Myanmar Christian Sermons & Testimonies

Myanmar Christian Sermons & Testimonies လူမျိုးအပေါင်းတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့ အလွန်ချီးမွမ်းကြလော့။ ဟာလေလုယာ

08/07/2025

ယေရှုတရုတ်မနဲ့ ကိုးရီးယားယေရှုကို ပေးစားလိုက်ရင် မကောင်းဘူးလာ🤔

မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်း အသရေတော်ကို ကြားပြော၍၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။တနေ့ကိ...
30/06/2025

မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်း အသရေတော်ကို ကြားပြော၍၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။

တနေ့ကိုတနေ့မြွက်ဆို၍၊ တညဉ့်ကို တညဉ့် သွန်သင်၏။

နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့ နှုတ်ထွက်သံကို မကြားရသော်လည်း၊

သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက် လေ၏။

မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော် မူသဖြင့်၊ နေသည် အိပ်ခန်းထဲကထွက်လာသော မင်္ဂလာ ဆောင်လုလင်ကဲ့သို့ဖြစ်၍၊ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့ လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက်၊

မိုဃ်းကောင်းကင် တစွနးမှထွက်လာ၍၊ တစွန်း တိုင်အောင် လှည့်ပတ်သောအားဖြင့်၊ သူ၏အပူအရှိန်မှ ကွယ်လွတ်သောအရာ တစုံတခုမျှမရှိ။

ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။

ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့် မတ်သည် ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကို ရှင်းလင်းစေတတ်၏။

ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည် ဖြစ်၍၊ ကာလအစဉ်အမြဲတည်၏။ ထာဝရ ဘုရား၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။

ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက် ချိုကြ၏။
တရားတော်အားဖြင့် ကိုယ်တော်၏ ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။

မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည် နိုင်သနည်း။ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင်စေ၍၊

ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော်၏ ကျွန် သည် မပြုရမည်အကြောင်း ဆီးတားတော်မူပါ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ်ကို အစိုးမရပါစေနှင့်။ ထိုသို့သော အားဖြင့် အကျွန်ုပ်သည်ဖြောင့်မတ်ခြင်းရှိ၍၊ ကြီးစွာ သောပြစ်မှားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။

အကျွန်ုပ်ပြောသေားစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေ သော။ အိုထာဝရဘုရားအကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ် ကို ရွေးနှုတ်တော်မူသောဘုရား။

ဆာလံကျမ်း 19:1-14
Myanmar Christian Sermons & Testimonies

ယုံကြည်သူလဲကျဖောက်ပြန်သောအခါအသက်တာမှာဘာတွေဖြစ်လာသလဲ???  ( သုတ္တံ ၂၄:၁၆၊ ဟောရှေ ၁၄:၄ ) ၁။ #ဝိညာဉ်ရေးရာမှာပျင်းရိလာတယ်ပေါ့...
28/06/2025

ယုံကြည်သူလဲကျဖောက်ပြန်သောအခါအသက်တာမှာဘာတွေဖြစ်လာသလဲ???
( သုတ္တံ ၂၄:၁၆၊ ဟောရှေ ၁၄:၄ )

၁။ #ဝိညာဉ်ရေးရာမှာပျင်းရိလာတယ်ပေါ့စလာတယ်။
(၁) ကျမ်းစာဖတ်ဖို့ပျင်းလာတယ်။ ( ယောရှု ၁:၈ )
(၂) ဆုတောင်းဖို့ပျင်းလာတယ်။ ( ၁သက် ၅:၁၇ )
(၃) ဘုရားကျောင်းတက်ဖို့ပျင်းလာတယ်။
( ဟေဗြဲ ၁၀:၂၅ )
(၄) ယုံကြည်သူအချင်းချင်းမိဿဟာယဖွဲ့ဖို့ပျင်းလာ
တယ်။ ( ဆာလံ ၁၃၃:၁ )
(၅) နှုတ်ကပတ်တော်သင်ဖို့ပျင်းလာတယ်။
( တမန် ၂:၄၂၊ ၁၇:၁၁ )

၂။ #အသက်တာတဖြည်းဖြည်းနှင့်အလွန်လေးလာတယ်။
(၁) ဝန်ထုပ်ဝန်ပိုးထမ်းသကဲသို့ဖြစ်လာတယ်။
( မဿဲ ၁၁:၂၈၊ ဆာလံ ၅၅:၂၂ )
(၂) မကောင်းသောအမှုကိုကြံစည်တတ်လာတယ်။
(ဆာလံ ၃၆:၄ )
(၃) မကောင်းသောလမ်းသို့အမြဲလိုက်တတ်လာတယ်။
( ဆာလံ ၃၆:၄ )
(၄) ဆိုးယုတ်သောအကျင့်ကိုရွံရှာခြင်းမရှိတော့ပါ။
( ဆာလံ ၃၆:၄ )

၃။ #အပြစ်လုပ်တာတဖြည်းဖြည်းအတင့်ရဲလာတယ်။
(၁) မထင်မရှားဒုစရိုက်ပြုလာတယ်။ ( ဆာလံ ၁၉:၁၂)
(၂) ရဲရင့်စွာဒုစရိုက်ပြုလာတယ်။ ( ဆာလံ ၁၉:၁၃)
(၃) ဒုစရိုက်အပြစ်ကအုပ်စိုးလာတယ်။
( ဆာလံ ၁၉:၁၄)
(၄) မိမိမှားယွင်းခြင်း၊မိမိအပြစ်ကိုမမြင်နိုင်တော့ဘူး။
( ဆာလံ ၁၉:၁၂၊ မဿဲ ၇:၃-၅ )

၄။ #အမှုတော်မြတ်၌ပါဝင်ချင်စိတ်ယော့နည်းလာတယ်။
(၁) အသက်တာမသန့်ရှင်းခြင်းကြော်င့်။ ( ၁တိ ၂:၂၁)
(၂) အသက်တာမှာပုံသက်သေမပြနိုင်လို့ (တိတု ၂:၇)

၅။ #သမ္မာတရားနှင့်တဖြည်းဖြည်းဝေးလာတယ်။
(၁) သမ္မာတရားနှစ်သက်ခြင်းမရှိတော့ဘူး။
( ဆာလံ ၁၁၉:၉၇ )
(၂) သမ္မာတရားတောင့်တခြင်းမရှိတော့ဘူး။
( ဆာလံ ၁၁၉:၁၃၁ )
(၃) သမ္မာတရား၌ဝမ်းမြောက်ခြင်းမရှိတော့ဘူး။
( ဆာလံ ၁၁၉:၁၄)
(၄) သမ္မာတရား၌ မမွေ့လျော်နိုင်တော့ဘူး။
(ဆာလံ ၁၁၉:၁၆၊၉၂ )
(၅) နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုလာတယ်။
( သုတ်တံ ၁၃:၁၃ )

