Crazy Hpam

Crazy Hpam 𝑮𝒆𝒏𝒆𝒓𝒂𝒍 𝒂𝒄𝒌𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆

16/06/2025

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

သူများဒွေ "{ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့}"သိပ်သာယာနေတာတို့ကတော့ "{ဘေထည့်လိုက်ပြန်ချေးလိုက်နဲ့}"သံပုရာသီး ဘဲ😁😁😁😁😁😁😁😁😁
05/02/2025

သူများဒွေ "{ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့}"
သိပ်သာယာနေတာ

တို့ကတော့ "{ဘေထည့်လိုက်ပြန်ချေးလိုက်နဲ့}"
သံပုရာသီး ဘဲ
😁😁😁😁😁😁😁😁😁

ဆရာအောင်သင်းလည်းကျွန်တော့်လို့သည်းခံခဲ့ဖူးတယ်ထင်တယ်😁😁😁😁😁😁😁😁😁
30/01/2025

ဆရာအောင်သင်း
လည်းကျွန်တော့်လို့
သည်းခံခဲ့ဖူးတယ်ထင်တယ်
😁😁😁😁😁😁😁😁😁

ကိုယ်ကလုပ်ချင်လွန်းလို့မဟုဘူးတစ်ဖက်လူက အဖက်မလုပ်ရင်ဘယ်လောက်နာကြဉ်တယ်ဆိုတာမသိရင် စာလာမရေးကြပါနဲ့လို့ဘဲပြောချင်တယ်သူ့အတွက်...
27/11/2024

ကိုယ်ကလုပ်ချင်လွန်းလို့မဟုဘူး
တစ်ဖက်လူက အဖက်မလုပ်ရင်
ဘယ်လောက်နာကြဉ်တယ်ဆိုတာ
မသိရင် စာလာမရေးကြပါနဲ့လို့ဘဲ
ပြောချင်တယ်
သူ့အတွက်ဆို ကိုယ်က
unseen ပြမှရတာ

ငွေရှာကောင်းတဲ့ ယောက်ကျားကိုရွေးချယ်ရင်သူအိမ်ကိုတော့ ဂရုမစိုက်နိုင်တာကိုတော့သည်းခံရမယ်။အိမ်ကို ဂရုစိုက်တဲ့ယောက်ကျားကို  ...
19/10/2024

ငွေရှာကောင်းတဲ့ ယောက်ကျားကိုရွေးချယ်ရင်
သူအိမ်ကိုတော့ ဂရုမစိုက်နိုင်တာကိုတော့
သည်းခံရမယ်။

အိမ်ကို ဂရုစိုက်တဲ့ယောက်ကျားကို ရွေးချယ်ရင်
သူငွေမရှာတက်တာကိုတော့ နားလည်းပေးရမယ်။

ပြောစကား နားထောင်တဲ့ ယောက်ကျားကိုရွေးချယ်ရင်
သူရဲ့အားငယ်စိတ်ကို နားလည်းပေးရမယ်။

ရဲရင့်တဲ့ယောက်ကျားကို ရွေးချယ်ရင် သူရဲ့
သူရဲ့ ခေါင်းမာမူကိုတော့ သည်းခံပေးရမယ်။

သိပ်လှတဲ့ ယောက်ကျာကို ရွေးချယ်ရင်
သူရဲ့ သုံးဖြုန်းမူကိုလည်း လက်ခံပေးရမယ်။

အရည်အချင်း ရှိတဲ့ ယောက်ကျားရွေးချယ်ရင်
သူရဲ့လွမ်းမိုးမူနဲ့. အနိုင်ယူတာကို
နားလည်းပေးရမယ်။

ဘက်စုံတော်တဲ့ ယောက်ကျား ဆိုတာ
အိမ်မက်ထဲမှာပဲရှိတယ် 👌

"တပည့်တော် ၁၂ ပါး အကြောင်း "ပေတရုပေတရု၏ အမည်ရင်းမှာ ရှိမုန်ဖြစ်၍မာန၏သားဖြစ်ကာ (ရှိမုန်ဗာယောန)တမန်တော်များ၏ခေါင်းဆောင်ဟု ...
09/10/2024

"တပည့်တော် ၁၂ ပါး အကြောင်း "

ပေတရု

ပေတရု၏ အမည်ရင်းမှာ ရှိမုန်ဖြစ်၍
မာန၏သားဖြစ်ကာ (ရှိမုန်ဗာယောန)
တမန်တော်များ၏ခေါင်းဆောင်ဟု အသိ
အမှတ်ပြုခံရသူဖြစ်သည်။ သူနှင့်သူ၏ညီ
အန်တို့မှာ ဗက်ဇဲဒမှဖြစ်၍ ကပေရနောင် ၌
နေထိုင်ကြသည်။ သူတို့သည် တံငါသည်
များဖြစ်၍ ဇေဗေဒ၏သားများနှင့်အတူ
လုပ်ကိုင်ကြသည်။ (မ၊၁၆း၁၇။ ယော၊၁း၄၄။
မား၁၆-၁၇။ လု၊ ၅း၁၀) တို့ကိုရှူ။

ယေရှုခရစ်တော်က သူ့ကို ပေတရု
“ကျောက်ဆောင်” ဟု အဓိပ္ပါယ်ရှိသည်)
ဟူ၍ အမည်သစ်ပေးချိန်မှစ၍ ရှိမုန်ပေတရု
ဟူ၍ လူသိများသည်။ သူသည် နောက်ပိုင်း
တွင် တည်ကြည်ကိုးစားထိုက်သူတစ်ဦးဖြစ်
လာသည်။ အစပိုင်းတွင်မူ ဒေါသထွက်လွယ်
သူ၊ သည်းခံစိတ်မရှိသူ၊ ရပ်တည်ချက်အတည်
တကျမရှိသူတစ်ဦးဖြစ်သည်။ အောက်တွင်
ဥပမာတချို့ကို ဖော်ပြထားသည်။

မ ၁၆း၁၃-၂၆တွင် ပေတရုက ယေရှုသည်
ခရစ်တော်ဖြစ်၍ အသက်ရှင်တော်မူသော
ဘုရားသခင်၏ သားတော်ဖြစ်သည်ဟု
ကြေညာခဲ့သည်။ သို့သော် မကြာမီပင်
ယေရှုခရစ်တော်က သူအသေခံတော်မူ
မည့်အကြောင်းကို ဖွင့်ဟသောအခါ
ဆန့်ကျင်ခဲ့ပြန်သည်။

တစ်ခါကလည်း ယေရှုခရစ်တော် ရေပေါ်
၌ စက်တော်ဖြန့်လျက် ကြွတော်မူရာ သူ
လည်း ရေပေါ်တွင် လမ်းလျှောက်နိုင်ရန်
ကြိုးပမ်းခဲ့သည် (မ၊၁၄း၂၈)။ သို့သော်
သံသယနှင့်ယုံမှားခြင်းကြောင့်ရေနစ်ခဲ့၏။

နောက်ဆုံးညစာစားပွဲ၌ အားလုံးက ယေရှု
ခရစ်တော်ကို စွန့်ပစ်ပါစေ မိမိကမူ သစ္စာ
စောင့်ထိန်းမည်ဟု ဆိုခဲ့သည် (မာ၊၁၄း၂၉
မှစ၍)။ ထို့နောက်တွင် ယေရှုကိုမသိပါဟူ၍
သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သည်(မာ၊
၁၄း၆၆)။

ယေရှုခရစ်တော်အား ဖမ်းဆီးမည့်သူများ
ရောက်လာစဉ်တွင် သူသည် ဓားတစ်လက်
ကိုင်ပြီး ခုခံခဲ့သော်လည်း(ယော၊၁၈း၁ဝ)
နောက်ပိုင်း၌ရှောင်ပြေးခဲ့သည် (မ၊၂၆း၅၆)။

