ဖားကန့် ကြေးမုံ - Hpakan Mirror

ဖားကန့်  ကြေးမုံ - Hpakan  Mirror မတရားမှုတွေကို ဒီနေရာမှာ ရင်ဖွင့်က?

EAOsအားလုံးလိုလိုက တရုတ်ဩဇာခံတွေဆိုတာမေ့မထားကြပါနဲ့ ....
02/12/2025

EAOsအားလုံးလိုလိုက တရုတ်ဩဇာခံတွေဆိုတာမေ့မထားကြပါနဲ့ ....

ကျည်၊ ဘတ်ဂျက်နဲ့ လူအင်အား နည်းပါးမှုတွေကြောင့် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို လက်လွှတ်ခဲ့ရတာဖြစ်ပြီး ပေးဆပ်နစ်နာသူတွေကို တောင်းပန်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောပါတယ်။

“ပထမဆုံး တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ်။ ရင်ထဲ လှိုက်လှိုက်လှဲလှဲ နာကျင်ရတာမို့ အနူးအညွတ် တောင်းပန်ပါတယ်”
အပြည့်အစုံ ကွန်မန့်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#မိုးကုတ် #မိုးမိတ်

19/11/2025

ဖားကန့်မှာစကမနဲ့KIAတို့စစ်တိုက်နေတယ်လို့ဖားကန့်ပြည်သူတွေကမယုံကြည်ပါဘူး

လက်ရှိ မှော်ထဲမှာစစ်ဖြစ်တယ်။ စစ်ဖြစ်တော့လူသေကြတယ်။ စစ်တပ်ကလုပ်လို့လူသေရင် အကြီးအကျယ်ဝိုင်းအော်ကြပြီ။ တောဘက်ကကောင်တွေလုပ်...
13/11/2025

လက်ရှိ မှော်ထဲမှာစစ်ဖြစ်တယ်။ စစ်ဖြစ်တော့လူသေကြတယ်။

စစ်တပ်ကလုပ်လို့လူသေရင် အကြီးအကျယ်ဝိုင်းအော်ကြပြီ။ တောဘက်ကကောင်တွေလုပ်လို့လူတွေသေကြရင် အသံလေးတွေတိတ်လို့။

ဒီကောင်တွေကတော့ ထင်မှာပေါ့။ စစ်တပ်လုပ်ရင်လူများများသိအောင်ဝိုင်းအော်။ ငါတို့ဘက်ကကောင်တွေလုပ်ရင် လူမသိသူမသိအောင်ဖုံးဖိပေး။ ဒါဆို မှော်ထဲကလူတွေ စစ်တပ်ကိုမုန်းမယ်။ ငါတို့တော်လှန်ရေးကြီးအောင်မြင်မယ်ပေါ့။

သူတို့မသိတာ မှော်ထဲကလူတွေ social Midea သုံးနေတဲ့ကောင်တွေက $အတွေမဟုတ်ဘူးဆိုတာပဲ။ မပြောရဲလို့သာ သေမှာကြောက်လို့သာ မပြောကြတာကို ဒါကိုငါတို့လုပ်တာအောင်မြင်တယ်ထင်နေကြတာ။

အချိန်တန်ရင်ဘယ်ဘက်အဖွဲ့ကဘေးရောက်သွားမလဲစောင့်ကြည့်နေကြပေါ့။

မင်းတို့လောက်ဘယ်သူမှမလည်ဘူးထင်နေကြတာ အံ့ဩဘ

Crd-Hkun Naung

Crd

ဖားကန့်ဒေသတွင် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကုသိုလ်ယူသူ လူငယ်များအား KIA မှ အတင်းအဓမ္မ ဖမ်းဆီးစစ်သားစုဆောင်းအောက်တိ...
06/10/2025

ဖားကန့်ဒေသတွင် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကုသိုလ်ယူသူ လူငယ်များအား KIA မှ အတင်းအဓမ္မ ဖမ်းဆီးစစ်သားစုဆောင်း