၆။ #တဖြည်းဖြည်းလောကီပုံသဏ္ဌာန်ဆောင်လာတယ်။
(၁) လောကသားတွေလိုအသက်ရှင်လာတယ်။
( ရောမ ၁၂:၂ )
(၂) လောကနှင့်လောကအရာတွေချစ်လာတယ်။
(၁ ယော ၂:၁၅ )
(၃) လောကနှင့်မိဿဟာယဖွဲ့လာတယ်။
( ယာကုပ် ၄:၄ )
(၄) လောကအရာတွေဘဲလိုက်ရှာလာတယ်။
( ကောလော ၃:၁ )
(၅) မြေကြီးအရာကိုဘဲစွဲလမ်းလာတယ်။
( ကောလော ၃:၂ )

၇။ #သင်လဲကျရာမှထပါဖောက်ပြန်ရာမှာပြန်လှည့်ပါ။
(၁) ဖြောင့်မတ်သောသူသည်ခုနစ်ကြိမ်လဲသော်လည်း
ထပြန်လိမ့်မည်။ ( သုတ္တံ ၂၄:၁၆ )
(၂) နောင်တနှင့်အပြစ်ဝန်ချတောင်းပန်လျက်ဘုရားသ
ခင်ထံပြန်လာပါ။ ( ၆ ရာ ၇:၁၄၊ ၁ ယော ၁:၉-၁၀)
(၃) သူတို့ဖောက်ပြန်ခြင်းကိုပြုပြင်မည်။
( ဟောရှေ ၁၄:၄ )
(၄) ငါတို့မူကား၊ပျက်စီးခြင်းသို့ရောက်အံ့သောငှါရွေ့
လျော့သောသူမဟုတ်။ ( ဟေဗြဲ ၁၀:၃၉ )
(၅) သင်လဲကျရာမှထပါတော့။ ( သုတ္တံ ၂၄:၁၆ )
(၆) သင်ထလော့၊။လင်းလော့။ သင်၏အလင်းရောက်
လာပြီ။ ( ဟေရှာယ ၆၀:၁ )

Myanmar Christian Sermons & Testimonies

Amen
27/06/2025

Amen

ယေရှုကို သုံးကိုယ်ခွဲသော Oneness Pentecostalism အယူဝါဒ လက်ခံထားသူတွေ ကယ်တင်ခြင်းရနိုင်မလား??? သူတို့ခံယူချက် (၁) #သုံးပါ...
25/06/2025

ယေရှုကို သုံးကိုယ်ခွဲသော Oneness Pentecostalism အယူဝါဒ လက်ခံထားသူတွေ ကယ်တင်ခြင်းရနိုင်မလား???

သူတို့ခံယူချက်

(၁) #သုံးပါးတစ်ဆူဘုရားကိုလက်မခံဘူး

Oneness pentecostal တို့က ဘုရားတစ်ပါးပဲရှိတယ် ယေရှုခရစ်တော်ဟာ တစ်ခုတည်းသောဘုရားသခင်ဖြစ်တယ်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်တော်ဟာ သီးခြားပုဂ္ဂိုလ် မဟုတ်ဘူး ယေရှုပဲဖြစ်တယ်၊ ယေရှုဟာ ခမည်းတော်အဖြစ် သားတော်အဖြစ် သန့်ရှင်းသောဝိညာဥ်တော်အဖြစ် တစ်ယောက်ထဲက ကွဲပြားတဲ့ပုံစံနဲ့ထင်ရှားနေတယ်လို့ယုံကြည်ကြတယ်။(ကောလောသဲ 2:9)ကိုအခြေခံပါတယ်၊ ပြီးတော့ ယေရှု ကေတေရှေမန်ဥယာဥ်မှာဆုတောင်းတာက ခမည်းတော်ထံဆုတောင်းတာမဟုတ်ပဲ မိမိရဲ့လူသားဇာတိအားဖြစ် မိမိရဲ့ ဘုရားဇာတိကို ဆုတောင်းတယ်လို ခံယူကြပါတယ်။

(၂) #ယေရှုနာမ၌တာနှစ်ခြင်းခံမှကယ်တင်ခြင်းရမယ်လို့ခံယူတယ်

ကယ်တင်ခြင်းရဖို့ ယေရှုနာမတစ်ခုထဲ၌ နှစ်ခြင်းခံရမယ်လို့ခံယူပါတယ် (တမန်တော် 2:38)(တမန်တော် ၄:၁၂)(ကောလောသဲ ၃:၁၇)(ရောမ ၆:၃) ကိုအခြေခံပါတယ်။(မဿဲ 28:19)ကို ပယ်ပါတယ်။

(၃) #နှစ်ခြင်းခံမှကယ်တင်ခြင်းရမယ်လို့ခံယူပါတယ်။ (တမန်တော် 2:38) (ယောဟန် ၃း၅)

(၄) #ရေနှစ်ခြင်းခံတာကအပြစ်ဆေးကြောဖို့အတွက်လို့ခံယူပါတယ် (တမန်တော် 2:38)

(၅) #အခြားသောဘာသာစကားပြောခြင်းကကယ်တင်ခြင်းရခြင်းရဲ့သက်သေ အခြားသောဘာသာစကားမပြောရင်ကယ်တင်ခြင်းမရသေးဘူးလို့ခံယူတယ်၊ (ဒီလိုသွန်သင်ချက် သမ္မာကျမ်းစာထဲမှာမရှိပါ)

၁။ #သုံးပါးတစ်ဆူဘုရာ

သုံးပါးတစ်ဆူဘုရားအယူဝါဒသည် ခရစ်ယုံကြည်ခြင်းရဲ့ အခြေခံဖြစ်တဲ့အတွက် သိထားဖို့ အရေးကြီးပါတယ်

ဒီနရောမှာကျွန်တော် တို့သိထားရမှာက ကျွန်တော်တို့ကိုးကွယ်နေတဲ့ဘုရားက တစ်ဆူတည်းသောဘုရားဖြစ်ပါတယ် ကျမ်းစာထဲမှာလဲ တစ်ဆူတည်းသောဘုရားလို့ဖော်ပြထားပါတယ် ကျမ်းစာထဲမှာ Trinity ဆိုတဲ့စကား သုံးပါးတစ်ဆူဆိုတဲ့စကားဆိုတာမရှိပါဘူး ဒီစကားက ခရစ်ယာန်တွေနားလည်ရလွယ်အောင် တီထွင်လိုက်တဲ့စကားဖြစ်ပါတယ် ဒါဟာလဲ ကျမ်းစာနဲ့ညီပါတယ်

#တိမောသေဩဝါဒစာပဋ္ဌမစောင် 2:5 (MYJ) ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်းရှိ၏။

အင်မတန်မှနက်နဲပါတယ် ကျွန်တော်တို့ရဲ့ ခွဲခြားပိုင်းခြားတတ်သော ဆင်ခြင်ဉာဏ်အားဖြင့် စဥ်စားပါက နားလည်ဖို့ အင်မတန်လွန်စွာ ခက်ခဲပါတယ်

ပထမဦးဆုံးသိနားလည်မြင်ဖို့အတွက်

#ကမ္ဘာဦးကျမ်း 1:1-2 (MYJ) အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။
မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။

အဲဒီမှာ သုံးပါးတစ်ဆူထဲက ဝိညာဥ်တော်ဘုရားကိုဖော်ပြထားပါတယ် အဲဒီကတည်းက ဝိညာဥ်တော်ဘုရားရှိတယ်ဆိုတာကို ထင်ထင်ရှားရှားတွေ့ရပါတယ်

