14/05/2026
ပဉ္စမပိုင်း…
UFO ဖြစ်ရပ်တွေဟာ
အခုချိန်မှာ
လူတွေ စိတ်ကူးယဉ်ပြီး ပြောနေတဲ့အရာတစ်ခုထက်
ပိုလာနေပြီ။
ဘာကြောင့်လဲ…?
အမေရိကန်တစ်နိုင်ငံတည်း မဟုတ်တော့ဘဲ…
အင်္ဂလန်နိုင်ငံက
အစိုးရတာဝန်ရှိသူတချို့,
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန (MoD) ရဲ့ အရာရှိဟောင်း
နစ်ပုဒ် (Nick Pope) က
"UFO တွေဟာ တကယ်ရှိပြီး ဒါဟာ သိပ္ပံနည်းကျ
လေ့လာရမယ့်
ကိစ္စဖြစ်တယ်"
ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
စစ်ဘက်ဆိုင်ရာ သက်သေခံသူတချို့,
radar ကြည့်တဲ့ပညာရှင်တချို့ကတောင်
“တချို့အရာတွေဟာ
လူသားတွေ လုပ်ထားတဲ့ နည်းပညာနဲ့ မတူဘူး”
လို့ စတင်ဝန်ခံလာကြပြီ။
ဒါပေမဲ့…
ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက
Ancient Alien theory တွေပဲ။
Egypt pyramids,
Maya လူမျိုး,
Nazca Lines,
Sumerian ရေးသားချက်တွေ…
ကမ္ဘာ့နေရာအနှံ့မှာ
“ကောင်းကင်ကလာတဲ့သူတွေ”
“ကြယ်တွေက ဘုရားတွေ”
ဆိုတဲ့ အကြောင်းတွေ
အံ့ဩစရာကောင်းလောက်အောင် တူနေကြတယ်။
ဥပမာ…
Nazca Lines တွေဆိုရင်
မြေပြင်ကနေ ကြည့်ရင်
ဘာမှ မထူးခြားဘူး။
ဒါပေမဲ့…
ကောင်းကင်ပေါ်ကနေ ကြည့်လိုက်မှ
ကြီးမားတဲ့ ပုံတွေ,
အမှတ်အသားတွေ,
ထူးဆန်းတဲ့ ဒီဇိုင်းတွေ ပေါ်လာတယ်။
အဲ့ဒီခေတ်က
လူသားတွေမှာ
လေယာဉ်တောင် မရှိသေးဘဲ…
ဘာကြောင့်
အပေါ်ကနေကြည့်မှ မြင်ရမယ့် ပုံတွေ
ဖန်တီးခဲ့တာလဲ…?
ဒါက တိုက်ဆိုင်မှု သက်သက်ပဲလား…?
ဒါမှမဟုတ်…
တစ်ခုခုနဲ့ ဆက်သွယ်မှု ရှိခဲ့တာလား…?
ဒါပေမဲ့…
US Government ထုတ်ပြန်တဲ့ UFO files တွေကို
သေချာကြည့်မယ်ဆိုရင်
လူတချို့ သတိထားမိတဲ့ အချက်တစ်ခု ရှိတယ်။
အရေးကြီးဆုံး case တချို့…
မပါလာဘူး။
အရင်တုန်းက
UFO ကို အနီးကပ်တွေ့ခဲ့တယ်လို့
ဝန်ခံခဲ့တဲ့ လေယာဉ်မှူးတွေရဲ့
အပြည့်အစုံ file တွေ မရှိဘူး။
Radar data တွေ မပါဘူး။
Area 51 နဲ့ပတ်သက်တဲ့
တရားဝင် အချက်အလက်တွေဆို
အစအနတောင် မတွေ့ရဘူး။
ဒါကြောင့်
တချို့ researchers တွေက
“US Government က
အရေးကြီးတဲ့ အပိုင်းတွေကို
ဖျောက်ထားသေးတယ်”
လို့ ယူဆလာကြတယ်။
ဘာကြောင့်လဲ…?
တကယ်လို့
အဲ့ဒီ file တွေထဲမှာ
လူထု မသိသင့်သေးတဲ့
နည်းပညာတွေ,
ပစ္စည်းတွေ,
သက်သေတွေ ရှိနေခဲ့ရင်ရော…?
