရီးသွားလို့ မနားရရင် မန်ကျည်းတော်ဖီ သရေစာ စားပါ ၊

- တစ်ပတ် နှစ်ရက်လောက် သင်္ဘောသီးမှည့် ၊ ဖီးကြမ်း ငှက်ပျောသီး စားပေးပါ ၊

- လမ်းလျှောက်မယ် ၊ ကိုယ်လက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ ။

- ရေ ကိုလည်း တစ်နေ့ ရေသန့်ဗူးကြီး သုံးဗူး လောက်နီးပါး သောက်ပါ ၊ ရေသောက်ပြီးတိုင်း ထန်းလျှက် နည်းနည်း စားပေးမယ်ဆိုရင် အစာလည်းကြေပါလိမ့်မယ် ။

----------------------------
Crd......တိုင်းရင်းဆေးဆရာကြီးဦးရန်အောင်
လေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။🙏

ကျန်းမာ ပျော်ရွှင်ကြပါစေ•♥

29/12/2024

“ဗုဒ္ဓဘာသာမှန်လျှင် “လူမှုအကျိုးပြု” တစ်မျိုးသာရှိ”

“ဗုဒ္ဓဘာသာ လူဝတ်အဖွဲ့အစည်း နှင့် ဗုဒ္ဓဘာသာ ရဟန်းဝတ် အဖွဲ့အစည်း နှစ်မျိုးရှိရာ ဗုဒ္ဓဘာသာ လူဝတ်အဖွဲ့အစည်းသည် လူမှုအကျိုးပြု အလုပ်ကို အာမိသာနုဂ္ဂဟ, ဓမ္မာနုဂ္ဂဟ နှစ်မျိုးလုံး လုပ်နိုင်၏။ လုပ်သင့်,လုပ်ထိုက်၏။
သို့သော်ဗုဒ္ဓဘာသာ ရဟန်းဝတ်အဖွဲ့အစည်းသည် လူမှုအကျိုးပြု အလုပ်ကို လုပ်ရာ၌ ဓမ္မာနုဂ္ဂဟကို အလေးပေး ပြုလုပ်သင့်သည်၊ ပြုလုပ်ရမည် ဖြစ်ကြောင်း ဗုဒ္ဓအလိုကျ ဓမ္မဝိနယလမ်းကြောင်းကို မတိမ်းအောင် ထိန်းကြောင်း နိုင်ရန် ဒေသေထ ဘိက္ခဝေ ဓမ္မံ- လူမှုဒုက္ခ, ဘဝဒုက္ခကို ဖယ်ရှားနိုင်သည့် နည်းကောင်းလမ်းကောင်း ဓမ္မလမ်းကြောင်းကို သိအောင် ရှင်းပြကြဟု ဗုဒ္ဓမြတ်စွာ မိန့်မှာသည့်အတိုင်း လိုက်နာဆောင်ရွက်သင့်ပါ ကြောင်းရေးသားပေးပို့ထားရှိသည်။

Socially Engaged Buddhism စာတမ်းပြုစုသူ ဒေါက်တာသိရီ သုမင်္ဂလာသာမိ စာတမ်း အတွက် ဆရာတော်ဘုရားကြီး ရေးသား ပေးပို့ခဲ့သည့် အမှာစာ အားဖေါ်ပြအပ်ပါသည်။