သုံးပါးတစ်ဆူထဲက၂ဆူ ကိုစစချင်းတွေ့ရတယ် အဲ့လိုပဲ ဘာထပ်တွေ့ရလဲဆိုရင်

#ကမ္ဘာဦးကျမ်း 1:26 (MYJ) တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။

ဒီနရာမှာ ငါတို့လို့ဖော်ပြထားပါတယ် ငါတို့ဆိုတာအများကိန်းဖြစ်တယ် ဒါကြောင့်မို့ သုံးပါးတစ်ဆူဘုရားဆိုတာကို ဒီမှာအသေအချာကိုဖော်ပြနေပါတယ်

#ရှင်ယောဟန်ခရစ်ဝင်။ 1:1-3 (MYJ) အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။
နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။

ဒီမှာပြောတဲ့ အစအဦးဆိုတာ ကမ္ဘာဦးကျမ်းအခန်းကြီး ၁ အငယ် ၁မှာ ပြောထားတဲ့ အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏ဆိုတဲ့ သားတော်ဟာ ဘုရားသခင်နှင့်အတူရှိတယ်လိုပြောထားပါတယ် ခမည်းတော်ဘုရားသခင်က ခမ်းသိမ်းသောအရာရှိသမျှကို သားတော်အားဖြစ် ဖန်ဆင်းတယ်လိုဖော်ပြထားပါတယ်

ဒါကြောင့်ဖန်းဆင်ရှင်ကိုကြည့်ခြင်းအားဖြင့် ဘုရားသခင်တစ်ဆူတည်းရှိိတယ် ပုဂ္ဂိုလ်အားဖြစ် သုံးပါးဖြစ်တော်မူကြောင်းသိရပါတယ်

သုံးပါးတစ်ဆူဘုရားသခင်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်လ်သုံးပါးစလုံးကို ဖော်ပြထားတဲ့ ဓမ္မဟောင်းကျမ်းပုဒ်ရှိပါတယ် အဲဲဒါက (ဟေရှာယ ၄၈း၁၆)ဖြစ်ပါတယ်

#ဟေရှာယအနာဂတ္တိကျမ်း။ 48:16 (MYJ) ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြ လော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှု ဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကို စေလွှတ်တော်မူ၏။

ဒီကျမ်းပုဒ်မှာ စကားပြောတဲ့သူက ယေရူဖြစ်တယ်၊ အရှင်ထာဝရဘုရားဆိုတာ ခမည်းတော်ကိုဆိုလိုတာ ဖြစ်တယ်၊ ဝိညာဥ်တော်ဆိုတာ သန့်ရှင်းသောဝိညာဥ်တော်ဖြစ်တယ်၊ ဒီကျမ်းပုဒ်မှာလဲ အမှုဖြစ်စကာလ၌ ငါရှိတယ်လို့ပြောတယ် ခမည်းတော်နှင့် ဝိညာဥ်တော်သည် ငါ့ကိုလောကကိုစေလွတ််တယ်လို ပြောပါတယ်

ဒါကြောင့် ခမည်းတော် သားတော်နှင့် သန့်ရှင်းသောဝိညာဥ်တော်သည် သီးသန့်ပုဂ္ဂိုလ်များဖြစ်ကြတယ်။

ခမည်းတော်သည် သားတော်မဟုတ်သလို သားတော်သည်လည်း သန့်ရှင်းသောဝိညာဥ်တော်မဟုတ်ပါ သန့်ရှင်းသောဝိညာဥ်သည်လည်း ခမည်းတော်မဟုတ်တလို သားတော်လည်းမဟုတ်ပါ

ဓမ္မဟောင်းမှာ သုံးပါးဖြစ်ကြောင်းဖော်ပြထားပါတယ် တိတိကျကျကို
ဓမ္မာသစ်ရောက်လာတဲ့အခါမှာလဲ သုံးပါးဖြစ်ကြောင်းတိတိကျကျထုတ်ဖော်တယ်
ဘယ်မှာလဲဆိုရင်

#ရှင်မဿဲခရစ်ဝင်။ 3:16-17 (MYJ) ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍၊
ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။

ဒီကျမ်းပုဒ်မှာ ပုဂ္ဂိုလ်သုံးပါးကို တစ်နေရာတည်းမှာတွေ့ရပါတယိ သားတော်သည် ရေပေါ်မှာရှိပြီး ဝိညာဥ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်ပြီး ခမည်းတော်သည် ကောင်းကင်ကအသံတော်နှင့် ဤသူဟာငါ့သားလို ပြောကြားခဲ့ပါတယ် ဒါဟာပုဂ္ဂိုလ်သုံးပါးအနေဖြစ် သီးသန့်တည်းရှိနေကြောင်းတွေ့ ရပါတယ်

#ရှင်ယောဟန်ဩဝါဒစာပဌမစောင်။ 5:7-8 (MYJ) သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တလုံးတဝတည်း ဖြစ်တော်မူ၏။

ထိုသုံးပါးတစ်ဆူဘုရားကတလုံးတဝတည်းဖြစ်တယ်

#ရှင်ယောဟန်ဩဝါဒစာပဌမစောင်။ 5:11-13 (MYJ) သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။
သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။

#ရှင်မဿဲခရစ်ဝင်။ 28:19 (MYJ) သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။

လောကီသားများကို အပြစ်မှကယ်တင်ဖို့ ခမည်းတော်က သားတော်ကိုစေလွတ်တယ်

သားတော်က ဝိညာဥ်တော်ကို ဥပဇျွယ်ဆရာအဖြစ်စေလွှတ်တယ်

#ရှင်ယောဟန်ခရစ်ဝင်။ 14:26 (MYJ) ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသောဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်း သော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူ၏။

၂။ #နှစ်ခြင်းခံမှာကယ်တင်ခြင်းရမယ်လိုခံယူချက်

၁။ နှစ်ခြင်းခံလို့ကယ်တင်ခြင်းရမယ်လို့ ကျမ်းစာကမပြောထားပါ နှစ်ခြင်းကကောင်းသောအကျင့်တစ်ခုတာဖြစ်တယ် ယေရူကိုယ်တိုင်ကလဲ (မဿဲ 3:15)မှာ ဒီအကြောင်းပြောထားပါတယ်။

ကောင်းသောအကျင့်အားဖြင့်အဘယ်သူမှ ကယ်တင်ခြင်းမရကြောင်းကျမ်းစာထဲပါတယ်။

ယုံကြည်ခြင်းအားဖြင့်သာကယ်တင်ခြင်းခံရမှာဖြစ်တယ် ဘာကိုယုံကြည်ရမှာလဲ ယေရှူခရစ်တော်ဟာ ငါ့ကိုယ်စား အပြစ်အစား အပြစ်ကြွေး အားလုံးဆပ်ပြီးပြီဆိုတဲ့ ကျေးဇူးပြုခြင်း ကျေးဇူးတော်ကို ယုံ​ကြည်ရ မယ်။ယေရှုစကားနဲ့ လုပ်ဆောင်ချက်ကို ယုံခြင်းဟာ သူ့ကို ယုံရာရောက်တယ်။