သို့သော် ဘုရားသခင်၏ တန်ခိုးတော်နှင့်
ကျေးဇူးတော်ကြောင့် ပေတရုပြောင်းလဲလာ
ကာ ခေါင်းဆောင်၊ ကျမ်းရေးသူ (ဓမ္မသစ်
ကျမ်းနှစ်ကျမ်းကို ရေးခဲ့သည်)သာမက သတ္တိ
စွမ်းအားနှင့် ပြည့်စုံသော တရားဟောဆရာ
တစ်ပါးဖြစ်လာသည်။ ပင်တေကုတ္တေပွဲနေ့
တွင် သူတရားဟောခဲ့ရာ လူ(၃၀၀၀)
ပြောင်းလဲခဲ့သည်။

သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သည့်နည်းတူ
ရှင်ပြန်ထမြောက်တော်မူပြီးနောက် ယေရှု
ခရစ်တော်က သုံးကြိမ်တိုင်တိုင် စစ်ဆေးကာ
သူ၏ယုံကြည်ခြင်းကို အတည်ပြုပေးတော်မူ
သည် (ယော၊၂၁း၁၅ မှစ၍)။

ယေရှုခရစ်တော်က ပေတရုဟူသော
ကျောက်ပေါ်တွင် အသင်းတော်ကို တည်
ထောင်မည်ဟု မိန့်တော်မူသည် (မ၊၁၆း၁၈)။
အသင်းတော်၏ အုတ်မြစ်သည် တမန်တော်
များနှင့်ထိုသူတို့၏သွန်သင်ချက်များဖြစ်ရကား
(ဧဖက်၊၂း၂ဝ) သူတို့အားလုံးကို ရည်ညွှန်း
ကြောင်း သိသာပေသည်။

အန္ဒြေ

အခြွေမှာ ပေတရု၏ညီဖြစ်၍ ဗတ္တိဇံဆရာ
ယောဟန်၏တပည့်တစ်ဦးဖြစ်သည်။ သူသည်
လက်တွေ့ သမားဖြစ်ဟန်တူသည်။ ပေတရု
ကို ယေရှုခရစ်အထံတော်သို့ခေါ်ဆောင်လာ
ခဲ့သည်။ ကိုယ်တော်ရှင် ကောင်းကင်ဘုံသို့
တက်ကြွတော်မူပြီးနောက် သူသည် အခြား
သော တပည့်တော်များနှင့် အတူရှိကြောင်း
ကျမ်းစာ၌ တွေ့ရသည်။ (ယော၊၁း၃၅-၄၀၊
၆း၈- ၉၊ တမန်၊၁၃) တို့ကိုရှူ။

ယာကုပ်

ယာကုပ်နှင့် သူ၏ညီယောဟန်တို့မှာ
၏သားများဖြစ်၍ နှစ်ဦးစလုံးပင် တမန်တော်
များဖြစ်ကြသည်။ ယေရှုခရစ်တော်က သူတို့
ညီအစ်ကိုနှစ်ဦးကို “တနေရာက် သို့မဟုတ်
“မိုဃ်းကြိုးသားများ”ဟု ခေါ်ခဲ့သဖြင့် သူတို့
သည် ကြမ်းတမ်းသူများဟု ယူဆရသည်။

ယေရှုခရစ်တော်ကို လက်သင့်မခံခဲ့သော
ရှမာရိရွာတစ်ရွာကို ကောင်းကင်မှ မီးလျှံကျ
စေလိုကြသူများမှာ သူတို့ညီအစ်ကိုပင်ဖြစ်ကြ
သည်။ ယေရှုခရစ်တော်၏ နိုင်ငံတော်တွင်
လည်း ရာထူးမြင့်မြင့်ရရန် မှန်းထားကြသည်။

တစ်ဆယ့်နှစ်ဦးတို့အနက် ယာကုပ်သည်
ယုံကြည်ခြင်းကြောင့် ပထမဦးဆုံး အသတ်ခံ
ခဲ့ရသော မာတုရဖြစ်သည်။ သူသည် ကြမ်း
တမ်းသော်လည်း ဆက်ကပ်မှု၊ ခံစားမှုအပြည့်
ဖြင့် ဘုရားသခင်၏နိုင်ငံတော်အတွက်ရပ်တည်
ခဲ့သူဖြစ်သည်။
(မာ၊၃း၁၇။ လု၊၉:၅၄။ မာ၊၁၀း၃၇။ တမနွ၊
၁၂း၂) တို့ကိုရှု။

ယောဟန်

ယောဟန်-ယာကုပ်၏ညီဖြစ်၍ တမန်တော်
တစ်ပါးဖြစ်သည့်အပြင် ဓမ္မသစ်ကျမ်းများစွာ
ရေးခဲ့သူဖြစ်သည်။ ယောဟန်၏ အမည်ကို
ကျမ်းငါးကျမ်းတွင် ကျမ်းရေးသူအဖြစ်တွေ့ရ
သည်။ ခရစ်ဝင်ကျမ်းတစ်ကျမ်း၊ ဩဝါဒ
ကျမ်းသုံးကျမ်းနှင့် ဗျာဒိတ်ကျမ်းတို့ဖြစ်သည်။
တချို့ပညာရှင်များကမူ ဤယောဟန်ဟူသော
နာမည်သည် လူတစ်ဦးတည်းဟုတ်မဟုတ်
သံသယဝင်နေကြသည်။

ကားတိုင်ပေါ်တွင် ချိတ်ဆွဲခံရစဉ်က ယေရှု
ခရစ်တော်သည် သူ၏မယ်တော်အား စောင့်
ရှောက်ရန် ယောဟန်အား တာဝန်ပေးအပ်
ခဲ့သည် (ယော၊၁၉း၂၅-၂၇)။ ဓမ္မသစ်ကျမ်းရှိ
ရည်ညွှန်းချက်များစွာအရ ယောဟန်သည်
ယေရှုခရစ်တော်၏ မယ်တော်ဘက်မှ ယေရှု
နှင့် ဝမ်းကွဲတော်စပ်ကြောင်းသိရသည်။
ထို့ကြောင့် ယောဟန်အား ထိုသို့ တာဝန်ပေး
ခြင်းမှာ သဘာဝကျသည်။

ဖိလိပ်ပု

ဖိလိပ္ပုသည် ပေတရုနှင့် အတို့ကဲ့သို့ပင်
ဗက်ဇဲဒမှဖြစ်သည်။ ရှိမုန်နှင့် အန္ဒြေ တို့
နောက်တော်သို့လိုက်ရန် ခေါ်ဖိတ်ခြင်းခံရ
သည့်နေ့ နောက်တစ်ရက်၌ ဖိလိပ္ပုလည်း
ခေါ်ဖိတ်ခြင်းခံရသည်။ ဖိလိပ္ပုသည် အလွန်
လက်တွေ့ကျသူဖြစ်သည်။ အယောက်
(၅၀၀၀)အတွက် ကုန်ကျမည့် စားသောက်
စရိတ်ကို တွက်ချက်ခဲ့သူဖြစ်သည်။ “ခမည်း
တော်”အား ပြတော်မူရန်လည်း ယေရှုခရစ်
တော်ကို တောင်းဆိုခဲ့သည်။

ယေရှုခရစ်တော်၏ သွန်သင်တော်မူချက်တို့ကို
သဘောမပေါက်ခဲ့သော်လည်း သေချာစွာမှတ်သား
ထားသည်။ နာသနေလကို ယေရှုခရစ်တော်ထံ
သို့ ခေါ်ဆောင်ခဲ့သည်မှာ ဖိလိပ္ပဖြစ်သည်။
(ယော၊၁း၄၃-၄၆၊ ၆း၅-၇၊ ၁၄း၈) တို့ကိုရှု။

နာသနေလ

နာသနေလသည် ဂါလိလဲပြည် ကာနမြို့မှ
ဖြစ်သည် (သူ့ကို ဗာသောလမဲဟုလည်း ခေါ်
သည်)။ ဖိလိပ္ပက သူ့ကို ယေရှုခရစ်တော်
အကြောင်းပြောပြခဲ့စဉ်က သူသည်“နာဇရက်မှ
ကောင်းသည့်အရာ ပေါ်ထွက်နိုင်ပါမည်လော”
ဟုသံသယဝင်ခဲ့သည်။ ဖိလိပ္ပုက “လာ၍ကြည့်
ပါ”ဟု ဆိုလိုက်သည်။ သူသည် အထံတော်သို့
ရောက်လာသောအခါ ထိုနေရာသို့ မရောက်မီ
က ဘာလုပ်ခဲ့သည်ကို ယေရှုခရစ်တော်သိမှတ်
တော်မူကြောင်း အံ့ဩစွာ တွေ့ရသည်။