ဆရာတော်ဘုရား ကြီးရေးသားပေးထားသည့် အမှာစာ အပြည့်အစုံမှာ

✅✅✅✅
အမှာစာ

“လူမှုအကျိုးပြု ဗုဒ္ဓဘာသာ (Socially Engaged Buddhism) စာမူကို စိတ်ဝင်တစား ဖတ်ရှုကြည့်ပါသည်၊ ရေးသားပြုစုသူ ဒေါက်တာသိရီသုမင်္ဂလသာမိ၏ အရည်အသွေးနှင့် ရေးသားတင်ပြပုံ စေ့စပ် သေချာလှသဖြင့် ဆွဲဆောင်မှု ကောင်းလှပါသည်၊ ကျွမ်းကျင်လိမ္မာသည့် ပန်းချီဆရာ၏ လက်ရာ ပန်းချီကားချပ်ပမာ ရှုဒေါင့်စုံ မြင်ရပါသည်။
ဗုဒ္ဓဘာသာကို “လူမှုအကျိုးပြု” ဟု အထူးပြု ပြောဆိုရေးသားခြင်းမှာ ဘူတကထန (အမှန်ပြော) ဝိသေသနမျိုးသာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာမှန်လျှင် “လူမှုအကျိုးပြု” တစ်မျိုးသာ ရှိသောကြောင့် ဖြစ်သည်။ ဗုဒ္ဓဘာသာကို တည်ထောင်သူ ဗုဒ္ဓကိုယ်တိုင်က “လူမှုအကျိုးပြုရန်” အတွက်သာ ရည်ရွယ်ချက် ထားရှိခဲ့သည်။ “သန္တာရေဿံ သဒေဝကံ” လူနတ် ဗြဟ္မာ သတ္တဝါဟူသမျှ ကယ်တင်မည်ဟူသော ဆန္ဒသည် မူလပဓာန အကြောင်းတရား ဖြစ်သည်။
သို့ရာတွင် “လူမှုအကျိုးပြု”ပုံမှာ နည်းလမ်းနှစ်သွယ် ရှိ၏၊ ရုပ်ဝတ္ထုဆိုင်ရာ အကျိုးပြုခြင်း (အာမိသာနုဂ္ဂဟ) နှင့် အကျင့်သိက္ခာဆိုင်ရာ အကျိုးပြုခြင်း (ဓမ္မာနုဂ္ဂဟ) တို့ ဖြစ်သည်၊ ထိုနှစ်မျိုး တွင် အများစုက အာမိသာနုဂ္ဂဟကို မြတ်နိုး တန်ဘိုးထားကြ၏၊ လိုလား နှစ်သက်ကြ၏၊ သို့သော် အာမိသာနုဂ္ဂဟသည် ဓမ္မာနုဂ္ဂဟလောက် အကျိုးသက်ရောက်မှု မရှိပေ။ မြတ်ဗုဒ္ဓ၏ လူမှုအကျိုးပြု အလုပ်သည် ဓမ္မာနုဂ္ဂဟ အဓိကဖြစ်ကြောင်း လွန်စွာ ထင်ရှား၏၊ “ဗုဒ္ဓေါ ဗောဓေယျံ-ငါသည် အမှန်တရား သိသူဖြစ်ပြီး သတ္တဝါ အများကိုလည်း အမှန်တရား သိအောင် ရှင်းပြမည်” ဟူသော ရည်သန်ချက်ကို ထားရှိခဲ့သောကြောင့် ဖြစ်၏။
မြတ်ဗုဒ္ဓကိုယ်တိုင်က ဆွေမျိုးအသိုင်းအဝိုင်း, စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိမ်တို့ကို စွန့်လွှတ်ပြီး တောရပ်ခိုမှီး တစ်ကိုယ်တည်းနေသည့် ရဟန်းဘဝကို ရယူခဲ့၏၊ တစ်ဦးတည်းသော မိမိကိုယ်ကို ဆုံးမ၏၊ ငြိမ်းချမ်းစေ၏၊ ပူလောင်မှု ကင်းစေ၏၊ ဤသို့သော အနေအထားကို ကြည့်၍ ရဟန်းဘဝ (ပဗ္ဗဇ္ဇ) အကျင့်သည် တစ်ကိုယ်ကောင်းဆန်သည်ဟု ထင်မှတ်ဖွယ် ရှိ၏။ သို့သော် မြတ်ဗုဒ္ဓ၏ ရဟန်းဘဝကို အတုယူအားကျပြီး လိုက်နာကျင့်သုံးခဲ့ကြသည့် ပုဂ္ဂိုလ်များသည် ရာထောင်သောင်း သိန်းမက ရှိပြီး၊ ရှိနေဆဲ ဖြစ်သည်၊ ထိုပုဂ္ဂိုလ်များ သည် ဘဝဒုက္ခမှ လွတ်မြောက်ကြ၏၊ ကျင့်သုံးလျက် ရှိသည့် ထိုပုဂ္ဂိုလ်များသည် စိတ်ချမ်းသာမှု, ကိုယ်ချမ်းသာမှု အပြည့်အဝ ရရှိကြ၏၊ ဤသို့ဆိုသော် ရဟန်းဘဝကို ခံယူသည့်(ပဗ္ဗဇ္ဇ)သည် တစ်ဦးတစ်ယောက်တည်း ကောင်းစားရေး မဟုတ်၊ အများ ကောင်းစားရေးဖြစ်၏၊ ဤအကြောင်းကို သင်္ဂါရဝပုဏ္ဏားအား မြတ်ဗုဒ္ဓကိုယ်တိုင် ရှင်းပြခဲ့ဖူးသည်။ (သင်္ဂါရဝသုတ်ပါဠိ၊ အံ၊ ၁၊ ၁၆၈)။