#ရောမ​ဩဝါဒစာ။ 10:9 (MYJ) အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။

#ဧဖက်​ဩဝါဒစာ။ 2:8-9 (MYJ) ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။

ဒီကျမ်းပုဒ်အရ

ကယ်တင်ခြင်းရတာဟာ ဘာကြောင့်ရတာလဲ?
(ကျေးဇူးတော်ကြောင့်)

ဘာအားဖြစ်လဲ
(ယုံကြည်ခြင်းအားဖြစ်)

ကယ်တင်ခြင်းရရဖို့ ဘာရှိရမလဲ
(ယုံကြည်ခြင်းရှိရမယ်)

ဘာကိုယုံရမလဲ
(ယေရှုခရစ်တော်ကို ယုံတဲ့သူဟာ သူ့စကားနဲ့ သူ့လုပ်ဆောင်ချက်ကို ယုံတယ်)

ရေနှစ်ခြင်းခံလိုကယ်တင်ခြင်းရတာ မဟုတ်ပါဘူး နှစ်ခြင်းခံလိုပြောင်းလဲတာ မဟုတ်ပါဘူး လူတွေကအခြေနေအမျိုးမျိုးနဲ့ နှစ်ခြင်းခံနေကြတာရှိပါတယ် မိဘကတိုက်တွန်းလို့၊အိမ်ထောင်ပြုခြင်းလို၊အသက်ပြည့်လို အ​ခြေနေအမျိုးမျိုးထဲမှာ နှစ်ခြင်းယူနေကြတယ်သူတွေရှိပါတယ်။

၃။ #ယေရှုနာမတစ်ခုထဲ၌သာနှစ်ခြင်းခံမှကယ်တင်ခြင်းရမယ်

ပေတရုကယေရှုနာမ၌ရေနှစ်ခြင်းခံဖို့ပြောတာက ယေရှုနာမည်ကိုအသံထွက်ပြီးနှစ်ခြင်းပေးဖို့ပြောနေတာမဟုတ်ဘူး (မဿဲ 28:19)မှာ ယေရှုသွန်သင် ထားတဲ့ ခမည်းတော် သားတော် သန့်ရှင်းသောဝိညာဥ်တော်၌နှစ်ခြင်းပေးပါလိုပြောတာကို မှားနေတယ်လိုပြောနေတာမဟုတ်ဘူး ပယ်ဖို့ပြောနေတာမဟုတ်ဘူး အဲ့လိုပြောတယ်ဆိုရင် ပေတရုကို ယေရှုခရစ်တော်ရဲ့ သွန်သင်ချက်ကို ဆန့်ကျင်ရာရောက်သွားမှာဖြစ်တယ်။

ပေတရုက သခင်ယေရှုရဲ့ ကျွန်တော်တို့အပြစ်အတွက်ကိုယ်စားအသေခံခြင်း ယေရှုလုပ်ပေးတဲ့ အမှုအရာတွေကို ယုံကြည်ပြီး အမှန်တကယ်နောင်တရပြီး ရေနှစ်ခြင်းခံဖို့ တိုက်တွန်းနေတာဖြစ်တယ်။

ခမည်းတော်၊ သားတော် ၊သန့်ရှင်းသောဝိညာဥ်တော်ဟာ နာမ မဟုတ်ဘူး ယေရှုနာမည်ကသာ နာမဖြစ်တယ်ဆိုပြီး လွဲမှားစွာအနက်ဖွင့်ပြီး ယေရှုနာမတစ်ခုထဲကိုတာအသုံးပြုမယ်ဆို သခင်ယေရှုရဲ့သွန်သင်ချက်ကို ဆန့်ကျင်ရာရောက်ပါတယ်။

၄။ #နှစ်ခြင်းခံတာအပြစ်ဆေးကြော့ဖို့အတွက်လို့ခံယူတယ်

ပေတရုရဲ့နှစ်ခြင်းခံဖို့ တိုက်တွန်းတာဟာ အပြစ်ဆေးကြော့ဖို့အတွက်မဟုတ်ဘူး အပြစ်ဆေးကြော့​ဖို့မဟုတ်ဘူး အမှန်တကယ်နောင်တရပြီး နှစ်ခြင်းခံဖို့ ပြောနေတာဖြစ်တယ်၊အပြစ်ဆေးကြော့ခြင်းအတွက် မဖြစ်မနေလုပ်ရမယ်လို့လဲ မသွန်သင်ခဲ့ပါ
အဲ့လိုသွန်သင်ရင် သခင်ယေရှုရဲ့သွန်သင်မှုကို ဆန့်ကျင်ရာရောက်ပါတယ်။

Myanmar Christian Sermons & Testimonies

23/06/2025

အီရန်မှ ကာတာအမေရိကန်စစ်စခန်းသို့ ဒုံးကျည်ပစ်ခတ်

🕒 အချိန် – 2025၊ ဇွန်လ 23 ရက်၊ နေ့လယ်ပိုင်း

အီရန်အစိုးရမှ 2025 ဇွန်လ 23 ရက်နေ့ ညနေပိုင်းအတွင်း ကာတာနိုင်ငံရှိ Al Udeid Air Base သို့ ဒုံးကျည်ပစ်ခတ်ခဲ့သည်ဟု အနောက်နိုင်ငံများမှ သတင်းဌာနများက အတည်ပြုထားပါသည်။

Al Udeid Air Base သည် ကာတာနိုင်ငံအတွင်း အမေရိကန်အခြေစိုက်စခန်း အကြီးဆုံး ဖြစ်ပြီး U.S. Central Command (CENTCOM) ၏ ဌာနချုပ်တည်ရှိရာနေရာဖြစ်သည်။

➡️ ပစ်ခတ်ခဲ့သော ဒုံးကျည်အမျိုးအစားမှာ ➔ “Fateh-110” တည်နေရာတိကျစွာပစ်ခတ်နိုင်သည့် ဒုံးကျည်များ ဖြစ်သည်ဟု ခန့်မှန်းထားကြသည်။

➡️ အဆိုပါဒုံးကျည်များကို ကာတာနိုင်ငံ လေကြောင်းကာကွယ်ရေးစနစ် (Patriot Systems) ဖြင့် အောင်မြင်စွာ ဖြိုခွဲနိုင်ခဲ့ပြီး ➔ ထိခိုက်မှု ဟုထုတ်ပြန်ထားသည်။

တပြိုင်နက်တည်း အီရတ်နိုင်ငံရှိ Ain al-Asad စစ်စခန်း သို့လည်း တစ်ချိန်တည်းပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာများမရှိ ဟုသိရသည်။

Myanmar Christian Sermons & Testimonies

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ ခရစ်ယာန်ဘုရားကျောင်းတွင် ဝတ်ပြုနေစဉ် အကြမ်းဖက် အသေခံဗုံးခွဲမှုကြောင့် ၂၀ ဦးသေဆုံးပြီး၊...
23/06/2025

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ
ခရစ်ယာန်ဘုရားကျောင်းတွင် ဝတ်ပြုနေစဉ်
အကြမ်းဖက် အသေခံဗုံးခွဲမှုကြောင့်
၂၀ ဦးသေဆုံးပြီး၊ ၅၃ ဦး ဒါဏ်ရာရ

 #ဘုရားသခင်သည်စစ်မှန်သောဘုရားဖြစ်ပါသလား???  #ဘုရားသခင်သည်စစ်မှန်သောဘုရားဖြစ်ကြောင်းကျွန်ပ်တို့မည်သို့သိရှိနိုင်မည်နည်း။?...
23/06/2025

#ဘုရားသခင်သည်စစ်မှန်သောဘုရားဖြစ်ပါသလား??? #ဘုရားသခင်သည်စစ်မှန်သောဘုရားဖြစ်ကြောင်းကျွန်ပ်တို့မည်သို့သိရှိနိုင်မည်နည်း။???