နာသနေလ ပြောင်းလဲသွားရသည်။

သူသည် အကျင့်စာရိတ္တ၊ စိတ်ထားမြင့်မြတ်
ကောင်းမွန်သည်။ ယေရှုခရစ်တော်ကပင်
“လှည့်စားခြင်းအပြစ်နှင့် ကင်းလွတ်သော
ဣသရေလလူစစ်”ဟု ဆိုတော်မူခဲ့သည်။
ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်
သည် ဂါလိလဲအိုင်နားတွင် ထင်ရှားတော်မူ
စဉ်က သူသည်လည်း ရှိနေသည်။
(ယော၊၁း၄၃-၅၁၊ ၂၁း၂) တို့ကိုရှု။

သောမ

သောမကို “သံသယသမား”ဟု လူသိများသည်။
သူသည် သူ့သခင်အတွက် ဆက်ကပ်ထားပြီး
အသေခံသည်အထိ ပြင်ဆင်ထားသော်လည်း
ယေရှုခရစ်တော်ကအသေခံတော်မူသည်ဟု
ဆိုသောအခါ နားမလည်နိုင်ခဲ့ပေ။ထို့ကြောင့်
ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တော်မူသော
အခါ မျက်စိနှင့်တွေ့ရမှ ယုံကြည်မည်ဟုဆိုခဲ့သည်။

သောမဟူသည်အမည်သည် အာရပီစကား ``အမွှာ”
ဟူသည့်ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်သည်။
ယောဟန်က သူ၏ခရစ်ဝင်ကျမ်းတွင် ထိုအာရေမီကို
ဟေလသဖြင့် ဘာသာပြန်လျက် “ဒိဒုပု”ဟူ၍ သုံးကြိမ်
တိုင်တိုင် သုံးစွဲထားသည်။

သောမသည် သမိုင်းကြောင်းတွင် ယုံမှားသူ၊ သံသယ
ဝင်သူဖြစ်သော်လည်း ယေရှုခရစ်တော်သည် သူ့ကို
ငြင်းပယ်တော်မမူခဲ့ပေ။ ထိုမျှသာမက နောင်တွင်
ကိုယ်တော်အား မျက်စိဖြင့် မပြင်ရသူများအတွက်
မပြင်ရသော်လည်းယုံကြည်ရန် မိန့်တော်မူခဲ့သည်။
(ယော၁၁၊၁၆၊ ၁၄:၅၊ ၂၀၊၂၄-၂၉၊ ၂၁၊၂) တို့ကိုရှူ။

မဿဲ

မဿဲ(လေဝိဟုလည်းခေါ်သည်)မှာ အခွန်ခံ
တစ်ဦးဖြစ်သည်။ အခွန်ခံနေစဉ် ယေရှုခရစ်
တော်၏ ခေါ်ဖိတ်ခြင်းကို ခံရသည်။ ယေရှု
ခရစ်တော်သည် “အပြစ်သား”များနှင့် ဆက်
ဆံနေသောကြောင့် ဖာရိရှဲများ ဒေါသထွက်
ခဲ့ကြရသည်။ ထို“အပြစ်သား”များတွင်
မပါဝင်ခဲ့သည်။ ယေရှုခရစ်တော်က ဤ
အပြစ်သားများသည် သူ၏သွန်သင်ချက်ကို
အမှန်တကယ် လိုအပ်နေသူများဟု မိန့်
တော်မူသည်။ တစ်ခါက မ၏အိမ်တွင်
ယေရှုခရစ်တော်သည် မိမိ၌ အပြစ်ရှိကြောင်း
သိမြင်တတ်သူများ၌သာ အကျိုးရှိမည်ဟု
မိန့်တော်မူဖူးသည်။ မဿဲသည် ရောမအစိုး
ရအတွက် အခွန်ခံဖြစ်သောကြောင့် ဂျူးများ
က သူ့ကို သစ္စာဖောက်ဟူ၍ ရွံမုန်းခဲ့ကြ
သည်။ သို့သော် သူသည် ကယ်တင်ရှင်ယေရှု
ကို ဖူးတွေ့ခဲ့ပေသည်။
(မ၊၉း၉ မှစ၍ ၁၀း၃။ မာ၊၂း၁၃-၁၇)
တို့ကိုရှု။

ယုဒရှကာရုတ်

ယုဒရှကာရုတ်ကို ယေရှုခရစ်တော်အား အသပြာ(၃၀)
ဖြင့် သစ္စာဖောက်ခဲ့သည့် တမန်တော်ဟူ၍ လူသိများ
သည်။ သူသည် တမန်တော်အုပ်စုတွင် ငွေထိန်းဖြစ်၍
``ဆင်းရဲသားများအတွက်ဟုဆိုကာ ငွေအိတ်ထဲမှ
ခိုးလေ့ရှိသည်။ ထိုကြောင့် မာရိက ယေရှုခရစ်တော်ကို
အဖိုးတန်နံ့သာမွှေးဖြင့် ပူဇော်ခဲ့စဉ်က ကန့်ကွက်ကာ
ရောင်းစားသင့်သည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး
ညစာစားပွဲ၌ ယေရှုခရစ်တော်က မည်သူသည် သူ့အား
သစ္စာဖောက်မည်ကို သိတော်မူကြောင်း မိန့်တော်မူခဲ့
သည်။ သို့သော် ယုဒရှကာရုတ်သည် နောက်မဆုတ်
တော့ဘဲ ယဇ်ပုရောဟိတ်များနှင့် အရောင်းအဝယ်ပြုခဲ့
သည်။ ဖမ်းဆီးမည့်သူများ ရောက်လာသောအခါ
အချက်ပြသည့်အနေဖြင့် ယေရှုခရစ်တော်ကို နမ်းလျက်
နတ်ဆက်သည်။ ထို့နောက် ယုဒအသဆိုးဖြင့် နိဂုံးချုပ်
ရပုံတို့ကိုမှတ်တမ်းများအရ သိရသည်။
(မ၊၂၆း၁၄-၁၆၊၂၅။ မာ၊၁၄း၁၀-၁၁၊ ၄၃-၄၅။ ယော၊၁၂၊
၃-၆၊ ၁၃း၂၇-၃၀၊ မ၊၂၇း၃-၁၀) နှင့် (တမန်၊၁း၁၈-၁၉)
တို့ကို နှိုင်းယှဉ်ပါ။

အတွင်းလူများ

ယာဣရု၏သမီးအား ရှင်ပြန်ထမြောက်စေတော်မူ
ခြင်း၊ သဏ္ဌာန်တော်ပြောင်းလဲခြင်း၊ အဖမ်းမခံရစဉ်က
ဂေသရှေမန်ဥယျာဉ်တော်တွင် ဆုတောင်းခြင်းစသည်
တို့တွင် ယေရှုခရစ်တော်နှင့်အတူ ရှိနေခြင်းကို ကြည့်ခြင်း
အားဖြင့် ပေတရု၊ ယာကုပ်နှင့် ယောဟန် သုံးဦးဟာ
အတွင်းလူများဖြစ်ကြောင်း သိနိုင်သည်။
(မာ၊၅း၃၇၊ ၉း၂၊၁၄၊၃၃တိုကိုရှု)။

ကိုယ့်ဘယ်သူမှ မပူရအောင်နေတယ် သူ့ကြောင့်တော့ပူရတယ်    #မှတ်သားရ
06/10/2024

ကိုယ့်ဘယ်သူမှ မပူရအောင်နေတယ် သူ့ကြောင့်တော့ပူရတယ်


#မှတ်သားရ

23/09/2024
ဘာမှလည်းမသုံးချင်တော့ဘူးFb/ messenger Acc delete p
06/09/2024

ဘာမှလည်းမသုံးချင်တော့ဘူး
Fb/ messenger
Acc delete p

လူတွေပြောကြတာက အနေဝေးရင်မေ့သွားလိမ့်မယ်တဲ့အခုချိန်ထိ မေ့မရသေးတဲ့သူတွေရှိတယ် သူတို့ရဲ့စကားက ခွန်အားဘဲဘယ်နေရာဘဲရောက်ရောက်သ...
12/08/2024

