ရောဟဏီ မြန်မာ့ဆေး

ရောဟဏီ မြန်မာ့ဆေး ဆရာပြည့်စုံ (KP ရှေ့ပြေးနက္ခတ်ဗေဒင်) https://maps.app.goo.gl/a5T8haip7w1madqw5

Permanently closed.
09/03/2025

KP ရှေ့ပြေးနက္ခတ်ဗေဒင်သည် အနာဂတ်ကို မှန်ကန်ရှင်းလင်းစွာ လမ်းညွှန်နိုင်ပေသည်။
သိပ္ပံနည်းကျအထပ်ထပ် သုတေသနပြုလုပ်ပြီးဖြစ်သောကြောင့် စိတ်ချယုံကြည်နိုင်သော နက္ခတ်ဗေဒင်ဖြစ်သည်။
တိတိကျကျဆိုရပါလျှင် နက္ခတ်ခွဲဗေဒင်(သို့မဟုတ်)နက္ခတ်ဘုတ္တိဗေဒင်ဟုဆိုရပေမည်။
သမားရိုးကျ နက္ခတ်ဗေဒင်မှ သုတေသနအခြေခံ၍ ထပ်ဆင့်ပေါ်ထွက်လာပြီး ရိုးရှင်းသလောက် မှန်ကန်လှပေသည်။
မှန်ကန်သောမွေးဖွားချိန်ဖြင့် ဘဝတစ်သက်တာအတွက် ကိစ္စတခုချင်းစီအလိုက် ကံပါ/မပါ စစ်ဆေးနိုင်ခြင်းကြောင့် မလိုအပ်သည့်နေရာ၌ အင်အား၊အချိန် စသည်ကို အလဟဿ မကုန်ခြင်း ဆိုသည့် အဖိုးဖြတ်မရသည့် အကျိုးကိုရရှိစေသည်။
မည်သည့်အချိန်တွင် မည်သည့်ကိစ္စကို စတင်လုပ်ဆောင်ရမည်၊‌ေအာင်မြင်မည်ကို တိတိကျကျညွှန်ပြနိုင်ခြင်းရှိ၍ အောင်မြင်မှုကိုချိန်သားကိုက်ရရှိစေသည်က KP နက္ခတ်ဗေဒင်၏ ထူးခြားသည့်တန်ဖိုးတခုပင်ဖြစ်သည်။
အဖြူလားအမည်းလား၊ဒီကိစ္စဖြစ်မှာလား မဖြစ်ဘူးလား yes or no ဖြေဆိုနိုင်ယုံမက ပေါ်ပေါက်မည့်ကာလကိုပင် တွက်ချက်ပေးလိုက်နိုင်သေး၏။
ဤမျှအဖိုးထိုက်လှသော KP ရှေ့ပြေးနက္ခတ်ဗေဒင်ပညာကို လေ့လာသင်ယူခွင့်ရခဲ့သည်က ကျွန်တော့်အဖို့‌‌တော့ထီ‌အကြိမ်ကြိမ်ပေါက်သကဲ့သို့ပင်ရှိတော့သည်။
KP နက္ခတ်ဗေဒင်၏ အသီးအပွင့်တို့ကို စတင်မြည်းစမ်းရင်း အခြားသူများကိုပါ အသုံးချစေလိုစိတ်တို့တဖွားဖွားဖြစ်ပေါ် လာမိသည်။
အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း၏တန်ဖိုးကား ကြီးမားလွန်းလှသည်။
ပိန်းပိတ်အောင်မှောင်မည်းနေသည့် အနာဂတ်ကို လျှပ်စီးလေးတပြတ်စာလောက်သာ မြင်ခွင့်ရခဲ့လျှင်ပင် ဆူးကိုမြင်နိုင်သည်။ချောက်ကိုမြင်နိုင်သည်။
မဖြစ်မနေ နင်းဖြတ်ကျော်လွှားရလျှင်တောင် ဆူးဆိုလျှင်ဖော့နင်းမည်။ချောက်မှန်းသိလျှင် သတိနှင့်ဆင်းမည်ဆိုလျှင် ဒဏ်ရာမကြီးနိုင်၊အကျမနာနိုင်ပေ။
ဖြောင့်ဖြူးသည့်လမ်းမှန်းသိခဲ့လျှင် တုံ့ဆိုင်းဆုတ်ဆိုင်းခြင်းကင်းပြီး ပိုမိုလျှင်မြန်စွာခရီးနှင်နိုင်၊ခရီးတွင်နိုင်ပေမည်။KP နက္ခတ်ဗေဒင်ဖြင့် သင်၏အောင်မြင်မှုကိုအားဖြည့်ပေးပါရစေ။သင်၏နာကျင်မှုကို လျှော့ချပေးပါရစေ။လုံးလုံးမနာကျင်အောင်ကား ယတြာမရှိသည့်KP နက္ခတ်ဗေဒင်က မစွမ်းဆောင်နိုင်ပါ။
ထို့ကြောင့် KP ဗေဒင်ဟောပြောသူများသည်ယတြာကြေးမယူသလို ယတြာလည်းမပေးပါ။
အနာသိ၍ ကုစားနည်းတချို့ကို ဝေဒနာသက်သာစေယုံလောက်သာ ပေးစွမ်းနိုင်ပေသည်။
ကံကြမ္မာကို လုံးလုံးလျားလျားပြောင်းလဲသွားစေရန်ကား မဖြစ်နိုင်သည့်ကိစ္စ မဟုတ်ပါလော။
စကားကုန်ပြောရလျှင် ကြီးမားသောအတိတ်ကံ အကျိုးပေးချိန်ကျရောက်လာလျှင် ဘုရားသော်မှတက်ကောင်းသည့်ကိစ္စမဟုတ်သောကြောင့် မကောင်းသောကံဖြစ်ပါက အကျိုး‌မပေးမှီ တရားဟောခြင်း၊တရားပြခြင်း၊ကုသိုလ်တရားတိုးပွားအောင်ပြုလုပ်ပေးခြင်းတို့သာ တက်နိုင်သည်မဟုတ်ပါလော။