ဘုရားသခင်သည် စစ်မှန်သောဘုရားဖြစ်ကြောင်း ကျွန်ပ်တို့သိရှိနိုင်ပါသည်။သက်သေပြစရာများကြီးရှိတဲ့ထဲကမှာသူ၏ တည်ရှိခြင်းကို နည်းလမ်း (၂) ခုဖြင့်ဖွင့်ပြထားပါသည်။သူ၏ ဖန်ဆင်း​ခြင်း နှင့် သူ၏သားတော် ယေရှုခရစ်တော်တို့ဖြစ်ကြသည်။

(၁) #ဘုရားသခင်တည်ရှိခြင်းကိုသူဖန်ဆင်းခဲ့သောအရာများကြည့်ခြင်းအားဖြင့်သက်သေပြနိုင်ပါသည်။

“အဘယ် သို့ နည်းဟူမူကား၊ ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော် ဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့် သူတို့ သည်ကိုယ်အပြစ်ကို မဖုံးနိုင်ရာ ” (ရောမ၊ ၁း၂၀)။ “မိုးဃ်ကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသားရေတော်ကို ကြား ပြာ၍ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏ ” (ဆာ၊ ၉ဝး၁)။

မိတ်ဆွေအနေနဲ့ အိမ်တစ်အိမ်ကိုတွေ့မယ်ဆိုရင် အဲဒီအိမ်က လုပ်တဲ့သူမရှိပဲ သူအလိုအလျောက်ဖြစ်လာတယ်လိုတွေးမလားNoပါ ၊ အိမ်တစ်အိမ်ကိုမြင်ရင် ဒီအိမ်ကိုဆောက်တဲ့သူတစ်ယောက် ရှိရမယ်ဆိုတာသိရမှာဖြစ်တယ်၊ ပန်ကာတစ်လုံးကိုမြင်ရင် သူအလိုအလျောက်ဖြစ်လာတယ်လိုတွေးမလား Noပါ၊ ပန်ကာတစ်လုံးကိုမြင်ရင် ဒီပန်ကာကို ပြုလုပ်တဲ့သူ တီထွေတဲ့သူရှိတယ်ဆိုတာ သိနိင်မှာဖြစ်တယ် ဘယ်အရာမှာသူအလိုအလျောက်ဖြစ်လာတာ မရှိပါဘူး။

အဲလိုပဲ ကျန်တော်တို့ရဲ့ ခနွာကိုယ်ကိုကြည့်ပါ ဘယ်လောက်အံအော်ဖို့ကောင်းပါသလဲ၊ ကျန်တော်အတွင်းပိုင်မပြောတော့ပါဘူး ခနွာကိုယ်ရဲ့အပြင်ပိုင်းကို လေ့လာကြည့်ရအောင် ဥပမာ- ကျန်တော်တို့ နှာခေါင်းပေါက်က အောက်ကိုမကျနေပဲ နှာခေါင်းပေါက်ကအပေါ်မှာရှိနေမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ မိုးရွာရင် နှာခေါင်းပေါက်ထဲရေတွေဝင်ကုန်မှာဖြစ်တယ် ဒါမတော်တစ်စလား၊ ကျန်တော်တို့ရဲ့ သွားကိုပဲကြည့်ပါ ဝါးသွား၊ကြိတ်သွား၊ဖြတ်သွား ဆိုပြီး(၃)မျိုးရှိပါတယ် ဒါမတော်တစ်စဖြစ်လာတာလား၊ ကျန်တော်တို့ရဲ့လက်ကိုပဲကြည့်ပါ လက်တစ်ဖက်ကို လက်ချောင်းငါးချောင်းစီရှိပါတယ် ဟုတ်ပြီး လက်တစ်ဖက်ကို လက်နှစ်ချောင်းစီပဲရှိမယ်ဆိုရင် ကျန်တော်တို့ အရာဝွထ္ထုတွေကို ပစွည်တွေကို ဘယ်လို ကိုင်တွယ်မလဲ စဥ်စာကြည့်ပါ ကျန်တော်တို့ခနွာကိုယ်မှာ အဆစ်တွေမရှိဘူးဆိုရင် ကျန်တော်တို့ ဘယ်လိုလှုပ်ရှားမလဲ ဥပမာ- ခြေဆစ်၊လက်ဆစ်၊ဒူဆစ်၊ခါးဆစ်၊ ကျန်တော်တို့ခနွာကိုယ်လှုပ်ရှားနိင်ဖို့အတွက် ဒီအဆစ်တွေက ကူညီပေးနေတာပါ တစ်ကယ်လို ဒီအဆစ်တွေမရှိဘူးဆိုရင် ကျန်တော်တို့ ဘယ်လိုလမ်းလျောက်မလဲ ဘယ်လိုလှုပ်ရှားမလဲ စဥ်စားကြည့်ပါ ကျန်တော်တို့မျက်စိကိုကြည်ရအောင် ကျန်တော်တို့မျက်စိမှာ မျက်တောင်က ဘာအတွက်လဲ ဖုံတွေ အမှိုက်တွေ မျက်စိထဲမဝင်အောင်း မျက်တောင်နဲ့ ကာကွယ်ပေးထားတာဖြစ်တယ် တစ်ခြားအရာတွေများကြီးရှိပါတယ် စဥ်းစားကြည့်ပါ မိတ်ဆွေ၊ ဒါတွေအကုန်လုံးက သူ့ပါတာ ဖြစ်လာတာလား မတော်တစ်စဖြစ်လာတာလာ၊ တစ်စုံတစ်ယောက်က စနစ်တကျ သေချာကို ပြုလုပ်ထားတာဖြစ်ပါတယ်၊ ဒီအရာတွေကို ကြည်ခြင်းအားဖြစ် ဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင် တပါးရှိရမယ်ဆိုတာ တွေးတောသိရမှာဖြစ်တယ်၊

မိတ်ဆွေသည် လယ်ကွင်းတခု၏အလယ်တွင် လက်ပတ်နာရီတခုတွေ့ခဲ့လျှင် ဤလက်ပတ်နာရီဖြစ်သည် သူအလိုလျောက် “ပေါ်လာ” သည်(သို့) ဖန်ဆင်းသူမရှိပဲ အမြဲတမ်းရှိသော လက်ပတ်နာရီဖြစ်သည်ဟု တွေးတောရလိမ့်မည်မဟုတ်ပေ။ ၎င်းနာရီ၏လှပမူကိုုသိပြီး၊ ဖန်ဆင်းသူရှိရလိမ့်မည်ဟု မိတ်ဆွေတွေးတောနိုင်သည်။ သို့သော် ကျွန်ပ်တို့၏ပတ်ဝန်းကျင်တွင် ထိုထက်မက သာ၍ကြီးမားသော လှပသည့်ရှုခင်းတို့ကို တွေ့နိုင်ပါသည်။ စကြာဝဌာ တခုလုံးက လှပသောလက်ယာတော်ကို ပြသခဲ့သည်။ ထို့ကြောင့် ၎င်းကကြီးမားသော ဖန်ဆင်းရှင်ရှိရလိမ့်မည် ဟု ဖော်ပြထားပါသည်။

