Snake Man

Snake Man စိုက်ပျိုးရေးဝါသနာပါသူတစ်ယောက်ပါ

12/11/2023

မင်္ဂလာရှိသော နေ့လေးပါခင်ဗျ 😊

ဒီတစ်ခေါက် စိုက်ပျိုး ဗဟုသုတ မှာတော့ ပိုးသတ်ဆေးအညွှန်းတွေအကြောင်းဖြစ်ပြီးတော့ ဘယ်အချက်တွေကို သတိထားဖတ်ကြရမလဲ ဆိုတာကို ဝေမျှ‌ပေးမှာပါခင်ဗျာ

🐛ပိုးသတ်ဆေး(Pesticides) လို့ ဆိုလိုက်ရင်တော့ အင်းဆက်ဆေး၊ ကြွက်ဆေး၊ ခရု၊ စတဲ့ ဖျက်ပိုးတွေအပါအဝင်ကိုမှ ပေါင်းသတ်ဆေးလည်း ပိုးသတ်ဆေးဆိုတဲ့ အထဲမှာထည့်ထားတာဖြစ်ပါတယ်။
ဆေးဝယ်လာပြီဆိုရင် အညွှန်းကို မဖြစ်မနေဖတ်ရပါမယ်။
အညွှန်းမှာ -

▪️ဆေးအမည်
ဆေးအမည်က တော့ ထုတ်လုပ်သူကဖြစ်ဖြစ် တင်သွင်းရောင်းချတဲ့သူကဖြစ်ဖြစ် ပေးထားတဲ့ စီးပွားရေးအရ ‌မှတ်ပုံတင်ပြီး ရောင်းချနိုင်ဖို့အတွက် နာမည်ဖြစ်ပါတယ်။

▪️အစွမ်းရှိပစ္စည်း (AI)
အစွမ်းရှိပစ္စည်း (AI) ဆိုတာကတော့ ဆေးမှာ ပါဝင်တဲ့ အစွမ်းအာနိသင်ရှိတဲ့ ဓာတုဓာတ်ပေါင်းရဲ့နာမည်ဖြစ်ပါတယ်။ ဒါကတော့ တစ်ကမ္ဘာလုံးမှာပဲဖြစ်ဖြစ် တူညီတဲ့ နာမည်ဖြစ်ပါတယ်။ အအေးဝယ်သောက်သလိုပါပဲ၊ အရသာကတော့ အစွမ်းရှိပစ္စည်းဖြစ်ပြီး အကုန်လုံးမှာ နာနတ်ဆို နာနတ်ဖြစ်ပါတယ်။ ဒါပေမဲ့ အအေးအမည်ကတော့ ပြောင်းသွားပါတယ်။ ဒါလေးကတော့ ဆေးကို ဝယ်တတ်ဖို့ဖြစ်ပါတယ်၊ အစွမ်းရှိပစ္စည်း AI ကို ကြည့်ဝယ်ဖို့ အရေးကြီးပါတယ်ခင်ဗျာ။

▪️ဆေးအမျိုးအစား
ရေဖျော်ဆေးရည်လား ဆေးမှုန့်လား၊ အခဲလား ဆိုတာကို ဖော်ပြထားပါတယ်။

▪️အသုံးပြုရမည့်ပုံစံ
ရွက်ဖျန်း၊ မြေအောင်းဆေးမှုန့်လား၊ အစာနဲ့ ရောနယ်ကျွေးရမှာလားဆိုတာ ပါဝင်ပါတယ်။

▪️သုံးစွဲနိုင်သော သီးနှံ
သက်ဆိုင်ရာသီးနှံတွေကို ဖော်ပြထားတဲ့ အပိုင်းလေးပါဝင်လို့ မိမိသီးနှံနဲ့ ကိုက်မကိုက် သေချာစွာဖတ်ပေးရပါမယ်။

▪️နှိမ်နင်းနိုင်သော ရောဂါ/ပိုးမွှား/ပေါင်း
မှိုရောဂါ၊ ဗိုင်းရပ်ရောဂါ၊ ဂျပိုး၊ ခရု၊ ‌ဆင်ငိုမြက်၊ ကြွက်၊ မွှား စသဖြင့် မိမိနဲ့ ကိုက်ညီတဲ့ ပိုးမွှားရောဂါ တစ်ခုခုပါဝင်မှ ဝယ်ပါခင်ဗျာ။

▪️ဆေးနှုန်းထား
ဆေးဖျန်းပုံးတစ်ပုံးကို ဘယ်လောက်နဲ့ ရောစပ်ရမယ်။ တစ်ဘူးကို အစာဘယ်လောက်နဲ့ နယ်ရမယ် ဆိုတာလိုမျိုး နှုန်းထားတွေ ပါဝင်တာမို့ သေချာဖတ်ပြီး ရောစပ်ရပါမယ်။ ဆေးနှုန်းထားများရင် လောင်တတ်သလို၊ နည်းရင်လည်း ထိရောက်မှုနည်းနိုင်တာကြောင့် တိတိကျကျရောစပ်ဖို့ လိုတာမို့ ဖတ်ရပါမယ်ခင်ဗျာ။