အာမိသ (ပစ္စည်းဝတ္ထု၊ ကာမဂုဏ်အာရုံ), ဓမ္မ (ကျင့်သုံးလိုက်နာရမည့် သီလ, ဖြစ်ပွားစေ ရမည့် သမာဓိ,ပညာ) နှစ်မျိုးတွင် မြတ်ဗုဒ္ဓသည် ဓမ္မကိုသာ အလေးဂရုပြု၏၊ ဓမ္မကို ဟောကြား ရှင်းပြသည့်အခါ အာမိသနိရပေက္ခ (အာမိသကို မငဲ့မရှုသည့်) စိတ်ဖြင့်သာ ကိုယ်တိုင် ဟောကြား ၏၊ သူတစ်ပါးကိုလည်း တိုက်တွန်းတော်မူ၏၊ အာမိသကို မျှော်လင့်ပြီး ဟောပြောမှုမှန်သမျှ မစင်ကြယ်သော ဟောပြောမှု (အပရိသုဒ္ဓဓမ္မဒေသနာ)အဖြစ် အပြစ်တင် ကဲ့ရဲ့၏။
ဓမ္မ၌ အလေးဂရုမပြုသူ ဓမ္မကို ဆန့်ကျင်သူများကို စည်းရုံးသိမ်းသွင်းရာ၌ အထင်ကြီး အံ့ဩစေနိုင်သည့် အစွမ်းတန်ခိုး အမျိုးမျိုး (ဣဒ္ဓိပါဋိဟာရိယ)နှင့် တစ်ဖက်သား၏ အကြံအစည်ကို အတပ်ညွှန်းဆိုခြင်း (အာဒေသနာပါဋိဟာရိယ)နည်းဖြင့် စည်းရုံးမှုကို အားမပေးဘဲ “ဘယ်လို တွေးပါ၊ ဘယ်လိုစိတ်ထားပါ” အစရှိသည့် ဆုံးမလမ်းညွှန်မှု, သွန်သင်ပြသမှု (အနုသာသနီပါဋိ ဟာရိယ) မျိုးကိုသာ မြတ်ဗုဒ္ဓက လမ်းညွှန်မှု ပြုခဲ့သည်။
လူမှုအဖွဲ့အစည်းများအတွင်း စည်းလုံး ညီညွတ်မှု၊ အစဉ်ထာဝရ လက်တွဲနိုင်မှု၊ မေတ္တာ စိတ်ဓာတ်ဖြင့် ပေါင်းစပ်နိုင်မှုအတွက် စည်းလုံးရေး နည်းလမ်းလေးသွယ် (သင်္ဂဟဝတ္ထု ၄-ပါး)ကို ဟောကြားရာ၌လည်း ဓမ္မကိုသာ အလေးဂရုပြုကြောင်း ထင်ရှား၏။
(၁) ဒါန- အပြန်အလှန် လက်ဆောင်ပေးခြင်းသည် ကောင်း၏၊ အခြားလက်ဆောင် ပေးခြင်းထက် ဓမ္မလက်ဆောင် ပေးခြင်းက ပိုကောင်းသည်။
(၂) ပေယျဝဇ္ဇ- နားဝင်ချိုသာ စကားပြောခြင်းသည် ကောင်း၏၊ သာမန်စကား ချိုသာစွာ ပြောဆိုခြင်းထက် ဓမ္မနှင့် စပ်သောစကားကို ပြောခြင်းက ပိုကောင်း၏။
(၃) အတ္ထစရိယာ- တစ်ဖက်သား၏ အကျိုးကိစ္စ ဆောင်ရွက်ခြင်းသည် ကောင်း၏၊ အခြား နည်းလမ်းဖြင့် တစ်ဖက်သား၏ အကျိုးကိစ္စ ဆောင်ရွက်ခြင်းထက် သဒ္ဓါမရှိသေးသူကို သဒ္ဓါရှိအောင်, သီလမရှိသေးသူကို သီလရှိအောင်, စာဂမရှိသေးသူကို စာဂရှိအောင်, ပညာမရှိသေးသူကို ပညာရှိအောင် ဆောင်ရွက် ပေးခြင်းက ပိုကောင်း၏။
(၄) သမာနတ္တတာ- အဆင့်တူထား ဆက်ဆံခြင်းသည် ကောင်း၏၊ သာမန်အဆင့်တူထား ဆက်ဆံခြင်းထက် ဓမ္မအသိပညာအရာ အဆင့်တူထားနိုင်အောင် ဆက်ဆံခြင်းက ပိုကောင်း၏။ (ဗလသုတ်၊ အံ ၊ ၃၊ ၁၇၄)
လောက၌ ရုပ်ဝတ္ထုကို အကြောင်းပြု၍ ရအပ်သောသုခနှင့် ဓမ္မကို အကြောင်းပြု၍ ရအပ်သော သုခသည် များစွာ ကွာခြား၏၊ ရုပ်ဝတ္ထုကို အကြောင်းပြု၍ ရအပ်သော သုခသည် တစ်ခဏမျှသာ ဖြစ်ပြီး ဓမ္မကို အကြောင်းပြု၍ ရအပ်သော သုခသည် ထာဝရ ဖြစ်၏။