မိတ်ဆွေသည် လျှို့ဝှက်ချက်တခုကို မြင်တွေ့ခဲ့လျှင် ထို့လျှို့ဝှက်ချက်ကို သိရှိရန် မိတ်ဆွေကြိုးပမ်းမည်ဖြစ်ပါ သည်။ ထို့လျှို့ဝှက်ချက်ဖန်တီးရေးသားသောသူသည် အတွေးအခေါ်ထက်မြက်သောသူဖြစ်သည်ဟု မိတ်ဆွေယူဆနိုင်ပါသည်။ DNA “ပုဒ်ဆာ” သည် မည်မျှခက်ခဲ့သနည်း။ ၎င်းကိုသိရှိရန် ကျွန်ပ်တို့၏ခန္ဓာကိုယ်ကြွက်သားများစွာ အသုံးပြုရန်လို အပ်သည်။ DNA ၏ ရှုတ်ထွေးမူနှင့်လေးနက်မူတို့သည် ညာဉ်စမ်းပိုဒ်စာရေးထားသော ညာဏ်ကောင်းသည် စာရေးသူကြောင့် မဟုတ်လော့။

ခပ်သိမ်းသောအရာတို့ကို မိမိအချိန်တန်မှလျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တကာလ ၌ စွဲလမ်းစေတော်မူပြီး။ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသောအမူကို အစမှအဆုံးတိုင်အောင် လူသည် စစ်၍မကုန်နိုင် (ဒေသ၊ ၃း၁၁)။

လူတွေ၏စိတ်ထဲတွင် သာမန်မျက်စိဖြင့်မမြင်နိုင်သော သာ၍ကောင်းမွန်သော ဘဝရှိသော သသည်ကို၎င်း၊ ဤလောကအရာများထက်သာ၍ ကြီးမြတ်သောသူရှိသည်ကို၎င်း သိရှိခဲ့သည်။ ကျွန်ပ်တို့၏ထာဝရကာလ အတွက် ခံယူချက်သည် အနည်းဆုံးနည်းလမ်းနှစ်မျိုးဖြင့် ဖော်ပြနိုင်ပါသည်။ ၎င်းတို့မှာပညတ်တော်ရေးစွဲခြင်းနှင့် ဝတ်ပြု ကိုးကွယ်ခြင်းတို့ ဖြစ်ကြသည်။

သမိုင်းတလျှောက်ရှိ လူမျိုးတိုင်း၌ တန်ဖိုးရှိသောလူမူကျင့်ဝတ်ကိုယ်စီရှိကြပါသည်။ အံ့ဖွယ်ရာတခုသည် သူတို့၏ လူမူကျင့်ဝတ်တို့သည် အများအားဖြင့် တခုနှင့်တခုတူညီသည်။ ဥပမာအားဖြင့် လူသားအားလုံးက ချစ်ခြင်းမေတ္တာကို မြတ်နိုးခဲ့ကြသည်။ လိမ်ညာဖြားယောင်မူကို ရွံ့ရှာမုန်းတီးတတ်ကြသည်။ ဤကဲ့သို့သော တူညီသောအကျင့်စရိုက်၊ အမှားနှင့် အမှန်ခွဲခြားတတ်သော လူသားအားလုံးတို့၏သိရှိနားလည်ခြင်း သွန်သင်ပေးသော ကြီးမြတ်သောသူတစ်ဦးရှိိသည်ကို ညွှန် ပြထားပါသည်။

(၂) #ဒုတိယအချက်အနေနှင့်ဘုရားသခင်တပါးတည်းသောသားတော်သခင်ယေရှုတော်အားဖြင့်သိနိင်တယ်?

လွန်ခဲ့သော ၂၀၂၄ခုနစ်က ဘုရားသခင်က သူရဲ့တပါးတည်းသောသားတော်ကို လောကကိုစေလွတ်ပြီး မိမိကိုယ်ကိုထင်ရှားစေခဲ့ပါသည်။

ကမ္ဘာပေါ်မှာလူတွေက ဘုရားဆိုပြီး ယုံကြည်ကိုးကွယ်နေတဲ့သူတွေရှိပါတယ် ဒါမဲ့ဘယ်သူကမှ သူတို့ကိုယ်သူတို့ ဘုရားပါဆိုပြီးမပြောကြပါဘူး ဘာသာရေးသွန်သင်သူများ ပရောဖက်များလိုပဲသူတို့ကိုယ်သူတို့ ကြေညာသက်မှတ်ပါတယ်။ ယေရှုကတော့ သူဟာဘုရားဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒါ အခြားပုဂ္ဂိုလ်တွေနဲ့ ယေရှုမတူရတဲ့အချက်ပါပဲ ယေရှုက ဘုရားရှိတဲ့အကြောင်းပြောပြီး သင် ယခုပဲ သူ့ကိုတွေ့မြင်နေရတယ်လို့ ပြောခဲ့ပါတယ်။ ကောင်းကင်ဘုံမှာရှိတဲ့ ခမည်းတော်အကြောင်းကို ပြောပြပေမယ့် အဲဒါ သူတို့နှစ်ဦးခွဲခြားဝေးကွာနေတဲ့ အနေအထားနဲ့ ပြောတာမဟုတ်ဘဲနဲ့၊ နီးကပ်ပြီး တလုံးတဝတည်းဖြစ်ကြောင်း၊ လူသားတွေရှေ့မှောက်မှာ အံ့သြဖွယ်တွေ့မြင်နေရတာဖြစ်ကြောင်း ပြောခြင်းသာဖြစ်ပါတယ်။ ယေရှုက သူ့ကိုတွေ့မြင်ရသူတိုင်းဟာ ခမည်းတော်ကိုတွေ့မြင်ရပြီ၊ သူ့ကိုယုံကြည်သူတိုင်းဟာ ခမည်းတော်ကို ယုံကြည်ပြီ ကယ်တင်ခြင်းခံရကာ ငရဲသွားစရာမလိုတော့ဘူးဆိုတာကို အသိအလင်းပြောကြားခဲ့ပါတယ်။

လူတွေမလုပ်နိုင်တာ သူလုပ်ခဲ့ပါတယ်။ အံ့သြဖွယ်လက္ခဏာတွေ ပြုလုပ်ခဲ့ပါတယ်။ မျက်မမြင်တွေ၊ ဒုက္ခိတတွေ၊ နားမကြားတွေ ပျောက်ကင်းစေခဲ့ပြီးတော့ လူသေကို ပြန်ရှင်စေခဲ့ပါတယ်။သဘာဝတရားအပေါ်မှာလည်း အံ့သြဖွယ်လက္ခဏာတွေ ပြသခဲ့ပါတယ်​ရေး ပေါ်မှာလမ်းလျှောက်ခဲ့တယ်၊မုန်တိုင်းကို အမိန့်ပေးရပ်တန့်စေခဲ့တယ်။

