Naw's Vlog

Naw's Vlog I love travelling around the world 🌍

07/07/2025

ကျောက်ကောင်းရတနာလေး ဖြစ်ပါစေ 💪💪💯

#ဖားကန့်ကျောက်စိမ်းမှော်

12/06/2025

ကျောက်ရှာရင်း ညိုတကြီးကိုခဲမှန်တာလည်းအကြိမ်ရေ မရေမတွက်နိုင်အောင်ပါပဲဗျာ🤗
အရင်ချိန်တွေပြန်လွမ်းမိသား😍

24/05/2025

😱

မှော်ထဲမှာကားမောင်းရတာ တော်ယုံစကေးနဲ့တော့မရဘူးဗျ 😱

13/05/2025

မနမှော်တဲ့ဗျာ 🥰

30/04/2025

5လပိုင်းဆိုတာနဲ့မိုးတွေကစားပြီမို့ ဆိုဒ်တွေပြန်နားရတော့မယ် 😊

16/04/2025

⛏️Phakant ⛏️ 🥰

01/04/2025

ညကျောက်ရှာလို့မောရင်
ဆိုင်တန်းလျားဖက်ဆင်းလာပြီး မုန့်လေးဘာလေးစား
သူငယ်ချင်းတွေကျောက်ရရင် သူတို့ကျောက်လေးပွဲတိုက်ဘာတိုက်နဲ့အပြန်ဆိုရင် မှော်မုံကိုက ဝင်ရသေး 😁 ရေမဆေးကျောက်ရှာသမားတွေရဲ့ဘဝ

အရင်ချိန်တွေကိုလွမ်းမိသား 🫶

28/03/2025

ရတနာဆိုတာ ကိုယ်နဲ့ထိုက်မှရတာပါ ❣️💪

23/02/2025

ငယ်ငယ်က အဖေအမေနဲ့အတူတူလုပ်ခဲ့ဖူးတဲ့အချိန်တွေသတိရတယ် ❤️

24/04/2024

Baby Birds 🫶

ခရီးသွားပါ။ သွားနိုင်သလောက် ဝေးဝေးသွားပါ။ ကြာနိုင်သလောက် ကြာအောင်နေပါ။ ခရီးသွားတယ်ဆိုတာ အနားယူဖို့လား၊ နေရာအသစ်တွေအများက...
20/01/2024

ခရီးသွားပါ။
သွားနိုင်သလောက် ဝေးဝေးသွားပါ။
ကြာနိုင်သလောက် ကြာအောင်နေပါ။

ခရီးသွားတယ်ဆိုတာ အနားယူဖို့လား၊ နေရာအသစ်တွေအများကြီး ရောက်ချင်လို့လား ခွဲခြားပါ။ ခရီးရဲ့ ရည်ရွယ်ချက်ကို စစဉ်းစားပါ။
အလုပ်ကိစ္စပါရင် အလုပ်ကို အရင်ဦးတည်ပြီးမှ အချိန်ပိုချိန် လည်ပတ်ပါ။

အနားယူမယ့် ခရီးဆိုရင် ကားလက်မှတ်ဖြတ်တာကအစ ဟိုတယ်အဆုံး ဖြစ်နိုင်ရင် ငွေနည်းနည်း ပိုသုံးပါ။ လည်ပါ၊ ရောက်တဲ့နေရာမှာ စိတ်ကြိုက် အချိန်ပေးနေပါ။ ဓါတ်ပုံရိုက်ပါ။ ထိုင်ငေးချင်ရင် ထိုင်ငေးနေပါ။ စားချင်ရင် ဝင်စားပါ။ နားချင်ရင် ဟိုတယ်ပြန်နားပါ။ ဟိုတယ်ထဲ အိပ်လိုက်စားလိုက် တစ်နေကုန် ဇိမ်ယူပြီး ညနေပိုင်းမှ Sunset လေး ထွက်ကြည့်တာမျိုးလေး လုပ်ကြည့်ပါ။

နေရာအသစ်တွေ များများရောက်ချင်တာ ဆိုရင်တော့ Runပါတော့။ မိုးမလင်းခင်က ထပြင်၊ တစ်နေရာပြီး တစ်နေရာဆက်သွား၊ ညကျမှ ခြေကုန်လက်ပန်းကျ အိပ်ရာထဲ ဇိမ်ယူချိန်မရဘဲ တန်းအိပ်ပျော်မယ့် ခရီးဆိုရင်တော့ ဟိုတယ်အတွက် ဘက်ဂျက်လေး လျှော့သုံးပါ။