ဆင်းရဲမွဲတေနေသော ပုဂ္ဂိုလ်အား ပစ္စည်းဥစ္စာ ကူညီထောက်ပံ့ပေးပြီး ဆင်းရဲမွဲတေခြင်းမှ လွတ်မြောက် အောင် ဆောင်ရွက်ခြင်းသည် ကောင်း၏၊ ကိုယ့်အစွမ်းအစဖြင့် ရပ်တည်နိုင်အောင် အသိပညာ, အတတ်ပညာ သင်ပေးပြီး ဆင်းရဲမွဲတေခြင်းမှ လွတ်မြောက်စေခြင်းက ပိုကောင်း၏။
မကျန်းမာသူတို့အတွက် ဆေးရုံဆေးခန်း တည်ထောင် ဖွင့်လှစ်ပေးခြင်း, ဆေးကုသပေးခြင်း သည် ကောင်း၏၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏( Prevention is better than cure) ဆိုသည့် အတိုင်း ကျန်းမာအောင် နေထိုင်စားသောက်နည်း သင်ကြားပေးမှု, ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်မှု, ကျန်းမာရေး စစ်ဆေးပေးမှုသည် ပိုကောင်း၏။ နောက်ဆုံး ရောဂါကျွမ်း၍ မျှော်လင့်ချက် မရှိတော့သည့်သူကို ဓမ္မအသိဖြင့် နှစ်သိမ့်အားပေးစကား ပြောဆို ပေးမှုသည် အလွန်ကောင်း၏။
အချုပ်အားဖြင့် ဆိုရသော် ဗုဒ္ဓကို ယုံကြည်၍ ဗုဒ္ဓ၏ အဆုံးအမအောက်တွင် ငြိမ်းချမ်းစွာ အတူနေထိုင် ကြသည့် ဗုဒ္ဓဘာသာ လူဝတ်အဖွဲ့အစည်(Laity) နှင့် ဗုဒ္ဓဘာသာ ရဟန်းဝတ် အဖွဲ့အစည်း (Clergy) ဟု နှစ်မျိုးရှိရာ ဗုဒ္ဓဘာသာ လူဝတ်အဖွဲ့အစည်းသည် လူမှုအကျိုးပြု အလုပ်ကို အာမိသာနုဂ္ဂဟ, ဓမ္မာနုဂ္ဂဟ နှစ်မျိုးလုံး လုပ်နိုင်၏။ လုပ်သင့်,လုပ်ထိုက်၏။
သို့သော် ဗုဒ္ဓဘာသာ ရဟန်းဝတ်အဖွဲ့အစည်းသည် လူမှုအကျိုးပြု အလုပ်ကို လုပ်ရာ၌ ဓမ္မာနုဂ္ဂဟကို အလေးပေး ပြုလုပ်သင့်သည်၊ ပြုလုပ်ရမည် ဖြစ်သည်၊ ဒေသေထ ဘိက္ခဝေ ဓမ္မံ- လူမှုဒုက္ခ, ဘဝဒုက္ခကို ဖယ်ရှားနိုင်သည့် နည်းကောင်းလမ်းကောင်း ဓမ္မလမ်းကြောင်းကို သိအောင် ရှင်းပြကြဟု မိန့်မှာသည့်အတိုင်း လိုက်နာဆောင်ရွက်သင့်ပါသည်၊ သို့မှသာ ဗုဒ္ဓအလိုကျ ဓမ္မဝိနယလမ်းကြောင်းကို မတိမ်းအောင် ထိန်းကြောင်း နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

“ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ၊ Well-Practiced Dhamma brings happiness.”

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ

29/12/2024

မိမိကိုယ်ကို မေတ္တာပို့ရတယ်
ဘာလို့လဲ ဆိုတော့
ဒုက္ခပေးမှာက
မိမိကိုယ်တိုင် ဖြစ်နေတာမို့
ရန်သူဟာ မိမိကိုယ်တိုင် ဖြစ်နေလို့ပဲ။

အပြင်မှာ တစ်ခါနိုင်တိုင်း
သံသရာ တစ်ခါ ရှုံးရလိမ့်ဦးမယ်။

ပစ္စု ပ္ပန်မှာလည်း
ကိုယ်မုန်းတဲ့ လူတစ်ယောက်ကို
သတ်လိုက်ရလို့ ၊ ရိုက်လိုက်ရလို့ ၊
ကိုယ်ကနိုင်တယ် မထင်ပါနဲ့ ။
ဒေါသက နိုင်သွားတာပါ ။ခိုင်းသလို လုပ်လေ
ဒေါသက ရောင့်တက်လေ ၊
အပြင်မှာ တစ်ခါနိုင်အတွင်း တစ်ခါရှုံး၊
ဒီနှုန်းနဲ့ သံသရာခရီးသွားခဲ့ကြလို့အောက်ရပ်
အပါယ်ဘုံတွေမှာရေစုန်မျောနေတာ။

မကြိုက်စိတ် ဒေါသ ဖြစ်ပေါ်လာချိန်
သတိနဲ့သာစောင့်ပြီး အနိုင်သတ်နိုင်ရင်
အတွင်းရန် ဒေါသကိုလည်း
အောင်ပြီးသား ၊ အပြင်ရန်ကိုလည်း
အမုန်းပွားစရာ မလိုတော့လို့ အောင်ပြီးသား၊
အတွင်းအောင် အပြင်အောင်မှတကယ့်အောင်နိုင်သူ ။

(မဟာဗောဓိမြိုင်ဆရာတော်ကြီး)

ပြည်ပမော်တော်ယာဉ်တင်သွင်းထုတ်လုပ်သည့်ခုနှစ် ဥပဒေအသစ် ထွက်ရှိ
29/12/2024

ပြည်ပမော်တော်ယာဉ်တင်သွင်းထုတ်လုပ်သည့်ခုနှစ် ဥပဒေအသစ် ထွက်ရှိ

ရန်ကုန်ကပါဤပုံပါ ဦးလေးသည် 8.12.2024 မနက်၇နာရီတွင် တောင်ဥက္ကလာပ၊  နေအိမ်မှ ထွက်သွားရာ ယခုချိန်ထိရှာမတွေ့သေးပါသဖြင့် တွေ့...
29/12/2024

ရန်ကုန်ကပါ
ဤပုံပါ ဦးလေးသည် 8.12.2024 မနက်၇နာရီတွင် တောင်ဥက္ကလာပ၊ နေအိမ်မှ ထွက်သွားရာ ယခုချိန်ထိရှာမတွေ့သေးပါသဖြင့် တွေ့လျင် အောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်ပေးကြပါရှင်
ဖုန်း- 09782896366၊099623244 (သတိမေ့တတ်)အသက် ၇၀နှစ်လောက်
အင်းကျီ အဖြူရောင်ဝတ်ထားပါသည်
နောက်ဆုံးတွေ့သည့်နေရာ - မနက်၉နာရီကျော်တွင် နန္ဒဝန်စျေးရှေ့
ကျေးဇူးတင်ရှိပါတယ်

