28/01/2026
#အောလုန်း မန်ဂလော်ပေါ် 🙏🙏🙏
နှစ်စဥ်ကျင်းပမြဲဖြစ်သည့် ယခုနှစ် ကျင်းပပြုလုပ်မည့်
(၁၇)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ပွဲတော်ကို
တောင်ကြီးခရိုင်၊ကလောမြို့နယ်၊နန်းတိုင်းအုပ်စု၊
ဆောင်းဘွဲ့(ခေါ်)ရွှေတီးတောက် ကျေးရွာ၌
ကျင်းပပြုလုပ်သွားပါမည်....။
သို့ဖြစ်ပါ၍ ဖျော်ဖြေရေးဆပ်ကော်မတီထံသို့သာ......
(က)ယဥ်ကျေးမှုပြိုင်ပွဲဝင်မည့်အကစာရင်း
(ခ)ယဥ်ကျေးမှု ကျေးရွာကိုယ်စားပြု လှယဥ်ကျေးမယ်
ဝင်ရောက်ယှဥ်ပြိုင်မည့်ပုဂ္ဂိုလ်စာရင်းများကို
၁၃၈၇ ခုနှစ် ၊ တပို့တွဲလပြည့်နေ့ ၊ (၁.၂.၂၀၂၆) တနင်္ဂနွေနေ့ကို
နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ (သို့)ဖုန်းဖြင့်ဖြစ်စေ၊ အောက်ပုံပါ ဖျော်ဖြေရေးဆပ်ကော်မတီထံများသို့
စာရင်းများ ပေးသွင်းပေးကြပါရန်
ထပ်လောင်းအသိပေးမေတ္တာရပ်ခံ အပ်ပါသည်...။
#စာရင်းများကိုသတ်မှတ်ရက်အမှီပေးပေးကြပါ
#သတ်မှတ်ရက်ကျော်ပါကတာဝန်မယူပါ
။ ။ မှတ်ချက် ။ ။
(က) ယဥ်ကျေးမှုအကပြိုင်ပွဲဝင်စာရင်းများပေးသည့်အခါ
အောက်ပုံပါ ဖုန်းများသို့သာ ဆက်သွယ် စာရင်းပေးကြပါရန် နှင့်
(ခ) ကျေးရွာကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်မည့်
လှယဥ်ကျေးမယ်များ ၁၃၈၇ခု၊ တပို့တွဲလပြည့်နေ့၊ (၁.၂.၂၀၂၆)တနင်္ဂနွေနေ့ ကို နောက်ဆုံးထား၍
ဖျော်ဖြေးရေးဆပ်ကော်မတီထံသို့
(လူကိုယ်တိုင်အရောက်လာ၍) ပြိုင်ပွဲဝင်ဖောင်ပုံစံ နှင့်
(၅×၇ အရွယ် ကိုယ်လုံးအပြည့်ပါ အလှဓာတ်ပုံ တစ်ပုံအပါ) ဖြင့်
စာရင်းပေးသွင်းကြပါရန် ထပ်လောင်းအသိပေး
မေတ္တာရပ်ခံအပ်ပါသည်..။