▪️သုံးစွဲရမည့်အချိန်
ရောဂါမကျမှီကာကွယ်ဆေးအနေနဲ့ ကြိုတင်သုံးရမဲ့ဆေးလား၊ မနက်ပိုင်း ဖျန်းသင့်တာလာ၊ နေအေးချိန်လား စသဖြင့် ပါဝင်ပါတယ်။ အချိန်ကာလ နဲ့ကိုယ့်စိုက်ခင်းအခြေအနေ ကို ချိန်ဆပြီး ဝယ်နိုင်ဖို့ ဖတ်ရပါမယ်။

▪️ဆေးဖျန်းပြီး စိုက်ခင်းအတွင်း ဝင်ရောက်ရမည့် အချိန်
တစ်ချို့ပိုးသတ်ဆေးနဲ့ ဂိုဒေါင်တွေမှာ သုံးကြတဲ့ အဆိပ်ငွေ့မှိုင်းတိုက်တဲ့ ပစ္စည်းတွေလိုမျိုးမှာ ဆေးကို အသုံးပြုပြီး အနည်းဆုံး ဘယ်လောက်ကြာမှ ပြန်လည်ဝင်ရောက်ပါဆိုတာ ပါဝင်ပါတယ်။ ကျန်းမာရေးအရ စံနှုန်းတွက်ချက်ပေးထားတာဖြစ်တာကြောင့် အတိအကျလိုက်နာနိုင်ဖို့အတွက် ဒီအချက်ကိုလည်း ဖတ်ကိုဖတ်ရပါမယ်ခင်ဗျာ။

▪️သီးနှံမရိတ်သိမ်းမှီစောင့်ဆိုင်းရမည့်ကာလ (PHI)
စိမ့်ဝင်မှု အလိုက် ‌ဆေးဖျန်းပြီးတော့ အနည်းဆုံး ဘယ်အချိန်ကျမှ သီးနှံကိုခူးပါဆိုတဲ့ သတိပေးချက်လေးပါ။ စောင့်ရမဲ့ကာလအထိ မစောင့်ပဲ ခူးဆွတ်စားသုံးလိုက်ရင်တော့ ပိုးသတ်ဆေး ဓာတ်ကြွင်းနဲ့အတူ လူ့ခန္ဓာကိုယ်ထဲ ရောက်သွားမှာကို သတိပြုဖို့ ဖော်ပြချက်ဖြစ်တာမို့ ဂရုတစိုက်ဖတ်ပေးဖို့ လိုပါမယ်ခင်ဗျာ။

▪️မှတ်ပုံတင်နံပါတ်
ကြော်ငြာအားကောင်းကောင်းနဲ့ကြော်ငြာနေပေမဲ့ မှတ်ပုံတင် မလုပ်ရသေးဘူးဆိုရင် ယုံကြည်လို့မရပါဘူးခင်ဗျာ။ မှတ်ပုံတင်နံပါတ်က A (သို့) F (သို့) P နဲ့စပါတယ်ခင်ဗျ၊ ဥပမာ တစ်ခု ဆိုရင် P2021-5355 ဖြစ်ပါတယ်၊ မှတ်ပုံတင်နံပါတ်နဲ့အပေါ်က အညွှန်းစာအပြည့်အစုံပါဝင်မှ အရည်အသွေးစိတ်ချလက်ချနဲ့ သုံးကြပါခင်ဗျာ။

သတိပြုရန်အချက်များနှင့် ရှေးဦးလူနာပြုစုနည်းနဲ့ အခြားအချက်အလက်များ ပါဝင်ပါတယ်။

❗️နောက်ဆုံးအနေနဲ့ ပိုးသတ်ဆေးဖျန်းဖို့ လိုလာပြီဆို နှာခေါင်းစည်း၊ လက်အိတ်၊ ဖိနပ်နဲ့ ကိုယ်ခန္ဓာနဲ့ မျက်လုံးကို ဆေးတိုက်ရိုက်မထိအောင် အကာအကွယ်များဝတ်ဆင်ပြီးမှ ဖျန်းပါ။လေလာရာလမ်းကြောင်းအတိုင်းဖျန်းဖို့၊ ဆေးဖျန်းနေတုန်း အစားအစာမစားဖို့နဲ့ ဆေးဖျန်းပြီးရင် ဆေးပုံးရော ဆေးဖျန်းသူနဲ့တကွ ဆေးဖျန်းတုန်းက အဝတ်အစားတွေပါ သေချာပြန်ဆေးကြောဖို့လည်း မမေ့ကြပါနဲ့ခင်ဗျာ😊

15/09/2023
02/09/2023
29/08/2023
28/07/2023
28/07/2023

ဒီတစ်ပတ်စိုက်ပျိုးသုတ အစီအစဉ်လေးမှာ ဗဟုသုတလည်းရ၊ အပန်းလည်းပြေအောင် မေးခွန်းလေး မေးချင်ပါတယ် ခင်ဗျ။ ကိုယ့်စိတ်ကူးထဲက အဖြေမှန်လေးတွေကို Comment မှာ ဖြေပေးခဲ့ကြပါဦး 💡

ကျွန်တော်တို့ East West Seed Myanmar Page မှာတင်သမျှ စိုက်ပျိုး​ရေးဆောင်းပါးလေးတွေကို အမြဲမပြတ် ဖတ်ရှု့နေတဲ့သူဆိုရင်တော့ အလွယ်လေးကို ဖြေဆိုနိုင်မယ်လို့ ယုံကြည်ပါတယ် 🌟🌟🌟

Address

Hpa-an

Website

Alerts

Be the first to know and let us send you an email when Snake Man posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Snake Man:

Share