ပိုပြီး ထူးဆန်းတာက…
နည်းပညာတိုးတက်နှုန်းပဲ။
လူသားတွေဟာ
နှစ်ထောင်ပေါင်းများစွာ
တဖြည်းဖြည်းပဲ တိုးတက်လာခဲ့တယ်။
ဒါပေမဲ့…
ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာတော့
တိုးတက်မှုက
ပုံမှန်မဟုတ်တော့ဘူး။
Radio…
Computer…
Internet…
CPU chip…
AI…
အရာအားလုံးဟာ
အရမ်းမြန်တဲ့ အရှိန်နဲ့
ပြောင်းလဲလာတယ်။
တချို့ conspiracy theory တွေကတော့
“Alien နည်းပညာ တချို့ကို
လူသားတွေ ရရှိခဲ့လို့
ဒီလောက်မြန်သွားတာ”
လို့တောင် ပြောလာကြတယ်။
တကယ်ပဲ
CPU chip တွေ,
AI systems တွေ,
advanced technology တွေဟာ…
လူသားတွေ ကိုယ်တိုင်ပဲ
အကုန် တီထွင်နိုင်ခဲ့တာလား…?
ဒါမှမဟုတ်…
တစ်ခုခုက
နောက်ကွယ်ကနေ
လူသား civilization ကို
တွန်းတင်ပေးနေတာလား…?
အခုဆို…
AI တွေဟာ
လူသားတွေထက်
ပိုမြန်စွာ စဉ်းစားနိုင်လာပြီ။
Robot တွေက
ကိုယ်တိုင် သင်ယူလာပြီ။
Quantum computer တွေက
အနာဂတ်နည်းပညာကို
ပြောင်းလဲပစ်မယ့် level ရောက်လာပြီ။
ဒါဟာ
လူသား civilization က
Type 1 civilization ဆီ သွားနေတဲ့
အချက်ပြတစ်ခုလား…?
တချို့ analysts တွေက
US Government ရဲ့ UFO ထုတ်ပြန်ချက်တွေဟာ
“Alien ရှိတယ်” လို့ ပြောဖို့ မဟုတ်ဘဲ…
“မသိသေးတဲ့ နည်းပညာတွေကို
ထိန်းချုပ်ဖို့”
ဖြစ်နိုင်တယ်လို့တောင် ပြောလာကြတယ်။
ဘာကြောင့်လဲ…?
တကယ်လို့
လူသားတွေက
ပြင်ပကမ္ဘာနည်းပညာ တစ်ခုခုကို
ရရှိထားခဲ့ရင်…
ဘယ်နိုင်ငံက ထိန်းချုပ်မလဲ…?
AI နဲ့ ပေါင်းလိုက်ရင်
civilization က
ဘယ်လောက်ထိ ခုန်တက်သွားမလဲ…?
ဒါကြောင့်ပဲ
UFO disclosure တွေဟာ
science story တစ်ခုတည်း မဟုတ်တော့ဘူး။
အာဏာ…
နည်းပညာ…
အနာဂတ်…
လူသား evolution…
အရာအားလုံးနဲ့ ဆက်စပ်လာနေပြီ။
ဒါပေမဲ့…
အကြောက်ဆုံးအပိုင်းက
နောက်ထပ် မထုတ်ပြန်သေးတဲ့ files တွေပဲ။
တစ်နေ့နေ့မှာ
US Government က
နောက်ထပ် documents တွေ ထုတ်ပြလာခဲ့ရင်…
အဲ့ဒီထဲမှာ
ဘာတွေ ပါလာမလဲ…?
ရှင်းရှင်းလင်းလင်း UFO video တွေလား…?
မသိသေးတဲ့ ပစ္စည်းတွေလား…?
ဒါမှမဟုတ်…
လူသားတွေ အခုထိ
လက်မခံနိုင်သေးတဲ့
အမှန်တရားတစ်ခုလား…?
ပြီးတော့…
နည်းပညာခေတ်ဟာ
ဒီအရှိန်နဲ့ ဆက်တိုးတက်နေမယ်ဆိုရင်…
နောက် ၁၀ နှစ်အတွင်းမှာ
လူသား civilization ဟာ
ဘယ်အဆင့်ထိ ရောက်သွားမလဲ…?
အဲ့ဒီအချိန်မှာ…
“သူတို့” က
တိတ်တိတ်လေးပဲ ဆက်ကြည့်နေဦးမလား…?
ဒါမှမဟုတ်…
တစ်နေ့မှာ
လူသားတွေရှေ့ကို
တကယ်ပဲ ထွက်ပေါ်လာမလား…?