28/12/2024

# #ရန်ကုန်မြို့ပေါ်မှာ တက်စီတစီးနဲ့ ကားချင်းငြိသလို လုပ်ပြီး လုပ်စားနေတဲ့ အဖွဲ့ (အိမ်စီးကားများ အထူးသတိပြုကြပါ)

ကိုယ့်လိုအဖြစ်မျိုးကြုံလာရရင် မခံရ​အောင် တက်စီ တစီးနဲ့လုပ်စား​နေတဲ့အဖွဲ့နဲ့ တိုးခဲ့ရပုံ​လေး ​​ပြောပြချင်လို့ပါ။ ဒီ​နေ့ ကိုယ်က ရုံးက ကားနဲ့ သွားစရာရှိတဲ့ way သွားပြီး ​လေး​ထောင့်ကန်လမ်းအတိုင်း ပြန်လာခဲ့ပါတယ်။ ကားက ရုံးက ကားဆရာအဘ​​မောင်းတာပါ။ တာ​မွေ​လေးခုံးတံတား​ပေါ်​ရောက်ချိန်မှာ အဘက ညာဘက်အစွန်ဆုံးလမ်း​ကြောအတိုင်း ကိုယ့်လမ်းကိုယ်သွား​နေတာကို ပုံထဲက ကားက ဇွတ်ဟွန်းအတင်းတီးပြီး ​ဘေးကို တို-က်မိ​တော့မယ့်အ​​နေအထားအထိ ခေါင်းထိုးဝင်လာပါတယ်။

အဘ​ရော ကိုယ်​ရော လန့်ပြီး အဘကလည်း ကားကို လွတ်​အောင် ညာဘက်နည်းနည်းဆွဲပြီး တို-က်လည်း မတို-က်မိ​တော့ "ဒီကားက ဘယ်လိုဖြစ်တာလဲ အတင်း​တွေပဲ" ဘာညာနဲ့ ​ပြောဆိုပြီး ဆက်​မောင်းလာပါတယ်။ ဇာတ်လမ်းက အဲဒီမှာစတာပါပဲ။ ခုနကားက ​နောက်က​နေ လိုက်လာပြီး တံတားအဆင်းနားမှာ ​ရှေ့ကပိတ်ရပ်လိုက်​တော့ အဘကလည်း ကားရပ်လိုက်ရပါတယ်။

ကား​ပေါ်က​နေ ​ယောက်ျားနှစ်​​ယောက် (တယောက်က ကတုံးနဲ့​ပါ) အသားညိုညို မိန်းမတစ်​ယောက်ဆင်းလာပြီး ပြဿနာစရှာပါ​တော့တယ်။ "ခင်ဗျားတို့ ကျွန်​တော်တို့ကားကို တို-က်ပြီး ဘာလို့ ​မောင်း​ပြေးတာလဲ လာရှင်း​ပေး"ဆိုပြီး ၃ ​ယောက်သား တစ်​ယောက်တ​​ပေါက် ဝိုင်းြဖ-ဲပါတယ်။

အဘ​ရော ကိုယ်​ရောက ကိုယ့်ကားက လမ်းမှန်အတိုင်းသွား​နေတာ သူတို့ကားက ကိုယ့်လမ်း​ကြောထဲ အတင်းထိုးဝင်လာလို့ တို-က်မိမလိုဖြစ်တာ မတိုက်မိ​တော့ ဒီတိုင်းဆက်​မောင်းလာတာ ဖြစ်​ကြောင်း ပထမ ​အေး​ဆေး ​ပြောပါတယ်။ ကိုယ်ကလည်း အဲဒီလို မတိုက်မိဘဲ တိုက်မိပါတယ်လို့ လုပ်စား​နေတဲ့အုပ်စုအ​ကြောင်း​တွေ ဖတ်ဖူးထား​တော့ အဘကို ကား​ပေါ်က လုံးဝမဆင်းခိုင်းပါဘူး။