လူတွေပြောကြတာက အနေဝေးရင်
မေ့သွားလိမ့်မယ်တဲ့
အခုချိန်ထိ မေ့မရသေးတဲ့
သူတွေရှိတယ်
သူတို့ရဲ့စကားက ခွန်အားဘဲ
ဘယ်နေရာဘဲရောက်ရောက်
သူတို့ရဲ့ နွေးထွေးမှုက
အသက်🤗🤗🤗🤗


Hard Skill နဲ့ Soft Skill အားနည်းရင်+++++++++++++++++++++++++ အတတ်ပညာ အားနည်းရင်လူပင်ပန်းတယ်။ အသိပညာ အားနည်းရင်စိတ်ပင်ပန...
24/07/2024

Hard Skill နဲ့ Soft Skill အားနည်းရင်
+++++++++++++++++++++++++

အတတ်ပညာ အားနည်းရင်
လူပင်ပန်းတယ်။

အသိပညာ အားနည်းရင်
စိတ်ပင်ပန်းတယ်။

--------

အတတ်ပညာ အားနည်းရင်
တွေဝေတယ်။ ချိတုံချတုံ ဖြစ်တယ်။

အသိပညာ အားနည်းရင်
စိတ်ပူလောင်တယ်။ စိတ် ပျော်ရွှင်အေးချမ်းမှု မရှိဘူး။

-------

Hard Skill ဆိုတာ အတတ်ပညာ ဖြစ်ပြီး
Soft Skill ဆိုတာ အသိပညာ ဖြစ်တယ်။ ဒါကြောင့်

Hard Skill အားနည်းရင်
လူပင်ပန်းမယ်။

Soft Skill အားနည်းရင်
စိတ်ပင်ပန်းမယ်။

-------

Hard Skill အားနည်းရင်
တွေဝေမယ်။ ချိတုံချတုံ ဖြစ်မယ်။

Soft Skill အားနည်းရင်
စိတ်ပူလောင်မယ်။ စိတ် ပျော်ရွှင်အေးချမ်းမှု မရှိနိုင်ဘူး။



Soft Skill Trainer

Be the Better You.

 #မြန်မာ့စကားပုံ(က)-(အ) #က  ၁။ ကြက်ကန်း ဆန်အိုးတိုး။  ၂။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ။  ၃။ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယ...
22/07/2024

#မြန်မာ့စကားပုံ
(က)-(အ)
#က
၁။ ကြက်ကန်း ဆန်အိုးတိုး။
၂။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ။
၃။ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ။
၄။ ကိုယ်ထင် ကုတင်ရွှေနန်း။
၅။ ကျွဲပါး စောင်းတီး။
၆။ ကတုံးပေါ် ထိပ်ကွက်။
၇။ ကျေးဇူးရှိမှ ကျေးစွပ်။
၈။ ကြမ်းကျွံရင် နှုတ်ရ၊
စကားကျွံရင် နှုတ်မရ။
၉။ ကျန်းမာခြင်းသည် လဘ်တစ်ပါး။
၁၀။ ကြက်တူရွေးကတော်တော်၊
မယ်ဘော်က-ကဲ။
၁၁။ ကျူပင်ခုတ် ကျူငုတ်ပါမကျန်။
၁၂။ ကျားဆရာကြောင်၊ ကြောင်ဆရာကြွက်။
၁၃။ ကြွက်မနိုင် ကျီမီးနဲ့ရှို့။
၁၄။ ကျီစားသန်က ရန်များ၏။
၁၅။ က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ။
၁၆။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး.
ကျားထက်ဆိုး။
၁၇။ ကံကိုယုံတော့ စုံလုံးကန်း။
၁၈။ ကျော်တော့ လှေသူကြီး၊ ညားတော့
လှေထိုးသား။
၁၉။ ကံကိုယုံပြီး ဆူးပုံနင်း။
၂၀။ ကျားရှေ့ မှောက်ရက်လဲ။
၂၁။ ကြာကြာဝါးမှ ခါးမှန်းသိ။
၂၂။ ကြာကြာဝါးမယ့်သွား
အရိုးကြည့်ရှောင်။
၂၃။ ကျားကြီး ခြေရာကြီး။
၂၄။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ။
၂၅။ ကြွေတစ်လှည့် ကြက်တစ်ခုန်။
၂၆။ ကြောင်သူတော် ကြွက်သူခိုး။
၂၇။ ကျောသားကလည်း သား၊ ရင်သား
ကလည်း သား။
၂၈။ ကြွက်သေတစ်ခု အရင်းပြု။
၂၉။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ။
၃၀။ ကုလားမနိုင် ရခိုင်မဲ။
၃၁။ ကြောက်ရင်လာဘ်လွဲ ရဲလျှင်မင်းဖြစ်။
၃၂။ ကွန်တစ်ချက် ဟင်းတစ်ခွက်။
၃၃။ ကြောင်အိုတော့ ကြွက်မလေး။
၃၄။ ကြိုက်မရှက် ငိုက်မရှက်။
၃၅။ ကျင်ကြီးစွန့်ရာ ကျင်ငယ်ပါ။
၃၆။ ကြောင်ကဲ့သို့.ကျင့်လေ၊ ညောင်ကဲ့သို့
ကျင့်လေ။
၃၇။ ကောက်သော် စားမလောက်၊
ဖြောင့်သော် စားမနိုင်။
၃၈။ ကိုယ်ကောင်းရင် ခေါင်းမရွေ့။
၃၉။ ကချင်ရက် လက်ကျိုး။
၄၀။ ကံသာလျှင်အမိ ကံသာလျှင်အဖ။
၄၁။ ကျည်ပွေ့ကောင်းလို့ ဆန်ဖြူ။
၄၂။ ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍
အသွားမပျက်။
၄၃။ ကျားရဲလည်းသေ တောလည်းကျေ။
၄၄။ ကြက်မတွန်လို့ မိုးမလင်း။
၄၅။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး။
၄၆။ ကွမ်းသီးကြိုက် တောင်ငူပို့။
၄၇။ ကိုယ့်ဒူး ကိုယ်ချွန်။
၄၈။ ကြီးလျှင်မှီ ငယ်လျှင်ချီ။
၄၉။ ကဆုန်-နယုန် စွေ့စွေ့ခုန်။
၅၀။ ကျေးဇူးမတင် ဖင်လှန်ပြ။
၅၁။ ကြပ်ပူထိုးလေ ရောင်လေ။
၅၂။ ကြက်မ တွန်၍ မိုးမလင်း၊
ကြက်ဖတွန်မှ မိုးလင်းသည်။
၅၃။ ကိုယ်ဖြစ် ကိုယ်ခံ။
၅၄။ ကုလားသိုက် ကျား၀င်ကိုက်။
၅၅။ ကျီးကြည့် ကြောင်ကြည့်။
၅၆။ ကြက်ကြော်မကြိုက်တဲ့ လူမိုက်။
၅၇။ ကြောင်မရှိ ကြွက်ထ။
၅၈။ ကလေးကျမှ.လှေခါးထောင်၊
ရန်သူပြန်မှ ဒူးလေးပြင်။
၅၉။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်။
၆၀။ ကြိုးကြာဆို ဘာငှက်လဲမေး။
၆၁။ ကံကောင်းရင် တစ်ချက်၊
ကံမကောင်းရင် တစ်သက်။
၆၂။ ကံသည် အလုပ်၊ အလုပ်သည် ကံ။
၆၃။ ကုန်းပေါ်ရောက်မှ ရေမမွန်းစေနှင့်။
၆၄။ ကိစ္စများမြောင် လူတို့ဘောင်။