သခင်ယေရှုသည် သူ၏အသက်တာ၌ ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်အားလုံးတို့ကို ပြည့်စုံစွာလိုက် လျှောက်ခဲ့ပြိး မေရှီယနှင့်ပတ်သက်သော ပရောဖက်ပြုချက်တို့ကို သူကပြည့်စုံစေခဲ့သည် (မဿဲ၊ ၅း၁၇)။ သူအသေခံပြီး၊ သုံးရက်မြောက် သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်ခဲ့ပါသည်။ သူ၏ထမြောက်ခြင်းကို ရာကျော်သောသူတို့က သက်သေခံခဲ့ပါသည် (၁ ကော၊ ၁၅း၆)။ သမိုင်းရာဇာဝင်တို့က ခရစ်တော်သည် မည်သူဖြစ်ကြောင်းကို “သက်သေ” ထူနိုင်ခဲ့ပါသည်။

“ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။ လို့ပြောပါတယ်။

ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏

#မိတ်ဆွေဒီစာကိုဖက်ပြီးမိတ်ဆွေကိုဖန်ရှင်းတဲ့ဘုရားတပါးရှိကြောင်းမိတ်ဆွေခုမြင်နေရတဲ့ကောင်းကင်မြေကြီးတေားတောင်ရေမြေဟာမတော်တဆဖြစ်လာတာမဟုတ်ဘူးဖန်ဆင်းတဲ့ဘုရားတပါးရှိတယ်ဆိုတာအတွေးအမြင်တစ်ခုရဖို့မျော်လင့်ပါတယ်အသက်ရှင်သောဘုရားစစ်မှန်သောဘုရားငရဲကကယ်သောဘုရားကိုရှာတွေ့ဖို့စာဖက်နေသူအားလုံးကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါ။

Myanmar Christian Sermons & Testimonies

ကျမ်းစာထဲမှာ ယုံကြည်သူတစ်ဦးစီမှရှိတဲ့ နတ်ဆိုးကို နင်ထုတ်ပေးရမယ် နတ်ဆိုးရဲ့အုပ်စိုးချယ်လှည်မူကို ဖြတ်တောက်ပေးရမယ် ကယ်တင်...
21/06/2025

ကျမ်းစာထဲမှာ ယုံကြည်သူတစ်ဦးစီမှရှိတဲ့ နတ်ဆိုးကို နင်ထုတ်ပေးရမယ် နတ်ဆိုးရဲ့အုပ်စိုးချယ်လှည်မူကို ဖြတ်တောက်ပေးရမယ် ကယ်တင်ခြင်းရပြီးနောက်ပိုင်း မိဘဘိုးဘေးကနေပါလာတဲ့ ကျိမ်ခြင်း အမဂ်လာတွေကို သီးသန့်ပြန်ဖျက်တောင်ပစ်ရမယ်ဆိုတဲ့ အကြောင်းအရာ လုံးဝမရှိပါဘူး အရိပ်အရောင်လဲမတွေ့ရပါဘူး စစ်မှန်တဲ့ယုံကြည်သူတစ်ယောက်ကို နတ်ဆိုးဝင်ပူးခြင်း အုပ်စိုးချယ်လှည်ခြင်း မရှိနိင်တယ်လို ပြုပိုင်ခွင့်လဲမရှိပါဘူး။

နတ်ဆိုးပူးတဲ့ဆိုတာ နတ်ဆိုးကအဲဒီလူရဲ့ အတွေးအခေါ် အယူအဆ အပြုအမူ သူရဲလုပ်ဆောင်ရွယ်ချက် တစ်ခုခြင်းဆီတိုင်းကို သူစိတ်ကြိုက်ကြိုးကိုင်လုပ်ဆောင်တာဖြစ်တယ် အဓိကဘုရားမကြိုက်တဲ့အရာတွေကိုဝင်ရောက်လုပ်ဆောင်တာဖြစ်တယ်

ဓမ္မာသစ်ကျမ်းတစ်ခုလုံးနီးပါးမှာ ဝိညာဥ်တိုက်ပွဲအကြောင်းကိုတွေ့ရပါတယ် ထိုသို့ဝိညာဥ်တိုက်ပွဲအကြောင်းတွေ့ရတော့လဲ ယုံကြည်သူတစ်ဦးကို နတ်ဆိုးဝင်ပူးခြင်းမှာ လွတ်မြောက်စေရန် နတ်ဆိုးနင်ထုပ်ရမယ်လို့ သွန်သင်မူမျိုးကိုမတွေ့ရပါဘူး

အဲဒီအစားယုံကြည်သူတွေကို နတ်ဆိုးကို ဆီးတားရန်တာ ပြောထားပါတယ်

ရှင်ယာကုပ်ဩဝါဒစာ။ 4:7 (MYJ) ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။

ရှင်ပေတရုဩဝါဒစာပဌမစောင်။ 5:8-9 (MYJ) သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။
သို့ဖြစ်၍၊ လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကို ခံရကြသည်ဟုသိမှတ်လျက်၊ ယုံကြည်ခြင်း၌တည်၍မာရ်နတ်ကို ဆီးတားကြလော့။

ယုံကြည်သူတွေကို သန့်ရှင်းသောဝိညာဥ်တော်ကိန်းဝပ်နေတယ်လိုပြောထားပါတယ်

ရောမဩဝါဒစာ။ 8:9 (MYJ) သို့သော်လည်း ဘုရားသခင် ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်ကိုမရသော သူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။

ကောရိန္သုဩဝါဒစာပဌမစောင်။ 3:16-19 (MYJ) သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။

ဒီကျမ်းဒုဒ်အရဘုရားသခင်ရဲ ဝိညာဥ်တော်သည် ယုံကြည်သူတွေရဲ နုာလုံးသားထဲမှာ ကိန်းဝပ်နေတာဖြစ်တယ် ဒီခနွာကိုယ်ထဲမှာနတ်ဆိုး လာပြီးအုပ်စိုးတယ်ဆိုတာ လုံးဝမဖြစ်နိင်ပါဘူး ဝင်ပူးတယ်ဆိုတာလုံးဝမဖြစ်နိင်ပါဘူး ဘုရားသခင်ကလုံးဝခွင့်ပြုမှမဟုတ်ပါဘူး

တကယ်လိုယုံကြည်သူတစ်ယောက်ကို နတ်ဆိုးဝင်ပူးတယ်ဆိုရင် အဲဒီလူဟာ နဂိုထဲက စစ်မှန်တဲ့ကယ်တင်ခြင်းမရထားတဲ့သူတာဖြစ်တယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။

ရှင်ယောဟန်ဩဝါဒစာပဌမစောင်။ 4:4 (MYJ) ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက်သာ၍ကြီးတော်မူ၏။

Myanmar Christian Sermons & Testimonies

1. Jim Caviezel (The Passion of the Christ, 2004)Jim Caviezel ဟာ ယေရှုခရစ်အဖြစ် သရုပ်ဆောင်ရင်း များစွာသော စိတ်ပိုင်းဆိုင...
19/06/2025