အဲဒါကို သူတို့က ကျွန်​တော်တို့ကား ခင်ဗျားတို့ကားနဲ့တို-က်မိလို့ ထိသွားတာ လာဆင်းကြည့်ရမယ်နဲ့ အတင်းကို ကား​ပေါ်က ဆင်းခိုင်းတာပါ။ နောက်ဆုံးကိုယ်က "ရဲ​ခေါ်မယ် ဖုန်းနဲ့ ဗီဒီယိုလည်း ရို-က်ထားတယ်" ဆိုပြီး ​ပြော​တော့ "​ခေါ်လိုက်​လေ​ရော အဲဒီဗီဒီယိုပြ​" ​တွေ​ရော အတင်း​ပြောပါတယ်။ တကယ်သာရို-က်ထားမိတဲ့ ဗီဒီယို ရှိလို့ပြမိရင် ဖုန်းကို အတင်းဆွဲလုပြီး ဖျ-က်မယ့် ပုံစံမျိုး​တွေပါ။

အဘကလည်း ဝိုင်း​ပြောလွန်းလို့ မ​နေသာ​​တော့ သွားဆင်းကြည့်ပါတယ်။ သူတို့ကားက အရင်က ​ဆေးကွက်​နေတာ​တွေကို "ခင်ဗျားတို့ကားနဲ့ တို-က်မိတာ" လို့​အတင်း​ပြောတာပါ။ ကိုယ်​တွေကားက အရင်က ​ဆေးကွာ​နေလို့ထင်​နေတဲ့အစင်း​ကြောင်းကိုလည်း သူတို့ကားနဲ့ထိမိလို့ဖြစ်တာလို့​ အတင်း​တွေ​ပြောပါတယ်။ ဘာမှမတို-က်မိလို့ ဘာမှမရှိတဲ့ကားကို အတင်း​တွေ လာပြူးပြဲကြည့် ကိုင်ကြည့်ပြီးကို ပြစ်ချက်လိုက်ရှာကြတာပါ။ တကယ်သာ တို-က်မိရင် ယာဉ်​မောင်း​ဘေး ​ခရီးသည်​နေရာထိုင်​နေတဲ့ ကိုယ်က ကားချင်းထိမိ ပွတ်မိတဲ့အသံမျိုး တုန်ခါမှုမျိုး သေချာ​ပေါက်ခံစားမိမှာပါ။

အခုက တကယ် မထိမိလို့ကို ဆက်​မောင်းခဲ့တာကို အုပ်စုလိုက်ဆင်းဖြဲ​နေတာပါ။ "ခင်ဗျားတို့ကားက အိမ်စီးကားမလား"လို့လည်း မေးပါတယ်။ "အိမ်စီးကားမဟုတ်ဘူး"ဆို​တော့ "အုံနာကားလား အာ့ဆို အုံနာ​ခေါ်​ပေး" လို့​ ပြောပါ​သေးတယ်။ ဆူဆူညံညံဖြစ်​နေ​တော့ အဲဒီနားက လုံခြုံ​ရေးတစ်​ယောက်လည်း ထွက်လာပြီးကိုယ်က​လည်း ရဲ​ခေါ်မယ်ဆို တကယ်ဖုန်းဆက်​နေတာ လည်းမြင်​ရော "ခင်ဗျားတို့ သတိထား .. ​နောက်​တွေ့တဲ့​နေရာ ကား​​ခေါင်းကိုလိုက်တို-က်မယ်" လို့​ ခြိမ်း​ခြောက်ပြီး အုပ်စုလိုက် ကား​ပေါ်တက် ပြန်လစ်သွားကြတာပါ။

ကိုယ်​တွေ​နေရာမှာ မိန်းက​လေး​တွေချည်းပဲတို့ မ​ပြောတတ်မဆိုတတ်လူ​တွေတို့၊ ပြန်မ​ပြောရဲတဲ့လူ​တွေတို့ ဖြစ်ပြီး အနီးနားကလည်း လူပြတ်တဲ့​နေရာသာဆို ​သေချာ​ပေါက် သူတို့​ပြောသလို ပိုက်ဆံ​ပေးရင် ​ပေးရ ၊ မဟုတ်ရင်လည်း လူ​​တွေကိုပါ အန္တရာယ်တစ်ခုခု ပြု​ကောင်းပြုသွားနိုင်ပါတယ် ခုက လူသိပ်မပြတ်တဲ့ ​နေရာလည်းဖြစ်၊ ကိုယ်ကလည်း ကြားဖူးနားဝရှိ​နေလို့ ရဲ​ခေါ်မယ် ဗီဒီယို ရို-က်ထားတယ်နဲ့ ပြန်​​ပြော၊ အနားက လုံခြုံ​ရေးကလည်း ထွက်လာလို့ သက်သာသွားတာပါ ။