ခ
၁။ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း။
၂။ ခွေးလေးရော၀င် ပါးလျက်-နားလျက်။
၃။ ခေါင်းတစ်လုံးနဲ့ အိုးနှစ်လုံးမရွက်နိုင်။
၄။ ချွေးထွက်များမှ သွေးထွက်နည်းမည်။
၅။ ခလုတ်ထိမှ အမိတ။
၆။ ခုစာကလေးကြော် ခုဆီထမင်း။
၇။ ခွေးမြီးကောက် ကျည်တောက်စွပ်။
၈။ ချစ်ခြင်းအစ မျက်စိက။
၉။ ချက်ဆို နားခွက်က မီးတောက်။
၁၀။ ခဲလေသမျှ သဲရေကျ။
၁၁။ ခရုခါးတောင်းကျိုက်ဖမ်း။
၁၂။ ခါချဉ်ကောင်မာန်ကြီးလို့
တောင်ကြီးဖြိုမယ်ကြံ၊ ခါးကမသန်။
၁၃။ ချောင်းကိုပစ်၍ မြစ်ကိုရှာ။
၁၄။ ခိုးစားတော့ ခွေးဟောင်၊
လယ်လုပ်တော့မိုးခေါင်။
၁၅။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်။
၁၆။ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ။
၁၇။ ချစ်တိုင်းလည်းမညား၊
ညားတိုင်းလည်းမချစ်။
၁၈။ ချဉ်ချဉ်တူးတူး မူးပြီးရော။
၁၉။ ခြေမ-မကောင်း ခြေမ၊
လက်မ-မကောင်း လက်မ။
၂၀။ ခရမ်းသီးပိန် ဓားတုံး။
၂၁။ ခြောက်ပစ်ကင်း သဲလဲစင်။
၂၂။ ခွေးဟောင်တိုင်း ထကြည့်လျှင်
အိပ်ရေးပျက်။
၂၃။ ခွေးရူးဖက်ကိုက် ခွေးကောင်း
နားရွက်ပြတ်။
၂၄။ ချောင်းကြီးတော့ မြစ်ဖြစ်။
၂၅။ ချည်ပုဆိုးက ပိုးပေါင်းချင်။
၂၆။ ချော့တစ်ခါ ခြောက်တစ်လှည့်။
၂၇။ ခြောက်ပြော မြှောက်ပြော။
၂၈။ ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်။
၂၉။ ချော်လဲ ရောထိုင်။
၃၀။ ချေးပါခါနီးမှ ချေးခံတွင်းပေါက်ရှာ။
၃၁။ ခွေးဟောင်၍ တောင်ပို့မပြေး။
၃၂။ ခွေးဟောင်လို့ တောင်မရွေ့။
၃၃။ ခိုးစားမှ လူမိ။
၃၄။ ခွေးရူးကောင်းစား တစ်မွန်းတည့်။
၃၅။ ခုတ်ရာတစ်ခြား ချရာတစ်လွဲ။
၃၆။ ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်။
၃၇။ ခေါင်ကမိုးမလုံလျှင် တံစက်မြိတ်
လည်း မလုံနိုင်။

ဂ
၁။ ဂိုက်ကောင်း ဆိုက်ကောင်း။
င
၁။ ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုပ်။
၂။ ငါးပိနဲ့လောက် ရွှေနဲ့ကျောက်။
၃။ ငိုချင်ရက် လက်တို့။
၄။ ငွေမရှိ စကားမတည်။

စ
၁။ စကား စကား ပြောပါများ၊
စကားထဲက ဇာတိပွ။
၂။ စကားနောက် တရားပါ။
၃။ စုပ်လဲဆူး စားလဲရူး။
၄။ စည်းကမ်းသည် လူ့တန်ဖိုး။
၅။ စိန်ကောင်း ကျောက်ကောင်းရောင်း
၀ယ်ရာဆေးရိုးသည်က ကန့်လန့်။
၆။ စားရမှာလဲ သဲနဲ့တရှပ်ရှပ်၊
ပစ်ရမှာလဲ အဆီနဲ့တဝင်းဝင်း။
၇။ စိုင်ကော်လို့ ချုံပေါ်ရောက်။
၈။ စကားနည်း ရန်စဲ။
၉။ စီးတဲ့ရေ ဆယ်တဲ့ကန်သင်း။
၁၀။ စစ်မရောက်ခင် မြှားကုန်။
၁၁။ စလယ်၀င် ဖင်မမည်းခင် ကွဲ။
၁၂။ စာအုပ်စာပေ လူ့မိတ်ဆွေ။
၁၃။ စားပြီးအိပ်နေ ဘိက္ခဝေ။
၁၄။ စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ။
၁၅။ စကောလောက်မှ စောက်မနက်။
၁၆။ စားတော့ပြုံးပြုံး ယိုတော့ကုန်းကုန်း။
၁၇။ စိုပြီးသောလက် မခြောက်စေနှင့်။
၁၈။ စိန်နားကပ်ရောင်ကြောင့် ပါးပြောင်။
၁၉။ စစ်ရောက်မှ မြှားချွန်။
ဆ
၁။ ဆရာမပြ နည်းမကျ။
၂။ ဆရာထက် တပည့်လက်စောင်းထက်။
၃။ ဆင်သွားရင် လမ်းဖြစ်တယ်။
၄။ ဆေးမင်ရည်စုတ်ထိုး၊
အိမ်ထောင်မှုဘုရားတည်။
၅။ ဆရာများ သားသေ။
၆။ ဆင်ကျီစားရာ ဆိတ်မခံသာ။
၇။ ဆင့်ပါးစပ် နှမ်းပက်။
၈။ ဆင်ဖိုးထက် ချွန်းဖိုးကကြီး။
၉။ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ။
၁၀။ ဆန်စင်ရာ ကျည်ပွေ့မလိုက်နိုင်။
၁၁။ ဆင်ပြောင်ကြီး အမြီးကျမှတစ်။
၁၂။ ဆင်သေကို ဆိတ်သားရေနဲ့ မဖုံးနဲ့။
၁၃။ ဆုပ်လည်းစူး စားလည်းရူး။
၁၄။ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူ။
၁၅။ ဆန်မရှိ သောက်စားကြီး။
၁၆။ ဆင်စွယ်မှန် ပိုးမစား။
၁၇။ ဆန်တစ်အိတ်နဲ့ ဆိတ်တစ်ကောင်။
၁၈။ ဆပ်ပြာသည် လင်ပျောက်။
၁၉။ ဆင်ဖြူတော်မှီပြီး ကြံစုပ်။

ည
၁။ ညားတိုင်းမချစ် ချစ်တိုင်းမညား။
၂။ ညောင်မြစ်တူး ပုတ်သင်ဥပေါ်။
၃။ ညောင်စေ့လောက်လှူသော်လည်း
ညောင်ပင်ကြီးလောက်ကုသိုလ်ရ။
၄။ ညောင်ဦးကမ်းပါးပြို၊ စမ္မာနဂိုက
နွားမပေါင်ကျိုး။