ဆရာပြည့်စုံထွန်း(ကိုပြည့် KP)
Viber ph no: 09250285911

အလုပ်ပြောင်းတော့မယ်။ဗေဒင်ဟောမယ်။အတည်ကြီးပြောတာပါနော်။ဆရာကြီးခရစ်ရှနာမူတီးရဲ့ သိပ္ပံနည်းကျ သုတေသနအထပ်ထပ်လုပ်ထားပြီးတဲ့ KP...
05/06/2023

အလုပ်ပြောင်းတော့မယ်။
ဗေဒင်ဟောမယ်။
အတည်ကြီးပြောတာပါနော်။
ဆရာကြီးခရစ်ရှနာမူတီးရဲ့ သိပ္ပံနည်းကျ သုတေသနအထပ်ထပ်လုပ်ထားပြီးတဲ့ KP ရှေ့ပြေးနက္ခတ်ဗေင် နည်းနဲ့ဟောပေးပါမယ်။
တယ်လီဂရမ်။viber ph no:က 09-250285911 ပါ။
ဒီဗေဒင်မှာက ယတြာတော့မပေးပါဘူး။
၁~လတ်တလော သိချင်သော အကြောင်းအရာတခုအတွက် ဖြစ်မယ်မဖြစ်ဘူးယတိပြတ်ဟောပေးပြီး။ဖြစ်မယ်ဆိုပါက ဖြစ်ပျက်မယ့်ရက်စွဲကိုပါ ဟောပေးတဲ့ဟူးရားဗေဒင်နည်းဖြင့်ဟောခြင်း။
၂~မွေးနေ့သက္ကရာဇ်။မွေးချိန်။မွေးဖွားရာဒေသ။တို့ဖြင့်ဇာတာဖွဲ့တွက်ချက်ပြီးတနှစ်စာဟောစာတမ်း။တသက်စာဟောစာတမ်းထုတ်ပေးခြင်း။
၃~မွေးချိန်မသိသူများ။မွေးသောနေ့ရက်ကိုပင်မသိသူများအတွက်တော့ တသက်တာဟောစာတမ်းမရနိုင်ပေမယ့် တနှစ်စာဟောစာတမ်းထုတ်ပေးခြင်း။
တွေနဲ့ဟောပြောပေးပါမည်။ယတြာမပေးပေမယ့် တိကျသောအဟောများဖြင့် ဝန်ဆောင်မှုပေးပါမည်။
၄~အိမ်ဆောက်။အိမ်သစ်တက်။လုပ်ငန်းသစ်စတင်ချိန်။ဘဏ်စာရင်းဖွင့်ရန်အကောင်းဆုံးအချိန်။ကျောက်ဝယ်ရန်။သွေးရန်ဖြတ်ရန်အကောင်းဆုံးအချိန်။ထီထိုးရန်အ‌ေကာင်းဆံုးအချိန်။ဘဏ်မှငွေချေးရန်(သို့)အခြားလူထံမှငွေချေးရန်အကောင်းဆုံးအချိန်။ကြွေးတောင်းရန်အကောင်းဆုံးအချိန်.....စသဖြင့် ...စသဖြင့်....စသဖြင့် အကောင်းဆုံးအခါရွေးခြင်းဝန်ဆောင်မှုလည်းရှိပါသည်။

ပုံကတော့ ကျေးဇူးရှင် ဆရာကြီးခရစ်သျှနာမူတီးရဲ့ပုံပါ။

Address

Insein

Website

Alerts

Be the first to know and let us send you an email when ရောဟဏီ မြန်မာ့ဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share