အောက်တိုဘာ ၆၊ ၂၀၂၅

ဖားကန့် — ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဒီကနေ့ ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့၌ ကုသိုလ်ယူသီလဆောက်တည်ရန် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်သည့် လူငယ်အချို့အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ အတင်းအဓမ္မ ဖမ်းဆီး၍ စစ်သားစုဆောင်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

KIA ၏ ယခုလုပ်ရပ်သည် ဖားကန့်ဒေသရှိ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) များနှင့် ပြည်သူလူထုအကြား အခြေအနေများ ပိုမိုတင်းမာစေပြီး လူမျိုးဘာသာများ၏ နေ့ထူးနေ့မြတ်များကို မထီမဲ့မြင်ပြုသည့် လုပ်ရပ်ဖြစ်သည်ဟု အမည်မဖော်လိုသော KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဝေဖန်ပြောဆိုသည်။

“ကျနော်တို့နဲ့ ပြည်သူကို သွေးခွဲသလို ကြီး ခံစားရပါတယ်။ နောက်ပြီး ဒီနေ့လို မြတ်နိုးရတဲ့နေ့မှာ ဒီလိုလုပ်ရပ်မျိုးဟာ မလုပ်သင့်ပါဘူး။ ဘာသဘောလဲ၊ ပြည်သူနဲ့ ကျနော်တို့ကို ရန်တိုက်ပေးနေတာလား” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

KIA သည် ဖားကန့်မြို့နယ်အတွင်း ၎င်း၏ အတင်းအဓမ္မ ဖမ်းဆီး စစ်သားစုဆောင်းမှုများကို မကြာသေးမီကာလများအတွင်း ခဏခဏ ဆောင်ရွက်လျက်ရှိသည်။

ယခင်က အောက်တိုဘာလ ၄ ရက်နေ့က ဆိုင်းတောင်ကျေးရွာရှိ ပြည်လုံးချမ်းစေတီတော်၌ ဘုရားပရဝုဏ် သန့်ရှင်းရေး လုပ်ကိုင်နေသည့် အသက် ၁၇ နှစ်မှ ၁၈ နှစ်အရွယ် အမျိုးသမီးငယ်များ အပါအဝင် လူငယ် ၈ ဦးအား လည်းကောင်း၊ လွန်ခဲ့သော သတင်းပတ်ကလည်း ရေမဆေးကျောက်ရှာဖွေသူများအား လိုက်လံဖမ်းဆီးရာမှ ရွှေ့ပြောင်းရှာဖွေသူတစ်ဦး ကမ်းပါးပေါ်မှ ပြုတ်ကျသေဆုံးသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသအခြေစိုက် မီဒီယာများနှင့် လူမှုကွန်ရက်များတွင် ဖော်ပြခဲ့ကြသည်။

06/10/2025

ဆန်းဒေးကျရင်ဘုရားကျောင်းလာတက်တဲ့လူငယ်တွေကိုရောKIAစုဆောင်းရေးဆွဲမှာလား

သေနတ်ကိုင်သူအားလုံးကစစ်ဘီလူးအသွင်ဆောင်လာကြပါပြီ။ဒါကြောင့်သေနတ်ကိုင်ပြီးမရိုးသားသူဘယ်လူပုဂ္ဂိုလ်ဘယ်အဖွဲ့အစည်းကိုမှပြည်သူက...
06/10/2025

သေနတ်ကိုင်သူအားလုံးကစစ်ဘီလူးအသွင်ဆောင်လာကြပါပြီ။ဒါကြောင့်သေနတ်ကိုင်ပြီးမရိုးသားသူဘယ်လူပုဂ္ဂိုလ်ဘယ်အဖွဲ့အစည်းကိုမှပြည်သူကအားမပေးသင့်ဘူး။

Address

Hpakan

Website

Alerts

Be the first to know and let us send you an email when ဖားကန့် ကြေးမုံ - Hpakan Mirror posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဖားကန့် ကြေးမုံ - Hpakan Mirror:

Share