တ
၁။ တောင်ကြီးဖဝါးအောက်
လှိုင်းကြီးလှေအောက်။
၂။ တစ်ရွာမပြောင်း သူကောင်းမဖြစ်။
၃။ တလုတ်စားဖူး သူ့ကျေးဇူး။
၄။ တီးတိုးတီးတိုး သဖန်းပိုး။
၅။ တစ်ရွာ တစ်ကျီဆောက်။
၆။ တပည့်မကောင်း ဆရာ့ခေါင်း။
၇။ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ။
၈။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။
၉။ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား။
၁၀။ တုံးတိုက်တိုက် ကျားကိုက်ကိုက်။
၁၁။ တရားမပျက် ကျောင်းမခက်။
၁၂။ တစ်ယောက်စကား တစ်ယောက်နား။
၁၃။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။
၁၄။ တောမီးလောင် တောကြောင်
လက်ခမောင်းခတ်။
၁၅။ တစ်ယောက်ဆိုတစ်ယောက်၊
ပိတောက်ဆိုပိတောက်။
၁၆။ တစ်ပင်လဲမူ တစ်ပင်ထူ။
၁၇။ တစ်နွယ်ငင် တစ်စင်ပါ။
၁၈။ တစ်မိပေါက် တစ်ယောက်ထွန်း။
၁၉။ တောပြော တောင်ပြော။
၂၀။ တပည့်လိမ္မာ ဆရာအာပတ်လွတ်။
၂၁။ တစ်လ ကိုးသီတင်း။
၂၂။ တိတ်တိတ်နေ ထောင်တန်။
၂၃။ တပည့်မကောင်း ဆရာ့ခေါင်း။
၂၄။ တစ်ခြုံကွယ် တစ်မယ်မေ့။
၂၅။ တော်သလင်းနေ ပုစွန်သေ။
၂၆။ တောင်းတစ်လုံးနဲ့ အလုပ်မဖြစ်။
၂၇။ တောင်လဲရာ မြက်ပြတ်။
၂၈။ တစ်တက်စားလည်း ကြက်သွန်၊
နှစ်တက်စားလည်းကြက်သွန်
၂၉။ တတ်သည့်ပညာ မနေသာ။
၃၀။ တောင်မှ လာတဲ့မိုး၊ ဒေါင်ဒေါင်မြည်တဲ့အိုး။
၂၁။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း။
၂၂။ တောင်းဆိုး-ပလုံးဆိုးသာပစ်ရိုးထုံးစံရှိ။
ထ
၁။ ထိုင်နေအကောင်းသား ထသွားမှ
ကျိုးမှန်းသိ။
၂။ ထောင်မြင်ရင် ရာစွန့်။
၃။ ထမင်းရည်ပူ လျှာလွှဲ။
၄။ ထမင်းကြမ်းက အငွေ့ထွက်ချင်။
၅။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်။
၆။ ထီးဖြူ..ဖိနပ်ပါး။
၇။ ထောင်အပြင် တန်းမရှိ။
၈။ ထိပ်ပေါက်မှ ထိမှန်းသိ။
၉။ ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်။
၁၀။ ထောင်တန်တဲ့စကား ရယ်ပေါ့။
၁၁။ ထင်ပေါ်ရင် စင်တော်ကကောက်။
၁၂။ ထင်းခွေမကြုံ ရေခပ်ကြုံမယ်။
၁၃။ ထန်းရေမူး ကျွဲခိုးပေါ်။
၁၄။ ထားရာနေ စေရာသွား။
၁၅။ ထုံးလိုမွှေ ရေလိုနှောက်။
၁၆။ ထုလေ မာလေ၊ ငါးဖယ်တေ။
၁၇။ ထောင်နေတဲ့ဒူး လဲတာထက်ဆိုး။
၁၈။ ထမင်းရည်ချောင်းစီး မောင်းတီးလှူ။
၁၉။ ထွက်ပြီးသားဆင်စွယ် ပြန်၀င်ရိုးထုံးစံမရှိ။

န
၁။ နွားပျိုသန်လှ နွားအိုပေါင်ကျိုး။
၂။ နွားရှေ့ထွန်ကျူး။
၃။ နတ်ကရာ ကျီးမော့။
၄။ နေရိပ်လို နေပူကစောင့်။
၅။ နီးရာပေါင် ပြေးကပ်။
၆။ နှုတ်တစ်ရာ စာတစ်လုံး။
၇။ နွားကွဲရင် ကျားဆွဲ။
၈။ နဂိုရှိမှ နဂိုင်းထွက်။
၉။ နောင်ခါလာ နောင်ခါစျေး။
၁၀။ နတ်တို့ဖန်။ရေကန်အသင့် ကြာအသင့်။
၁၁။ နီးရာဓား ကြောက်ရတယ်။
၁၂။ နေသာသပ လေညာက။
၁၃။ နွားသိုး ကြိုးပြတ်။
၁၄။ နဂါးမှန်းသိအောင် အမောက်ထောင်။
၁၅။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်နိုင်။
၁၆။ နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ။
၁၇။ နေတော့ချုံကြား စိတ်နေဘုံဖျား။
၁၈။ နဂါးပြည်။နဂါး၊ ဂဠုန်ပြည် ဂဠုန်။
၁၉။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်။
၂၀။ နောက်လာတဲ့ မောင်ပုလဲ ဒိုင်း၀န်ထက်ကဲ။
၂၁။ နောင်တဆိုတာ နောင်မှရ။
၂၂။ နူရာဝဲစွဲ..လဲရာသူခိုးထောင်း။
၂၃။ နေပူတုန်း စပါးလှန်း။
၂၄။ နဂါးတို့မျက်စောင်း အကြောင်းသုံးပါးမရွေး။
၂၅။ နေတော့ပျဉ်ထောင် စားတော့ချဉ်ပေါင်။
၂၆။ နှာရည်စိုရွှဲ တပို့တွဲ။
၂၇။ နီးတကျက်ကျက် ဝေးတသက်သက်။
၂၈။ နှမလင်နေ မောင်ဖင်ကျိန်း။
၂၉။ နဖူးစာ ရွာလည်။
၃၀။ နှာခေါင်း ကျည်ပွေ့တွေ့။
၃၁။ နေသေးသပ ချုံထဲက၊ ချိုသွေးလို့ တမြမြ။
၃၂။ နွားအို မြက်နုကြိုက်။

ပ
၁။ ပညာရှိသတိဖြစ်ခဲ။
၂။ ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင်။
၃။ ပဝါပါးကို ကြက်သားထုပ်တော့
စွန်းရတတ်တယ်၊ တစ်ရွာသားကို
ရည်းစားလုပ်တော့.လွမ်းရတတ်တယ်။
၄။ ပညာရှာ ပမာသူဖုန်းစား။
၅။ ပညာရွှေအိုး လူမခိုး။
၆။ ပွဲပြီး မီးသေ။
၇။ ပိုနေမြဲ ကျားနေမြဲ။
၈။ ပျော်ပျော်နေ သေခဲ။
၉။ ပေါက်ပင် ဘာကြောင့်ကိုင်းရတယ်။
၁၀။ ပြောတော့မိုး ထိုးတော့မြေကြီး။
၁၁။ ပျံလေတဲ့ငှက်ခါး နားကာမှ သိရမယ်
၁၂. “ပျက်အစဉ်...ပြင်ခဏ”
၁၃။ ပွဲလန့်တုန်း ဖျာခင်း။
၁၄။ ပြောတော့မူး လူးတော့အိုင်”
၁၅။ ပျောက်သောသူရှာရင်တွေ့၊
သေသောသူကြာရင်မေ့
၁၆။ ပျာသလောက်။ဖွဲမထွက်။
၁၇။ ပြဿနာ မီးခွက်ထွန်းရှာ။
၁၈။ ပန်းသတင်း လေညှင်းဆောင်၊
လူသတင်း လူချင်းဆောင်။
၁၉။ ပညာရှိအမျက် အပြင်မထွက်။
၂၀။ ပုလင်းတူ ဘူးဆို့။
၂၁။ ပညာလို အိုသည်မရှိ။
၂၂။ ပလိုင်းပေါက်နဲ့ ဖားကောက်။
၂၃။ ပိုးသာကုန် မောင်ပုံစောင်းမတတ်။
၂၄။ ပုဆိုးခြုံထဲက လက်သီးပြ။
၂၅။ ပါးစပ်က ဘုရား ဘုရား၊
လကျက ကားယား ကားယား။
၂၆။ ပျားအုံကို တုတ်နဲ့ထိုး။
၂၇။ ပုပ်လို့ပေါ် ဟုတ်လို့ကျော်။
၂၈။ ပညာရဲရင့် ပွဲလယ်တင့်။
၂၉။ ပြဒါးတစ်လမ်း သံတစ်လမ်း။
၃၀။ ပန်းပဲသူကြီး မီးပူမကင်းနိုင်။
၃၁။ ပေးတိုင်းလည်း မယူနဲ့၊
ကျွေးတိုင်းလည်း မစားနဲ့။
၃၂။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။
၃၃။ ပဒိုင်းသီးလို ဆုပ်လဲစူး၊ စားလဲရူး။
၃၄။ ပြည်ပန်းညိုချိုပါလျက်
ဆားခတ်မှ အရသာပျက်။
၃၅။ ပါးပုပ်၍ လက်ဝှက်သည်။
၃၆။ ပြဿနာမရှိ ပြဿနာရှာ။
၃၇။ ပန်းထိမ်တတ်မတတ်
ဂဟေစပ်သက်သေ။
၃၈။ ပျားရည်နဲ့ ၀မ်းချ။
၃၉။ ပြုသူအသစ် ဖြစ်သူအဟောင်း။
၄၀။ ပွဲမ၀င်ခင် အပြင်ကကျင်းပ။
၄၁။ ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့။
၄၂။ ပလီစိ ချောက်ချက်။
၄၃။ ပါးစပ်ပါ ရွာရောက်။
၄၄။ ပြောမယုံ ကြုံဖူးမှ သိ။
၄၅။ ပလူမွှေး ပလူတောင်။
၄၆။ ပေါက်တဲ့ နဖူး မထူး။
၄၇။ ပိုးဖလံမျိုး မီးကိုတိုး။
၄၈။ ပြောပြောပြီးပြီး၊ တီးတီးမြည်မြည်။
၄၉။ ပြန်မပြော နားမထောင်။
၅၀။ ပုထုဇ္ဇနော ဥမ္မတ္တကော။