ဘယ်လိုပုံစံမျိုးနဲ့ ခရီးသွားသွား ခရီးသွားတယ်ဆိုတာ စိတ်ကို အသစ်ဖြစ်စေဖို့လို့ နှလုံးသွင်းထားပါ။ ပျော်အောင် နေပါ။ ခရီးသွားနေတဲ့အချိန်မှာ အလုပ်တွေ ထားခဲ့ပါ။ အလုပ်ကိစ္စတွေ ခေါင်းထဲက ခဏထုတ်ထားပါ။

လူမှုကွန်ယက်ကို ခဏ မေ့ထားပါ။ ခရီးသွားရင်း ဖေ့စ်ဘုတ်ကြီး ပွတ်နေတာ ခရီးသွားခြင်းရဲ့ အရသာကို လျော့စေပါတယ်။ အိမ်မှာနေရင်းလည်း ဖေ့စ်ဘုတ်သုံးလို့ ရတဲ့ဟာ၊ ခရီးသွားနေချိန်မှာ ကားစီးရင်းတောင် ဖဘမသုံးဘဲ ဘေးဘီဝဲယာငေးရင်း တွေးချင်တာ တွေးပြီး ဒိုးရတာ ပိုမိုက်ပါတယ်။

နေရာတစ်ခုရောက်ရင် ဓါတ်ပုံရိုက်ပါ။ ဒါပေမယ့် ဓါတ်ပုံရိုက်ခြင်းတစ်ခုတည်းပဲ မလုပ်ပါနဲ့။ ကင်မရာကို ဖြတ်ပြီး မြင်ရတဲ့ ရှုခင်းတွေထက် ကိုယ့်မျက်လုံးချည်းနဲ့ သက်သက် မြင်ရတဲ့ မြင်ကွင်းတွေကို တစ်ဝကြီး ခံစားပါ။ ဒီရှုမျှော်ခင်းတွေကို သူများတွေကို ဓါတ်ပုံရိုက်ပြဖို့ ဒီလောက်အဝေးကြီး လာခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်မျက်လုံးက မြင်ပြီး ကိုယ့်နှလုံးသားက မမေ့တဲ့အထိ ခံစားပါ။

ခရီးသွားတယ်ဆိုတာ သွားနိုင်တဲ့ အခြေအနေပေးရပါမယ်။ သွားနိုင်တဲ့ ငွေကြေး ရှိရပါမယ်။ သွားနိုင်တဲ့ ကျန်းမာရေးအနေအထား ရှိရပါမယ်။ ဒါတွေအားလုံး ပြည့်စုံမှ ခရီးသွားလို့ ရတာပါ။ အဲ့တော့ သွားနိုင်မယ်ဆို သွားသာသွားပါ။

ဝေးဝေးသွားပါ၊ ကြာကြာသွားပါ။
တစ်နေ့မှာ ကိုယ်တို့ဟာ ကိုယ်တို့ပျင်းရိငြီးငွေ့ပါတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကြီးဆီကိုပဲ မျှော်လင့်ချက်တွေ၊ သံယောဇဉ်တွေနဲ့ ပြန်လာရဦးမှာပဲ မဟုတ်လား။ ပုံမှန်ဘဝကြီးဆီကိုပဲ မက်မက်စက်စက် တိုးဝင်ကြရဦးမှာ မဟုတ်လား။

ခရီးသွားတယ်ဆိုတာ ဘဝကို Restart လုပ်တာပါ။ ကွန်ပျူတာ တစ်လုံးကို Restart လုပ်လိုက်သလိုပဲ ... ဖွင့်ထားတဲ့ Softwareတွေ၊ အလုပ်တွေအကုန်လုံး ပိတ်ချပစ်လိုက်ပြီး အစက ပြန်စတာပါ။ ဘဝဟာ ကွန်ပျူတာတစ်လုံးထက် ပိုဟန်းတတ်ပါတယ်။ မကြာခဏ Restart ချဖို့ လိုပါတယ်။

စိတ်ညစ်ရင် ခရီးထွက်ပါ။
ပျော်ရင်လည်း ခရီးထွက်ပါ။
ငြီးငွေ့နေရင် ခရီးထွက်ပါ။
ဘာမှ ခံစားမရတော့ရင်လည်း ခရီးထွက်ပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့်
Credit ပေးပါသည်။

15/01/2024

ကသာမြို့ရဲ့ ဧရာဝတီတစ်ဖက်ကမ်းက နေထွက်ဆည်းဆာအလှတရား 🌅❤️

Address

Hpakan
1161

Alerts

Be the first to know and let us send you an email when Naw's Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Naw's Vlog:

Share

Category