1. Jim Caviezel (The Passion of the Christ, 2004)

Jim Caviezel ဟာ ယေရှုခရစ်အဖြစ် သရုပ်ဆောင်ရင်း များစွာသော စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ နှင့် ဝိညာဉ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကြုံခဲ့တယ်။

မိုးကြိုးထိမှန်မှု (lightning strike) နှစ်ကြိမ်ကြုံခဲ့ရပါတယ်

ရိုက်ကူးစဉ် ခြေလက်ကျိုမူ ကျော်ရိုးနဲ့ ခနွာကိုယ်မှာ ဒဏ်ရာတွေရခဲ့ပါတယ်

ဇာက်ကားရိုက်ပြီးနောက်ပိုင်း Hollywood မှာ အလုပ်ရဖို့ခက်ခဲတဲ့ပုံဆံဖြစ်သွားတယ် (ခရစ်ယာန်ဆန်မူကြောင့် ဖြစ်တယ်)

ရိုက်ကူးမူနောက်ပိုင်းမှာ သူ့ရဲ့ သက်ဝင်ယုံကြည်မှု ပိုပြီးခိုင်မာလာတယ်။

"ဒီဇာတ်ကားဟာ ဘုရားသခင်ရဲ့ သက်သေပါ" ဆိုပြီး ပြောခဲ့ပါတယ်။

2. Robert Powell (Jesus of Nazareth, 1977)

Robert Powell ဟာ သူ့ရဲ့ ယေရှုပုံစံကို လူတွေကြည့်နေကြတာကြောင့် တခြားဇာတ်ကားတွေမှာ အနုပညာသရုပ်ဆောင် လုပ်ရခက်လာခဲ့တယ်။

သူ့ရဲ့ မျက်လုံးတွေက ထူးခြားပြီး တစ်ချို့ယုံကြည်သူတွေက သူရဲ့မျက်လုံးတွေက ယေရှုရဲ့ တကယ်မျက်လုံး လိုပါပဲဆိုပြီး နောက်ထက် မည်သူမျှ ယေရှုအဖြစ် ထူခြားစွာ သရုပ်မဆောင်နိင်တော့ဘူးလို့ ခံယူခဲ့ကြတယ်။

သူဟာ "ယေရှုဇာက်ကား သရုပ်ဆောင်ခဲ့ပြီးနောက် ယုံကြည်မူမှာ ခရစ်ယာန်နဲ့ သက်ဆိုင်နေသလို ခံစားရတယ်" လို့ ပြောခဲ့ပါတယ်။

3. တတိယမြောက်ပုံ

ဒီလူဟာ တရားဝင်သရုပ်ဆောင်မဟုတ်နိုင်သလို အနုပညာဖန်တီးမှုတစ်ခု ဖြစ်နိုင်ပါတယ်။

4. Jonathan Roumie (The Chosen, 2017 )

Jonathan Roumie ဟာ The Chosen ဇာတ်လမ်းတွဲမှာ ယေရှုအဖြစ် သရုပ်ဆောင်ပြီးနောက် လူထုအကြား အလွန်ကျော်ကြားလာတယ်။

သူ့ရဲ့ ယုံကြည်မှုကို တိုင်းတာမရနိုင်ပေမယ့် "ယေရှုကို သရုပ်ဆောင်ရတာ ကျွန်ုပ်ရဲ့ဘဝအတွက် မပြောင်းလဲနိုင်တဲ့အတွေ့အကြုံဖြစ်ခဲ့တယ်" လို့ ပြောခဲ့ပါတယ်။

အမျိုးမျိုးသော ခရစ်ယာန်အသင်းတော်တွေနဲ့ ဆက်နွယ်လာပြီး လူတိုင်းကို ချစ်ခြင်းမေတ္တာနဲ့ ပြောဆိုဖို့ ကြိုးစားခဲ့တယ်။

#---

ယေရှုအဖြစ် သရုပ်ဆောင်ခဲ့သူတွေအတွက် ဘာတွေ ဖြစ်လာခဲ့လဲ?

သူတို့ဟာ ပုံမှန်သရုပ်ဆောင်တွေထက် ပိုပြီး စိတ်ပိုင်းဆိုင်ရာ နှင့် ဝိညာဉ်ပိုင်းဆိုင်ရာ သက်သေခံမှုတွေ ခံစားခဲ့ကြရတယ်။

Hollywood အတွင်းမှာ ထူးခြားတဲ့ သဘောထားပြုခြင်း တွေ ရှိလာတယ်။

လူတွေက "ယေရှုလိုပဲ ကျင့်ကြံဖို့"ပြုမူဖို့ သူတို့ကို စောင့်ကြည့်နေတတ်ကြတယ်။

ဒီမှာပါတဲ့ သရုပ်ဆောင်တွေဟာ ယေရှုအဖြစ် သရုပ်ဆောင်ပြီးနောက် ဘဝတွေပြောင်းလဲခဲ့ကြတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေဟာ ခရစ်ယာန်ယုံကြည်သူတွေအတွက် တန်ဖိုးရှိပါတယ်။

ဒါမဲ့ သူတို့သည် ယေရှုမဟုတ်ပါ ရုပ်ပုံလုပ်ပြီး မကိုးကွယ်ဖို့ ယုံကြည်သူတိုင်း သတိပြုမိဖို့ လိုပါတယ်။

#ဟေရှာယအနာဂတ္တိကျမ်း။ 46:5-8

သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည် နည်း။ အဘယ်သူနှင့် တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း။
ရွှေကို အိတ်ထဲက များစွာ ထုတ်လျက်၊ ငွေကို လည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းတိန်သမားကို ငှါး၍ ဘုရားကို လုပ်စေပြီးမှ၊ ပြပ်ဝပ်ကိုးကွယ်ကြသည်တကား။
ထိုဘုရားကို ပခုံးပေါ်မှာ ထမ်း၍ ဆောင်သွား သဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ် နေ၏။ သူ၏နေရာမှ သူမရွေ့နိုင်။ သူ့ကို အော်ဟစ် သော်လည်း၊ သူသည် မထူး။ ဒုက္ခဆင်းရဲထဲက မကယ် မနှုတ်နိုင်။
အိုဖောက်ပြန်သောသူတို့၊ ဤအမှုကို အောက် မေ့၍ ယောက်ျားဂုဏ်ကို ပြကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။

Myanmar Christian Sermons & Testimonies

Israel နိုင်ငံ ယေရုရှလင်မြို့ကို ကောင်းကြီးပေးဆုတောင်းကြပါ🙏        ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆုတောင်းကြလော့။ ထိ...
18/06/2025

Israel နိုင်ငံ ယေရုရှလင်မြို့ကို ကောင်းကြီးပေးဆုတောင်းကြပါ🙏

ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆုတောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။ ဆာလံ၊၁၂၂း၆

သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ကမ္ဘာဦးကျမ်း ၁၂း၃

အာမင်🙏🙏🙏
16/06/2025

အာမင်🙏🙏🙏

ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Christian Sermons & Testimoniesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Christian Sermons & Testimonies:

แชร์