ဖ
၁။ ဖောင်စီးရင်း ရေငတ်။
၂။ ဖားတုလို့ ခရုခုန်၊ အိုင်ပျက်ရုံရှိမပေါ့။
၃။ ဖြစ်သမျှအကြောင်း အကောင်း။
၄။ ဖြတ္မရ ဓားမဆုံး။
၅။ ဖက်ပေါ်ဆူးကျလဲ ဖက်ပေါက်၊
ဆူးပေါ်ဖက်ကျလဲ ဖက်ပေါက်။
၆။ ဖားအော်တာ လူသိသော်လဲ
မြွေကိုက်တာ လူမသိ။
၇။ ဖိုးသူတော်မျက်စိလည်လေ ဆန်ရလေ။
၈။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစား။
၉။ ဖွတ်ကျော ပြာစု။
၁၀။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်။
၁၁။ ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်။
၁၂။ ဖောင်လှေစီးစီး လှေကြီးရခိုင်။
၁၃။ ဖာတစ်လုံး ခေါင်းကျား။

ဘ
၁။ဘနဖူး သိုက်တူးမယ့်သူ။
၂။ ဘူးကောင်းမှ စင်ခံ။
၃။ ဘမျိုး ဘိုးတူ။

မ
၁။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်။
၂။ မိုးထိအောင် လှေကားထောင်။
၃။ မိန်းမတို့ဣနြေ္ဒ ရွှေပေးလို့မရ။
၄။ မေးပါများ စကားရ။
၅။ မအိပ်မနေ အသက်ရှည်။
၆။ မြွေမသေ တုတ်မကျိုး။
၇။ မျက်နှာသာပေး ရွှေရေးပန်းကန်တက်။
၈။ မသိလျှင်မေး မစင်လျှင်ဆေး။
၉။ မဘက်လိုက်တော့ မိုက်ဘက်ပါ။
၁၀။ မောင်တစ်ထမ်း မယ်တစ်ရွက်။
၁၁။ မြင်းကမလှုပ် ခုံကလှုပ်။
၁၂။ မစားရတဲ့အမဲ သဲနဲ့ပက်။
၁၃။ မယားနေစ ကြောင်သေမှ။
၁၄။ မီးများမီးနိုင် ရေများရေနိုင်။
၁၅။ မချစ်သော်လည်း အောင့်ကာနမ်း။
၁၆။ မြေနိမ့်ရာ လှံစိုက်။
၁၇။ မိုးရွာတုန်း ရေခံ။
၁၈။ မျက်နှာကြီးရာ ဟင်းဖတ်ပါ။
၁၉။ မသိသူကျော်သွား သိသူဖော်စား။
၂၀။ မြွေမြွေချင်း ခြေမြင်။
၂၁။ မူးကို မြစ်ထင်
၂၂။ မျက်ကန်း တစ္ဆေမကြောက်။
၂၃။ မယားဆို ပျိုမှ၊ သမားဆို အိုမှ။
၂၄။ မမှားသောရှေ့နေ၊ မသေသော
ဆေးသမား မရှိ။
၂၅။ မျက်ဖြူစိုက်လေ ဆရာကြိုက်လေ။
၂၆။ မလို ကူးတို့ခတောင်း။
၂၇။ မင်းနားတစ်ထောင်၊ မင်းမြှောင်တစ်သိန်း။
၂၈။ မျောက်ပြ ဆန်တောင်း။
၂၉။ မကတတ်သော် ဖျာကိုအပြစ်တင်။
၃၀။ မြွေပါလည်းဆုံး သားလည်းဆုံး။
၃၁။ မည်းမည်းမြင်ရာ ငါ့ယောက္ခမ
ထန်းတောမလုပ်ချင်နဲ့။
၃၂။ မီးစတစ်မှုတ် ရေတစ်မှုတ်။
၃၃။ မီးဝေး ချိတ်မာ။
၃၄။ မြွေမကြောက် ကင်းမကြောက်။
၃၅။ မောင်မောင်ဆိုလေ ထီးရိုးရှည်။

ယ
၁။ ယုန်တောင်ပြေး ခွေးမြောက်လိုက်။
၂။ ယုန်ကမတိုး ပိုက်ကတိုး။
၃။ ယင်ကောင်မြင်တိုင်း လေယာဉ်မထင်နဲ့။

ရ
၁။ ရည်းစားလူလု အူနုကျွဲခတ်။
၂။ ရလေလိုလေ အိုတစ္ဆေ။
၃။ ရိုးရိုးကျင့် မြင့်မြင့်ကြံ။
၄။ ရတာမလို လိုတာမရ။
၅။ ရည်းစားတစ်ထောင် လင်ကောင်း
တစ်ယောက်။
၆။ ရာသီမသိ ပန်းနဲ့ညှိ။
၇။ ရရစားစား ဝါးဝါးမြိုမြို။
၈။ ရှိတန်ဆာ မရှိ၀မ်းစာ။
၉။ ရွှေအကြောင်း ဖယောင်းသက်သေ။
၁၀။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ။
၁၁။ ရှာနားကမွကျ ရှာနှားမစား။
၁၂။ ရာဇ၀တ်အိုး တုတ်နဲ့ထိုး။
၁၃။ ရှမ်းကြိုက်ရင် နွားချော။
၁၄။ ရတနာရှိရာ ရတနာလာ။
၁၅။ ရေသာများ၍.ငါးမတွေ့။
၁၆။ ရှေ့နေငှားမှ ထောင်လုံးလုံးကျ။
၁၇။ ရှေးထုံးလည်းမပယ်နဲ့၊
စျေးသုံးလည်းမကြွယ်နဲ့။
၁၈။ ရေကြည်ရာ။မြက်နုရာ။
၁၉။ ရှာဖွေလေ တွေ့ရှိလေ။
၂၀။ ရန်သူပြန်မှ ဒူးလေးပြင်။
၂၁။ ရှားပင်အိုလေ အနှစ်ပြည့်လေ။
၂၂။ ရယ်သောသူ အသက်ရှည်၏။
၂၃။ ရာဇ၀တ်ဘေး ပြေးမလွတ်။
၂၄။ ရေများရေနိုင် မီးများမီးနိုင်။
၂၅။ ရန်ကိုရန်ချင်း မတုံ့နှင်းနှင့်။
၂၆။ ရှင်နည်းရာ အဂ္ဂလူထွက်။
၂၇။ ရှောင်လေဝေးဝေး မူးယစ်ဆေး။
၂၈။ ရေစီးတစ်ခါ ရေသာတစ်လှည့်။
၂၉။ ရှင်ဘုရင်တစ်ခါထွက်၊ ပဲကြီးတစ်လှေချက်။
၃၀။ ရေမနောက် ကြာမခြောက်
၃၁။ ရွှေပင်နားတော့ ရွှေကျေး။