နောက်ဆို ဒီကားနံပါတ်နဲ့ ​ယောက်ျားနှစ်​ယောက် မိန်းမတစ်​​ယောက်ဆို သတိထားကြပါ ကားက​တော့ သူတို့ကားဟုတ်ချင်မှဟုတ်ပါလိမ့်မယ် တကယ်လို့ အုံနာရှိရင်လည်း သူ့ကားနဲ့ ဒီလို လုပ်စား​နေတာ သိရ​အောင် တင်လိုက်တာပါ။


(Moon Siya)

#တက်စီ
#ကားငြိ

28/12/2024

တရားတင်နေတဲ့သူတွေကို
အားပေးပါ။
သူတို့ကဓမ္မကိုဖြန့်ဝေနေတာ။
တရားဂရုထောင်တဲ့သူတွေကို
အားပေးပါ။
သူတို့ကဓမ္မနှစ်သတ်တဲ့သူဆီကို
အသိပညာတွေပို့ပေးနေတာ။

အရှင်ကောသိယ.ငါန်းဇွန်

မမေပျိုဖြူ(ခ)ဖြိုးပြည့်  အသက်(၁၅)နှစ် သည် 21.12.2024ရက်နေ့နံနက် ၅နာရီအချိန်တွင် ပျောက်ဆုံးသွားပါသဖြင့် တွေရှိပါမိဘများထံ...
28/12/2024

မမေပျိုဖြူ(ခ)ဖြိုးပြည့် အသက်(၁၅)နှစ် သည် 21.12.2024ရက်နေ့နံနက် ၅နာရီအချိန်တွင် ပျောက်ဆုံးသွားပါသဖြင့် တွေရှိပါမိဘများထံဆက်သွယ်ပေးကြပါ

ကိုမင်းမင်းအောင်ထံဆက်သွယ်ပေးရန်
ph.09951501620
ကျေးဇူးပြု၍ ဒီ POST ကိုshares ပေးကျပါနော်

28/12/2024
28/12/2024

🙏မိုးပျံမြေလျှိုး၊ 🙏
တန်ခိုးမျိုးမျိုးနှင့်၊
ပုန်းလျှိုးနေခို၊ မသေလို၍၊
ဤကိုယ်မုချ၊
မနေရဘူး။
လင်နဲ့မယား၊ သားနှင့်သမီး၊
မြေးနှင့်ဉစ္စာ၊ ဆွေမျိုးဉာနှင့်၊
မကွာမကွေ၊ မသေရဘဲ၊
အတူမြဲ၍၊ အကွဲတစ်စိ၊
ဘယ်မှာရှိလိမ့်။
လူဖြစ်ကြုံလတ်၊ လူ့ဘုံရပ်၌၊
ထူးမြတ်သည်ဆို၊
ထိုကုသိုလ်ကို၊
ဟိုလ-ဒီနေ့၊ ချိန်မရွေးဘဲ၊
ယနေ့ပင်သာ၊ အားထုတ်ရာ၏။
သေချာဧကန်၊
နက်ဖြန်သဘတ်၊
သေမည့်ရက်ကို၊ ချိန်းချက်မရှိ၊
ဘယ်သူသိလိမ့်။

(တောင်ပုလု့-တောရကမ္ဘာအေးဆရာတော်ဘုရားကြီး)
🙏🙏🙏🙏🙏
သန်းလှိုင် ဉီး

Address

Hmawbi

Alerts

Be the first to know and let us send you an email when Today Z posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Today Z:

Share

Z

I Share this Idea For the Sake of the People to get Some Knowledge.

-Admin profile 📷

8 years service as a Journalist.

- Well-trained Journalist Ethics.