လ
၁။ လူလိမ္မာသား ယဉ်ပါး။
၂။ လသာတုန်း ဗိုင်းငင်။
၃။ လည်လွန်းတဲ့ဘီး ချေးသင့်။
၄။ လူမိုက်သား ရမ်းကား။
၅။ လင်ကိုဘုရား သားကိုသခင်။
၆။ လယ်ထွန်သွား နွားမေ့။
၇။ လူပျို့လက် ၀က်မြီး။
၈။ လိုတာမရ ရတာမလို။
၉။ လွယ်မယောင်နဲ့ခက်၊
တိမ်မယောက်နဲ့နက်။
၁၀။ လမ်းမသိ ခွေးနောက်လိုက်။
၁၁။ လူမလေး။ခွေးမခန့်။
၁၂။ လာဘ်ပေးလာဘ်ယူ တို့ရန်သူ။
၁၃။ လူတူမရှား နာမည်တူမရှား။
၁၄။ လူ့အလို နတ်မလိုက်နိုင်။
၁၅။ လူအကြောင်း ပေါင်းမှသိ”။
၁၆။ လူနေချုံကြား စိတ်နေဘုံဖျား။
၁၇။ လှတာမက်ရင် ညစာခက်တယ်။
၁၈။ လှေအဆင်း ကုန်းအတက်။
၁၉။ လူ့စည်း ဘီလူးစည်း။
၂၀။ လူတစ်ကိုယ် အကြိုက်တစ်မျိုး။
၂၁။ လူအမျိုးမျိုး စိတ်အထွေထွေ။
၂၂။ လူပြောမသန် လူသန်မပြော။
၂၃။ လာမယ့်ဘေး ပြေးတွေ့။
၂၄။ လင်နဲ့မယား လျှာနဲ့သွား။
၂၅။ လွတ်တဲ့ငါး ကြီး။
၂၆။ လင်းနို့ခွန်တောင်း ကြွက်၊
ကြွက်ခွန်တောင်းလင်းနို့။
၂၇။ လူမှာအမျိုး ကြက်မှာအရိုး။
၂၈။ လိုက်လေ ဝေးလေ။
၂၉။ လုံ့လလည်းထူ မိုးလည်းကူ၊
နွားချေးလည်းချ ကံလည်းမ။
၃၀။ လူပျင်းလုံ့လ တစ်ခဏ။
၃၁။ လာချင်ရင် အနီးလေး၊
မလာချင်ရင် ခရီးဝေး။
၃၂။ လင်စံရွေး လင်ခွေးနဲ့ရ။
၃၃။ လျှင်သူ စားစတမ်း။
၃၄။ လှေနံ နှစ်ဖက်နင်း။
၃၅။ လက်ပံပွင့်ချိန် ခွေးရူးထချိန်။

၀
၁။ ၀မရှိဘဲ ဝိမလုပ်နဲ့။
၂။ ဝါးလုံးခေါင်းထဲ လသာ။
၃။ ဝါဝါမြင်တိုင်း ရွှေအစစ်လို့မထင်နဲ့။
၄။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်။

သ
၁။ သတိပညာ ဥာဏ်မြေကတုတ်
ချွန်းကဲ့သို့အုပ်။
၂။ သူများအကျိုးဆောင် ကိုယ်ကျိုးအောင်။
၃။ သူခိုးပြေးမှ ထိုးကွင်းထ။
၄။ သေချင်တဲ့ကျား တောပြောင်း။
၅။ သေသောသူ ကြာရင်မေ့၊
ပျောက်သောသူ ရှာရင်တွေ့။
၆။ သတိမမူ ဂူမမြင်။
၇။ သခွပ်ပင်က မီးတကျည်ကျည်။
၈။ သူများယောင်လို့.လိုက်ယောင်၊
အမောင် တောင်မှန်းမြောက်မှန်းမသိ။
၉။ သစ်တစ်ပင်ကောင်း
ငှက်တစ်သောင်းနားနိုင်။
၁၀။ သူ့အိုးနဲ့သူ့ဆန် တန်ရုံကောင်း။
၁၁။ သားသမီးမကောင်း မိဘခေါင်း။
၁၂။ သက်ကြီးစကား သက်ငယ်ကြား။
၁၃။ သူများမကောင်းကြံ ကိုယ်သာခံ။
၁၄။ သေမြေကြီး ရှင်ရွှေထီး။
၁၅။ သံသေ.တစ်ဆွေ၀၊ ပြဒါးသေ တစ်ပြည်၀။
၁၆။ သားကိုသခင် လင်ကိုဘုရား။
၁၇။ သားရေပေါ်အိပ် သားရေနားစား။
၁၈။ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်။
၁၉။ သိသာသိစေ မမြင်စေနဲ့။
၂၀။ သဲထဲရေသွန်။
၂၁။ သမီးမွေးမှ ဓားတသွေးသွေး။
၂၂။ သူများတံတွေးခွက် ပက်လက်မျော။
၂၃။ သူခိုးကျင့် သူခိုးကြံ။
၂၄။ သားကောင်လည်း မုဆိုး၊
မုဆိုးလည်းသားကောင်။
၂၅။ သံကိုကြွက်စား သားကိုစွန်ချီ။
၂၆။ သခင်အားရ ကျွန်ပါး၀။
၂၇။ သူတော်ကောင်း နတ်ကောင်းမ။
၂၈။ သူခိုးက လူဟစ်။
၂၉။ သူခိုးရွှေရ တပြပြ။
၃၀။ သမီးတစ်ကောင် နွားတစ်ထောင်။
၃၁။ သမင်မွေးရင်း ကျားစားရင်း။
၃၂။ သူကြီးဘုရား ရွာသားကောင်းမှု။
၃၃။ သားသမီးယုံ စုံလုံးကန်း။
၃၄။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။
၃၅။ သစ်မရှိခင်စပ်ကြား ဝါးဖောင်ကွပ်။
၃၆။ သမင်ဆယ်လှမ်း ကျားတစ်လှမ်း။
၃၇။ သစ်မရခင် ဝါးကူ။
၃၈။ သောင်မတင် ရေမကျ။
၃၉။ သူ့ဆန်စား ရဲရ။
၄၀။ သစ်ပင်မှန်ရင် အမြစ်နဲ့၊
လူမှန်ရင် အချစ်နဲ့။
၄၁။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။
၄၂။ သိကြားမင်း ကျွဲယောင်ဆောင် ချိုကား။

ဟ
၁။ ဟောက်တိုင်းလည်း မကြောက်နဲ့။
၂။ ဟောင်လွန်းတဲ့ခွေး လူမလေး။

ဠ
၁။ ဠင်းတလောက်တော့ ငှက်တိုင်းလှ။

အ
၁။ အဖေထက် သားတစ်လကြီး။
၂။ အိုးကမပူ စလောင်းကပူ။
၃။ အစကောင်းမှ အနှောင်းသေချာ။
၄။ အိုးချင်းထားတော့ အိုးချင်းထိ။
၅။ အချစ်ကြီးရင် အမျက်ကြီးတယ်။
၆။ အချိန်နှင့်ဒီရေသည် လူကိုမစောင့်။
၇။ အမှိုက်ကစ ပြသဒ်မီးလောင်။
၈။ အချိန်ရှိခိုက် လုံ့လစိုက်။
၉။ အနာပေါ်တုတ်ကျ။
၁၀။ အပေါ်ယံ ရွှေမှုန်ကြဲ၊ အတွင်းက နွားချေးခံ။
၁၁။ အကြံကုန် ဂဠုန်ဆားချက်။
၁၂။ အိုးမလုံ အုံပွင့်။
၁၃။ အမေပြောတော့ တစ်လ၊
မယားပြောတော့ တစ်ည။
၁၄။ အကျိုးဆော့ အကန်းမော့။
၁၅။ အချစ်ကြီးတော့ အမျက်ကြီး။
ထပ်ဖြည့်ပေးပါဦးမည်။ (မှန်တာပြော ရွာအပြင်ရောက်)
(မမြင်ဖူး မူး မြစ်ထင်)

Address


Opening Hours

Monday 09:00 - 16:00

Website

Alerts

Be the first to know and let us send you an email when Crazy Hpam posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share